Monday, August 20, 2018

ထူးခြားလှပ Body Art ပန်းချီများ (၁၁)

ဒီတစ်ခါတင်ပြပေးမယ့် Body Art တစ်မျိုးကလည်း တစ်မျိုးဆန်းသစ်နေပါတယ်။ ဆန်ဖရန်စစ္စကိုအခြေစိုက် အနုပညာရှင် Trina Merry ရဲ့ ကိုယ်ပျောက်ပုံစံ ရေးဆွဲထားမှုများ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ကြီးရဲ့ အထိမ်းအမှတ်နေရာများနဲ့ တွဲဖက်ဖန်တီးထားမှုများက အံ့သြချီးကျူးစရာပါ။

ဂျပန်နိုင်ငံတွင် တွေ့မြင်ရသည့် ပုံရိပ်များ

ဂျပန်နိုင်ငံဆိုသည်နှင့် သေးငယ်သောကျွန်းနိုင်ငံလေးပေမယ့် ကမ္ဘာ့ထိပ်တန်းနိုင်ငံ တစ်ခုအဖြစ် အားလုံးသိကြပါသည်။ ထိုကဲ့သို့ ရုပ်ဝတ္ထုပိုင်းအရ တိုးတက်နေသည့် နိုင်ငံတွင် သူတို့နိုင်ငံသားများ၏ စိတ်ပိုင်းဆိုင်ရာ အဆင့်အတန်းမြင့်မားစွာရှိကြပုံကို တွေ့မြင်ရမည့်ပုံများ ဖြစ်ပါသည်။ အထူးသဖြင့် စည်းကမ်းရှိကြပုံကို အများအားဖြင့် တွေ့ရသလို တစ်ချို့ပုံများတွင်တော့ ပြည်သူပြည်သားများ နေထိုင်သွားလာရန် လွယ်ကူအစဉ်ပြေစေဖို့ ဖန်တီးထားပုံများကိုပါ တွေ့ရမှာပါ။
တစ်ခုပြောချင်တာက ဂျပန်နိုင်ငံက လူတိုင်း စည်ကမ်းရှိကြတာ မဟုတ်ပါဘူး။ တစ်ချို့လည်း စည်းပျက်ကမ်းပျက်များ ရှိကြတာပါပဲ။ ဒါပေမယ့် ယခုပုံများဟာ နိုင်ငံသားအများစုရဲ့ ပုံရိပ်ကို ထင်ဟပ်စေမည့် ပုံများပင် ဖြစ်ပါသည်။ ဒါကြောင့်ပင် ဒုတိယကမ္ဘာစစ် စစ်ရှုံးနိုင်ငံ၊ ပြာပုံအတိဖြစ်ခဲ့ရသော နိုင်ငံငယ်လေးမှ ကမ္ဘာ့ထိပ်တန်းအင်အားကြီးနိုင်ငံအဖြစ်သို့ ရောက်ရှိနိုင်ခဲ့တာပင် ဖြစ်ပါသည်။

စိတ်ကူးဆန်းသည့် ပေါင်းစပ်ဓာတ်ပုံလေးများ (၄)

သဘောတရားခြင်း မတူသည့် ဓာတ်ပုံနှစ်ပုံကို လိုသလိုပေါင်းစပ်လိုက်သည့်အခါ အမြင်တစ်မျိုး ထူးခြားပြောင်းလဲလာသည့် ပုံများအဖြစ်တွေ့မြင်ကြရမှာပါ။သည်ဖန်တီးမှုများကို Stephen McMennamy
ဆိုသည့် အနုပညာရှင်တစ်ဦးမှ ပြုလုပ်ပြခဲ့ခြင်းပါ။
တစ်ချို့သောပုံများမှာ ကြည့်မြင်ကြရသူများ အနေဖြင့် အမြင်လွဲမှားနေတယ်ထင်ရလောက်အောင် စိတ်ကူးပုံဖော်ပြနိုင်ခဲ့မှုမှာ ချီးကျူးစရာပါ။ သူရဲ့ပုံနှစ်ပုံကို တစ်ပုံတည်းအဖြစ် ပေါင်းစပ်ထားပုံများကို
ကြည့်လိုက်ရအောင်နော်….

Related Posts Plugin for WordPress, Blogger...