
အလွန် အံ့သြဖွယ် ကောင်းပြီး နည်းပညာ
မြင့်မားသည့် စူပါကား တစ်စီးက ကမ္ဘာ့အမြန်ဆုံး အရှိန်ဖြင့်
မောင်းနှင်နိုင်သည့် ကားအဖြစ် ၂ဝ၁၃ ခုနှစ်တွင် စံချိန်သစ် တင်ခဲ့သည်။
အဆိုပါ ကားမှာ မြင်းကောင်ရေ ၁၂၄၄ ကောင် အင်အားရှိသည့် 7-litre V8
အင်ဂျင်တပ်ဆင် ထားသည့် အမေရိကန် နိုင်ငံ တက္ကဆက် ပြည်နယ်သား တစ်ဦးမှ
ထုတ်လုပ်လိုက်သည့် Hennessey Venom GT ကားဖြစ်သည်။