Wednesday, February 28, 2018
စပိန်နိုင်ငံမှ သွေးကဲ့သို့ အနီရောင်မြစ်
မြစ်တစ်ခုရဲ့ ရေအရောင်ဟာ သွေးကဲ့သို့ အနီရဲရဲဖြစ်နေသည့် မြစ်နီတစ်စင်းသည် စပိန်နိုင်ငံတွင် တည်ရှိနေပါသည်။ ထိုမြစ်ကို အရောင်ကိုလိုက်၍ Red River လို့ခေါ်တက်ကြပေမယ့် မူလအမည်ကတော့ Río Tinto ဟုအမည်ရပါသည်။ ထိုအနီရောင်မြစ်သည် စပိန်နိုင်ငံ အနောက်တောင်ပိုင်း ၊ Sierra Morena တောင်မှ မြစ်ဖျားခံကာ တောင်မှ အနောက်တောင်ဘက်သို့ ညင်သာစွာ စီးဆင်းလာပြီး Cádiz ပင်လယ်ကွေ့ထဲသို့ စီးဝင်သွားပါသည်။
ထို မြစ်နီကြီးသည် အရှည်အားဖြင့် (၆၂ မိုင်) 100 km အထိရှိပါသည်။ ရေအရောင်မှာ အနီရဲရဲ ရှိနေရခြင်းမှာ မြစ်ရေထဲ၌ သံဓာတ်ပါဝင်မှုများလွန်းပြီး အခြားသော သတ္တုဓာတ်များလည်း များစွာ ပျော်ဝင်နေသောကြောင့် ဖြစ်ပါသည်။
ထိုအနီရောင်မြစ်မှ သတ္တုများ တူးဖော်ထုတ်လုပ်ခြင်းကို လွန်ခဲ့သော နှစ်ငါးထောင်ကျော်ကတည်းက ထုတ်လုပ်သုံးယူခဲ့ကြပါသည်။ BC 3000 ၀န်းကျင် Iberians နှင့် Tartessians လက်ထပ်ကတည်းက မြစ်ကြောင်းတစ်လျောက်တွင် သတ္တုတူးဖော်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ရွှေ ၊ ငွေ ၊ ကြေး နှင့် အခြားသော သတ္တုများစွာကို ထုတ်လုပ်ခဲ့ကြခြင်း ဖြစ်ပါသည်။
Tuesday, February 27, 2018
အမှတ်တမဲ့ အလွဲများ ( ၉၆ )
ဒီတစ်ပတ်အတွက် ပြုံးပျော်ရွှင်နိုင်မယ့် ပုံလေးတွေ ထပ်မံစုစည်းတင်းပေးလိုက်ပါတယ်။ ကြည့်ရှု့အားပေးကြပါအုံးခင်ဗျာ...
မြန်မြန်လက်မှတ်ထိုးလိုက်စမ်းပါ ချစ်ဆုံးရယ်...
အံမယ် ။ ပျောင်စပ်စပ်နဲ့...
ကမ္ဘာ့ လူကြိုက်အများဆုံး အမှတ်ပေးလိဂ် ဘောလုံပြိုင်ပွဲများ
ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးနှင့် စိတ်အ၀င်စားဆုံး အားကစားနည်းမှာ ဘောလုံးပွဲပင် ဖြစ်ပါတယ်။ ထိုအထဲကမှ အမှတ်ပေးလိဂ်ပြိုင်ပွဲများကို ကမ္ဘာတစ်ဝှမ်း အချိန်ပေးကာ ပိုမိုအားပေး ကြိုက်နှစ်သက်ကြပါတယ်။ နေခရမ်းမှ ကမ္ဘာပေါ်တွင် စိတ်ဝင်စားမှုအများဆုံးနှင့် အကျော်ကြားဆုံး လိဂ်ပြိုင်ပွဲများကို တင်ပြပေးခြင်ပါတယ်။ ကျော်ကြားတယ်၊ စိတ်ဝင်စားတယ်ဆိုတာကလည်း နာမည်ကျော် ဘောလုံးသမာတွေ ၊ နည်းပြတွေနဲ့ လှပမြန်ဆန်တဲ့ ကစားကွက် ၊ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အသင်းတွေရှိတတ်တဲ့ လိဂ်ပြိုင်ပွဲတွေကို ပိုမိုကြိုက်နှစ်သက်ကြတာ ထုံးစံပါ။ ဘယ်လိဂ်ပြိုင်ပွဲတွေက အကျော်ကြားဆုံး ၊ လူကြိုက်အများဆုံးလဲဆိုတာ အားကစားအဖွဲ့အစည်းတွေက စစ်တမ်းထုတ်ယူထားတာတွေကို ကြည့်လိုက်ရအောင်နော်။ အားကစားအဖွဲ့အစည်းတွေအနေနဲ့ ဒီစာရင်းကိုပြုစုထားပုံက ပြိုင်ပွဲ တခုကို ၁၀ မှတ်စီ ပေးပြီး အဆင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
1. English Premier League
လိဂ်ပြိုင်ပွဲဆိုကတည်းက အင်္ဂလန်ပရီးမီးယားလိဂ်ကို ပြေးမြင်မိကြမှာပါ။ အမှန်လည်း ကမ္ဘာတစ်ဝှမ်းလုံမှာ အကျော်ကြားဆုံးလိဂ်ပြိုင်ပွဲ တစ်ခုဖြစ်သလို လူကြိုက်အများဆုံးအဖြစ် အမြဲရပ်တည်နေတတ်ပါတယ်။ ဒီစာရင်းမှာလည်း ရမှတ် ၈.၉ ဖြင့် နံပါတ်တစ်ရပ်တည်နေသလို တပွဲပျမ်းမျှ ၂.၉ ဂိုးထိအောင် သွင်းပြီး ဂိုးသွင်းစွမ်းရည် ပြတတ်သည့် လိဂ်ပြိုင်ပွဲပါ။ နာမည်ကျော် အသင်းများရှိကြသလို ၊ နာမည်ကျော်ကစားသမားများလည်း များစွာရှိတတ်ကြပါတယ်။ ထို့ပြင် နာမည်ကျော်နည်းပြများရဲ့လက်အောက်မှာ မြန်ဆန်တဲ့ကစားကွက်မျိုးများဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်တတ်ကြပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်သည့် ဒါဘီပွဲများစွာရှိတတ်သည့် ဒီလိဂ်ပြိုင်ပွဲဟာ လူဦးရေအများဆုံးရှိတဲ့ အာရှတိုက်ရဲ့ အကြိုက်နှစ်သက်ဆုံး လိဂ်ပြိုင်ပွဲတစ်ခုလည်း ဖြစ်နေပါတယ်။ ဒီလိဂ်မှာ အသင်းပေါင်း ၂၀ ရှိပါတယ်။
2. Spanish La Liga
ဒုတိယအဖြစ်ရပ်တည်နေတာကတော့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားနှစ်ယောက် ပါဝင်ကစားနေတဲ့ စပိန်လာလီဂါ အမှတ်ပေးဘောလုံးပြိုင်ပွဲပဲ ဖြစ်ပါတယ်။ ကမ္ဘာကျော်ရီးယဲမက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့နဲ့အတူ ပြိုင်ဆိုင်မှုပြင်ထန်သော ဘောလုံးပွဲများ တွေ့မြင်ရတတ်ပါတယ်။ ထို့ပြင်လှပတဲ့ ကစားကွက်များကို တွေ့မြင်ရတတ်ပြီး ရမှတ် ၈.၆ မှတ်ဖြင့် ဒုတိယနေရာ ရရှိနေပါတယ်။ တစ်ပွဲပျမ်းမျှသွင်းဂိုးကတော့ ပရီးမီးယားလိဂ်ပွဲတွေလိုပဲ ၂.၉ ဂိုးအထိ ဂိုးသွင်းစွမ်းရည် ပြသတတ်ကြပါတယ်။ ဒီလိဂ်မှာ အသင်းပေါင်း ၂၀ ရှိပါတယ်။
မြစ်ဆုံအလှ (သို့) ပြည်ထောင်စုရဲ့ နှလုံသား တည်ရာမြေ
မြစ်ဆုံဆိုသည်နှင့် ကချင်ပြည်နယ်ရှိ ဧရာဝတီမြစ်ကြီး၏ စတင်တဲ့ မေခ နဲ့ မလိခ မြစ်နှစ်သွယ် ပေါင်းစုံရာ နေရာဆိုတာ သိကြပါတယ်။ မြန်မာပြည်ရဲ့ အလှပဆုံး သဘာဝရှု့ခင်းများ တည်ရှိရာ နေရာတစ်နေရာအဖြစ် သိမှတ်လက်ခံထားကြသလို သူရဲ့အလှတင်မက သမိုင်းအဆက်ဆက် အလုပ်အကျွေးပြုမှုတွေ ၊ အရေးပါအရာရောက်မှုတွေ ၊ ဂုဏ်ယူစရာအချက်အလက်တွေကြောင့် မြန်မာပြည်သားများရဲ့ တန်ဖိုးထားစရာနေရာ တစ်နေရာအဖြစ် တည်ရှိနေပါတယ်။ နေခရမ်းမှ မြစ်ဆုံအလှနဲ့ စိတ်ဝင်စားဖွယ် အချက်အလက်အချို့ကို ကောက်နှုတ်တင်ပြပေးပါ့မယ်။
တကယ်တော့ ဧရာဝတီမြစ်ကြီးဟာ သမိုင်းအဆက်ဆက် မြန်မာပြည်ရဲ့ အသက်သွေးကြောလို ဖြစ်နေတာပါ။ မြန်မာပြည် မြောက်ပိုင်း ထိပ်ဖျားဘက်ကနေ တစ်ပြည်လုံးကို ဖြတ်သန်းစီးဆင်းကာ ပင်လယ်ထဲအထိ စီးဝင်နေခြင်းပါ။ ဒါကြောင့်လည်း ခေတ်အဆက်ဆက်မှာ ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းနဲ့ ယဉ်ကျေးမှုများ ထွန်းကားဖြန့်ဖြူးပေးရာ ပင်မသွေးကြောကြီး တစ်ခုပါ။ ထို့ကြောင့်ပင် ထိုသွေးကြောကြီးနှင့်တူတဲ့ ဧရာဝတီမြစ်ကြီး စတင်ဖြစ်တည်ရာ နေရာဟာ မြန်မာပြည်ရဲ့ နှလုံးသားတည်ရှိရာ နေရာဟုပင် တင်စားခြင်ပါတယ်။
Photo : Internet
မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်ရဲ့ သဘာဝရေခဲတောင်များ ၊ သဘာဝတောတောင်များရဲ့ စိမ့်စမ်းရေများဟာ မေခ ၊ မလိခ မြစ်နှစ်သွယ်အဖြစ် စီးဆင်းလာပြီး မြစ်ကြီးနားမြို့ရဲ့ မြောက်ဘက် (၂၈) မိုင်အကွာမှာ ဧရာဝတီမြစ်အဖြစ် ပေါင်းစုံစီးဆင်းခဲ့ပါတယ်။ မြစ်ကြီးနားမြို့မှသွားရင် တစ်နာရီလောက်သာ မောင်းရပြီး လမ်းကလည်း ကောင်းပါတယ်။ လမ်းတစ်လျောက် ကချင်တောင်တန်းများနဲ့ ရှု့ခင်းတွေကို အားပါးတရကြည့်ရင်းသွားရတာ စိတ်ချမ်းမြေ့စေပါတယ်။
Monday, February 26, 2018
အိမ်ခြံဝင်းအတွင်းမှ လှပသော လမ်းကလေးများ
မိမိအိမ်ခြံဝင်းအတွင်း ဥယျာဉ်ပန်းခြံလေးတစ်ခုလို ဖန်တီးထားလိုသူများအတွက် လိုက်ဖက်တဲ့ ကျောက်ခင်းလမ်းကလေးတွေကို စုစည်းတင်ပေးလိုက်ပါတယ်။ ကုန်ကျစရိတ်သိပ်မရှိပဲ လှပသပ်ရပ်ပြီး ခေတ်မှီတဲ့ ပုံစံလေးတွေဟာ ကြည့်မြင်ရသူကို စိတ်ချမ်းသာစေမှာပါ။
Wednesday, February 21, 2018
ကမ္ဘာကျော် စူးအက်တူးမြောင်းကြီး
ကမ္ဘာသမိုင်းတွင် စစ်ရေး ၊ စီးပွားရေးနှင့် နိုင်ငံရေးတို့တွင်ပါ အရေးပါလှသည့် တူးမြောင်းကြီးတစ်ခုမှာ စူးအက်တူးမြောင်းကြီး (Suez Canal) ဖြစ်ပါသည်။ စူးအက်တူးမြောင်းကြီးသည် အီဂျစ်နိုင်ငံ အရှေ့မြောက်ဘက်တွင် တည်ရှိနေပြီး လူသားတို့တူးဖော်ထားသည့် ကမ္ဘာကျော် ရှေးဟောင်းတူးမြောင်းကြီးတစ်စင်း ဖြစ်ပါသည်။ ယခင်က ဥရောပတိုက် နှင့် အာရှတိုက်ကို ရေလမ်းခရီးဖြင့် သွားလာလိုပါက အာဖရိကတိုက် တစ်တိုက်လုံးကို ကွေ့ပတ်ကာ တောင်အတ္တလန်တိတ် သမုဒ္ဒရာ နှင့် တောင်ဘက်စွန်း အိန္ဒိယသမုဒ္ဒရာတို့ကို ဖြတ်သန်းသွားရပါသည်။ တူးမြောင်းကြီး ဖောက်လုပ်ပြီးစီးသဖြင့် ထိုနေရာများကို ဖြတ်သန်းစရာမလိုအပ်တော့ဘဲ မြောက်အတ္တလန်တိတ်သမုဒ္ဒရာမှ မြောက်ဘက်စွန်းအိန္ဒိယသမုဒ္ဒရာတို့ကို တိုက်ရိုက်လမ်းပေါက်ခဲ့ပါသည်။
စူးအက်တူးမြောင်းကြောင့် ယခင်ရေလမ်းခရီးမှ မိုင်ပေါင်း ၄၃၀၀ ခန့် (၇၀၀၀ ကီလိုမီတာခန့်) အထိ လျော့ချနိုင်ကာ ခရီးတိုခဲ့ပါသည်။ စူးအက်တူးမြောင်းကြီး၏ အရှည်သည် မိုင် ၁၂၀.၁၁ မိုင် (193.30 km) ရှိပါသည်။ တူးမြောင်းကြီးသည် မြေထဲပင်လယ် နှင့် ပင်လယ်နီကို ဆက်သွယ်ဖောက်လုပ်ထားပြီး ထိုပင်လယ်နှစ်ခု၏ ပင်လယ်ရေမျက်နှာပြင်အမြင့် တူညီမှုရှိသောကြောင့် သီးခြားရေတံခါးထားရခြင်း မရှိပါ။
စူးအက်တူးမြောင်းသည် အကျယ် ၁၉၇ ပေရှိကာ ရေစူး ၁၆ မီတာ ရှိ သင်္ဘောများ ၊ တန်ချိန် ၁ သိန်း ခွဲရှိ သင်္ဘောများဖြတ်သန်းနိုင်ပါသည်။ တူးမြောင်းကြီးစတင်ဖောက်လုပ်ချိန်က ရေလမ်းကြောင်းတစ်လမ်းသာ ရှိသော်လည်း ယခုအခါ နှစ်လမ်းသွားရေလမ်းများနှင့် ရေကန်ကြီးများကြားတွင် လမ်းခွဲများလည်း ရှိပါသည်။ တူးမြောင်းကြီးသည် သဲကန္တာရကို ဖြတ်သန်းသွားရသလို Manzilah ၊ Timsāh နှင့် Bitter အမည်ရှိ ရေကန် ၃ ကန်ကိုလည်း ဖြတ်သန်းသွားရပါသည်။
Tuesday, February 20, 2018
အိမ်ခြံဝင်းအတွင်းမှ လှပသော လမ်းကလေးများ (၂)
မိမိအိမ်ခြံဝင်းအတွင်း ဥယျာဉ်ပန်းခြံလေးတစ်ခုလို ဖန်တီးထားလိုသူများအတွက် လိုက်ဖက်တဲ့ ကျောက်ခင်းလမ်းကလေးတွေကို စုစည်းတင်ပေးလိုက်ပါတယ်။ ကုန်ကျစရိတ်သိပ်မရှိပဲ လှပသပ်ရပ်ပြီး ခေတ်မှီတဲ့ ပုံစံလေးတွေဟာ ကြည့်မြင်ရသူကို စိတ်ချမ်းသာစေမှာပါ။
ဆောက်လုပ်ရေး လောကမှ အလွဲများ (၁၀)
ကြံကြံဖန်ဖန်ဆောက်လုပ်ထားကြပုံလေးတွေကို ထပ်မံတင်ပေးလိုက်ပါတယ်။ ပြုံးပျော်ရွှင်လန်း နိုင်ကြပါစေ.....
ရက်စက်ပါပေ့ ကန်ထရိုက်ကြီးတို့ရယ်...
တံခါးဘယ်လိုပိတ်ရပါ့...
Monday, February 19, 2018
ရှာဖွေတွေ့ရှိခဲ့သော နှစ်ပေါင်း ၂၇၀၀ အကြာမှ ရှေးဟောင်း ဆီးလ်တံဆပ်
အစ္စရေးနိုင်ငံ ၊ ဂျေရုစလင်မြို့ဟောင်းမှ အဆောက်အဦတစ်ခုတွင် ကြယ်သီးအ၀ိုင်းပုံသဏ္ဍန်ရှိသည့် ရှေးဟောင်းဆီးလ်တံဆိပ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ သက်တမ်းအားဖြင့် ဘီစီ ခုနှစ်ရာစုဟု သတ်မှတ်ထားကြပြီး ထိုတံဆိပ်ပေါ်တွင် ၀တ်ရုံရှည်ဝတ် လူနှစ်ဦးသည် တစ်ဦးကို တစ်ဦး ယဉ်ကျေးပျူငှာသော အမူအရာဖြင့် မျက်နှာချင်းဆိုင် ရှိနေသောပုံ သွန်းလုပ်ထားပါသည်။ ထိုပုံအောက်တွင် ဟီဘရူးစာဖြင့် ရေးသားထားသော စာတမ်းပါရှိကာ အဓိပ္ပာယ်မှာ “မြို့အုပ်” သို့မဟုတ် မြို့အုပ်ချုပ်ရေးမှူးဟု အနက်ရပါသည်။ ထိုဆီးလ်တံဆိပ်သည်  လွန်ခဲ့သော နှစ် ၂၇၀၀ ကျော်က ဂျေရုဆလင်၏ သမ္မာကျမ်းလာ မြို့အုပ်တစ်ဦး ပိုင်ဆိုင်ခဲ့ဖွယ်ရှိကြောင်း အစ္စရေး ရှေးဟောင်းသုတေသနအာဏာပိုင်အဖွဲ့မှ ထုတ်ဖော်ပြောကြားခဲ့ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း
Friday, February 16, 2018
တရုတ်နိုင်ငံမှ ရေခဲဟော်တယ်
ထူးထူးခြားခြားတည်းခိုခြင်သူများအတွက် ရေခဲဟော်တယ်တစ်ခုကို တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုနီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ရှိ Hulunbuir တွင်ဖွင့်လှစ်ပေးခဲ့ပါသည်။ အကျယ်အ၀န်း ၁၀၀၀ စတုရန်းမီတာအထိရှိပြီး ရေခဲတန်ချိန်ပေါင်း ၁၅၀၀ တန်အထိ အသုံးပြုတည်ဆောက်ထားပါသည်။ ကမ္ဘာပေါ်ရှိ အလွန်အေးသော တိုင်းပြည်များတွင် ရေခဲဟော်တယ်များ ရှိခဲ့ကြသည့်နည်းတူ ယခုတရုတ်နိုင်ငံမှ ရေခဲဟော်တယ်သည်လည်း နွေးထွေစွာအိပ်စက်နိုင်မည့် အိပ်ယာများကို စီစဉ်ပေးထားပါသည်။ ထို့ပြင် လာရောက်တည်းခိုသူများ အနေဖြင့် နှင်းကိုက်နာကဲ့သို့ ရောဂါများ မဖြစ်ပွားရအောင် စီစဉ်ပေးထားသလို သတိပေးနှိုးဆော်ခြင်းကဲ့သို့ ၀န်ဆောင်မှုများကိုလည်း ပေးထားပါသည်။ ရေခဲဟော်တယ်ဆိုသည်နှင့်အညီ နွေးထွေးသောလများတွင် ရေခဲများအရည်ပျော်သွားတတ်ပြီး ရေခဲစေသည့် လများတွင် တစ်နှစ်တစ်ကြိမ် ပြန်လည်တည်ဆောက်ရပါသည်။
Tuesday, February 13, 2018
ရေခဲနေသည့် ရေတံခွန်များရဲ့အလှ
၂၀၁၈ ခုနှစ် ဇန်နဝါရီလ၌ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း Dalian ဒေသအတွင်းတွင် ရေခဲနေသောရေတံခွန်များကို တွေ့မြင်ကြရပါတယ်။ ထိုဒေသတွင်း အပူချိန်သည် -10°C အထိကျဆင်းတတ်ပါတယ်။ Tianmen တောင်ရှိ ရေတံခွန် ၂၀ ကျော်သည် ထိုကဲ့သို့ ရေခဲနေခြင်းမျိုး ဖြစ်ပေါ်ခဲ့ပါတယ်။ အမြင်ဆန်းပြီး လှပနေတဲ့ ရေခဲတံခွန်များကို တင်ပြပေးလိုက်ပါတယ်။
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ (၂)
နားလည်လက်ခံဖို့ခက်တဲ့ ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှု အဖြစ်များကို ဆက်လက်တင်ပြပေးပါအုံးမယ်။ ဒီတခါ တင်ပြမှာကတော့ ၁၉၅၁ ခု ဇူလိုင်လ ၁ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ အမေရိကန်နိုင်ငံ ၊ ဖလော်ရီဒါပြည်နယ် ၊ စိန့်ပီတာစတက်မြို့ က မေရီရီးဆာ ဆိုသူအမျိုးသမီးကြီးတစ်ဦး အကြောင်းပါ။
(မေရီရီးဆာ)
စွမ်းအားအပြည့်နှင့် အင်္ဂလန်ဘုရင်မကြီး
အမေရိကန်သမ္မတအဆက်ဆက်နှင့် အင်္ဂလန်ဘုရင်မကြီးတို့ တွေ့ဆုံနှုတ်ဆက်ကြပုံများကို တင်ပြထားတာပါ။ အမေရိကန် သမ္မတတွေ ဘယ်လောက်ပြောင်းပြောင်း အင်္ဂလန်ဘုရင်မကြီးကတော့ မပြောင်းမလဲ အသက်ရှည်ကျန်းမာလှကြောင်း ပြုံးပျော်ရွှင်စေလိုတဲ့သဘောနဲ့ နှိုင်းယှဉ်တင်ပြမှု ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံဟာ ဘုရင်စံနစ်ကို လက်ခံ ကျင့်သုံးနေစဲဖြစ်ပေမယ့်   နိုင်ငံကိုအုပ်ချုပ်ဖို့ကတော့   ရွေးကောက်ခံအနိုင်ရ၀န်ကြီးချုပ်အဆက်ဆက်က အုပ်ချုပ်ရတဲ့စနစ်ပါ။ ဒီပုံတွေထဲမှာ အမေရိကန်သမ္မတတွေ အစုံမပါသေးပါဘူး။ လက်ရှိသမ္မတ ထရန့်နဲ့ ဘု့ရှ်သားအဖ နှစ်ယောက်ပုံတွေ မပါသေးပါ။ ဒီပုံတွေထဲပါတဲ့ အမေရိကန်သမ္မတွေဟာ အနားယူသွားကြပြီ ဖြစ်သလို တစ်ချို့လည်း သေဆုံးကွယ်လွန်သွားကြတာ ကြာပါပြီ။ အခုချိန်ထိ စွမ်းအားပြည့်နေစဲဖြစ်တဲ့ ဘုရင်မကြီးကို ကြည့်လိုက်ရအောင်ဗျာ…
မှတ်ဖွယ်စုံရာ သုတပဒေသာ (၂၆)
ကမ္ဘာ့အံ့ဖွယ်စာရင်းဝင် ကမ္ဘာ့အကြီးဆုံး Iguazuú ရေတံခွန်ကြီး
ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် အလှပဆုံးရေတံခွန်ကြီးအဖြစ် သတ်မှတ်ထားကြသော အီဂွါဇူရေတံခွန်ကြီး အကြောင်း တင်ပြပေးပါမယ်။ ထို့ပြင် ထိုရေတံခွန်ကြီးသည် ယခုနောက်ဆုံး မဲပေးရွေးချယ်ထားသည့် သဘာဝအတိုင်းဖြစ်ပေါ်နေသည့် ကမ္ဘာ့အံ့ဖွယ် (၇) ခုတွင် တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ ရေတံခွန်ကြီးသည် အာဂျင်တီးနားနှင့် ဘရာဇီးနိုင်ငံတို့ အကြားတွင် နှစ်နိုင်ငံ နယ်နမိတ်အစပ်၌ တည်ရှိနေတာပါ။ ရေတံခွန်ကြီး၏ ကျဆင်းနေမှု ဧရိယာမှာ ကျယ်ပြန်ကြီးမားသလို လှပသောရှု့ခင်းများကြောင့်လည်း ကမ္ဘာကျော် ရေတံခွန်ကြီးဖြစ်နေတာပါ။
Iguazu ရေတံခွန်ကြီးသည် Iguazu မြစ်ကြီးပေါ်တွင် ဖြစ်တည်နေခြင်း ဖြစ်ပြီး ရေတံခွန်အခွဲပေါင်း (၂၇၅)ခု အထိခွဲကာ ကျဆင်းနေခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် အနိမ့်အမြင့် အမျိုးမျိုးဖြင့် ရေတံခွန်များများစွာ စုစည်းကျဆင်းနေပုံမှာ တွေ့မြင်ရသူအနေဖြင့် ရင်သပ်ရှုမောဖွယ် ဖြစ်စေပါတယ်။
Iguazu ရေတံခွန်ကြီးစုစုပေါင်းအကျယ်ပမာဏသည် (၁.၇ မိုင်) 2.7 km အထိရှိပါတယ်။ အမြင့်အားဖြင့် (၁၉၇ ပေ မှ ၂၆၉ ပေ) 60-82 m အထိ အနိမ့်အမြင့် အမျိုးမျိုးသော ရေတံခွန်များစွာ စုစည်းကျဆင်းနေပါတယ်။
ထူးဆန်းအံ့ဖွယ် တည်ပုံဆန်းသည့် ဇလုံတောင်တော်
သာယာသော ရေမြေတောတောင်များ၏အလယ်တွင် မြင့်မြင့်မားမား ထီးထီးကြီး ထိုးထွက်နေတဲ့ ဇလုံတောင်တော်ရဲ့ ဓာတ်ပုံကို တွေ့မြင်ရသူတိုင်း သွားရောက်ဖူးမျှော်ခြင်လောက်အောင် ဆွဲဆောင်မှုရှိစေတာ အမှန်ပါ။ အထက်မြန်မာပြည်ကျိုက်ထီးရိုးဟု တင်စားရလောက်အောင်ပင် ဇလုံတောင်တော်၏ တည်ရှိနေပုံ အံ့မခန်းဆန်းကြယ်လှသလို သဘာဝရေမြေတောတောင်များကို ဖြတ်သန်းသွားရောက်ရတဲ့ ခရီးကြောင့်လည်း ကျော်ကြားလူသိများလာခြင်း ဖြစ်ပါတယ်။ ထို့ပြင် ညနေ နေ၀င်ချိန်လိုအခါမျိုး၌ နေရောင်မှ ရောင်ပြန်ဟပ်ကာ တောင်တစ်ခုလုံး ရွှေရောင်လွှမ်းနေတတ်သဖြင့် ပိုမိုကျော်ကြားလာခဲ့ရပါသည်။ နေခရမ်းအနေဖြင့် ဇလုံတောင်ဘုရားဖူးခရီးစဉ် အတွေ့အကြုံများနှင့် ဘုရားသမိုင်းကိုပါ အကျဉ်းမျှ တင်ပြပေးခြင်ပါတယ်။
ဇလုံတောင်သည် စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင် ၊ ဗန်းမောက်မြို့နယ် တွင် တည်ရှိပြီး ဗန်းမောက်မြို့မှ မြောက်ဘက် (၁၂)မိုင်၊ (၂)ဖာလုံ အကွာ တောတောင်များအတွင်း၌ တည်ရှိနေသော ကျောက်လုံးတောင်ကြီး ဖြစ်ပါသည်။  တောင်တော်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၃ဝ၉ဝ မြင့်သော တောင်ပေါ်တွင် ကြီးမားလှသော ကျောက်တုံးကြီးများ စုစည်းကာ ထပ်ဆင့်တည်ရှိနေခြင်းပါ။ တောင်ပေါ်၌ ဇလုံတောင်ဟု အမည်ရသော ကျောက်တောင်ကြီး သည် သံတောင် ၄၄၄ တောင် ၊ ပေအားဖြင့် ၆၆၆ ပေ အမြင့်ဖြင့် ထီးထီးကြီးရပ်တည်နေခြင်း ဖြစ်ပါသည်။
Photo:Internet
ဇလုံတောင်တော်သည် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ အနေဖြင့် အရိမေတ္တေယျ ဘုရားရှင်ပွင့်တော်မူကာ တရားဦးဟောကြားမည့် တောင်အဖြစ် ရည်စူးမှတ်ယူကာ လာရောက်ဖူးမျှော်ကြသူများပါသည်။ တောင်တော်နှင့် ပတ်သတ်သည့် သမိုင်းအကျဉ်းကို နောက်ပိုင်းတွင် ရေးပေးထားပါသည်။
Monday, February 12, 2018
အမှတ်တမဲ့ အလွဲများ ( ၉၆ )
ဒီတစ်ပတ်အတွက် ပြုံးပျော်ရွှင်နိုင်မယ့် ပုံလေးတွေ ထပ်မံစုစည်းတင်းပေးလိုက်ပါတယ်။ ကြည့်ရှု့အားပေးကြပါအုံးခင်ဗျာ...
အခုမှပဲ အလုပ်အေးအေးဆေးဆေး လုပ်ရတော့တယ်။
ဘိုးဘိုးကြီးကသာ ဖြစ်ပျက်နေတာ။ သားသားလေးကတော့ စတိုင်ကိုတင်းနေတာပဲ...
စိတ်ကူးဆန်းသည့် ပေါင်းစပ် ကာတွန်းပုံလေးများ (၂၇)
Domenic Bahmann ဆိုတဲ့ပညာရှင်မှ ဖန်တီးထားမှုများပါ။ သူက နေ့စဉ်တွေ့မြင်နေကျ ပစ္စည်းလေးများနဲ့ ပေါင်းစပ်ကာ တီထွင်ရေးဆွဲထားမှုက ချီးကျူးစရာပါ။
ကမ္ဘာတစ်လွှား အများပြည်သူသုံး ထိုင်ခုံအလန်းများ
ကမ္ဘာနိုင်ငံအသီးသီးတွင် တွေ့မြင်ရသော အများပြည်သူ လွတ်လပ်စွာ အပန်းဖြေအနားယူနိုင်စေရန် စီစဉ်ပေးထားတဲ့ ထိုင်ခုံဒီဇိုင်းဆန်းဆန်းလေးများ ဖြစ်ပါသည်။ ကြည့်လိုက်ကြပါအုံးဗျာ…
Wednesday, February 7, 2018
မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၂၃ )
Facebook ပေါ်တွင်တွေ့သမျှနှင့် သူငယ်ချင်းများပို့ပေးထားသော ပုံများကို စုစည်းတင်ပေးလိုက်ပါတယ်။ ပျော်ရွှင်ကြည့်နူးနိုင်ကြပါစေဗျာ...
ပြော ဘာလုပ်ရမှာလဲပြော...
သြော် ဆင်ကြီးရယ်... :P
ကမ္ဘာ့အအေးဆုံး နေရာဒေသများ
ကမ္ဘာပေါ်တွင် အအေးဆုံးအဖြစ် မှတ်တမ်းတင်ထားသည့် နေရာ (၁၀)နေရာကို တင်ပြပေးပါမည်။ ကျွန်ုပ်တို့ ကမ္ဘာကြီး၏ နေရာဒေသတိုင်းသည် တသတ်မတ်တည်း ပုံစံတူတည်ရှိနေခြင်း မဟုတ်တာ အားလုံးသိကြပါတယ်။ ဒါပေမယ့် တစ်ချို့နေရာဒေသတွေကတော့ ထူးကဲအံ့သြလောက်ဖွယ် အလွန်အမင်း ဖြစ်တည်နေကြပါတယ်။ ထိုအထဲမှ အအေးဆုံးနေရာတွေကို တင်ပြပေးရင်း ဘယ်လောက်အထိ အေးသလဲဆိုတာ ကြည့်လိုက်ရအောင်ဗျာ…
(၁) Vostok, Antarctica
ကမ္ဘာပေါ်တွင် အအေးဆုံးဒေသဆိုရင် အန္တာတိကတိုက်ကို ပြေးမြင်မိကြမှာပါ။ မှန်ပါတယ်။ အန္တာတိကတိုက်မှ Vostok ရုရှလေ့လာရေးစခန်းဟာ ၁၉၈၃ ခု ၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် တိုင်းတာချက်အရ −89.2 °C (−128.6 °F) အထိရှိခဲ့ပါတယ်။ ဒါဟာ ယနေ့အချိန်အထိ အအေးဆုံး ဒေသအဖြစ် သတ်မှတ်ခံထားရတဲ့ စံချိန်တစ်ခုပါ။ ယခုတွင် သြဂုတ်လ၌ အအေးဆုံးလ ဖြစ်ပါတယ်။ အန္တာတိကတိုက်သည် လေ့လာစရာများစွာ ကျန်ရှိနေပြီး သုတေသနပြုနေရသည့် တိုက်ကြီးတစ်ခုပါ။ တကယ်တော့ ထို Vostok ဒေသသည် ကမ္ဘာတစ်ခုလုံးတွင် နေနှင့်အနီးဆုံးနေရာမှာ တည်ရှိနေတာပါ။ ဒါပေမယ့် တစ်နှစ်ပတ်လုံး အပူချိန်အလွန်နည်းပြီး အေးခဲနေသည့် ရေခဲပြင်ဒေသတစ်ခု ဖြစ်ပါတယ်။ တစ်နှစ်ပတ်လုံးလောက် အလင်းရောင်ရနေပေမယ့် မေလမှ သြဂုတ်လ အထိကတော့ နေရောင်ခြည်လုံးဝ မရရှိပါ။ ထိုဒေသတွင် ဒီဇင်ဘာလ၌ နေ့စဉ် တရက်ကို အလင်းရောင် ၂၂. ၉ နာရီထိရရှိပြီး နေ၀င်သည့် ညအချိန်က ၁ နာရီကျော်ပဲ ရှိပါတယ်။
(၂) Plateau Station, Antarctica
အန္တာတိကတိုက်မှာပဲ တည်ရှိတဲ့ အမေရိကန်လေ့လာရေးစခန်း တစ်ခုဖြစ်ပါတယ်။ ထိုဒေသတွင် ၁၉၆၈ ခု ၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် -86.2 °C (-123.1 °F) အထိ အလွန်အေးခဲ့ပြီး မှတ်တမ်းတင်ထားခဲ့ပါသည်။ ယနေ့အချိန်များတွင် ဇူလိုင်လမှာ အအေးဆုံးဖြစ်ပါတယ်။ ထိုဒေသတွင် နွေရာသီသည် အလွန်တိုတောင်းပြီး အေးမြလှပါတယ်။ အေးခဲလွန်းသော ဆောင်းရာသီနှင့် ပတ်ဝန်းကျင်သည်လည်း မှောင်မဲနေတတ်တဲ့ ဒေသတစ်ခုပါ။
Monday, February 5, 2018
တစ်လလုံးမှာ နေရောင်ခြည် ၆ မိနစ်ပဲ မြင့်ခဲ့ရသည့် မော်စကိုမြို့ကြီး
ရုရှနိုင်ငံ ၊ မော်စကိုမြို့ကြီးသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ တစ်လလုံးတွင် နေရောင်ကို ၆ မိနစ်သာ တွေ့မြင်ခဲ့ရပါသည်။ ထို့ကြောင့်ပင် မော်စကိုမြို့အတွက် အမှောင်မိုက်ဆုံး လ တစ်လအဖြစ် စံချိန်တင်ခဲ့ပါသည်။ အပူချိန် - ၇ ဒီဂရီစင်တီဂရိတ်ရှိပါသည်။ မော်စကိုမြို့သည် လွန်ခဲ့သော ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလ တစ်လလုံး၌လည်း ၃ နာရီသာ နေရောင်မြင်ခဲ့ရသော အခြေအနေ ဖြစ်ပေါ်ခဲ့ဖူးပါသည်။
ရုရှနိုင်ငံသည် နိုင်ငံဧရိယာ ကျယ်ဝန်းသလို ဆောင်းရာသီတွင် အအေးဒဏ်ပြင်းစွာခံရသော ဒေသများ အများအပြား ရှိပါသည်။ ကမ္ဘာပေါ်တွင် အအေးဆုံး လူနေထိုင်ရာ ဒေသများ ရှိရာနိုင်ငံဖြစ်ပြီး ယခုနှစ်တွင်လည်း ရုရှားနိုင်ငံ၏ အရှေ့ဘက်စွန်းက အအေးခဲဆုံး အစိတ်အပိုင်းအဖြစ် နာမည်ကျော်သည့် ယာကူတီယာဒေသမှာ အပူချိန် (- ၆၀) ဒီဂရီစင်တီဂရိတ်အောက်အထိ ရောက်ရှိခဲ့ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း
အိုပေါ့ ပိုက်လုံးအိမ်ယာ
ကျွန်းသေးသေးလေးကို လာရောက်အခြေချ နေထိုင်သူက တနှစ်ထက်တနှစ် များလာနေတဲ့ ဟောင်ကောင်ရဲ လူဦးရေထူထပ်နေမှုကို ဖြေရှင်းနိုင်ဘို့ အာဏာပိုင်တွေက ပိုက်လုံးအိမ်ယာတွေ တည်ဆောက်နေတဲ့ စီမံကိန်းဖြစ်ပါတယ်။
အရှည် ၁၆ပေ နဲ့ ပေ၁၂၀ပါတ်လည်အကျယ် ရှိတဲ့ ပိုက်လုံးအိမ်အတွင်းမှာ တကိုယ်စာနေထိုင်စားသောက်နိုင် အိပ်နိုင်အောင်စီစဉ်ပေးထားပါတယ်။
ယခုအချိန်မှာ  အိမ်ခန်းတခန်းရဲ့ တန်ဘိုးဟာ  တပေပါတ်လည်ကို ဒေါ်လာ ၁၅၀၀ ဖြစ်နေပါတယ်၊
ဟောင်ကောင်မှာ (ပေ ၁၈၀ ပါတ်လယ်အကျယ်)တိုက်ခန်းတခန်းရဲ့  (၂၀၁၇) န်ေဘိုးဟာ ဒေါ်လာ ၂၀၃၄၀၀(တဒေါ်လာ ပေါက်ဈေး မြန်မာငွေ ၁၃၄၂ ကျပ်)ဈေးပေါက်ပါတယ်။လခစား လက်လုပ်လက်စားပြည်သူ တွေအတွက်  အနေကြပ် အထိုင်ကြပ်ဘ၀နဲ့အခြေအနေကို ဖြေရှင်းနိုင်ဘို့  ကြိုးစာတဲ့
OPod ကွန်ကတစ် ပိုက်လုံးအိမ်ခန်းတွေထပ်ပြီး နေနိုင်အောင်စီစဉ်
ပေးမှာဖြစ်ပါတယ်။
လေထဲ ပေ ၆၀ ခန့်မြောက်တက်ပြီး နေအိမ်ဒုတိယထပ် ဝင်တိုက်ခဲ့သည့်ကား
အထပ်မြင့် အဆောက်အအုံတခုထဲကို ကားတစီးက ဝင်ရောက်တိုက်မိဖို့ဆိုတာ ဘယ်သူကမှ တွေးထားမိခဲ့မယ် မထင်ပါဘူး။ဒါပေမယ့် ဒီထိတ်လန့်စရာကောင်းတဲ့ အဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ တကယ့်ကို ဖြစ်ခဲ့တာပါ။
ဆန်တာအန်နာဒေသတွင်း သွားဘက်ဆိုင်ရာဆေးပညာ အဆောက်အအုံရဲ့ အပြင်ဘက် ကွန်ကရစ်နံရံကို ထိုးဖောက်ဝင်တိုက်မိခဲ့တဲ့ နစ်ဆန်း ဆီဒင်ကားဟာ အရှိန်မထိန်းနိုင်ဘဲ လေထဲမှာ ပေ ၆၀ လောက်ထိ မြောက်တက်ခဲ့ပြီးမှ ခုလိုတိုက်မိခဲ့တာ ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။
ဆန်တာအန်နာ ရဲဌာနဟာ အဲဒီနေ့ မနက်ခင်းအစောပိုင်း ၅ နာရီခွဲလောက်မှာ အရေးပေါ်ဖုန်းခေါ်ဆိုမှု ရခဲ့တာဖြစ်ပြီး အဲဒီကားဟာ လမ်းပြောင်းပြန် မောင်းလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့က ဖြစ်ခဲ့ပြီး အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာတော့ လူပြောများနေခဲ့တာပါ။
ကားပေါ်ပါ လူ ၂ ဦးကတော့ အသက်အန္တရာယ်မှ သီသီလေး လွတ်မြောက်သွားခဲ့ပြီး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိသွားခဲ့ကြကာ ယာဉ်မောင်းကိုတော့ ဖမ်းဆီးထားခဲ့တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
Credit: DVB TV News
ရုပ်သံဖိုင် ကြည့်ရှုရန်
https://youtu.be/2_7QafdCMO0
Related Posts Plugin for WordPress, Blogger...