Saturday, June 21, 2014

ဝါးတူ ချောင်း ၆သောင်းခွဲနီးပါးဖြင့် ဂျက်ကီချန်း ပုံကို ဖန်တီး


တရုတ် ထမင်းစား၊ ဟင်းစား ဝါးတူပေါင်း အချောင်း ၆၄ ၀၀၀ ကို အသုံးပြုလို့ ဂျက်ကီချန်း ပုံတူကို
 တရုတ်ပြည်က Hong Yi လို့အမည်ရတဲ့ အမျိုး သမီးက ဖန်တီး လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့က အသက်
၆၀ ပြည့် သွားတဲ့ ဂျက်ကီချန်းကို ဂုဏ်ပြုခြင်း ဖြစ်ပါတယ်။
ယခုလို ပြုလုပ်ဖို့ အတွက် စက်ရုံတွေ၊ စားသောက်ဆိုင် တွေက စွန့်ပစ် တူ များကို စုလို့ ပုံတူ ဖန်တီးခြင်း
ဖြစ်ပါတယ်။ ပေကျင်းနဲ့ Zhejiang ကနေ တူများ စုထားခြင်း ဖြစ်ပါတယ်။ တူ အပြင် ဝါးလုံး
အတိုအပြတ် အချို့ ကိုလည်း အသုံးပြု ထား ပါတယ်။ ခန်းစီး လိုက်ခါလို့ တွဲလောင်း ပုံစံ ဖြစ်အောင်
ကြိုးနဲ့ ချည်လို့ ဖန်တီးခြင်း ဖြစ်ပါတယ်။

စွန့်ပစ် ပစ္စည်း ပြန်လည် အသုံးပြုတဲ့ အလေ့အထ ကိုပါ လုံ့ဆော်ရဲ့ Hong Yi ဟာ သူမရဲ့ စွမ်းရည်ကိုပါ
ထုတ်ဖော် ပြသ သွားခဲ့ခြင်း ဖြစ်ပါတယ်။
ref:yoayarlay

ဂင်းနစ်စံချိန် (၂၁)ခု တင်ရှိထားတဲ့ ရေခဲလူသား


နယ်သာလန် နိုင်ငံသား အသက် (၅၅) နှစ် အရွယ်ရှိ ၀င်ဟော့ဖ်ဟာ ဂင်းနစ်စံချိန်
(၂၁) ခု တင်ရှိထားပြီး ထူးခြားလှတဲ့ အံ့မခန်း စွမ်းဆောင်ရည် တွေကြောင့် ရေခဲလူသားအဖြစ်
ခေါ်ဝေါ်ခြင်းခံခဲ့ ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဟော့ဖ်ဟာ သာမန်လူတွေ မစွမ်းဆောင်နိုင်တာကို
ပြုလုပ်နိုင်ခဲ့ ခြင်းကြောင့် ဖြစ်ပါတယ်။ ရေခဲအမှတ် သုညဒီဂရီ ဖာရင်ဟိုက်အောက်အေးတဲ့
မြောက်ဝင်ရိုးစွန်းတန်းမှာ အ၀တ်အစားမပါဘဲ ဘောင်ဘီတို တစ်ထည်နဲ့ ပြေးပြခြင်း၊ ကမ္ဘာ့ အမြင့်ဆုံး
ဧ၀ရတ်တောင်ကို အ၀တ်အစားမပါဘဲ ဘောင်းဘီတိုတစ်ထည် ၀တ်ဆင်ပြီး တက်နိုင်ရန် ကြိုးစားခဲ့ခြင်း တို့ကြောင့်
ရေခဲလူသားအဖြစ် သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။ ကလေးငါးဦးဖခင်ဟော့ဖ်ဟာ ရေခဲကန်ထဲမှာ
အချိန်အကြာဆုံးနေပြတဲ့ စံချိန်ကိုလည်း တင်ရှိထားပါတယ်။ လူရဲ့ ခန္ဓာကိုယ်မှာ အပူချိန်လျော့ကျ သွားပါက
အန္တရာယ်ရှိပေမယ့် ဟော့ဖ်ကတော့ အပူချိန်ကို ဘယ်လို ထိန်းသိမ်း ရမလဲဆိုတာ သိရှိထားပါတယ်။

ထူးဆန်းသောနည်းဖြင့် သေဆုံးသူများ နှင့် ကမ္ဘာကျော်ခဲ့သူတွေရဲ့ ထူးခြားဆန်းပြား အလွဲများ


- ဘီစီ ၅ ရာစုက ဂရိပန်းချီကျော်ဇူးဆစ်ဟာ သူရဲ့ ရုပ်တူပန်းချီကိုကြည့်ပြီး တအားရယ်မောရာကနေ
သွေးကြောပြတ် သေသွားပါတယ်။

- ဘီစီ ၂၈၉ မှာ အာဂါသိုကလီးဆိုတဲ့လူဟာ သွားကြားထိုးတံကို မျိုချမိပြီး အသက်ရှုမရဖြစ်သေပါတယ်။

- ဧကရာဇ်ဘုရင်ကြီး အလက်ဇန်းဒါးသည်ဂရိတ်ဟာ နှစ်ရက်နှစ်ည ပျော်ပွဲရွှင်ပွဲကျင်းပရာကနေ
ဖျားပြီးသေပါတယ်။

- အင်္ဂလန်ပြည်က ဂျွန်ဘုရင်ဟာ အစားလွန်ပြီးသေဆုံးပါတယ်။

- ၁၂၆၉ ခုနှစ်မှာ သူရဲကောင်း စတုတ္ထဖျီဝါရိုင်းဆိုသူဟာ စစ်ပွဲအောင်နိုင်င်္ပြီး
ဝံ့ကြွားစွာပြန်လာပါတယ်။ ရွံ့နွံတစ်ခု ရောက်တဲ့အခါ ၀တ်ထားတဲ့သံချပ်ကာအကျီ ရဲ့အလေးချိန်ကြောင့်
မြင်းရောလူရော မြုပ်ပြီးသေပါတယ်။

- ၁၄၇၈ ခုနှစ်မှာ မြို့စားကြီးဂျော့ကို သူ့ရဲ့ညီဖြစ်တဲ့ ရစ်ချက်က ၀ိုင်အရက်စည်ထဲ နှစ်သတ်ခဲ့ပါတယ်။

- စကော့တန်မြို့စားကြီး ဂျိမ်းဒေါက်ကလပ်ဟာ သူပထမဆုံးသယ်ဆောင်တင်သွင်းလာခဲ့တဲ့ ခေါင်းဖြတ်စက်နဲ့
သူကိုယ်တိုင်အသတ်ခံရပါတယ်။

မွေးကတည်းက လက်မောင်းတစ်ဖက်ကြီးနေတဲ့ ကမ္ဘာ့လက်မောင်းလှဲချန်ပီယံ


ဂျာမန်ဖွား Matthais Schlitte ဟာ ရှားပါးတဲ့ အရိုးများအစီအစဉ်မကျမှု ဝေဒနာကို
မွေးကတည်းက ခံစားခဲ့ရပြီး သူ့  ရဲ့ ညာဖက်လက်မောင်းဟာ ဘယ်ဖက်လက်မောင်းထက် နှစ်ဆကြီးနေခဲ့ပါတယ်။
လက်ဖျံရဲ့လုံးပတ်ကတင် ၄၆ စင်တီမီတာရှိတာပါ။

အသက် ၂၇ နှစ်အရွယ် Matthais Schlitte ဟာ သူ့ ရှဲ့ရှားပါးရောဂါကြောင့်ပဲ
ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ရပါတယ်။ သူဟာ ကြေးစားလက်မောင်းလှဲကစားသမားအဖြစ် အသက်မွေးခဲ့ပြီးနောက်
ဂျာမနီအမျိုးသားချန်ပီယံဆု ရှစ်ကြိမ်နဲ့  အပြည်ပြည်ဆိုင်ရာလက်မောင်းလှဲချန်ပီယံဆု ၁၂ ကြိမ်ရရှိထားခဲ့ပါတယ်။
Related Posts Plugin for WordPress, Blogger...