
ဘရာဇီးလ်နိုင်ငံတွင် နှစ်စဉ် အကြီးအကျယ် ကျင်းပလေ့ရှိသည့် ကာနေဗယ်လ်ပွဲတော်ကို သောကြာနေ့ (ဖေဖေါ်ဝါရီ ၈ ရက်) က စတင်လိုက်ပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် လူသိများထင်ရှားသည့် ဘရာဇီးလ် ကာနေဗယ်လ်ပွဲတော်ကို နိုင်ငံတစ်ဝန်း ၅ ရက်ကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။


ကာနေဗယ်လ်ပွဲတော်မှာ ဘရာဇီးလ်နိုင်ငံ၏ အထင်ကရ ပြယုဂ်တစ်ခုဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်သည့် ပွဲတစ်ခုဖြစ်သည်။ ယခုနှစ်တွင် ဘရာဇီးလ်မြို့တော် ရီယိုဒီဂျနီယို တစ်ခုတည်း၌ပင် ကမ္ဘာလှည့်ခရီးသည် ၉ သိန်းခန့် လာရောက်နိုင်ပြီး ယခုနှစ် နိုင်ငံစီးပွားရေးအတွက် ပေါင်စတာလင် သန်း ၄၂၀ ဝင်ငွေရရှိနိုင်ကြောင်း ခန့်မှန်းထားသည်။



ref : http://www.planet.com.mm

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။