Wednesday, December 5, 2012

အီဂျစ် နိုင်ငံတွင် ရှေးဟောင်း ခြင်္သေ့ ရုပ်တုများ သုတေသန ပညာရှင်များ ရှာဖွေ တွေ့ရှိ

ကိုင်ရို ဒီဇင်ဘာ ၎
အီဂျစ် နိုင်ငံရှိ ရှေးခေတ်ဘုရား ကျောင်းတစ်ကျောင်း၌ ဂရိ - ရောမခေတ်က ခြင်္သေ့ ရုပ်တု နှစ်ခုကို အီတလီ ရှေးဟောင်း သုတေသန ပညာရှင် များက ရှာဖွေတွေ့ရှိ ခဲ့ကြောင်း ရှေးဟောင်း ပစ္စည်း သုတေသန ဝန်ကြီးက ဒီဇင်ဘာ ၃ ရက်တွင် ပြောကြား ခဲ့သည်။
အဆိုပါ ခြင်္သေ့ ရုပ်တုများကို သဲကျောက် များဖြင့် ထုလုပ်ထားခြင်း ဖြစ်ပြီး ၎င်းတို့အား အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ တောင်ဘက် ဖေးယံ ဒေသမှ တော်လမီခေတ် ဘုရားကျောင်း၏ ခေါင်မိုးမှ ရေနုတ်မြောင်း စနစ်၏ တစ်စိတ် တစ်ဒေသ အဖြစ် အသုံးပြုခဲ့ ဖွယ်ရှိသည်ဟု သိရသည်။

အမေရိကန် ရေတပ် အနေဖြင့် မိုင်းရှာဖွေရေး လင်းပိုင် တပ်ဖွဲ့အား ရေအောက် စက်ရုပ်များဖြင့် အစားထိုး သွားမည် ဖြစ်


အမေရိကန် ရေတပ် အနေဖြင့် မိုင်းရှာဖွေရေး လင်းပိုင် တပ်ဖွဲ့အား ရေအောက် စက်ရုပ်များဖြင့် အစားထိုး သွားမည် ဖြစ်ပါသည်။ စစ်ဘက် နည်းပြများ အနေဖြင့် လင်းပိုင်များအား ပြန်လည် တာဝန် ပေးအပ်ရန်ထက် လျှော့ချရန် ကိုသာ မျှော်လင့်လျက် ရှိပါသည်။
Related Posts Plugin for WordPress, Blogger...