Wednesday, April 24, 2013

တောင်အမေရိကမှ ထူးဆန်း ခြေတံရှည် သတ္တဝါ


ပုံမှာ မြင်တွေ့နေရတဲ့ အကောင်ပါပဲ။ သူက ဝံပုလွေမဟုတ် ပါဘူး။ မြေခွေးလည်း မဟုတ်ပါဘူး။ သမင်လည်း မဟုတ်ပါဘူး။ သမင်နဲ့ ဝံပုလွေ ဆက်ထားတဲ့ အကောင်လည်း မဟုတ်ပါဘူး။

တောင်အမေရိကန်မှာ လွန်ခဲ့သော နှစ်သန်းပေါင်း များစွာ ကတည်းက အသက်ရှင် နေထိုင်နေတဲ့ အကောင်များ ဖြစ်တယ်လို့ ဆိုပါတယ်။ ရုတ်တရက် မြင်လိုက်ရရင် ဘာကောင်မှန်း မသိအောင်ကို ထူးဆန်း နေမှာပါ။ အကောင်အရေအတွက် နည်းပြီး တောင် အမေရိက တောနက်တွေထဲမှာ နေထိုင်ကျက်စားပါတယ်။

Monday, April 22, 2013

နဂါးငွေ့တန်း တစ်ခုသည် ကြီးမားသော ဂြိုဟ်ကြီး တစ်လုံးအား ဝါးမြို

 
ဝါရှင်တန်  ဧပြီ  ၇
နဂါးငွေ့တန်း တစ်ခုကဲ့သို့ ကြီးမား ကျယ်ပြန့်သော တွင်းနက်ကြီး (Black Hole) တစ်တွင်းသည် ဂျူပီတာ ဂြိုဟ်ထက် ကြီးမားသော ဂြိုဟ်ပျက်ကြီး တစ်လုံးအား ဆွဲငင် ဆောင်ယူသွားကြောင်း သိပ္ပံပညာ ရှင်များက တွေ့ရှိခဲ့ကြသည်ဟု သိရသည်။ 

ကမ္ဘာ့ အကြီးဆုံး ပန်းရောင် စိန်ပွင့်ကြီးအား အမေရိကန် ဒေါ်လာ ၃၉ သန်းကျော်ဖြင့် လေလံ တင်ရောင်းချ


နယူးယောက် ဧပြီ ၁၈
ကမ္ဘာပေါ်ရှိ အကြီးမားဆုံး ပန်းရောင် စိန်များအနက် တစ်ခု အပါအ၀င် ဖြစ်သော Princie Diamond အမည်ရှိ ရှားပါး အိန်္ဒိယ စိန်ပွင့် တစ်ပွင့်ကို နယူးယောက် မြို့ရှိ Christie's လေလံ ကုမ္ပဏီတွင် အမေရိကန် ဒေါ်လာ ၃၉ ဒသမ ၃ သန်းကျော်ဖြင့် လေလံတင် ရောင်းချနိုင် ခဲ့ကြောင်း သိရသည်။
Princie Diamond အမည်ရှိ စိန်ပွင့်ကို အမည် မဖော်လိုသူ တစ်ဦးက ဖုန်းဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်ကြောင်း Christie's လေလံ ကုမ္ပဏီက ပြောကြားခဲ့သည်။

ဒိုင်နိုဆော များသည် ရေကူး ကျွမ်းကျင်ကြကြောင်း လေ့လာတွေ့ရှိ


ဝါရှင်တန် ဧပြီ ၂၀
ဒိုင်နိုဆော များသည် ရှည်လျားလှသော အကွာအဝေးအား ကျွမ်းကျင်စွာ ရေကူးသွားလာ နိုင်ကြကြောင်း အယ်ဘာတာ တက္ကသိုလ်မှ သုတေသန ပညာရှင် များက လေ့ လာတွေ့ရှိ ခဲ့ကြသည်။
၎င်းသုတေသန အဖွဲ့မှ ပညာရှင် တစ်ဦးဖြစ်သူ စကော့တ်ပါဆန်သည် တရုတ် နိုင်ငံ၏ မြစ်ကြမ်းပြင် တစ်ခုတွင် ဒိုင်နိုဆောများ ခရီးဝေး သွားခဲ့ကြဟန် ရှိသည့် ခြေရာများအား အမှတ်မထင် တွေ့ရှိခဲ့ရာမှ သိရှိ ခဲ့ကြခြင်း ဖြစ်သည်။

အင်ဒိုနီးရှား နိုင်ငံမှ ရွာသားတစ်ဦး အရှည် ၄၄ ပေရှိသော တစ်ယောက်စီး စက်ဘီး တစ်စီးအား ဖန်တီး


ဂျကာတာ ဧပြီ ၂၀
အင်ဒိုနီးရှား နိုင်ငံ အရှေ့ ဂျားဗားပြည်နယ် ဘလာစီ ကျေးရွာမှ ရွာသား တစ်ဦးသည် သံပိုက် များကို အသုံးပြု၍ အရှည် ၄၄ ပေရှိသော နိုင်ငံ၏ အရှည်ဆုံး တစ်ယောက်စီး စက်ဘီး တစ်စီးအား ဖန်တီး တီထွင်ခဲ့ကြောင်း သိရသည်။
၎င်းအမျိုးသားသည် အဆိုပါ စက်ဘီးအား သံချောင်းအရှည် ၈၄ ပေအား အသုံးပြု၍ လက်ဖြင့် ဖန်တီး တီထွင်ထားခြင်း ဖြစ်ပြီး ၎င်းစက်ဘီးတွင် လူတစ်ဦးသာ လိုက်ပါ စီးနင်းနိုင်ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် တစ်မျိုးတည်း ရှိသည့် ထွင်းဖောက် မြင်နိုင်သော ရေခဲငါး


တိုကျို  ဧပြီ  ၂၁
ကမ္ဘာပေါ်တွင် တစ်မျိုးတည်း သာရှိသည့် ထွင်းဖောက်မြင်နိုင်သော ရေခဲငါးမျိုးစိတ် တစ်မျိုးအား ဂျပန်နိုင်ငံ ငါးပြတိုက်က ထုတ်ဖော် ပြသခဲ့သည်ဟု သိရသည်။ အဆိုပါ ငါးမျိုးတွင် သွေးကိုနီ စေသော ဟီမိုဂလိုဗင် ဓာတ်နှင့်ကြေးခွံများ မပါရှိကြောင်း သိရသည်။

Wednesday, April 17, 2013

ဆွီဒင်နိုင်ငံမှ ချုံပုပ်ဟိုတယ်


ဆွီဒင်နိုင်ငံ၊ Kolarbyn မြို့ အနီးမှာ ရှိတဲ့ သစ်တော တစ်ခုမှ ဖန်တီးထား တာ ဖြစ်ပါတယ်။
... ကြယ်နှစ်ပွင့်အဆင့်ရှိလည်းတော့ မသိပါဘူး။ ဟိုတယ်မှာ မီးမရပါဘူး။ ညဘက်ဆိုရင် ဖယောင်းတိုင်မီးထွန်းလို့ ခင်းကျင်းရမှာ ဖြစ်ပါတယ်။ အခန်း ၁၂ ခန်းရှိပတယ်။ တောင်ပို့ပမာ ဖန်တီးပြီး သစ်ပင်၊ သစ်ငုပ်များနဲ့ အဆင်ပြေသလို ဖန်တီးပေးထားပါတယ်။ သို့ပေမယ့် ခိုင်ခံ့မှုတော့ ရှိပါတယ်။ မိုး၊ရေ၊လေ ဒဏ် ကင်းဝေးပြီး ကမ္ဘာ့ရှေးအကျဆုံး ဟိုတယ် အရသာ ကို ခံစားနိုင်ရန် ဖန်တီးထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ယင်းဟိုတယ်ကို ဆွီဒင်ရဲ့  ရှေးအကျဆုံး ဟိုတယ် အဖြစ် မှတ်တမ်း တင်စေခဲ့ကြောင်း သိရပါတယ်။
--
Ref: kispower
ရိုးရာလေး

Valdaro မှ ချစ်သူများ


... ကမ္ဘာ့လူသားတွေရဲ့မြင်ကွင်းကနေ နှစ်ပေါင်း ၆၀၀၀ လောက် ကွယ်ပျောက်နေခဲ့တဲ့ ချစ်သူနှစ်ဦးရဲ့ ဇာတ်လမ်းလေးကို ဒီကနေ့ခေတ်လူတွေ မှန်းဆပြောဆိုလို့မဆုံးနိုင်အောင်ဖြစ်ခဲ့ရပါတယ်...
2007 ခုနှစ်က အီတလီနိုင်ငံ Mautua မြို့အနီးက Valdaro ဆိုတဲ့ရွာငယ်လေးမှာ အဆောက်အဦတစ်ခုဆောက်လုပ်ရာကနေ လူသားအရိုးစုနှစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်.... ဒီအရိုးစုတွေကိုတူးဖော်ရာမှာ ရှေးဟောင်းသုတေသနပညာရှင် Elena Maria Menotti က ဦးဆောင်ခဲ့ပါတယ်...

အိမ်ဖြူတော်


အိမ်ဖြူတော်လို့ဆိုတာနဲ့ လူတိုင်းက အမေရိကန်သမ္မတွေကို ပြေးမြင်တဲ့အထိ လူသိများလှပါတယ်... အဲ့ဒီအိမ်ဖြူတော်ကို ဘယ်သူမှ အရောင်းအဝယ်မ
လုပ်ပေမဲ့ အိမ်ခြံမြေဈေးကွက်ရဲ့ online လုပ်ငန်းကြီးဖြစ်တဲ့ Zillow.com က ခန့်မှန်းတာကတော့ အိမ်ဖြူတော်ရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ 287189701 ရှိမယ်လို့ဆိုပါတယ်...
သမိုင်းဝင်နေရာကြီးတစ်ခုဖြစ်တဲ့ အိမ်ဖြူတော်မှာ အဆင်တန်ဆာတွေ
အများအပြားပါရှိပါတယ်...

မထင်မှတ်ဘဲ ဥာဏ်ကြီးရှင်ဖြစ်လာသူ


1979 ခုနှစ်မှာ အသက် ၁၀ နှစ်သား Orlando L. Serrell ဟာ ဘေ့စ်ဘောကစားနေရင်း ဘောလုံးကဦးခေါင်းကိုထိမှန်ပြီး လဲကျသွားခဲ့ပါတယ်... နာတာနည်းနည်းသက်သာသွားတဲ့အချိန်မှာ သူကဆက်ကစားနေခဲ့ပြီး ဒီလိုဖြစ်ခဲ့တယ်ဆိုတာကို သူ့မိဘတွေကို လုံးဝမပြောပြခဲ့ပါဘူး...

သူဟာ သူ့မိဘတွေကိုမပြောသလို ဆေးခန်းလည်းသွားမပြခဲ့ပါဘူး... ဒီဒဏ်ရာကြောင့် ခေါင်းကိုက်ဝေဒနာကို အချိန်အတန်ကြာ ခံစားခဲ့ရပေမဲ့
နောက်ဆုံးမှာတော့ သက်သာပျောက်ကင်းသွားခဲ့ပါတယ်...

ဦးခေါင်းဒဏ်ရာရပြီးတဲ့နောက်မှာ နေ့စွဲရက်စွဲတွေ ပြက္ခဒိန်ဆိုင်ရာအချက်အလက်တွေကို တွက်ချက်နိုင်တဲ့ စွမ်းရည်သူ့မှာရှိလာတာကို သတိပြုမိလာ
ပါတယ်... သူဟာဦးခေါင်းပြင်ပ ထိခိုက်ဒဏ်ရာရတာကနေ ဥာဏ်ရည်မြင့်
တက်လာတဲ့ ဥာဏ်ကြီးရှင်တစ်ယောက်အဖြစ် ထင်ရှားလာပါတယ်...

သူဟာ ထိခိုက်ဒဏ်ရာရပြီးတဲ့နေ့ကစပြီး နေ့စဉ်နေ့တိုင်း သူဘာလုပ်ခဲ့တယ်
ဆိုတာနဲ့ အဲ့ဒီနေ့အလိုက် ရာသီဥတုအခြေအနေတို့ကို မှတ်မိနေပါတယ်
. နောက်ပိုင်းမှာတော့ သူ့အကြောင်းကို သတင်းမီဒီယာတွေက စိတ်ဝင်စား
လာကြပြီး သတင်းဂျာနယ်အမြောက်အမြားမှာ ဖော်ပြခြင်းခံခဲ့ရပါတယ်...

သူ့အကြောင်းကို ဒီနေရာတွေမှာ လေ့လာနိုင်ပါတယ်...
http://www.orlandoserrell.com/about.htm

http://en.wikipedia.org/wiki/Orlando_Serrell

တရုတ်ကျောင်းသူတစ်ဦးက ၎င်း၏အသုဘ အခမ်းအနားကို ကိုယ်တိုင်ကျင်းပ


တရုတ်ပြည် အရှေ့အလယ်ပိုင်း ဟူဘီပြည်နယ်၊၀ူဟန်မြို့ရှိ ကျောင်းသူတစ်ဦးသည် ၎င်း၏အသုဘအခမ်းအနားကို ၎င်းကိုယ်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း ဧပြီလ၂ရက် တရုတ်ပြည်တွင်း သတင်းတစ်ရပ်တွင် ဖော်ပြသွားခဲ့သည်။ အသက်၂၂နှစ်အရွယ်ရှိ ဇန်ဂျီယာသည် အသုဘအခမ်းအနား မိတ်ကပ်ပြင်ဆင်သူများကို  ငှားရမ်းပြီး ၎င်းအားအလှဆင်စေ၍ အသုဘအခေါင်းအတွင်း လဲလျောင်းကာ ငှားရမ်းထားသော ဓာတ်ပုံဆရာများကို ရိုက်ကူးစေခဲ့သည်။ ဇန်ဂျီယာသည် ၎င်းအနေဖြင့် အသက်ရှင်ခြင်း၏ အရသာကိုပိုမိုခံစားနိုင် စေရန်အတွက် ယင်းကဲ့သို့ ခေတ္တခဏသေခြင်း သဘောတရားကို လက်တွေ့ရင်ဆိုင်ရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသွားခဲ့သည်။

ငရဲပြည်တံခါးဝဟု ယူဆရသော မြို့ဟောင်းတစ်ခု တူရကီ၌တွေ့ရှိ


တူရကီနိုင်ငံ အနောက်တောင်ပိုင်း ဒီနစ်ဇလီပြည်နယ်ပါ မို့ခ်ခါလီမြို့တွင် ဂရိနှင့်ရောမဒဏ္ဍာရီများထဲမှ ငရဲပြည်တံခါးဝဟု ယူဆရသော မြို့ဟောင်းတစ်ခုကို အီတလီရှေးဟောင်း သုတေသနပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ရကြောင်း ဧပြီ၂ရက် DailyMail သတင်းတစ်ရပ်တွင် ဖော်ပြသွားခဲ့သည်။ ဘီစီ၁၉၀ခန့်က ဟိုရာပိုလစ်ဟု အမည်ရသော ယင်းဒေသတွင် ပါဂန်မစ်မျိုးနွယ်ဝင် အူမန်နက်စ်IIဘုရင်က ပရိုင်ဂျီယန်ရှေးဟောင်းမြို့တော်ကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုမြို့တွင်ငရဲပြည်ဟု မုခ်တံခါးဝဟု ယူဆရသော အဆောက်အအုံတစ်ခုကို ဖရန်ဆစ်ကို ဒီအန်ဒရီယာ ဦးဆောင်သော အီတလီ ရှေးဟောင်းသုတေသနပညာရှင် အဖွဲ့ကတွေ့ရှိခဲ့ရသည်။

မိုးပျံပူဖောင်း ၁၆၀ကိုစီးနင်းပြီး လူစွန့်စားတစ်ဦး ရော်ဘင်ကျွန်းမှ ကိပ်တောင်းမြို့သို့ သွားရောက်ခဲ့


တောင်အာဖရိကနိုင်ငံသား မက်ဒ်ဆေးပါးလ်ဗယ်လပ်စ် ဆိုသူသည် မိုးပျံပူဖောင်း ၁၆၀ကို စီးနင်းလိုက်ပါပြီး တောင်အာဖရိကနိုင်ငံ ရော်ဘင်ကျွန်းမှ ပင်လယ်ကမ်းခြေကို ကျော်ဖြတ်ပြီး ၃ဒသမ၇မိုင် ကွာဝေးသော ကိပ်တောင်းမြို့သို့ စွန့်စွန့်စားစား သွားရောက်ခဲ့သည်။ ၎င်းဖြတ်ကျော်သွားခဲ့သော ရော်ဘင်ကျွန်းနှင့် ကိပ်တောင်းမြို့ကြား အတ္တန္တိတ်သမုဒ္ဒရာရေပြင်သည် အသားစားငါးမန်းများ ပေါများကြောင်း သိရသည်။ မက်ဒ်ဆေးပါးလ်သည် ၎င်း၏ စွန့်စားမှုမှတစ်ဆင့် ရရှိသော ဆုကြေးငွေများကို နယ်လ်ဆင်မန်ဒဲလား ကလေးဆေးရုံသို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်သည်။

လူစွန့်စားတစ်ဦးက လေထီးအစား ထီးတစ်လက်နှင့် ဝေဟင်မှမြေပြင်သို့ ဆင်းသက်ပြခဲ့


အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်တွင် လူစွန့်စားတစ်ဦးသည် ဝေဟင်မှ မြေပြင်ကို လေထီးအစား ထီးတစ်လက်နှင့် ဆင်းသက်ပြသခဲ့သည်။ လူစွန့်စား ဂျွန်ကီအီရာခ်ရိုနာသည် ပေထောင်နှင့်ချီ၍ မြင့်မားသော တောင်ထိပ်ပေါ်မှ အထူးစီမံပြုလုပ်ထားသော ထီးတစ်လက်နှင့် မြေပြင်သို့ဆင်းသက် ပြသွားခဲ့သည်။

Friday, April 12, 2013

နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ..............


ဒီနှစ်သစ်မှာပျော်ရွှင်ကြပါစေပျော်ရွှင်ချမ်းမြေ့ကြပါစေ။
မြန်မာပြည်တစ်ပြည်လုံးလည်း စိုးရိမ်မှု ၊ ကြောင့်ကြမှု မရှိကြပဲ
အေးအေးချမ်းချမ်း ၊ ကိုယ်စိတ်ချမ်းသာပြီး ခေတ်သစ်ကိုရောက်ရပါစေ။
သူငယ်ချင်းများအတွက် ဆက်လက် ကြိုးစားပေးပါအုံးမယ်....နေခရမ်း

Thursday, April 11, 2013

ထူးခြား ဆန်းကြယ်သော ရှေးဟောင်း ဗုဒ္ဓအံတော်တစ်ဆူ အရွယ်အစား ပိုမိုကြီးမား လာလျက်ရှိ


ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်းရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှ ဗုဒ္ဓအံတော် တစ်ဆူ၏ အရွယ်အစားသည် ဆက်လက် ကြီးထွား လျက် ရှိကြောင်း အဆိုပါ ဘုန်းတော်ကြီး ကျောင်းရှိ တာဝန်ရှိသူ များက ပြောကြားထားသည်။
ရာနှင့်ချီသော ဗုဒ္ဓဘာသာဝင် များသည် အရှည် နှစ်လက်မခန့်ရှိ ဗုဒ္ဓအံတော်အား ဖူးမြော်ကြည့်ရှုရန် စုဝေး ရောက်ရှိ လာခဲ့ကြောင်း သိရသည်။

အမှတ်တမဲ့အလွဲများ ( ၂၇ )

ဟဲ့ ၊ ဟဲ့...အိုး ...သွားပါပြီ...

Tuesday, April 9, 2013

မော်ရိုကို နိုင်ငံ အတွင်းသို့ ကျရောက်ခဲ့သည့် ကျောက်တုံးသည် နှစ်ပေါင်း ၄ ဒသမ ၅၆ ဘီလီယံ သက်တမ်းရှိ ဗုဒ္ဓဟူး ဂြိုဟ်မှ ဥက္ကာခဲ ဖြစ်နိုင်ကြောင်း


ဝုဒ်လန်း  မတ်  ၃၁
မော်ရိုကို နိုင်ငံ အတွင်းသို့ ၂ဝ၁၂ ခုနှစ်က ကျရောက်ခဲ့သော NWA 7325 ဟု အမည် ပေးထားသည့် အစိမ်းရောင် ကျောက်တုံးသည်
နေနှင့် အနီးဆုံးဂြိုဟ် ဖြစ်သည့် ဗုဒ္ဓဟူးဂြိုဟ်မှ ဖြစ်နိုင်ပြီး အက်စ်တီရွိုက် သို့မဟုတ် အင်္ဂါဂြိုဟ်မှ မဟုတ်ကြောင်း ဥက္ကာခဲ သိပ္ပံပညာရှင် အန်ထော်နီ အဲဗင်းက ယခုလ အတွင်း တက်စ်ဆက် ပြည်နယ်  ဝုဒ်လန်းမြို့တွင် ပြုလုပ်သော (၄၄) ကြိမ်မြောက် လနှင့်ဂြိုဟ်များ ဆိုင်ရာ သိပ္ပံပညာ ဆွေးနွေးပွဲတွင် လေ့ လာ တွေ့ရှိမှု အသစ်တစ်ရပ် အဖြစ် ထုတ်ဖော် ပြသခဲ့သည်။

စပိန်နိုင်ငံရှိ အယ်လ်ဟီယာရိုကျွန်း ငလျင်လှုပ်ရှားမှုကြောင့် ရွေ့လျားလျက်ရှိဟု ဆို


မက်ဒရစ်   ဧပြီ   ၁
မကြာသေးမီ ရက်ပိုင်းအတွင်းက မြေငလျင် လှုပ်ခတ်မှုကြောင့် စပိန်နိုင်ငံရှိ အယ်လ်ဟီယာရို ကျွန်းသည်
အရှေ့ဘက်သို့ ရွေ့လျား သွားပြီး ၁၁ စင်တီမီတာ အမြင့်သို့ မြင့်တက် သွားကြောင်း ပြည်တွင်း သတင်း ဌာနက မတ် ၃ဝ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘာ့ဈေး အကြီးဆုံး စိန်စီရှူးဖိနပ်


လန်ဒန် ဧပြီ  ၂
စတာလင်ပေါင် ၂၇၆ဝဝဝ တန်ဖိုးရှိ "The Diamond Shoe" အမည်ရှိ စိန်စီရှူးဖိနပ် သည် ကမ္ဘာ့ဈေး အကြီးဆုံး ရှူးဖိနပ် အဖြစ် ကမ္ဘာ့မှတ်တမ်း စာအုပ်တွင် စံချိန်တင်ခဲ့ကြောင်း သိရသည်။
နယူးဇီလန် နိုင်ငံမှ ဒီဇိုင်နာ ကာသာရင် ဝီလ်ဆင်က ယင်းဖိနပ်အား ပေါင်တစ်သန်း တန်ဖိုးရှိ စိန်ဖြူလေးပုံ တစ်ပုံခန့်ကို အသုံးပြု၍ Sarah Hutchings of Auckland's Orsini Fine ကျောက်မျက်ရတနာ ကုမ္ပဏီ၏ အကူ အညီဖြင့် ဖန်တီးခဲ့သည်။

သင်းခွေချပ်အကြောင်း သိကောင်းစရာ



  သင်းခွေချပ် (Pangolin) သည် အကြေးခွံပါသော သတ္တဝါတစ်မျိုးဖြစ်သည်။ များသောအားဖြင့် သင်းခွေချပ်များ၏ ခန္ဓာကိုယ်ကို မာကျောသော အကြေးခွံ များဖြင့် ဖုံးအုပ်ထားသည်။ ထိုအကြေးခွံများသည် တခုနှင့်တခု ထိစပ်နေပြီး ခန္ဓာကိုယ်ကို အခြားပြင်ပ အန္တရာယ်များမှ ကာကွယ်နိုင်ရန် သံချပ်ကာ ဝတ်စုံ သဖွယ် ဖန်တီးပေး ထားသည်။ အန္တရာယ်နှင့် ကြုံလာသောအခါ သင်းခွေချပ် များသည် ဘောလုံးသဖွယ် ကိုယ်ကို လုံးလိုက်ခြင်း အားဖြင့် မာကျောသော အလုံးကြီး ဖြစ်သွားသည်။

ခွဲစိတ် ကုသမှုကြောင့် မျက်နှာပြင် တစ်ခြမ်း ဆုံးရှုံးသွားခဲ့သည့် အမျိုးသားတစ်ဦး အတွက်3D မျက်နှာပြင် ဗြိတိသျှ ဆရာဝန်များ ဖန်တီး


လန်ဒန်  ဧပြီ  ၂
လွန်ခဲ့သော လေးနှစ်ခန့်က ဗြိတိန် နိုင်ငံမှအဲရစ် မော်ဂျာအမည်ရှိ အမျိုးသားတစ်ဦး၏ မျက်နှာပြင် အရေပြားအောက်တွင် တင်းနစ်ဘောလုံး အရွယ်ရှိ အသားပိုများ ထွက်ရှိလာမှုကို ဆရာဝန်များက ရှာဖွေတွေ့ ရှိခဲ့ပြီး ၎င်းအသား ပိုများအား အရေးပေါ် ခွဲစိတ်မှု ပြုလုပ်ခဲ့ရသည်ဟု သိရသည်။
ထိုသို့ ခွဲစိတ် ကုသမှုပြုရာတွင် ဆရာဝန်များက အဆိုပါ အမျိုးသား၏ မျက်နှာဘယ်ဘက်ခြမ်းရှိ မျက်လုံး၊ ပါးစောင်ရိုးနှင့် မေးရိုးများ ဖယ်ရှားပစ်ခဲ့ရသည်။

လူမျက်နှာ အရွယ်အစားရှိ အဆိပ်ရှိ ပင့်ကူ မျိုးစိတ်သစ် တစ်မျိုး သီရိလင်္ကာ နိုင်ငံတွင် တွေ့ရှိ


ကိုလံဘို  ဧပြီ  ၅
လူမျက်နှာ အရွယ်အစား ရှိသော Ta-Rantula အမျိုးအစား အဆိပ်ရှိ ပင့်ကူ မျိုးစိတ်သစ် တစ်မျိုးကို သီရိ လင်္ကာ နိုင်ငံတွင် ဇီဝမျိုးကွဲ လေ့လာရေးနှင့် သုတေသန အဖွဲ့ (BER) မှ သိပ္ပံပညာရှင် များက ရှာဖွေတွေ့ရှိ ခဲ့ကြသည်။
အဆိုပါ ပင့်ကူ၏ ခြေထောက်များသည် ၂ဝ စင်တီမီတာအထိ ရှည်လျားပြီး ၎င်းပင့်ကူကြီး၏ အမည်ကို သုတေသန အဖွဲ့အား လမ်းပြပေးခဲ့သော ထိပ်တန်း ရဲအရာရှိ မိုက်ကယ်ရာဂျာ ကူမာပူရာ ဂျက်ရှ်ကို ဂုဏ်ပြု သောအားဖြင့် Poecilotheria rajaei ဟု အမည် ပေးထားကြောင်း သိရသည်။

အင်တာနက်ဂိမ်းဆိုင်တွင် တရုတ်ဂိမ်းဝါသနာရှင်တစ်ဦးက ခြောက်နှစ်ကျော် နေ့ရောညပါ ဂိမ်းကစားခဲ့


တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဂျီလင်ပြည်နယ် ချောင်ချန်မြို့မှ တရုတ်ဂိမ်းဝါသနာရှင်တစ်ဦးသည် ခြောက်နှစ်ကျော်ကြာအောင် အင်တာနက်ဂိမ်းဆိုင်တွင် နေ့ရောညပါ ဂိမ်းကစားခဲ့သည်။ ၎င်းသည် စားချိန်နှင့် ရေချိုးချိန်များတွင် ပြင်ပသို့ ခဏတဖြုတ် ထွက်ချိန်မှလွဲ၍ ဂိမ်းကစားရင်း အိပ်ချိန်များကိုပင်  ၎င်းဂိမ်းဆိုင်အတွင်း၌သာ ခဏတဖြုတ်အိပ်စက် အနားယူလေ့ရှိသည်။

ဖောက်ထွင်းဝိဇ္ဇာ ခေါင်းစွပ်မေ့ကျန်ခဲ့


အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်ရှိ ဈေးဆိုင်တစ်ဆိုင်ကို နှင်းများထူထပ်နေသော ညဥ့်အချိန်၌ ဖောက်ထွင်းရန်ကြံစည်သူ ဖောက်ထွင်းဝိဇ္ဇာတစ်ဦးသည် ဆိုင်ခန်းအတွင်း မ၀င်ရောက်မီ ခေါင်းစွပ်မေ့ကျန်ခဲ့သော ကြောင့်တစ်ခေါက် ပြန်လည်ယူဆောင်နေ ပုံ ကိုဆိုင်အတွင်း တပ်ဆင်ထားသော CCTV ကင်မရာမှတစ်ဆင့် တွေ့ရှိရသည်။

ခေါင်းနှစ်လုံးနှင့် ဘူးလ်ငါးမန်းတစ်ကောင်တွေ့ရှိ


မေးရိုးနှစ်ခုပါရှိသော ခေါင်းနှစ်လုံးနှင့် ဘူးလ်ငါးမန်းတစ်ကောင်ကို မက္ကဆီကို ပင်လယ်ကွေ့အနီးတွင် အမေရိကန် ငါးဖမ်းသမားများက ဖမ်းဆီးရမိခဲ့ကြောင်း အမေရိကန် သိပ္ပံပညာရှင်များက မတ်လ၂၆ရက်နေ့တွင် အတည်ပြုပြောကြားခဲ့သည်။  မီချီဂန်ပြည်နယ်အခြေစိုက် အမေရိကန် သိပ္ပံပညာရှင်များသည် တွေ့ရှိချက်များအရ အဆိုပါဘူးလ်ငါးမန်းတွင် ခေါင်းနှစ်လုံးပါရှိသည့်အပြင် နှလုံးနှစ်ခုနှင့် အစာအိမ်နှစ်ခုပါရှိပြီး အမြီးတစ်ခုသာ ပါရှိသည်ကိုတွေ့ရသည်။

စင်ဒရဲလား ဇာတ်ဝင်ခန်းကဲ့သို့ ဟိုတယ်ပုံစံ ဝေါလ်ဒစ္စနေမိသားစု ဖွင့်လှစ်ထား


စင်ဒရဲလား ကာတွန်းရုပ်ရှင် ဇာတ်ဝင်ခန်းများတွင် ပါဝင်သော ရဲတိုက်ကဲ့သို့ပုံစံတူ ဟိုတယ်နှင့် အိပ်ခန်းများကို ဝေါလ်ဒစ္စနေမိသားစုက အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ဘူနာဗစ္စတာဒေသတွင် ဖွင့်လှစ်ထားခဲ့သည်။ ဟိုတယ်တွင်ကြီးမားသော အိပ်ခန်းများ သက်တောင့်သက်သာ ရှိစေမည့် ဆိုဖာများနှင့် ခန်းဝင်ဒီဇိုင်းများကို စင်ဒရဲလား ဇာတ်ဝင်ခန်းများအတိုင်း ဖန်တီးပြုလုပ်ထားသည်။ ထို့ပြင်ရွှေဖရုံသီး ရုပ်တုပေါင်းများစွာကိုလည်း ဟိုတယ်အတွင်း အလှထားရှိခဲ့သည်။

ကမ္ဘာ့အသေးဆုံး ဖုန်းအားသွင်းစက်ကို အမေရိကန်နိုင်ငံက တီထွင်


အလျားတစ်လက်မ ကျော်ခန့်သာရှိသော ဖုန်းအားသွင်းစက်တစ်ခုကို မက်ဆာချူးဆက်ပြည်နယ်ရှိ Devotecစက်ရုံမှ တီထွင်လိုက်ကြောင်း သိရသည်။ ယင်းဖုန်းအားသွင်းစက်သည် သော့ချိတ်တစ်ခု အရွယ်အစားခန့်သာရှိပြီး တစ်ခါအားသွင်းလျှင် စကားပြောချိန် မိနစ်၂၀မှ ၃၀အထိ ဘက်ထရီအားကို ဖြည့်ပေးနိုင်ကြောင်း သိရသည်။

မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားရာနေရာသို့ ခရီးသွားဧည့်သည်များ စွန့်စွန့်စားစား သွားရောက်ကြည့်ရှု


ရုရှားနိုင်ငံ အရှေ့ဖျားဒေသရှိ ပလိုစကီတိုလ်ဘာချစ်ခ် မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားရာနေရာသို့ ခရီးသွားဧည့်သည်များ စွန့်စွန့်စားစား သွားရောက်ကြည့်ရှုနေသည်ကို ရုရှားဓာတ်ပုံဆရာ ဒင်းနစ်ဘူနောဖ်က မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။ ဘူနောဖ်သည် မီးတောင်ပေါက်ကွဲမှုကဲ့သို့ ထူးဆန်းအံ့သြဖွယ် ဖြစ်ရပ်များကို လှည့်လည်ရှာဖွေကာ ဓာတ်ပုံရိုက်ကူးသူ ၀ါသနာရှင်တစ်ဦးဖြစ်သည်။

၁၅ပေါင်နှင့် ၇အောင်စ အလေးချိန်ရှိသော ကလေးကြီး ဗြိတိန်၌ဖွားမြင်


အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း ဂလော်စတာရှိုင်းယားပြည်နယ် ချယ်လ်တင်ဟမ်မြို့တွင် ၁၅ပေါင်နှင့် ၇အောင်စ အလေးချိန်ရှိသော အံ့ဖွယ်ကလေးကြီးကို ဖွားမြင်ခဲ့သည်။ ဂျော့ခ်ျအမည်ရှိ ၎င်းကလေးသည် ဖွားမြင်စဉ်ကပင် ၂ပေနှင့်၂လက်မ ရှည်လျားပြီး အသက်ရှင်လျက် ဖွားမြင်နိုင်ရန် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း စိန့်မီလ်ရှယ်ဆေးရုံမှ သားဖွားဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။

ဆော်ဒီအာရေးဘီးယား လူစွန့်စားများက ဘီးနှစ်ဘီးဖြင့်ကားမောင်းပြီး စတန့်အမျိုးမျိုးပြသခဲ့ကြ


ဆော်ဒီအာရေးဘီးယား နိုင်ငံမြောက်ပိုင်း ဟာအိုင်းအယ်လ်မြို့တွင် ဆော်ဒီစတန့် အဖွဲ့တစ်ဖွဲ့သည် ကားတစ်စီးပေါ်တွင် စတန့်အဖွဲ့သားများ လိုက်ပါစီးနင်းပြီး ဘီးနှစ်ဘီးနှင့် ကားမောင်းကာ စတန့်အမျိုးမျိုးပြသခဲ့ကြသည်။ ယင်းစတန့်အဖွဲ့သည် ဘီးနှစ်ဘီးဖြင့် ကားမောင်းနေရုံမျှမက ကျန်တစ်ဖက်တစ်ချက်မှာ ကားဘီးများကိုလဲလှယ်ခြင်း၊ မတ်တတ်ရပ်ပြခြင်း စသည်ဖြင့် ပုံစံအမျိုးမျိုး စတန့်ပြသခဲ့ရာ ပရိသတ်များက သောင်းသောင်းဖြဖြ အားပေးခဲ့ကြသည်။
ref:ပြည်မြန်မာ

ကြက်ဥထက်အဆပေါင်း ရာချီကြီးမားသည့် ငှက်ဥ



အမြင့်၃၀စင်တီမီတာ (၁၂လက်မ)၊ အချင်း၂၁စင်တီမီတာ (၈လက်မ)အထိ ကြီးမားလှသည့် ငှက်ဥကိုစတာလင်ပေါင် သုံးသောင်းဖြင့် လေလံတင် ရောင်းချနေပြီဖြစ်သည်။ အလေးချိန်၈၈၀ ပေါင်(၄၀၀ကီလိုဂရမ်)မျှရှိသည့် အဆိုပါငှက်ဥသည် ကြက်ဥထက် အဆပေါင်း ၁၆၀အထိ ကြီးမားပြီး ရာစုနှစ်ပေါင်းများစွာ ကတည်းကပင် မျိုးသုဉ်းပျောက်ကွယ်သွားသော ဆင်ငှက် ElephantBird၏ ဥပင်ဖြစ်သည်။

Friday, April 5, 2013

ထူးထူးခြားခြားအနုပညာ( ၅ )

ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့မှ အသက် ၃၃ နှစ်အရွယ်ရှိ Anastassia Elias ဆိုသူ၏ ထူးခြားလှပ ပြီး လက်ဝင်စွာပြုလုပ်ထားတဲ့ပုံလေးတွေကိုတင်ပြချင်ပါတယ်။ သူမဟာ သည်လို စက္ကူများကိုဖြတ်ညှပ်ကပ် ပြီးဖန်တီးထားသော ပြကွက်များနှင့် ပန်းချီရေးသားခြင်း တို့ဖြင့် ရပ်တည်သူတစ်ယောက်ပါ။ ဒီမှာတင်ပြထားတဲ့ပုံလေးများဟာ ဆိုလျှင် Toilet Paper အထုပ်များ၏အောက်ခံ ကတ္တူ စက္ကူပိုက်လုံးအတွင်းမှာ ပြုလုပ်ထားတာပါ။ ဆက်လက်ပြီး အားပေးကြည့်ရှု့လိုက်ကြပါအုံးနော်...

Wednesday, April 3, 2013

ဒုတိယကမ္ဘာစစ်နှင့်ယနေ့ ဓာတ်ပုံများပေါင်းစပ်မှု

ဒတ်ခ်ျလူမျိုး သမိုင်းပညာရှင် Jo Hedwig Teeuwisse သည် ဒုတိယကမ္ဘာစစ်အတွင်းက စစ်သားများ၊ အရပ်သားများ၏ လှုပ်ရှားသွားလာခဲ့သည့် သမိုင်းဝင်ဓာတ်ပုံများကို ယနေ့လက်ရှိကာလ ဓာတ်ပုံများနှင့် ပေါင်းစပ်ဖန်တီးလျက် သူမ၏ Ghosts of War စာတမ်းတွင် ဖော်ပြသည်။ Jo က ဒုတိယကမ္ဘာစစ်အတွင်း ဓာတ်ပုံများကို စုဆောင်းကာ ထိုဓာတ်ပုံများတွင် ပါဝင်သည့် နေရာများ၏ ယနေ့လက်ရှိကာလ ဓာတ်ပုံများနှင့် ပေါင်းစပ်ဖန်တီး ပြသခဲ့ခြင်းဖြစ်သည်။ “ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ သမိုင်းဖြစ်ရပ်တွေ ရှိခဲ့၊ ဖြစ်ခဲ့တယ်ဆိုတာ သတိပြုမိအောင် ကြိုးပမ်းခဲ့တာပါ”ဟု သူမကဆိုသည်။

“Cherbourg, avenue de Paris, ancient Poste de Police, jardin Public.”

Tuesday, April 2, 2013

စပိန်နိုင်ငံမှ Food Fight ပွဲတော်


စပိန်နိုင်ငံ Ibi မြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် Els Enfarinats ပွဲတော်ခေါ် ဂျုံမှုန့်၊ ဆေးရောင်စုံအမှုန့်၊ ကြက်ဥ၊ မီးရှူးမီးပန်း၊ ဗြောက်အိုးစသဖြင့် အရာများဖြင့် မြို့ခံအချင်းချင်း အုပ်စုနှစ်စုခွဲ၍ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ကြသည့် ပွဲတော်မြင်ကွင်း။ Food Fight ဟူ၍လည်း ခေါ်တွင်သော ထိုပွဲတော်ကို Ibi မြို့လေးတွင် ၁၉၈၁ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ကြခြင်းဖြစ်သည်။
 

အသက်အငယ်ဆုံး သားရိုင်းတိရစ္ဆာန် ကျွမ်းကျင်သူလေး


မြောက်အမေရိက ဇာတိဖြစ်သော မိကျောင်းခေါင်းတိုကို ဂမ့်ပ်ဟု အမည်ပေးထားပြီး ချာလီက ယင်းသားစား သတ္တဝါကို ချီမြှောက်မယူကာ ပျော်ရွှင်စွာ ဆော့ကစားလေ့ ရှိသည်။ ချာလီနှင့် ဂမ့်ပ်တို့၏ နပမ်းလုံးရင်း သတ်ပုတ် ဆော့ကစားလေ့ ရှိသည့် မြင်ကွင်းသည် လူအများအတွက် အထူးအဆန်း ဖြစ်နေရသည်။

ဘရာဇီလ်း ကာနေဗယ်လ်ပွဲတော်


ဘရာဇီးလ်နိုင်ငံတွင် နှစ်စဉ် အကြီးအကျယ် ကျင်းပလေ့ရှိသည့် ကာနေဗယ်လ်ပွဲတော်ကို သောကြာနေ့ (ဖေဖေါ်ဝါရီ ၈ ရက်) က စတင်လိုက်ပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် လူသိများထင်ရှားသည့် ဘရာဇီးလ် ကာနေဗယ်လ်ပွဲတော်ကို နိုင်ငံတစ်ဝန်း ၅ ရက်ကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
brazil carrnival 

နိုင်ရိုဘီလမ်းမပေါ်ရောက် ခြင်္သေ့နှစ်ကောင်


မော်တော်ယာဉ်အသွားအလာ များပြားရှုပ်ထွေးသည့် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ အမျိုးသားဥယျာဉ်အနီးရှိ လမ်းမပေါ်သို့ ခြင်္သေ့နှစ်ကောင် ရောက်ရှိလာပြီး စိတ်ကြိုက် ဆော့ကစားနေခဲ့ရာ ယာဉ်ကြောပိတ်ဆို့ ခေတ္တမျှဖြစ်ပေါ်ခဲ့သည်။

ထူးခြားသည့်အသွင်အပြင်ရှိ ခရစ်ယာန်ဘုရားကျောင်း

အမေရိကန် နိုင်ငံရှိ ခရစ်ယာန် ဘုရားကျောင်းလေး တစ်ခုမှာ ယင်း၏ ထူးခြားသော အသွင်အပြင်ကြောင့် ကမ္ဘာလှည့် ခရီးသွားများကို အဓိက ဆွဲဆောင်ရာ နေရာလေးတစ်ခု ဖြစ်လာခဲ့သည်။ ဖလော်ရီဒါရှိ တမ်ပါဘေးမှ Church By The Sea ဘုရားကျောင်းလေးနှင့် ပတ်သက်ပြီး ယခုအခါ အင်တာနက်တွင် Fan Clubပင် စုဖွဲ့မှု ရှိနေပြီ ဖြစ်သည်။

အမေရိကန် နိုင်ငံရှိ ခရစ်ယာန် ဘုရားကျောင်းလေး တစ်ခုမှာ ယင်း၏ ထူးခြားသော အသွင်အပြင်ကြောင့် ကမ္ဘာလှည့် ခရီးသွားများကို အဓိက ဆွဲဆောင်ရာ နေရာလေးတစ်ခု ဖြစ်လာခဲ့သည်။ ဖလော်ရီဒါရှိ တမ်ပါဘေးမှ Church By The Sea ဘုရားကျောင်းလေးနှင့် ပတ်သက်ပြီး ယခုအခါ အင်တာနက်တွင် Fan Clubပင် စုဖွဲ့မှု ရှိနေပြီ ဖြစ်သည်။ ယင်းဘုရားကျောင်းလေး၏ ထူးခြားမှုမှာ ရုတ်တရက်ကြည့်လျှင် ကြက်ပေါက်လေး တစ်ကောင်၏ မျက်နှာနှင့် ဆင်တူနေခြင်း ဖြစ်သည်။

၁၉၃၈ ခုနှစ်က ရုပ်ရှင်ပြကွက်အတွင်း မိုဘိုင်းလ်းဖုန်းသုံးခဲ့သည့် ပဟေဠိ အဖြေပေါ်ပြီဖြစ်

ငယ်ရွယ်သော အမျိုးသမီး တစ်ဦးက ယနေ့ခေတ် မိုဘိုင်းလ်ဖုန်း တစ်ခုနှင့် အရွယ်တူ ကိရိယာငယ်လေးကို နားတွင်ကပ်ကာ ရယ်ရယ်မောမော စကားပြောနေသည့် အဖြူအမည်း ရုပ်ရှင် အပိုင်းအစလေးကို လွန်ခဲ့သည့် (၁)နှစ်က YouTubeဝက်ဘ်ဆိုက်တွင် လွှင့်တင်ပြခဲ့ရာ လူပေါင်း သုံးသိန်းကျော် ကြည့်ရှုခဲ့ကြသည်။
၁၉၃၈ ခုနှစ်က ရုပ်ရှင်ပြကွက်အတွင်း မိုဘိုင်းလ်းဖုန်းသုံးခဲ့သည့် ပဟေဠိ အဖြေပေါ်ပြီဖြစ်
(၁၉၃၈)ခုနှစ်က ရိုက်ကူးခဲ့သည့် ရုပ်ရှင်တစ်ခုအတွင်း အမျိုးသမီးတစ်ဦး မိုဘိုင်းလ်ဖုန်းနှင့် စကားပြောနေသည့် ပဟေဠိဆန်ဆန် ကိစ္စကို ယခုအခါ ဖြေရှင်းလိုက်နိုင်ပြီ ဖြစ်သည်။ ငယ်ရွယ်သော အမျိုးသမီး တစ်ဦးက ယနေ့ခေတ် မိုဘိုင်းလ်ဖုန်း တစ်ခုနှင့် အရွယ်တူ ကိရိယာငယ်လေးကို နားတွင်ကပ်ကာ ရယ်ရယ်မောမော စကားပြောနေသည့် အဖြူအမည်း ရုပ်ရှင် အပိုင်းအစလေးကို လွန်ခဲ့သည့် (၁)နှစ်က YouTubeဝက်ဘ်ဆိုက်တွင် လွှင့်တင်ပြခဲ့ရာ လူပေါင်း သုံးသိန်းကျော် ကြည့်ရှုခဲ့ကြသည်။ အဆိုပါ ရုပ်ရှင်အပိုင်းအစမှာ လုပ်ကြံဖန်တီးထားခြင်း မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့ရာ ပိုမို၍ ဇဝေဇဝါ ဖြစ်လောက်စရာ အခြေအနေမျိုးထံ ဦးတည်လာသည်။
Related Posts Plugin for WordPress, Blogger...