ထိုလမ်းမကြီး နှင့် တံတားများသည် ကမ္ဘာပေါ်ရှိ အလှပဆုံး ၊
အန္တရာယ်အများဆုံး နှင့် ရင်ခုန်လှုပ်ရှားဖွယ်ကောင်းသော လမ်းမများ
ထဲတွင် တစ်ခု အပါအ၀င်ဖြစ်ပါသည်။

ထိုလမ်းကြီးသည် နော်ဝေနိုင်ငံ အနောက်ဘက်ကမ်းခြေတစ်လျောက်တွင်
တည်ရှိပြီး မြို့နှစ်မြို့ကို ဆက်သွယ်ပေးထားခြင်း ဖြစ်ပါသည်။

မြို့နှစ်မြို့ကြားရှိ ပင်လယ်ထဲရှိ ကျွန်းကလေးများကို တံတားပေါင်း (၈) ခုဖြင့်
ပေါင်းကူးပေးထားပြီး စုစုပေါင်း လမ်းအရှည်အားဖြင့် ၈.၃ ကီလိုမီတာ
(၅.၂ မိုင်) ရှိပါသည်။နိုင်ငံ၏ အမှတ် ၆၄ လမ်းမကြီး၏ အစိတ်အပိုင်း
တစ်ခုဖြစ်ပါသည်။

ထိုလမ်းရှိ တံတားများတည်ဆောက်ထားပုံနှင့် သဘာဝအခြေအနေများ
ကြောင့်ပင် နာမည်ကျော်လူသိများရခြင်း ဖြစ်ပါသည်။

ထိုလမ်းကြီးမှာ ၂၀ ရာစုအစောပိုင်း ကတည်းက ရထားလမ်းတည်ဆောက်ရန်
စိတ်ကူးခဲ့ကြသော်လည်း နောက်ပိုင်းတွင် ထိုအစီအစဉ်ကို
စွန့်လွှတ်ခဲ့ကြပါသည်။ နောက်ပိုင်း ၁၉၇၀ တွင် ကားသွားလမ်း
တည်ဆောက်ရန် အစီအစဉ်များဆွဲခဲ့ကြသော်လည်း ၁၉၈၃ ခု၊
သြဂုတ်လ ၁ ရက်နေ့တွင်မှ စတင်အကောင်အထည်ဖော်
တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။၁၉၈၉ ခု ဇူလိုင်လ ၇ ရက်နေ့
တွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။

နော်ဝေနိုင်ငံသုံးပိုက်ဆံ ၁၂၂ သန်းကုန်ကျခဲ့သည့် ကတ္တရာလမ်းဖြစ်သည်။
အကွေ့အဝိုက် အချိုးအကွေ့များပြားပီး ထိုလမ်းပေါ်ကားမောင်းရသည်မှာ ရိုလာကော်စတာ စီးနေရသကဲ့သို့ ဖြစ်သည်။

ထို့ပြင် ထိုလမ်းတစ်လျောက်ရှိ သဘာဝရှုခင်းများနှင့် ပင်လယ်လှိုင်းလုံးများ
တံတားပေါ်အထိ ရိုက်ခတ်ပုံများကြောင့်လည်း နော်ဝေနိုင်ငံ၏
အမျိုးသား ခရီးသွားလမ်းကြောင်း နေရာတစ်ခုအဖြစ် အသိအမှတ်ပြု
ခဲ့ကြပါသည်။ ခရီးသွားများလည်း နှစ်စဉ်များပြားစွာ လာရောက်
လည်ပတ်တတ်သည့် နေရာ တစ်ခုဖြစ်ပါသည်။

ကမ္ဘာအကောင်းဆုံး ခရီးသွားလည်ပတ်တတ်သည့် လမ်းအဖြစ်
လည်း သတ်မှတ်ခဲ့ကြပါသည်။




( အတ္တလန်တိတ်သမုဒ္ဒရာလမ်းမကြီး တည်ရှိရာ မြေပုံ )
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။