အိမ်မက်( သို့  ) စိတ်အာရုံ၏လှုံ့ ဆော်မှုကြောင့် ဖြစ်
ပေါ်လာတဲ့ထူးဆန်းတဲ့ အဖြစ်အပျက်များပါ။

၁၈၃၃ ခု | သြဂုတ်လထဲမှာ ဂျိုဆီယာဝီလ်ဘာဂါ သည်
တက်ဆက်ပြည်နယ် အော်စတင်မြို့ အနီးအင်ဒီးယန်းတွေ
ရဲ့ ချုံခိုတိုက်ခိုက်ခြင်းကို ခံရပါတယ် ။ ခြေထောက်နှစ်ဖက်စလုံးနှင့်
တင်ပါး ၊ လည်ပင်းတို့ မှာ သေနက်ဒဏ်ရာများ
ရရှိခဲ့ပါတယ်။ ဒါတင်မက ဦးရေခွံကိုလည်း ခွာယူသွားတာ
ခံခဲ့ရပါတယ် ။ ဖြစ်တဲ့နေရာမှ ခြောက်မိုင်အကွာ လယ်တောအိမ်
မှာနေထိုင်တဲ့ မစ္စစ်ဟွန်းစကီ ဆိုသူအမျိုးသမီးသည် ထူးခြား
တဲ့အိမ်မက်ကို မြင်မက်ပါတယ် ။ ဒါကတော့ ဝီလ်ဘာဂါ
၏အကူအညီတောင်းသံရယ် ပြီးတော့ သူ့ ကိုဘယ်နေရာမှာ
ရှာရမယ်ဆိုတာကို အသံများကြားမြင်ခဲ့ရပါတယ် ။
ထိုအမျိုးသမီးရဲ့ ခင်ပွန်းနဲ့ မိတ်ဆွေများက အဲဒီနေရာကို
အချိန်မှီရောက်ရှိပြီး ဝီလ်ဘာဂါ၏ အသက်ကိုကယ်တင်နိုင်
ခဲ့ကြပါတယ် ။
မိမိနှင့် မသိကျွမ်းသူတစ်ဦးရဲ့ အသက်ဘေးနှင့် ရင်ဆိုင်နေရ
မှုကို သိမြင်ခဲ့သည့် သူမ၏အိမ်မက်ကလည်း အံ့သြစရာပါ။