Wednesday, November 16, 2016

တစ်ရက်ကို နွားနို့ ဘီယာခွက် ၁၀ ခွက်စာလောက် သောက်မှ နေသာထိုင်သာ ရှိသူ





August 21, 2014 ထူးဆန်းထွေလာ

ဗြိတိန်နိုင်ငံက အသက် ၄၆ နှစ်အရွယ်ရှိတဲ့ Sandra Heap အမည်ရ အမျိုးသမီး တစ်ဦးဟာ နွားနို့ကို အင်မတန် ကြိုက်နှစ်သက် စွဲလမ်းတဲ့ ရောဂါ ဖြစ်နေပါတယ်။ မနက် ၉ နာရီကနေ ည ၁၀ နာရီကြားအတွက် တစ်ရက်ကို နွားနို့ ဘီယာ ခွက် ၁၀ ခွက်စာ သောက်သုံးသူ ဖြစ်ပါတယ်။
၅၆၈ မီလီလီတာ စာခွက် ၁၀ ခွက်စာ ဖြစ် တာကြောင့် ဒါဟာ သာမန်လူထက် ၁၀ ဆကျော်မ က များနေခြင်း ဖြစ်ပါတယ်။ သူမဟာ အိမ်ထောင် သည် ဖြစ်ပြီး သားသမနီး နှစ်ဦးလည်း ရှိပါသေးတယ်။

သဘာဝအစိမ်းရောင် ရွာကလေး

 အိမ်များ | လမ်းများ နှင့် အဆောက်အဦများ အားလုံးနီးပါး
သဘာဝအတိုင်းအစိမ်းရောင် ဖြစ်နေသော နေရာကလေးမှာ
တရုတ်နိုင်ငံ Yangtze မြစ်ဝအနားရှိ Gougi ကျွန်းကလေး
ပေါ်ရှိ ရွာကလေးတွင်ဖြစ်ပါသည်။


တချိန်က ငါးဖမ်းလုပ်ငန်းဖြင့်အသက်မွေးသူများ နေထိုင်ရာ
ရွာကလေး ဖြစ်ခဲ့ပြီး ယခုအခါတွင်တော့ စွန့်ပစ်ထားသော
နေရာကလေးပါ။


ထို့ကြောင့်ပင် သဘာဝနွယ်ပင်များမှ အိမ်များကို
လွှမ်းချုံသွားပြီး ယခုကဲ့သို့ ထူးခြားလှပ နေခြင်း ဖြစ်ပါသည်။

ထူးခြားလှပသော ကော်ဖီပန်းချီပုံလေးများ

သာမာန်ရေးဆွဲနေကျ ပန်းချီဆေးများ နှင့် စုတ်တံများကို
အသုံးပြုထားခြင်း မရှိပဲ ကော်ဖီရည် နှင့် ဇွန်း ကိုအသုံးပြု
ရေးဆွဲထားသော လက်ရာမြောက် ပန်းချီပုံးလေးများပါ။
Giulia Bernardelli ဆိုသည့်ပညာရှင်တစ်ဦး၏ ဖန်တီးထား
သော ကော်ဖီပန်းချီပုံလေးများပါ။


ဘီယာ အသောက်နိုင်ဆုံး လူသား


သူငယ်ချင်းများ ပျော်ရွှင်ချမ်းမြေ့ပါစေ..................... နေခရမ်း

ကိုယ်ပျောက်လူသား (သို့) Spot thS Man


တကယ်ကိုယ်ပျောက်လူသား တစ်ယောက်ကဲ့သို့ ပီပီပြင်ပြင် ကိုယ်တိုင် ဖန်တီး
နိုင်ခဲ့သူပါ။ လိမ်ညာထားခြင်း မဟုတ်ပါ။ ဓာတ်ပုံပြုပြင်ထားခြင်း မဟုတ်ပဲ
ကိုယ်တိုင် ဆေးချယ်ခံကာ ပီပြင်သောဖန်တီးထားမှုကို ဆက်လက်ကြည့်ကြရအောင်နော်...



ဒီပုံကတော့ လူကိုတောင် ဖောက်ထွင်းမြင်နိုင်သလိုပါပဲ...


တစ်ချို့ပုံတွေ က တော်တော်လက်ရာ မြောက်ပါသည်။

ချောကလက်လေး များဖြင့် ဖန်တီးထားသော ပုံလေးများ

ချောကလက် အတောင့် ။ အမှုန့်လေးများဖြင့် ဖန်တီးထားသော
ချစ်စရာကောင်းသည့် ပုံလေးများပါ။ကြည့်လိုက်ကြပါအုံးဗျာ...


နေ့စဉ် နေထိုင်သင့်သော သတိပြုသင့်သည့် ကိုယ်နေဟန်များ

ကျွန်တော်တို့ နေ့စဉ် နေထိုင်သွားလာ လှုပ်ရှာရာတွင် သတိပြု
ဆင်ခြင်သင့်သည့် ကိုယ်နေဟန်ထားများကို ဗဟုသုတ အဖြစ် တင်ပြပေးလိုက်ပါသည်။

ကမ္ဘာ့အလှပဆုံး နှင့် အန္တရာယ်အများဆုံးစာရင်းဝင် အတ္တလန်တိတ်သမုဒ္ဒရာလမ်းမကြီး

အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်ကာ ကွေ့ဝိုက်တည်ဆောက်ထားသည့်
ထိုလမ်းမကြီး နှင့် တံတားများသည် ကမ္ဘာပေါ်ရှိ အလှပဆုံး ၊
အန္တရာယ်အများဆုံး နှင့် ရင်ခုန်လှုပ်ရှားဖွယ်ကောင်းသော လမ်းမများ
ထဲတွင် တစ်ခု အပါအ၀င်ဖြစ်ပါသည်။


ထိုလမ်းကြီးသည် နော်ဝေနိုင်ငံ အနောက်ဘက်ကမ်းခြေတစ်လျောက်တွင်
တည်ရှိပြီး မြို့နှစ်မြို့ကို ဆက်သွယ်ပေးထားခြင်း ဖြစ်ပါသည်။

မြို့နှစ်မြို့ကြားရှိ ပင်လယ်ထဲရှိ ကျွန်းကလေးများကို တံတားပေါင်း (၈) ခုဖြင့်
ပေါင်းကူးပေးထားပြီး စုစုပေါင်း လမ်းအရှည်အားဖြင့် ၈.၃ ကီလိုမီတာ
(၅.၂ မိုင်) ရှိပါသည်။နိုင်ငံ၏ အမှတ် ၆၄ လမ်းမကြီး၏ အစိတ်အပိုင်း
တစ်ခုဖြစ်ပါသည်။

ပုံစံထူးခြားသော နှုတ်ခမ်းနီငါး

အနီရောင် နှုတ်ခမ်းဆိုးဆေးဆိုးထားသကဲ့သို့ သိသိသာသာ
နှုတ်ခမ်းနီနေသော ငါးမျိုးများကို Red-lipped Batfish (သို့)
တွေ့ရှိရာဒေသကို အစွဲပြုပြီး Galapagos batfish ဟုလည်း
ခေါ်ကြပါသည်။

တွေ့မြင်နေကျ သမာရိုးကျ ငါးပုံစံမျိုး မဟုတ်သော ထိုငါးများကို
Galapagos ကျွန်းစုများတွင် တွေ့ရှိရပြီး ရေပြင်အနက် 3 m မှ
76 m (၁၀ ပေ မှ ၂၄၉ ပေ) အတွင်း ရေအနက်တွင် နေထိုင်
ရှင်သန်တတ်ကြပါသည်။



Red-lipped Batfish ငါးများသည် ရေကူးနှေးကွေးကြပြီး
သူတို့သည် ပင်လယ်ကြမ်းပြင်တွင် ရင်ဘက်ရှိ ဆူးတောင်များကို
အသုံးပြုပြီး လမ်းလျှောက်သကဲ့သို့ သွားလာလေ့ရှိပါသည်။
Related Posts Plugin for WordPress, Blogger...