Monday, September 25, 2017

ညဥ့်ငှက်တမျိုးဖြစ်တဲ့ နာမည်ဆန်းနဲ့ ခင်ပုပ်ငှက်


ဇီးကွက်နဲ့ မျိုးနွယ်တူ ညဉ့်ငှက်များ ဖြစ်တဲ့ ခင်ပုပ်ငှက်ကို တွေ့မြင်ဖူးသူ နည်းပါး ပါတယ်။ ညမှောင်ချိန်မှာ အစာရှာ ထွက်တတ်တဲ့ ခင်ပုပ်ငှက်ဟာ နေရောင်ကို ကြောက် တာကြောင့် နေ့ခင်းဘက် အချိန်တွေ မှာတော့ သစ်ပင်၊ ၀ါးရုံ ချုံပုတ်တွေ ထဲမှာ ပုန်းအောင်း နေတတ် ကြပါတယ်။ ပိုးမွှားများ၊ အခြား တိရစ္ဆာန်ငယ်များ၊ ငှက်ငယ်များကို ဖမ်းဆီး စားသောက် တတ်တဲ့ ခင်ပုပ်ငှက်ကို အရှေ့တိုင်းဒေသ အများ အပြားမှာ တွေ့ရ ပြီး မြန်မာနိုင်ငံ မှာတော့ ကွင်းပြင်များ၊ တောင်ခြေများတွင် ကျက်စားလေ့ ရှိပါတယ်။
ခင်ပုပ်ငှက် တွေဟာ အလျား ၁၂ လက်မခွဲခန့် ရှိပြီး၊ ဇီးကွက် များကဲ့သို့ နားရွက်တွင် အမွှေး မရှိပါ။ ကိုယ်အောက်ပိုင်းမှာ ဖြူပြီး လည်ပင်းမှာ မည်းနက်တဲ့ အမှတ်အသား ပါရှိပါတယ်။ သူတို့ရဲ့ တောင်ပံတွေက ရှည်ပြီး ချွန်နေတာပါ။ ညဥ့်အချိန် မှာသာ အော်တတ်တဲ့ ခင်ပုပ်ငှက်တို့ရဲ့ အော်သံက ဇီးကွက်သံ နဲ့လည်း တူပါ တယ်။

ခင်ပုပ်ငှက်တို့ရဲ့ သားပေါက် ချိန်က ဧပြီလ ကနေ မေလ အတွင်းသာ ဖြစ်ပြီး တခါတရံ မတ်လမှ ဇွန်လအ ထိ ဖြစ်ပါတယ်။ ဥများကို ပေ ၂ဝ ခန့်မြင့်တဲ့ သစ်ခေါင်းထဲမှာ အုလေ့ရှိပြီး၊ ဥ ၃ လုံးမှ ၄ လုံး အထိ ရှိပါ တယ်။ ဥအရွယ်မှာ ပျမ်းမျှ အလျား ၁ ဒသမ ၃၈ လက်မရှိပြီး၊ ဗြက်မှာ ၁ ဒသမ ၁၆ လက်မ ရှိပါတယ်။ ယခုအခါ အတွေ့ရ နည်းပြီ ရှားပါးလာတဲ့ ခင်ပုပ်ငှက်တို့ မျိုးတုန်း ပျောက်ကွယ် မသွားရန် နိုင်ငံတကာ ငှက်ကြည့် အဖွဲ့များက စောင့်ကြည့် လေ့လာနေ ရပြီ ဖြစ်ကြောင်း သိရပါတယ်။
ကိုးကား။ ၀ီးကီးပီးဒီးယား
Credit:The Irrawaddy's Blog 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...