Wednesday, January 29, 2020

ပလတ်စတစ်ကို ဘယ်သူ တီထွင်ခဲ့သလဲ

ပလတ်စတစ်ကို ၁၉၀၇ ခုနှစ်မှာ ဘယ်လ်ဂျီယံ အမေရိကန် သိပ္ပံပညာရှင်တယောက် ဖြစ်တဲ့ Leo Baekeland ဆိုသူက တီထွင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ကမ္ဘာအနှံ့မှာ ပလတ်စတစ်စက်ရုံတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

၁၉၅၀ ပြည့်နှစ် မတိုင်ခင်ထိတော့ ပလတ်စတစ်ယဉ်ကျေးမှုက မဖွံ့ဖြိုးခဲ့ပေမယ့်လည်း ၆၅ နှစ်အကြာ ၂၀၁၅ ခုနှစ်အထိမှာဆိုရင် တန်ချိန်ပေါင်း ၃၈၁ သန်း ထိ ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။ အကြမ်းဖျင်းအားဖြင့်ဆိုရင်တော့ ဒီပမာဏဟာ ကမ္ဘာ့လူဦးရေနဲ့ ၃ ပုံ ၂ ပုံ ပမာဏ ရှိပါတယ်။

Black Friday အကြောင်း သိကောင်းစရာများ

Black Friday နေ့ဆိုတာဟာ ကျေးဇူးတော်နေ့ ပြီးတဲ့နောက်တနေ့ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ မြို့နယ်တိုင်းရဲ့ ဆိုင်တိုင်းနီးပါးမှာ ပစ္စည်းတိုင်းနီးပါးကို လျှော့ဈေးများနဲ့ ရောင်းပေးတဲ့နေ့ ဖြစ်ပြီး တိုးဝှေ့ဝယ်ကြတာကြောင့် ရန်ပွဲတွေပါ ဖြစ်လေ့ရှိလို့ “Black Friday” လို့ ခေါ်ကြခြင်း ဖြစ်ပါတယ်။ မြို့လယ်ခေါင်တွေမှာ ရှိတဲ့ နေရာတွေကို ရဲတွေက ဝန်းရံစောင့်ကြည့်တဲ့အထိ စည်ကားသိုက်မြိုက်တဲ့ နေ့တနေ့လည်း ဖြစ်ပါတယ်။

စိတ်ဖိစီးမှုတွေ လျှော့ချဖို့ နယူးယောက်မြို့ လမ်းမတွေမှာ ဒေါသဖြေ လက်ဝှေ့ထိုးအိတ်များ ထားရှိ


လူသားတွေရဲ့ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှု၊ စိတ်ရှုပ်ထွေးမှုတွေ မကြာခဏဆိုသလို ကြုံတွေ့ရတတ်ပြီး ရံဖန်ရံခါမှာတော့ သည်းမခံနိုင်လောက်တဲ့ ဒေါသထွက် ပေါက်ကွဲရမှုတွေလည်း ကြုံတွေ့ရတတ်ပါတယ်။ ဒီလို စိတ်ရှုပ်ထွေး မွန်းကြပ်မှုတွေနဲ့ ဒေါသထွက်စရာ အခြေအနေတွေကို ဖြေဖျောက်ပေးနိုင်ဖို့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ လမ်းမတွေမှာ ဒေါသဖြေစရာ လက်ဝှေ့ထိုးအိတ်တွေ ထားရှိပေးထားပါတယ်။

သံချောင်းလုံးဝမသုံးပဲ ဆောက်ထားသော အထပ်မြင့် သစ်သားအဆောက်အဦကြီး

၂၄ ထပ်ရှိ အထပ်မြင့် ဧရာမအဆောက်အဦကြီး တစ်ခုလုံးကို သစ်သားများဖြင့်သာ တည်ဆောက်ထားခဲ့ခြင်း ဖြစ်ပါတယ်။
ထူးခြားမှုကတော့ အဆောက်အဦတစ်ခုလုံးတွင် သံချောင်းလုံးဝမသုံးပဲ တည်ဆောက်ခဲ့ခြင်းပါ။
အမြင့်အားဖြင့် ၉၉.၉ မီတာ (၃၂၇ ပေ) အထိမြင့်ကာ ၂၄ ထပ်ရှိပါတယ်။
တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် တွင် Shui လူမျိုးစုတို့၏ ရိုးရာလက်မှုပုံစံအတိုင်း တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။

ငွေစက္ကူပေါ်က လူကို အန္တရာယ်ဖြစ်စေတဲ့ ရောဂါပိုးများ


နေ့စဉ်နဲ့အမျှ သုံးစွဲနေကြရတဲ့ ငွေစက္ကူတွေ မသန့်ရှင်းတဲ့အကြောင်းကို သိကြပေမယ့် ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ ပိုးမွှားအရေအတွက် အသေးစိတ်ကို သိရှိသွားခဲ့ရင် ပိုအံ့သြသွားပါလိမ့်မယ်။ ကမ္ဘာတဝန်းက လေ့လာချက်တွေရဲ့ ဖော်ပြချက်အရ ငွေစက္ကူပေါ်မှာ လူကို အန္တရာယ်ဖြစ်စေတဲ့ ပိုးမွှားအမျိုးအစားနဲ့ အရေအတွက် အလွန် များပြားတာကို တွေ့ရှိခဲ့ကြပါတယ်။
လေ့လာတွေ့ရှိခဲ့တဲ့ ပိုးမွှားတွေက ကိုင်တွယ် သုံးစွဲနေကြသူတွေကို ဘယ်လို ကျန်းမာရေးဆိုးကျိုးတွေ ကူးစက်စေမလဲ။

ဟင်းချက်ဖို့အပြင် ဆားရဲ့အသုံးဝင်ပုံ ခုနစ်မျိုး

အိမ်မှာရှိတဲ့အိမ်သုံးဆားဆို တာ    ဟင်းချက်တဲ့နေရာ၊    အစားအ သောက်ပြင်ဆင်တဲ့နေရာမှာပဲ     အသုံးဝင် တယ်ထင်နေလား။     တကယ်တမ်း    သူ့ရဲ့ အသုံးဝင်တဲ့နေရာတွေ  အများကြီးရှိပါ တယ်။  တချို့ကို      သိပြီးသားဖြစ်ရင်ဖြစ်မှာ ပေမဲ့    သိပ်မသိသေးတဲ့အသုံးဝင်ပုံတွေကို  ပြောပြချင်လို့ပါ။

(၁)    ကော်ဖီကို     အခါးလျော့အောင်    လုပ်လို့ ရတယ်။

ကော်ဖီကို  သိပ်မပြင်းတဲ့ခါးဆိမ့်ဆိမ့် လေးဖြစ်ဖို့ဆိုရင်  ဆားလေးတစ်ပွင့်နှစ်ပွင့် လောက်ထည့်လိုက်ပါ။    လက်လွန်ရင် တော့    အရသာပျက်နိုင်ပါတယ်နော်။    ဆားမှာ    ကော်ဖီရဲ့အခါးဓာတ်ကို    ပြယ်စေနိုင်တဲ့ ဆိုဒီယမ်အိုင်းရွန်းတွေ   ပါဝင်တယ်လို့    သု တေသနတွေက   တွေ့ရှိထားပါတယ်။

၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ Google ပေါ်တွင် ရှာဖွေမှုအများဆုံး အကြောင်းအရာများ



Google ရဲ့ search engine ပေါ်မှာ ကမ္ဘာအရပ်ရပ်မှ လူများအနေနဲ့ သိချင်တဲ့အကြောင်းအရာများကို အချိန်တိုင်းရှာဖွေနေကြပါတယ်။ မိမိသိချင်တဲ့ အကြောင်းအရာကို စက္ကန့်ပိုင်းအတွင်း သိနိုင်လို့ လူသုံးအများဆုံး website တစ်ခုလည်း ဖြစ်ပါတယ်။

ကမ္ဘာအရပ်ရပ်မှ ၂၀၁၉ ခုနှစ်အတွင်း ရှာဖွေမှုအများဆုံး အကြောင်းအရာများကို ထုတ်ပြန်ပေးတဲ့နေရာမှာ မြန်မာနိုင်ငံမှ ရှာဖွေမှုအများဆုံး အချက်အလက်များကိုလည်း ထုတ်ပြန်ပေးခဲ့ပါတယ်။

တရားဝင် အမည်သတ်မှတ်ခဲ့ကြတဲ့ ဧရာဝတီကြယ်နှင့် ပုဂံဂြိုလ်


မြန်မာတို့၏အသဲနှလုံးအဖြစ် တင်စားကြတဲ့ ဧရာဝတီနှင့် ပုဂံတို့သည် စကြာဝဠာရှိ ကြယ်နှင့်ဂြိုလ်၏ ကိုယ်ပိုင်အမည်အဖြစ် သတ်မှတ်ပေးခြင်း ခံခဲ့ရပါတယ်။
နိုင်ငံတကာနက္ခတ်တာရာအဖွဲ့ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် အစီအစဉ် တစ်ခုအနေဖြင့် ”NameExoWorlds project” အရ ကမ္ဘာ့နိုင်ငံများမှ နေစကြာဝဠာပြင်ပရှိ နာမည်မပေးရသေးသော ကြယ်နှင့်ဂြိုလ်များကို မိမိတို့သတ်ဆိုင်ရာအမည်များကို ပေးရန် စီစဉ်ခဲ့ကြခြင်း ဖြစ်ပါတယ်။

အားလပ်ရက်ခရီးထွက်တိုင်း ကံဆိုးခဲ့သူဇနီးမောင်နှံ

၂၀၀၁ ခုနှစ်တွင် အင်္ဂလန်မှ Jason နှင့် Jenny Cairns Lawrence တို့စုံတွဲသည် နယူးယောက်မြို့သို့ အားလပ်ရက်ခရီးထွက်ချိန်တွင် World Trade Center အား အကြမ်းဖက်တိုက်ခိုက်မှုကို ကြုံခဲ့ရပါသည်။

၂၀၀၅၊ ဇူလိုင်လ ၇ ရက်နေ့ သူတို့ရဲ့ အားလပ်ရက်ခရီးအဖြစ် လန်ဒန်မြို့သို့ အလည်အပတ်သွားခဲ့ပါသည်။ ထိုအချိန် မြေအောက်ဘူတာရုံတွင် အသေခံဗုံးခွဲသမား လေးဉီး၏​ထိတ်လန့်ဖွယ် တိုက်ခိုက်မှု ကြုံရပြန်ပါသည်။ ထိုဖြစ်စဉ်တွင် ၅၂ ဦးသေကာ ၇၀၀ ဒဏ်ရာရခဲ့ပါသည်။


ရေညှိပင်တွေဖုံလွှမ်းနေတဲ့ အစိမ်းရောင်ကမ်းခြေ

ကမ်းခြေတစ်ခုလုံး အစိမ်းရောင်တောက်တောက်ဖြင့် တွေ့မြင်ရမယ့် ကမ်းခြေတစ်ခု ဖြစ်ပါတယ်။ ပင်လယ်ရေညှိရေမှော်များဟာ ကမ်းခြေတစ်လျောက် များပြားစွာ တည်ရှိနေပြီး ခရီးသွားပြည်သူများ ပျော်ရွှင်စွာ ဆော့ကစားနေကြပါတယ်။
ထိုအစိမ်းရောင်ကမ်းခြေသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ပင်လယ်ဝါရှိ Qingdao ကမ်းခြေတွင် ဖြစ်ပေါ်နေခြင်း ဖြစ်ပါတယ်။ ထိုကမ်းခြေတွင် ရှေးကတည်းက တန်ပေါင်းများစွာသော ရေညှိပင်များသည် နှစ်စဉ်သောင်တင်လာလေ့ ရှိပါတယ်။

ကမ္ဘာ့အရပ်အမြင့်ဆုံး စေတနာရှင် ခွေးကြီး


ယနေ့အချိန်အထိ ကမ္ဘာ့အရပ်အမြင့်ဆုံးအဖြစ် စံချိန်တင်ထားတဲ့ ခွေးကြီးကတော့ Zeus ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ မစ်ချီဂန်ပြည်နယ်၊ Otsego မှ Denise Doorlag မိသားစုက မွေးထားတဲ့ Great Dane အမျိုးအစားခွေးကြီးဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်တွင် တရားဝင်တိုင်းတာမှုအရ ၁.၁၁၈ မီတာ (၄၄ လက်မ) အမြင့်ရှိပါတယ်။ ပုံစံအားဖြင့် အကောင်ကြီးကြီး ကြောက်စရာခွေးကြီးဖြစ်ပေမယ့် Zeus ကတော့ လူယဉ်ပြီး လိမ္မာတဲ့ ခွေးတစ်ကောင် ဖြစ်ပါတယ်။
Related Posts Plugin for WordPress, Blogger...