Thursday, September 28, 2017

မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၂၀ )

Facebook ပေါ်တွင်တွေ့သမျှနှင့် သူငယ်ချင်းများပို့ပေးထားသော ပုံများကို စုစည်းတင်ပေးလိုက်ပါတယ်။ ပျော်ရွှင်ကြည့်နူးနိုင်ကြပါစေဗျာ...

အရှင်ကြီးတို့ မစ ပါ။ကူညီကြပါ။

ပန်းမခြွေ ကြနဲ့နော်...

သဲသောင်ပြင်ပေါ်ကပန်းပုလက်ရာများ (၄)

သဲသောင်ပြင်မှ လက်ရာမြောက်လှပသည့် ပန်းပုပုံလေးတွေကို
တင်ပေးလိုက်ပါတယ်။ Sand Art လို့ခေါ်သည့် အနုပညာ တစ်မျိုးပါ။

လှည့်စားထားသော ဓာတ်ပုံများ (၃)

အမြင်အာရုံကို လှည့်စားထားသည့် ပုံလေးများကို တင်ပေးချင်ပါတယ်။
တစ်ချို့ပုံလေးတွေက သေခြာကြည့်ယူရအောင် ကောင်းပါတယ်။

ပင်လယ်ရေအောက်မှ အရောင်စုံပက်ကျိလေးများ

ပင်လယ်သမုဒ္ဒရာရေအောက်များတွင် နေထိုင်တတ်ကြသည့် ပင်လယ်ပက်ကျိပုံလေးများ ဖြစ်ပါသည်။ အရောင်စုံ ၊ ပုံစံစုံ တွေ့မြင်ရမှာပါ။

ရေကူးဒိုင်ဗင်သမားများ၏ လျပ်တပျက်မျက်နှာပုံစံများ

ရေကူးဒိုင်ဗင်ပစ် အလှပြိုင်ပွဲများကို ကြည့်ဖူးကြမှာပါ။ ဒိုင်ဗင်ပစ်တဲ့သူများဟာ ရဲရဲတင်းတင်းဖြင့် အောက်ကရေထဲသို့ လှလှပပ ဒိုင်ဗင်ပစ်ပြတတ်ကြပါတယ်။ တိုတောင်းတဲ့အချိန်တိုလေးအတွင် လှပစွာ ဒိုင်ဗင်ပစ်ပြခဲ့တာကိုပဲ မြင်ဖူးကြပေမယ့် ထိုလေထဲမှ အချိန်တိုလေးအတွင်း ကစားသမားရဲ့ မျက်နှာအမူအရာများကို ပြန်ကြည့်ရင်တော့ မသက်သာလှပါဘူးဗျာ။ ကဲ ဒိုင်ဗင်ကစားသမားများရဲ့ မျက်နှာပုံစံလေးတွေကို ကြည့်လိုက်ရအောင်နော်…

စက္ကူဖက်ရှင် ဒီဇိုင်းအလန်းများ

စက္ကူစာရွက်အဖြူရောင်များကို ဖန်တီးထားတဲ့ ဒီဇိုင်းအဆန်းလေးများ ဖြစ်ပါတယ်။ စက္ကူကို လိုသလို ဖြတ်ညှပ်ဖန်တီးထားတဲ့ လက်ရာလေးများကတော့ တကယ်ကို လက်ဝင်ပြီး လှပပါတယ်။ Asya Kozina ဆိုတဲ့ အနုပညာရှင်မှ ဖန်တီးထားတာပါ။ ဒါပေမယ့် မိုးရွာထဲတော့ ထွက်လို့ရမှာ မဟုတ်ပါဘူးနော်…

သမိုင်းဝင်ရှေးဟောင်းလက်ရာများစွာဖြင့် ကရင်ပြည်နယ်မှ ကော့ဂွန်းလှိုဏ်ဂူတော်ကြီး

ကရင်ပြည်နယ်တွင် ထင်ရှားကျော်ကြားသော လှိုဏ်ဂူကြီးများ များစွာရှိပါသည်။ ထိုလှိုဏ်ဂူများထဲတွင် ရှေးဟောင်းသမိုင်းတန်ဖိုးကြီးမားလှသော ရုပ်ပွားတော်များ ၊ ကျောက်စာများ ၊ အုတ်ခွက်ဘုရားများလည်း များစွာရှိကြပါသည်။ ထိုထင်ရှာကျော်ကြားသော ကရင်ပြည်နယ်မှ လှိုဏ်ဂူကြီးများတွင် ကော့ဂွန်းလှိုဏ်ဂူတော်ကြီးသည် ရှေးဟောင်းလက်ရာများ အများဆုံးကျန်ရှိနေပြီး ၊ မြန်မာ့ရှေးဟောင်းခေတ်သမိုင်းတစ်ခု၏ အနုပညာနှင့် ဗိသုကာအတတ်များကို အံ့သြစရာကောင်းလှစွာ တွေ့မြင်ရသည့် ရှေးဟောင်းလှိုဏ်ဂူတစ်ခုဖြစ်ပါသည်။ မြန်မာပြည်တွင် လူသိများကျော်ကြားလှသည့် လှိုဏ်ဂူကြီးလည်း ဖြစ်ပါသည်။

Photo - Naykhayan
ကောဂွန်းဂူသည် ဘားအံမြို့မှ ၈ မိုင်ခန့် ၊ သံလွင်အနောက်ဘက်ရှိ ကော့ဂွန်းကျေးရွာမှ ၂ ဖာလုံခန့်
အကွာတွင် တည်ရှိပြီး အမြင့်ပေ ၁၀၀၀ ၊ အလျားပေ ၆၀၀၀ ခန့်ရှိသော ထုံးကျောက်တောင် အမျိုးအစား ကော့ဂွန်းတောင်တွင် တည်ရှိပါသည်။ ယခုအခါ လမ်းပန်းအဆက်အသွယ် ကောင်းမွန်နေပြီး နွေ ၊ မိုး ၊ ဆောင်း သုံးရာသီလုံး သွားရောက်နိုင်နေပြီ ဖြစ်ပါသည်။

Photo - Naykhayan 
လှိုဏ်ဂူသည်  အလျား ပေ-၁၃၀၊ အနံ ပေ-၇၀ ၊ အမြင့် ၂၅-ပေ ခန့်ရှိပြီး တစ်ဖတ်ပိတ်ဂူ အမျိုးအစားဖြစ်ကာ အတွင်းဘက်ကို အနည်းငယ်သာ ၀င်ရောက်နိုင်ပါသည်။ လှိုဏ်ဂူမှာ သိပ်အကျယ်ကြီး မဟုတ်သော်လည်း ဂူဝမရောက်ခင် အ၀င်ဘက်လျောက်လမ်းဘက် မှာကတည်းက ရုပ်ပွားတော်များ ၊ တောင်နံရံတွင် ကပ်ကာ ပြုလုပ်ထားသည့် များပြားလှသည့် ရှေးဟောင်းအုတ်ခွက် ဘုရားများကို ဖူးမျှော်ရမည် ဖြစ်ပါသည်။

Monday, September 25, 2017

အာလူးကနေ စွမ်းအင်ထုတ်ယူတဲ့ ကမ္ဘာ့ ပထမဆုံး လျှပ်စစ် ဓါတ်အားပေးစက်


ဗြိတိန် နိုင်ငံက မုန့်နှစ် ကုမ္မဏီ တစ်ခုဟာ အာလူးကနေ စွမ်းအင် ထုတ်လုပ် ယူပြီး လျှပ်စစ် ဓါတ်အားပေးစက် လုပ်ဆောင်တဲ့ ကမ္ဘာ့ပထမဆုံး စက်ရုံ ဖြစ်လာ ခဲ့ပါတယ်။
ဗြိတိန်နိုင်ငံ ၊ Carlisle မြို့မှာ အခြေစိုက်တဲ့ Cavaghan and Gray ဆိုတဲ့ ရယ်ဒီမိတ် အစားအစာ ထုတ်လုပ်ရေး စက်ရုံဟာ စွန့်ပစ်ထားတဲ့ အာလူးတွေနဲ့ အာလူး အခွံတွေကို လျှပ်စစ် စွမ်းအင် နဲ့ ရေနွေးငွေ့ စွမ်းအင် အဖြစ် ပြောင်းလဲ လိုက်တဲ့ Biorefinery စနစ်နဲ့ လည်ပတ် နေတာပဲ ဖြစ်ပါတယ်။
သူတို့ စက်ရုံရဲ့ Green Generator ဆိုတဲ့ သဘာဝ စွမ်းအင်သုံး ဓါတ်အားပေးစက်ဟာ တစ်နှစ်မှာ လျှပ်စစ်စွမ်းအင် ၃၅၀၀ MWh ထုတ်လုပ်နိုင်ပြီး ပျမ်းမျှအားဖြင့် အိမ်ခြေပေါင်း ၈၅၀ ရဲ့ လျှပ်စစ်စွမ်းအင် နဲ့ ညီမျှတယ်လို့လည်း သိရပါတယ်။

ထို အာလူးကရတဲ့ စွမ်းအင်နဲ့ လည်ပတ်တဲ့ လျှပ်စစ်ဓါတ်အားပေးစက်ဟာ နောက်ပိုင်းမှာ ရေနွေးငွေ့ နဲ့ တစ်နှစ်ကို ၅၀၀၀ MWh အထိ ဓါတ်အား ထုတ်လုပ်နိုင်မယ်လို့လည်း မျှော်လင့်ရပါတယ်။ ထို ကုမ္မဏီဟာ စွမ်းအင်ထုတ်ယူနိုင်ဖို့အတွက် လိုအပ်တဲ့ အာလူးနဲ့ အာလူးအခွံတွေကိုတော့ သူတို့ ကုမ္မဏီက ထုတ်လုပ်တဲ့ အစားအစာတွေက တစ်ဆင့် ရရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။

ရှာတွေ့ခဲ့တဲ့ နှစ်ပေါင်း ၇၃၀၀၀ ကျော်က ဧရာမ ဆူနာမီ ကြီးများ ပြန်ဖြစ်နိုင် သေးသလား


 ဟိုးအရင်တုန်းက ဖြစ်ခဲ့တဲ့ ဧရာမ ဆူနာမီကြီး တွေကို သိပ္ပံပညာရှင် များက ရှာဖွေ တွေ့ရှိ ခဲ့ပြီး အဲဒါတွေက တကယ့် အစစ်တွေလို့ သိရ ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၃၀၀၀ က အာဖရိက ကမ်းခြေက ကိတ်ပ်ဗာတီ ကျွန်းစုရှိ ဖိုဂို မီးတောင် များကျွန်းဟာ သမုဒ္ဒရာထဲကို ပြုတ်ကျ ခဲ့ပြီး ဆူနာမီ တစ်ခု ဖြစ်ခဲ့ ပါတယ်။ ဒီဧရာမ ဆူနာမီကြီးက တောင်တန်းတွေ ကိုတောင် ရွေ့သွားစေခဲ့ ပါတယ်။
“ဧရာမ ထုထည်ကြီးမားတဲ့ အရာတစ်ခုကို နေရာရွှေ့လိုက်ရင် ရေတွေကို လှုပ်ခတ် သွားစေ ပါတယ်။ မီးတောင်လို ဟာမျိုး ရေထဲကို ပြိုကျတဲ့ ကိစ္စမှာ အရမ်းကို ပြင်းထန် လွန်းပါတယ်။ သမုဒ္ဒရာ ထဲကို ထုထည် ကြီးမားလွန်းတဲ့ အရာကြီး ပြိုကျ သွားတာကိုး။” လို့ ဦးဆောင် သုတေသီ Ricardo Ramalho က ၀ါရှင်တန်ပို့စ် သတင်း ဌာနကို ပြောသွား ခဲ့ပါတယ်။
ဖိုဂို မီးတောင်များ ကျွန်းနားက ဧရာမ ကျောက်တုံးကြီး ကနေ အထောက် အထားတွေ့ခဲ့ ရတာကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာက ဖိုဂို မီးတောင် ပြိုကျမှု ကြီးကို သိပ္ပံပညာရှင် တွေက သိခဲ့ ရတာပါ။ ဒီပြိုကျမှုက မိုင် ၃၀ အကွာမှာ ရှိတဲ့ ဆန်တီရားဂို ကျွန်းကို ဆူနာမီကြီး တစ်ခုဖြစ်သွား စေခဲ့မယ်လို့ တွက်ချက် ကြပေမဲ့ အဲဒါက ဘယ်လောက် ကြီးမားကြောင်း ကိုတော့ သဘောထား မတိုက်ဆိုင် မှုတွေ ရှိဆဲ ဖြစ်ပါတယ်။ ယခု လက်ရှိထိ တွက်ချက်မှုတွေ အရတော့ တစ်ပြိုက်တည်း ပြိုကျ တာမျိုးမဟုတ်ဘဲ၊ ခွဲခွဲပြီး ပြိုကျကာ ဆူနာမီတွေ အကြိမ်ကြိမ် ဖြစ်စေ ခဲ့ပါတယ်တဲ့။

ဆာဟာရ သဲကန္တာရမှာ ကျင်းပတဲ့ အမျိုးသား အလှပြိုင်ပွဲ

အလှ ပြိုင်ပွဲမှာ သတ်မှတ် ထားတဲ့ စံနှုန်း ထားတွေဟာ တပွဲနဲ့ တပွဲ သိပ်ပြီး ကွာခြား လှတယ် မရှိပေမယ့် အာ ဖရိကတိုက် တောင်ပိုင်း၊ နစ်ဂါနိုင်ငံရှိ ၀ိုဒါဘီ လူမျိုးစု တွေရဲ့အလှ
ပြိုင်ပွဲ တွေကတော့ အများနဲ့ မတူ ထူးခြား လှပါတယ်။ ဒီပြိုင်ပွဲမှာ အမျိုးသမီး များက ဒိုင်လူကြီး ဖြစ်ပါတယ်။ အမျိုးသမီး တွေကသာ ပြင်ပြင် ဆင်ဆင် ထိန်းထိန်း သိမ်းသိမ်း နေ
တတ် ကြတယ် ဆိုတဲ့ အယူ အဆရှိ ပေမယ့် အဲဒီဝိုဒါဘီ လူမျိုးစုရဲ့အမျိုးသား တွေကို ကြည့်ခြင်းအားဖြင့် အမျိုးသားများ ဟာလည်း အချိန်ကုန်၊ ငွေကုန်ကြေးကျခံလို့ မိမိ ကိုယ်ကိုယ် ပြင်ဆင်ထိန်းသိမ်း တတ်တယ် ဆိုတာကို တွေ့ရမှာပါ။

ရောင်စုံဖောင်းကြွပန်းပွင့်တွေ၊ ပြောင်လက်နေတဲ့ ပစ္စည်းတွေ၊ အာရုံကို ဖမ်းစားနိုင်တဲ့ တွဲဖက်ပစ္စည်းလေးတွေနဲ့ အလှဆင်ထားတဲ့ သူတို့ရဲ့ဝတ်စုံတွေဖြစ်လာဖို့ကို တစ်နှစ်ကြာအချိန်ယူရပါသတဲ့။ မျက်နှာကို ရောင်စုံဖြစ်အောင်ချယ်သရာမှာသော်၎င်း၊ နှာတံစင်းအောင်ဆွဲတဲ့နေရာမှာသော်၎င်း၊ အသားကို ဖြူဝင်းအောင် ပြုလုပ်ရာမှာသော်၎င်း အ၀ါရောင်ရှိတဲ့ မြေစေးကို ဆိုးစေးအဖြစ် အသုံးပြုထားပါတယ်။

သူတို့ရဲ့ ပြင်ဆင်မှုတွေပြီးပြီဆိုရင်တော့ အလှပြိုင်ပွဲကို စတင်လို့ရပြီဖြစ်ပြီး ပွဲစပြီဆိုတာနဲ့ အကဲဖြတ် ဒိုင်လူ ကြီးများဖြစ်သူ အမျိုးသမီးတွေရှေ့မှာ ရှေးခေတ်ရိုးရာ သူရဲကောင်း ၀တ်စုံတွေကို ၀တ်ဆင်ထားတဲ့ အမျိုးသားတွေဟာ တန်းစီလှည့်လည် လမ်းလျှောက်ခြင်း၊ ကခုန်ခြင်း၊ သီချင်းသီဆိုချင်းတွေကို ပြုလုပ်ကြပါတော့တယ်။ ဒီအရာတွေကို ပြုလုပ်နေတာကတော့ ကန္တာရ နေပြင်းပြင်းထဲမှာပဲ ဖြစ်ပါတယ်။ အမျိုးသမီးဒိုင်တွေကလည်း မျက်နှာအလှဆုံး၊ အရပ်ရှည်ပြီး ကျက်သရေအရှိဆုံး၊ အတောက်ပဆုံးမျက်လုံးနဲ့ ညီညာလှပပြီး အဖြူဆုံးသွားတွေရှိသူ၊ ၀တ်စုံအလှဆုံး ၀တ်ဆင်လာသူများကို ရှာဖွေကြပါတယ်။

ညဥ့်ငှက်တမျိုးဖြစ်တဲ့ နာမည်ဆန်းနဲ့ ခင်ပုပ်ငှက်


ဇီးကွက်နဲ့ မျိုးနွယ်တူ ညဉ့်ငှက်များ ဖြစ်တဲ့ ခင်ပုပ်ငှက်ကို တွေ့မြင်ဖူးသူ နည်းပါး ပါတယ်။ ညမှောင်ချိန်မှာ အစာရှာ ထွက်တတ်တဲ့ ခင်ပုပ်ငှက်ဟာ နေရောင်ကို ကြောက် တာကြောင့် နေ့ခင်းဘက် အချိန်တွေ မှာတော့ သစ်ပင်၊ ၀ါးရုံ ချုံပုတ်တွေ ထဲမှာ ပုန်းအောင်း နေတတ် ကြပါတယ်။ ပိုးမွှားများ၊ အခြား တိရစ္ဆာန်ငယ်များ၊ ငှက်ငယ်များကို ဖမ်းဆီး စားသောက် တတ်တဲ့ ခင်ပုပ်ငှက်ကို အရှေ့တိုင်းဒေသ အများ အပြားမှာ တွေ့ရ ပြီး မြန်မာနိုင်ငံ မှာတော့ ကွင်းပြင်များ၊ တောင်ခြေများတွင် ကျက်စားလေ့ ရှိပါတယ်။
ခင်ပုပ်ငှက် တွေဟာ အလျား ၁၂ လက်မခွဲခန့် ရှိပြီး၊ ဇီးကွက် များကဲ့သို့ နားရွက်တွင် အမွှေး မရှိပါ။ ကိုယ်အောက်ပိုင်းမှာ ဖြူပြီး လည်ပင်းမှာ မည်းနက်တဲ့ အမှတ်အသား ပါရှိပါတယ်။ သူတို့ရဲ့ တောင်ပံတွေက ရှည်ပြီး ချွန်နေတာပါ။ ညဥ့်အချိန် မှာသာ အော်တတ်တဲ့ ခင်ပုပ်ငှက်တို့ရဲ့ အော်သံက ဇီးကွက်သံ နဲ့လည်း တူပါ တယ်။

ကမ္ဘာ့ခြေဖနောင့် အရှည်ဆုံးလူသား


အသက် ၁၉ နှစ်သာ ရှိသေးတဲ့ ဗင်နီဇွဲလား နိုင်ငံသား ဂျေဆန်ရို ဒရီးဂက်စ်ဟာ ကမ္ဘာ့ခြေဖနောင့် အရှည်ဆုံး လူသား အဖြစ် ဂရင်းနစ် ကမ္ဘာ့ မှတ်တမ်း ၀င်သွားပြီလို့ ဒေးလီးမေးလ် သတင်းမှာ ဖော်ပြ ပါတယ်။
သူ့ရဲ့ညာဘက်ခြေဖနောင့်ဟာ အံ့အား သင့်ဖွယ် ၄၀ ဒဿမ ၁ စင်တီမီတာရှည် ပြီး ဘယ်ဘက်ခြေဖနောင့်ကတော့ ၃၉ ဒဿမ ၆ စင်တီမီတာ ရှည်ပါတယ်။
သူ့အသက် ၁၀ နှစ် မတိုင်ခင်ထိ သူ့ခြေဖနောင့်တွေဟာ ပုံမှန်ပဲဖြစ်ခဲ့ပြီး ၁၄ နှစ် အရွယ်မှာတော့ သာမန် ဖိနပ်တွေဟာ သူနဲ့ မတော်တော့တဲ့ အတွက် ဆိုင်က အထူးချုပ်ဖိ နပ်တွေကို မှာယူ ၀တ်ဆင် ခဲ့ရပြီး အချိန်တော်တော်တော် များများမှာတော့ ခြေဗလာနဲ့ ရိုးရှင်းစွာ နေလေ့ ရှိတယ်လို့ သတင်းက ဆိုပါတယ်။
ခုချိန်မှာတော့ ဂျေဆန်ရိုဒရီးဂက်စ်ဟာ ကြီးထွားဟော်မုန်း ထုတ်လွှတ်မှု ဒဏ်ကို ခံနေရပြီး သာမန်လူတွေထက် ပိုမိုကြီးထွား လာနေတာပါ။
Credit:DVB

ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးကို တစ်ရက်တာ တာဝန် ထမ်းဆောင်ခဲ့တဲ့ အသက် ရှစ်နှစ်အရွယ် မိန်းကလေး


အသက် ၈ နှစ်အရွယ် ကလေးငယ် လေးဟာ အမေရိကန် ပြည်ထောင်စု မယ်ရီလန်း ပြည်နယ် အုပ်ချုပ်ရေးမှူး ရာထူးကို ၁ ရက်တာ ထမ်းဆောင် ခဲ့တယ် ဆိုရင် စာဖတ်သူတွေ အံ့သြ မသွားပါနဲ့။ အဲ့ဒီ တုန်းက အုပ်ချုပ်ရေးမှူးဖြစ်တဲ့ မာတင်အိုမော်လေးရဲ့ နေရာမှာ ဂီနီရာဟာရီဆန် (Genea Harrison) ဆိုတဲ့ မိန်းကလေးက တာဝန် ယူခဲ့တာဖြစ်ပြီး သူမက ပြည်သူ့ ဘ၀ လုံခြုံမှု တိုးတက် စေချင်သလို သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ် ထိန်းသိမ်း ချင်တယ်လို့ ပြောကြား ခဲ့ပါတယ်။
အဲ့ဒီကာလကတော့ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇူလိုင် ၂ ရက်နေ့ တုန်းက ဖြစ်ပါတယ်။
ငယ်ရွယ်တဲ့မိန်းကလေးတွေကို ပြည်သူ့ရေးရာ ၀န်ဆောင်မှုတွေမှာပါဝင်လာဖို့ရည်ရွယ်တဲ့ အက်ဆေးပြိုင်ပွဲမှာ သူမက ဗိုလ်စွဲခဲ့တာကြောင့် ဖြစ်ပါတယ်။
သူမရဲ့အက်ဆေးကို ပြည်နယ်အုပ်ချုပ်ရေမှူး မာတင်က ရွေး ချယ်ခဲ့တာပါ။ သူမကို Twitter ကနေတဆင့် အားပေးစကားပြောခဲ့တဲ့သူတွေထဲမှာ အိမ်ဖြူတော်အကြံပေးအရာရှိ Balerie Jarret တို့လို ပုဂ္ဂိုလ်တွေ၊ ကင်းဆတ်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Katheleen Sevelius တို့ ပါဝင်ပါတယ်။
သူမဟာ အနီ၊ အဖြူနဲ့ အပြာရောင်တွေပါဝင်တဲ့ ၀တ်စုံကို ၀တ်ဆင်ခဲ့ပြီး ကျမ်းသစ္စာကျိန်ဆိုတဲ့ စာသားတွေကို အထပ်ထပ် ရွတ်ဆိုခဲ့ပါတယ်။ ဟာရီဆန်ဟာ Rasa L. Parks မူလတန်းကျောင်းက တတိယတန်း ကျောင်းသူတယောက် ဖြစ်သလို သူမ တင်သွင်းတဲ့ အက်ဆေးထဲမှာ ဘာကြောင့် ပြည်နယ်အုပ်ချုပ်ရေး မှူးဖြစ်ချင်ရသလဲဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။

Sunday, September 24, 2017

ချင်ပန်ဇီများလည်း သည်းထိတ်ရင်ဖိုကား ကြိုက်ကြသည်

ချင်ပန်ဇီများသည် သည်းထိတ် ရင်ဖို ရုပ်ရှင်ကားများကို နှစ်သက်ကြောင်း လေ့လာ တွေ့ရှိခဲ့ပြီ ဖြစ်သည်။
          ကင်းကောင်ဝတ်စုံ ၀တ်ဆင်ထားသည့် သရုပ်ဆောင် တစ်ဦးက လူသားတစ်ဦးကို တိုက်ခိုက်ပုံနှင့် လူသားတစ်ဦးက ချင်ပန်ဇီ တစ်ကောင်အား တုနှင့် ထုနေပုံများကို ရိုက်ကူးထားသည့် ဗီဒီယိုများကို ပြသသည့် အခါတွင် ချင်ပန်ဇီများသည် ဗီဒီယိုများအား မျက်နှာမလွှဲဘဲ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြသည်။
          တိုကျိုတက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် ချင်ပန်ဇီများနှင့် ဘိုနိုဘိုစ်မျောက်များ၏ ကာလရှည်မှတ် ဥာဏ်စွမ်းရည်ကို လေ့လာခဲ့ရာမှ ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိပ်ပြင်းဆုံး မြွေသစ်တစ်မျိုး ရှာဖွေတွေ့ရှိ


သြစတြေးလျနိုင်ငံ၊ အနောက်မြောက်ပိုင်းမှာ တွေရှိခဲ့တဲ့ မြွေဟာ အရင်က မြင်တွေ့ဖူးခြင်း မရှိဘဲ မြွေသစ်အမျိုးအစား ဖြစ်နေတဲ့အပြင် အဆိပ်ပြင်းဆုံး မြွေတွေထဲမှာ ပါဝင်နေကြောင်း သိရပါတယ်။
      ဒီမြွေကို သြစတြေးလျနှင့် ဗြိတိန်မှ ပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီမြွေဟာ ( ၅၀) စင်တီမီတာ ရှည်လျားပြီး တော်ရုံမမြင်ရတဲ့ ပုံစံမျိုးဖြစ်ပြီး အရေခွံတွေဟာ စစ်စခန်းတွေမှ အသုံးပြုတဲ့ ပြောက်ကျားပုံစံ အစက်ပြောက်တွေနဲ့ ဖြစ်ပါတယ်။ ဒီမြွေဟာ ပြီးခဲ့တဲ့ နှစ်တွေကတည်းက ရှိခဲ့တာ ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါတယ်။ ဗြိတိန်ရှိ ဘန်ဂါတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ဦးက တွေ့ခဲ့တာဖြစ်ပြီး၊ လေ့လာမှု ပြုလုပ်တဲ့အခါ မြွေအမျိုးအစားသစ် ဖြစ်ပြီး အဆိပ်ပြင်းဆုံး မြွေလည်းဖြစ်ကြောင်း သိရပါတယ်။
      ဒီမြွေအကြောင်းကို တိရစ္ဆာန်တွေ အကြောင်းဖော်ပြတဲ့ မဂ္ဂဇင်းတစ်စောင်မှာ ဖော်ပြခဲ့ပါတယ်။ မြွေအကြောင်း ကျွမ်းကျင်တဲ့ ပြတိုက်မှူးတစ်ဦးက ဒီမြွေကို အထူး သတိထားရမည် ဖြစ်ကြောင်း၊ မြွေဟာ ပြောက်ကျားအစက် ပုံစံတွေကြောင့် အလွယ်တကူ မမြင်နိုင်ကြောင်း၊ မြွေမြီးကလည်း အခြားအကောင်တွေနဲ့ မှားနိုင်ကြောင်း၊ သစ်တော်သီးပုံစံ ဦးခေါင်းမျိုးဖြစ်ပြီး အလွန်အဆိပ်ပြင်းကြောင်း ဟြေကြားခဲ့ပါတယ်။
Credit: messengernewsjournal.com

ကမ္ဘာတစ်ပတ် ခြေလျင်လျှောက်ခဲ့သူ


ကနေဒါ နိုင်ငံသားတစ်ဦးဟာ ကမ္ဘာတစ်ပတ်ကို ခြေလျင်လျှောက်ပြီး သွားလာခဲ့တာကြောင့် အံ့အားသင့်စရာ ဖြစ်ပါတယ်။ တိုက်ကြီး (၆)တိုက်ကို ခြေလျင် လျှောက်သွားလာခဲ့တာ ဖြစ်ပြီး  သွားလာခဲ့တဲ့ ခရီးမိုင်က (၄၆၉၀၀) မိုင် ရှိပါတယ်။ ဒီလို သွားလာနိုင်ဖို့ စွန့်စားမှုတွေ ပြုလုပ်ခဲ့ရပြီး စုစုပေါင်း(၁၁)နှစ် အချိန်ယူခဲ့ရပါတယ်။ လမ်းလျှောက်ခရီးစဉ် ဖြစ်တာကြောင့် ဖိနပ်အရံပေါင်း (၅၄)ရံ အသုံးပြုခဲ့ရပါတယ်။ ဒီခရီးကို သွားလာခဲ့သူက  ဂျင်းဗီလီဗာ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံ မွန်ထရီရယ်ကနေ စတင်ခဲ့တဲ့ခရီးဟာ ဒီလောက်ကြာလိမ့်မယ့်လို့ ဘယ်သူမှ ထင်မှတ်ထားမှာ မပာုတ်ပါဘူး။ မိသားစုကို စွန့်ခွာပြီး ကာလရှည် ခရီးသွားလာနိုင်ဖို့ တော်ရုံဇွဲသတ္တိနဲ့ မရလောက်ပါဘူး။
      ဂျင်းဗီလီဗာဟာ ၂၀၀၀ ပြည့်နှစ်၊ သြဂုတ်လ(၁၈) ရက်မှာ ခရီးစဉ်ကို စတင်ခဲ့တာဖြစ်ပြီး ထိုစဉ်က အသက်မှာ (၄၅)နှစ် ရှိနေပြီ ဖြစ်ပါတယ်။ နိုင်ငံပေါင်း (၆၄) နိုင်ငံကို ရောက်ရှိခဲ့ပြီး အတွေ့အကြုံများစွာ ရရှိခဲ့ပါတယ်။

အသက်ကြီးလာရင် နေလို့ အကောင်းဆုံးနှင့် မကောင်းဆုံး နိုင်ငံများ


၂၁၀၀ ပြည့်နှစ်ရောက်လျှင် ကမ္ဘာတစ်ဝန်း အငြိမ်းစား သက်ကြီးရွယ်အို သန်း (၁၁၀၀) ၀န်းကျင် ရှိလာတော့မည်။ တိုးလာမည့် သက်ကြီးရွယ်အိုများ အတွက် လူမှုစီးပွား ကျန်းမာရေး ကဏ္ဍများ ပြည့်စုံအောင် စီစဉ်ထားရေးသည် ယနေ့အစိုးရတိုင်း အတွက် စိန်ခေါ်မှုကြီး ဖြစ်လာပြီ။
           မည်သည့် နိုင်ငံများ မည်မျှ ပြင်ဆင်ထားကြောင်း သိရအောင် Age International ပရဟိတ အဖွဲ့ကြီးက စာရင်းကောက်ပြီး Global AgeWatch Index အစီရင်ခံစာကို ထုတ်ပြန်လိုက်သည်။ ယခုနှစ်နှင့်ပါဆိုလျှင် တတိယအကြိမ်မြောက် ထုတ်ပြန်ခြင်း ဖြစ်သည်။ သက်ကြီးပိုင်းများ အတွက် ဘ၀အရည်အသွေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု မည်မျှ ကောင်းကောင်း ဖြည့်ဆည်း ပေးနိုင်သည်ကို အဓိကထား စစ်တမ်းကောက်ကာ နိုင်ငံများကို အဆင့် သတ်မှတ်သည်။
           ယခုနှစ်တွင် ဆွစ်ဇာလန်က ထိပ်ဆုံးနေရာ ရောက်လာသည်။ ပြီးခဲ့သည့်နှစ်က နော်ဝေက ထိပ်ဆုံးယူခဲ့ရာမှ ပြုတ်ကျသွားသည်။ အမေရိကန်က အဆင့် (၉)၊ ဗြိတိန်က အဆင့် (၁၀)၊ အာဖဂန်နစ္စတန်သည် သက်ကြီးပိုင်းများ အတွက် အဆိုးဆုံး နိုင်ငံအဖြစ် အောက်ဆုံးမှာရှိသည်။

အပြင် ထွက်ဆော့သော ကလေး အဝေးမှုန်နိုင်ခြေနည်း


ကလေးများကို တစ်နေ့ မိနစ် (၄၀) လောက် အပြင် ထွက်ဆော့စေခြင်းဖြင့် ထိုကလေးများ ကြီးလာသည်အထိ မျက်စိ  အဝေးမှုန်နိုင်ခြေ နည်းသွားအောင် ကူညီရာရောက်ကြောင်း တရုတ် သုတေသီများက ပြောသည်။
      တရုတ်နိုင်ငံတွင် မူလတန်းကျောင်း (၁၂) ကျောင်း၏ အကူအညီဖြင့် သုံးနှစ်ကြာ လေ့လာသုတေသန ပြုခဲ့ခြင်း ဖြစ်သည်။ တွေ့ရှိချက်များကို JAMA ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။ ကလေးများ အိမ်ထဲမှာ ချည်းအောင်းကာ စာလုပ်၊ တီဗီကြည့်၊ စမတ်ဖုန်း တဲဘလက်များ သုံးနေခြင်းကြောင့် မျက်လုံးသည် အနီးမြင်ကွင်းနဲ့သာ အသားကျပြီး အဝေးမြင်ကွင်းနှင့် စိမ်းကာ အဝေးမြင်ကွင်းမျိုးကို မည်သို့ စူးစိုက်ကြည့်ရမည်ကို မသိဖြစ်ကာ မြင်ကွင်းများေ၀၀ါးလာရကြောင်း စစ်တမ်းက ဆိုသည်။
      စစ်တမ်း အဖွဲ့ခေါင်းဆောင် ဒေါက်တာ မင်ဂေါင်ဟီနှင့် အဖွဲ့သည် ပါဝင်သော ကျောင်း (၁၂) ကျောင်းကို (၆) ကျောင်း စီခွဲလိုက်သည်။ ပထမ အစုမှ ကလေးများကို နေ့စဉ် မိနစ် (၄၀) အပြင်ထွက်ဆော့ခိုင်း၊ လက်တွေ့ လေ့လာရေးများ လုပ်ခိုင်းသည်။ ကလေးများ အိမ်ပြန်ရောက်ချိန်နှင့် ကျောင်းပိတ်ရက်များတွင် အပြင်ထွက်ဆော့နှုန်းကိုလည်း မိဘများက တာဝန်ယူ မှတ်တမ်း တင်စေသည်။
      သုံးနှစ်ပြည့်သည့်အခါ ကျောင်းဖွင့်ရက်များမှာ နေ့စဉ် အပြင်ထွက်ဆော့သော ကလေးအစုထဲမှ (၃၀) ရာခိုင်နှုန်း အဝေးမှုန်နေကြပြီး၊ ကျန်အစုမှ ကလေးများကား (၄၀) ရာခိုင်နှုန်းထိ အဝေးမှုန်နေကြသည်။ အပြင်ထွက်ဆော့သော ကလေးများသည် ပြင်ပ အဝေးမြင်ကွင်းများနှင့် ပိုအသားကျသဖြင့် အဝေးမှုန်သူ နည်းသွားခြင်း ဖြစ်နိုင်ကြောင်း စစ်တမ်းက သုံးသပ်တင်ပြသည်။
Source: BBC
Credit:  messengernewsjournal.com

ဖရဲသီး( ၃)လုံးကို ပေါင်ကြားထဲညှပ်ပြီး ခွဲပြ


အသက် (၃၀)နှစ် အရွယ်ရှိ အိုလာဂါဟာ မကြာမီက ထုတ်ဝေခဲ့တဲ့ ဂင်းနစ်စံချိန် မှတ်တမ်းစာအုပ်မှာ ထူးခြား စွမ်းဆောင်ရည်ကြောင့် အားလုံးရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။ ယူကရိန်း နိုင်ငံသူ အိုလာဂါဟာ အင်္ဂလန်နိုင်ငံ အခြေစိုက် ရုပ်သံလိုင်းတစ်ခုရဲ့ ဖိတ်ခေါ်မှုဖြင့်  စွမ်းဆောင်ရည်ကို ပြသခွင့်ရခဲ့ပါတယ်။ နာမည်ကျော် အိုင်တီဗွီ ရုပ်သံလိုင်းဟာ သူတို့ရဲ့ အစီအစဉ်မှာ ပြသဖို့ အိုလာဂါကို ဖိတ်ခ်ါခဲ့တာ ဖြစ်ပါတယ်။
       အိုလာဂါဟာ ဖရဲသီး(၃) လုံးကို ပေါင်ကြားထဲ ညှပ်ပြီးခွဲပြရာမှာ (၁၈) စက္ကန့်အတွင်း လုပ်ပြနိုင်ခဲ့ပါတယ်။  ဒါကြောင့် ဂင်းနစ်စံချိန် မှတ်တမ်းမှာ ပေါင်ကြားထဲညပ်ပြီး ဖရဲသီးကို အမြန်ဆုံး ခွဲပြနိုင်သူ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒီလိုမျိုး လုပ်ပြခြင်းကို အိုင်တီဗီရုပ်သံက တိုက်ရိုက် ထုတ်လွှင်ပြသခဲ့ပြီး ပွဲအစီအစဉ် တင်ဆက်သူ နှစ်ဦးကြောင့် မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်ခဲ့ပါတယ်။ အိုလာဂါဟာ ကြမ်းပြင်ပေါ်မှာ ထိုင်ပြီးနောက် ဖဲရဲသီးတစ်လုံးကို ပေါင်ကြားထဲညှပ်ပြီး စခွဲခဲ့ပါတယ်။ ဒီနောက် ဒုတိယတစ်လုံး မခွဲမီ ပေါင်ကြားထဲမှာရှိတဲ့ အရည်တွေကို အ၀တ်စနဲ့ သုတ်ပစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖရဲသီးကို ညပ်ရာမှာ ချောနေမှာကြောင့် ဖြစ်ပါတယ်။ ဒုတိယအလုံးကို ခွဲပြီးတဲ့နောက် တတိယအလုံးကို ခွဲရာမှာ ပြဿနာ အနည်းငယ် ကြုံခဲ့ပေမယ့် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ပေါင်ကြွက်သားတွေ သန်မာလွန်းတာကြောင့် ဒီလိုပြုလုပ်နိုင်တာ ဖြစ်ပြီး ဒီအစီအစဉ်ကို ကြည့်ရှုလိုက်သူတွေ ကတော့ အိုလာဂါရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ကြောင်း သိရပါတယ်။
Credit: messengernewsjournal.com

Friday, September 22, 2017

မိတ်ဆွေကောင်းဆိုတာ

တိရိစ္ဆာန်လေးများရဲ့ ချစ်စဖွယ် တစ်ဦးကိုတစ်ဦး ကူညီအနစ်နာခံတတ်ပုံလေးများ ဖြစ်ပါတယ်။ ချစ်စဖွယ်ကောင်းသလို သင်ခန်းစာလည်း ရရှိစေပါတယ်။

ထူးခြားလှပ Body Art ပန်းချီများ (၇)

ဒီတစ်ခါတင်ပြပေးမယ့် Body Art တစ်မျိုးကလည်း တစ်မျိုးလှပ ဆန်းသစ်နေပါတယ်။ John Poppleton ဆိုသူအနုပညာရှင်ရဲ့ ဖန်တီးထားမှုပုံများ ဖြစ်ပြီး Black Light အလင်းရောင် ပါးပါးအောက်မှာ တောက်ပနေသော သဘာဝပုံများ ဖြစ်ပါတယ်။ လှပအသက်ဝင်မှုကတော့ ပြောစရာလိုမည် မထင်ပါ…. 

အိမ်အတွင်းမှ လှပသော ဥယျာဉ်ငယ်လေးများ (၂)

အိမ်အတွင်း၌ လှလှပပနှင့် ခေတ်မှီဆန်းသစ်စေသည့် ဥယျာဉ်ငယ်လေးများ တည်ဆောက်ထားပုံများပါ။ နေရာများစွာ မပေးရဘဲ လှပဆန်းသစ်သည့် ဒီဇိုင်းအလန်းလေးများပါ။

အမှတ်တမဲ့ အလွဲများ ( ၈၈ )

ဒီတစ်ပတ်အတွက် ပြုံးပျော်ရွှင်နိုင်မယ့် ပုံလေးတွေ ထပ်မံစုစည်းတင်းပေးလိုက်ပါတယ်။ 
ကြည့်ရှု့အားပေးကြပါအုံးခင်ဗျာ...
 
ဒီကြော်ငြာ အသက်ဝင်တယ်ဗျာ...

ဘောလုံးကို သေခြာမြင်ရအောင်ပါ... :P

ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံး အဆိပ်ဥယျာဉ်

ပန်းခြံဥယျာဉ်ဆိုသည်နှင့် လှပသော ပန်းပင် ၊ သစ်ပင်များ စိုက်ပျိုးပြသထားရာ အရပ်လို့ တွေါ်မြင်မိကြမှာပါ။ ယခုဖော်ပြမည့် ဥယျာဉ်ကတော့ ထိလန့်ဖွယ်ကောင်းလှသည့် ကမ္ဘာ့ကြောက်စရာအကောင်းဆုံး အဆိပ်ဥယျာဉ်အကြောင်းပါ။ အဆိပ်ဥယျာဉ်ဆိုသည့်အတိုင်း ကမ္ဘာပေါ်ရှိ အဆိပ်အပြင်းဆုံး အပင်များကို စုစည်းစိုက်ပျိုး ပြသထားရာ နေရာအမှန်ပင် ဖြစ်ပါသည်။

ဗြိတိန် နိုင်ငံ ၊ နောင်သမ်ဘာလမ်အရပ်ရှိ Alnwick အဆိပ်ဥယျာဉ်တွင် ကမ္ဘာ့အဆိပ်အပြင်းဆုံးစာရင်းဝင် သေစေနိုင်လောက်သည့် အပင်ပေါင်း ၁၀၀ လောက်ကို စိုက်ပျိုးပြသထားပါသည်။ အကျယ်အ၀န်းအားဖြင့် ၁၄ ဧကလောက်ရှိကာ Alnwick ရဲတိုက်ကြီး၏ အနီးအနားတွင် တည်ရှိသော အထင်ကရနေရာတစ်ခု ဖြစ်ပါသည်။

အဆိပ်ပင်များ အများအပြား စိုက်ပျိုးပြသထားသဖြင့် အ၀င်ဝ မုခ်ဦးမှပင်စကာ သတိပေးဆိုင်းဘုတ်များဖြင့် ပြသလမ်းညွှန်ထားပါသည်။ ထို့ပြင် လာရောက်လည်ပတ်သူများ အနေဖြင့်လည်း သတိပေးချက်များ နှင့်အညီ နေထိုင်လည်ပတ်ရကာ စောင့်ကြည့် ရှင်းပြသူများလည်း ရှိပါသည်။ အပင်တိုင်းသည် အဆိပ် ရှိတဲ့ အတွက် တို့ထိမိရင် သေစေနိုင်သလို မူးဝေ အော့အန် ယားယံခြင်းမျိုးများလည်း ဖြစ်တတ်ကြပါသည်။ ထို့ကြောင့် လာရောက်လည်ပတ်သူများ အနေဖြင့် တို့ထိခြင်း ၊ အနံ့ခံခြင်း ၊ ၀ါးစားခြင်းမျိုး မပြုလုပ်ကြရန်လည်း သတိပေးထားကြပါသည်။

ကမ္ဘာ့ပေါ်ရှိ ခမ်းနားလှပဆုံးသော စာကြည့်တိုက်ကြီးများ

နိုင်ငံတစ်နိုင်ငံ ၊ လူမျိုးတစ်မျိုး၏ ပညာရည်မြင့်မားမှုကို ဆုံးဖြတ်ကြရာတွင် ပြည့်စုံကောင်းမွန်သော တက္ကသိုလ်ကောလိပ်များ ၊ နိုင်ငံသားများ၏ စာတတ်မြောက်မှု နှင့်အတူ စာဖတ်ကြသော ပမာဏကိုပါ ထည့်သွင်းတွက်ချက်တတ်ကြပါသည်။ စာတတ်သူ ၊ စာဖတ်သူ များသည်နှင့်အညီ ထိုနိုင်ငံတွင်ရှိသော ပြည့်စုံကောင်းမွန်သော စာကြည့်တိုက်အရည်အသွေးကိုပါ မှတ်ကျောက်တင်လေ့ရှိပါသည်။ သို့သော် စာကြည့်တိုက်များ ဘယ်လောက်ပင်ကောင်းကောင်း ၊ စာအုပ်တွေ ဘယ်လောက်စုံစုံ ၊ စာဖတ်ဝါသနာပါသူ စာပေ၀ါသနာရှင်များသည်သာ အဓိကကျပါသည်။
တိုးတတ်ထွန်းကားသော နိုင်ငံများတွင် တူညီမှုများ များစွာရှိကြပါသည်။ ထိုအထဲတွင် ခေတ်မှီလှပပြီး စာဖတ်ခြင်စိတ် ပေါ်လာလောက်အောင် ခမ်းနားလှပ ပြည့်စုံကြသည့် စာကြည့်တိုက်ကြီးများ အများအပြား ရှိတတ်ကြခြင်းမှာလည်း တစ်ခုအပါအ၀င် ဖြစ်ပါသည်။ ထိုကဲ့သို့ ခမ်းနားလှသည့် စာကြည့်တိုက်ကြီးများတွင် လာရောက်လေ့လာဖတ်ရှု့သူများလည်း များပြားစည်ကားလှပါသည်။ယခု နေခရမ်းတင်ပြမည့် အကြောင်းအရာကတော့ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ခမ်းနားလှပပြီး ပြည့်စုံကောင်းမွန်သော စာအုပ်များ များစွာရှိသည့် စာကြည့်တိုက်ကြီးတွေ အကြောင်းပါ။ ဘယ်လောက်ခမ်းနားလှပတဲ့ စာကြည့်တိုက်များလည်းဆိုတာ ကြည့်လိုက်ရအောင်နော်…

ချစ်စဖွယ် ပူစီပေါက်စလေးများ


Sunday, September 17, 2017

သဘာဝ သစ်ရွက် ပန်းပွင့်ပန်းခက်များဖြင့် ဖန်တီးထားသော ပုံများ (၈)

သဘာဝ ပန်းပွင့်ပန်းခက်များ ၊ သစ်ရွက်ကလေးများကို နေရာတကျ စီစဉ်ကာ
ပုံလေးများအဖြစ် ဖန်တီးပုံဖော်ထားခြင်းပါ။ ကြည့်လိုက်ကြပါအုံးနော်...
 

မှတ်ဖွယ်စုံရာ သုတပဒေသာ (၂၂)


ကြိုးပန်းချီ

ဒီတစ်ခါတင်ပြမယ့် ပန်းချီပုံများကလည်း ဆေး ၊ စုတ်တံများကို အသုံးပြုရေးဆွထြားခြင်း မရှိတဲ့ ဆန်းသစ်တဲ့စိတ်ကူး ပုံဖော်မှုပုံများ အကြောင်းပါ။ Kumi Yamashita ဆိုတဲ့ ပညာရှင်တစ်ဦးရဲ့ ပင်အပ်လေးများနဲ့ ကြိုးလေးများကို လိုသလိုအသုံးချသွားပုံများပါ။ မိမိလိုချင်တဲ့ ပုံတစ်ပုံရရန် ကြိုးလေးများကို ရစ်ပတ်ပြီး တီထွင်ရေးဆွဲထားပုံများက ချီးကျူးဖွယ်ကောင်းလောက်အောင် လက်ရာမြောက်လှပါတယ်။

အာရှတွင်အရှည်ဆုံဖြစ်သော အမိုးအကာအပြည့်နှင့် တံတားကြီး


တံတားတစ်ခုလုံးကို အမိုးအကာအပြည့်ဖြင့်တည်ဆောက်ထားသော တံတားမျိုးများတွင် ယခုတံတားသည် အာရှတိုက်တွင် အရှည်ဆုံး ဖြစ်ပါသည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ၊ Chongqing y ပြည်နယ် ၊ Qianjiang ခရိုင်ရှိ Apeng မြစ်ပေါ်တွင် တည်ဆောက်ထားသော တံတားကြီး ဖြစ်ပါသည်။ မူရင်းတံတားသည် ၁၅၉၁ ခုနှစ် Ming မင်းဆက်လက်ထက်တွင် တည်ဆောက်ထားသော ရှေးဟောင်းတံတားကြီး ဖြစ်ပါသည်။ အရှည်အားဖြင့် ၃၃၀ မီတာ ရှိပါသည်။ တည်ဆောက်ထားပုံမှာ သစ်သားများဖြင့် အမိုးအကာအပြည့် လှပသော ဗိသုကာလက်ရာများဖြင့် ဖြစ်ပါသည်။ တရုတ်ရိုးရာ ဘုံကျောင်းကဲ့သို့ လှပခန့်ညာဖွယ် တည်ဆောက်ထားသည့် ရှေးဟောင်းတံတားတစ်စင်း ဖြစ်ပါသည်။ သို့သော် ထိုလှပသော ရှေးဟောင်းတံတားကြီးသည် ၂၀၁၃ ခုနှစ်တွင် ပြာအတိကျသည်အထိ မီးလောင်ဆုံးရှုံးခဲ့ရပါသည်။ ယခုတဖန် ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း၌ မူရင်းလက်ရာအတိုင်း ပြန်လည်တည်ဆောက်ကာ ဖွင့်လှစ်ထားခဲ့ပါသည်။
Related Posts Plugin for WordPress, Blogger...