Friday, December 30, 2016
ဒီဇင်ဘာ ၃၁ တွင် စကြ၀ဋ္ဌာနာရီများ၌ တစ် စက္ကန့်  ထပ်တိုးမည်
ကမ္ဘာကြီးသည် ထုထည်ကြီးမားသော်ငြားပင်လယ်သမုဒ္ဒရာဒီရေတို့ ၏အရှိန်ကြောင့် အရှိန်တုန့် နှေးသွားလေ့ရှိရာ နှစ်ပေါင်း ၁၀၀ အတွင်းတစ်ရက်လျင် ၂မီလီ စက္ကန့် နှုန်းအရှိန်တန့် လျက်လည်ပတ်လာခဲ့သဖြင့် စကြ၀ဋ္ဌာအက် တမ် နာရီများနှင့် အချိန်ကိုက်ညီမှုမရှိတော့သည့်အတွက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် ည ၁၂ နာရီတိတိတွင်
နာရီများမှာ ၅၉ စက္ကန့် ပြီးလျင် သုညသုညပြမည်မဟုတ်ဘဲ ၅၉ စက္ကန့် ပြီးလျင် ၆၀၊ ထိုမှ သုညသုညဆက်လက် ပြသသွားကာအချိန်ကိုတစ်က္ကန့် စောင့်ဆိုင်းစေမည်ဖြစ်ကြောင်းသိရသည်။ ကမ္ဘာကြီးဟာထုထည်ကြီးမားလှတယ်ဆိုပေမယ့်လည်းပင်လယ်သမုဒ္ဒရာတွေရဲ့ ဒီလှိုင်းအတက်အကျတွေကြောင့် တစ်ရက်ကို နှစ်မီလီစက္ကန့် လောက်တော့ တုန့် သွားလေ့ရှိပါတယ်။ နှစ်ပေါင်းကြာမြင့်လာတဲ့အခါ ကမ္ဘာလည်ပတ် တဲ့နှုန်းနဲ့  ၂၄ နာရီပြည့်တာနဲ့  စကြ၀ဋ္ဌာထဲပို့ ထားတဲ့ အက်တမ်နာရီတွေရဲ့  ၂၄ နာရီပြည့်တာနဲ့ က မကိုက်တော့ ပါဘူး။
အံ့သြစရာ ဒင်္ဂါးပြားတွေကို စီထားတဲ့ အစွမ်း
အကြွေစေ့များကို ဟန်ချက်ညီ ရပ်တည်စေသည့် အံ့မခန်းပညာ
ယခင်ကလည်း နေခရမ်း မှ ကျောက်တုံးလေးများကို ဟန်ချက်ညီ
အစီအရီ ထပ်ပြထားပုံများကို တင်ပေးဖူးပါသည်။ ယခုလည်း
ဂျပန်လူငယ်တစ်ဦးမှ gravity defying art ဟူသော ဖန်တီးမှု
ပြကွက်တစ်မျိုးကို ဒင်္ဂပြား အကြွေစေ့များဖြင့် သေသပ်ပီပြင်စွာ
ဖန်တီးပြသခဲ့ပါသည်။
aka Tanu ဆိုသူ ဂျပန်လူငယ် တစ်ဦးသည် @thumb_tani (aka Tanu)
ဟူသော Twitter အကောင့်ဖြင့် အကြွေစေ့များကို ကမ္ဘာမြေဆွဲအား
ဆန့်ကျင်ပြီး ရပ်တည်နေဟန် အစီအရီ ထပ်ပြထားသော ဓာတ်ပုံများ
တင်ပေးခဲ့ပါသည်။
စွန့်ပစ် CD ပြား အဟောင်းများဖြင့် ဖန်တီးထားသော ပန်းချီကားကြီး
အသုံးမပြုတော့သည့် CD ပြားအဟောင်းများကို စုစည်းထားကာ မြေပြင်
ပေါ်၌ ဖြန့်ခင်းပြီး ဧရာမပန်းချီကားချပ်ကြီး အဖြစ် ဖန်တီးထားခဲ့ခြင်း
ဖြစ်ပါသည်။ ထိုင်ဝမ် ၊ Keelung တွင် ၂၀၁၆ ဒီဇင်ဘာလ ၂၃ ရက်နေ့
တွင် ဖွင့်လှစ်ပြသ ခဲ့ပါသည်။
ကမ္ဘာကျော် ပန်းချီပညာရှင်ကြီး ဗင်းဆင့် ဗန်ဂိုး ၏ နာမည်ကျော် ပန်းချီ
ကားချပ်ဖြစ်သော “The Starry Grassland” ၏ ပုံစံအတိုင်း CD ချပ်ပြား
အဟောင်းများကို မြေပြင်၌ ဖြန်ခင်းထားခဲ့ခြင်း ဖြစ်ပါသည်။
ထိုကဲ့သို့ ဖြန့်ခင်းထားခဲ့သည့် CD အချပ်ရေပေါင်းမှာ (၃) သန်း အထိရှိ
ပါသည်။
ကမ္ဘာ့အကြီးဆုံး ဖန်တီးထားသော ကမ်းခြေတုကြီး
ဂျပန်နိုင်ငံ မှ Seagaia Ocean Dome အမည်ရှိ ကမ်းခြေတုကြီးကို
ကမ္ဘာ့အကြီးဆုံး ပြုလုပ်ဖန်တီးထားသည့် မိုးလုံလေလုံ ကမ်းခြေတုကြီး
အဖြစ် ဂင်းနစ်မှတ်တမ်းတွင် ဖော်ပြခံခဲ့ရပါသည်။
အရှည် မီတာ ၃၀၀ ရှိပြီး ၊ အကျယ်အားဖြင့် မီတာ ၁၀၀ အထိ ရှိပါသည်။
၁၉၉၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ပေးခဲ့ပြီး နှစ်စဉ်လာရောက်လည်ပတ်သူများ
အများအပြားရှိပါသည်။ ၁၉၉၅ ခုနှစ်တစ်နှစ်တည်းမှာပင် လာရောက်
လည်ပတ်သူ ၁.၂၅ သန်းရှိပါသည်။
ဂျပန်နိုင်ငံသည် ပင်လယ်ဝိုင်းရံနေသော ကျွန်းနိုင်ငံ ဖြစ်ပြီး ထိုကမ်းခြေတု
ကြီး တည်ရှိရာ အနီးမှာလည်း ပင်လယ်နှင့် ထိစပ်နေပါသည်။
မှတ်ဖွယ်စုံရာ သုတပဒေသာ (၁၅)
ကမ္ဘာ့သမိုင်းတစ်လျောက် အချမ်းသာဆုံးပုဂ္ဂိုလ်များ
ကမ္ဘာ့သမိုင်းတစ်လျောက်လုံးမှာ ချမ်းသာကြွယ်ဝသူများကို
တင်ပြပေးချင်ပါသည်။ ယနေ့ခေတ်အချမ်းသာဆုံးသူ ဆိုသည်နှင့်
Bill Gates ကိုသာပြေးမြင်မိကြမှာပါ။ ဒါပေမယ့် ယခုတင်ပြမှာက
ကမ္ဘာ့သမိုင်းတစ်လျောက်လုံးအတွကဖြစ်သဖြင့် သူ့ထက်ပိုပြီး ချမ်းသာခဲ့
သူတွေက များပါသည်။ သို့ရာတွင်လည်း ချမ်းသာမှုကို တွက်ချက်
ရာတွင် တစ်ချို့သူများမှာ စိတ်မှန်းဖြင့်တွက်ချက်ရပါသဖြင့် စာရင်း
တစ်ခုနှင့်တစ်ခု ပိုင်ဆိုင်မှုပမာဏ ကွာခြားမှုများ ရှိသလို ၊
အမှတ်စဉ် အရေအတွက်အားဖြင့်လည်း ကွာခြားမှုများ ရှိကြပါ
သည်။ ယခုစာရင်းကတော့ အများစုက လက်ခံထားကြသည့်
စာရင်းဖြစ်သလို ၊ Alexendar the Great၊ Genghis Khan နှင့်
King Solomon တို့ကဲ့သို့ အင်ပါယာဘုရင်များအတွက် ပိုင်ဆိုင်မှု
ကိုတွက်ရန်မှာ တိကျလွယ်ကူမှုမရှိခြင်းကြောင့် ဖယ်ထားခဲ့ရပါသည်။
စစ်ဘုရင်အများစု၏ ပိုင်ဆိုင်မှုများမှာ မထင်မှတ်လောက်အောင်
များပြားတတ်ကြပါသည်။ အခုတော့ ပိုင်ဆိုင်မှုအများအားဖြင့်
ခန့်မှန်းတွက်၍ ရသလောက် ကမ္ဘာ့သမိုင်းတစ်လျောက်
အချမ်းသာဆုံး ပုဂ္ဂိုလ်(၁၀) ဦးစာရင်းကို ကြည့်လိုက်ရအောင်နော်။
၁။ Mansa Musa (ကန်ဒေါ်လာ ၄၀၀ ဘီလီယံ)
အချမ်းသာဆုံးသူ နံပါတ် (၁) အဖြစ် သတ်မှတ်ရမည့်သူကတော့
မာလီအင်ပါယာဘုရင်တစ်ဦးဖြစ်သူ Mansa Musa လို့ဆိုကြပါသည်။
Musa I of Mali လို့လည်းခေါ်ကြပြီး ၁၂၈၀ ခုနှစ်မှာ မွေးဖွားခဲ့ပြီး
၁၃၃၇ ခုနှစ်အထိ နေထိုင်ခဲ့သည်ဟု ဆိုကြပါသည်။ သူ၏ ပိုင်ဆိုင်မှု
ကန်ဒေါ်လာ (၄၀၀)ဘီလီယံ ဆိုသည်မှာ လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး
ပုဂ္ဂိုဟ်ထက် (၄)ဆလောက်ပိုများနေပါတယ်။သူဆောက်လုပ်ခဲ့သည့်
အဆောက်အဦများစွာ အာဖရိကတိုက်တစ်ဝှမ်းလုံး များစွာ ရှိခဲ့ပါသည်။
Wednesday, December 28, 2016
ထူးထူးခြားခြားပေါင်းစပ်အနုပညာ
သူငယ်ချင်းတို့ကို ဒီတစ်ခါ အသက်ဝင်လှတဲ့ အနုပညာဖန်တီးမှုလေးကို
တင်ပြပေးချင်ပါတယ်။ Body Art ပညာပါပဲ။ နာမည်ကျော် Body Art
အနုပညာရှင်  Johannes Stoetter ဆိုသူပညာရှင်မှ ဖန်တီးထားတာပါ။
ကြိုတောင်းပန်ချင်တာက သူငယ်ချင်းတို့အနေဖြင့် အမြင်ရိုင်းနေလျှင်
ခွင့်လွှတ်ပေးကြပါနော်...
 အထက်ပါပုံကတော့ အလွန်ကိုအသက်ဝင်လှတဲ့ ကြောက်စရာကျားကြီးပုံပါ။
ဒီပုံရဲ့ထူးခြားချက်က အသက်ဝင်ခြင်းနှင့် ရုပ်ကြွဖြစ်ခြင်းမဟုတ်ပါဘူး။
သူ့ကိုဖန်တီးမှုစိတ်ကူးဆန်းသစ်မှုကြောင့်ပါ...ဆက်လက်ကြည့်လိုက်ပါအုံးနော်...
အမှန်ကတော့ ဒီရုပ်ကြွဖန်တီးမှု သည် အမျိုးသမီး သုံးဦးကိုပေါင်းစပ်ဖန်တီးထားတာပါ။
ဖန်တီးမှုအဆင့်ဆင့်ကတော့...  
မထင်မှတ်ဘဲ တွေ့ရှိခဲ့ရသည့် တူရကီနိုင်ငံမှ မြေအောက်မြို့ကြီး
ရှေးဟောင်းမြေအောက်မြို့တော်ကြီးတစ်ခုကို ဒေသခံလူတစ်ဦးမှ
မထင်မှတ်ဘဲ တွေ့ရှိရမှုတစ်ခု ဖြစ်ပေါ်ခဲ့ဖူးပါသည်။
၁၉၆၃ ခုနှစ်တွင် တူရကီနိုင်ငံ အလယ်ပိုင်းလောက်ရှိ Cappadocia
ဒေသတွင် နေထိုင်သူတစ်ဦးသည် မိမိအိမ်၏ မြေအောက်ခန်းနံရံကို
ဖြိုလိုက်ရာမှ အခြားအခန်းတစ်ခုကို တွေ့ရှိခဲ့ရပါသည်။ ထိုအခန်းမှ
နေ၍ ရှေးဟောင်းမြေအောက်မြို့တော် Derinkuyu သို့ရောက်ရှိ
နိုင်သည့် ဥမင်လှိုဏ်ခေါင်းများကိုပါ ထပ်မံတွေ့ရှိခဲ့ပါသည်။
မြေအောက်မြို့တော်ကြီးဟု ခေါ်ရလောက်အောင်ပင် မြေအောက်
ကျောက်သားအလွှာများကို ထွင်းဖေါက်ကာ အခန်းများ၊ လူသွား
ဥမင်လမ်းများ ဖြင့်စနစ်တကျ တည်ဆောက်ထားခြင်းဖြစ်ပါသည်။
အထပ်ပေါင်းကလည်း ၁၈ ထပ်ရှိပါသည်။အခန်းများ ၊ အကန့်များ
နှင့် စနစ်တကျ တည်ဆောက်ထားခြင်းပါ။ကမ္ဘာမြေအောက် ၂၇၉ ပေ
အနက်တွင် တည်ရှိပါသည်။
Tuesday, December 27, 2016
တရုတ်ပန်းချီဆရာ ငါးရိုးဖြင့် ပန်းချီကားများ ဖန်တီး
ဖူကျန်း၊ နိုဝင်ဘာ ၂၈ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန်းပြည်နယ် ရှမန်မြို့ရှိ ပန်းချီဆရာတစ်ဦးသည် ငါးရိုးများကို အသုံးပြု၍ ပန်းချီကားများ ဖန်တီးခဲ့ကြောင်းသိရသည်။
အသက်၅၂နှစ်အရွယ် လင်ဟန်ပင်းအမည်ရှိ ယင်းပန်းချီဆရာသည် ငါးရိုး ပန်းချီကားများ ဖန်တီးနိုင်ရန်အတွက် နှစ်ပေါင်း ၂၀ကြာ စားသောက်ဆိုင်နှင့် ဟိုတယ်များမှ အစားအစာအကြွင်းအကျန်များအား စုဆောင်းခဲ့ကြောင်း သိရသည်။
၎င်း နောက်ဆုံးဖန်တီးခဲ့သည့် လက်ရာမြောက် ငါးရိုးပန်းချီကားများသည် အထူးသဖြင့် စစ်ပွဲများ၏အကျိုးသက်ရောက်မှုများ နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးရလဒ်များကို အလေးပေး ဖော်ပြထားကြောင်းသိရသည်။
Avatar တောင်များထိပ်က ကြောက်မက်ဖွယ် ကိုယ်ပျောက်မှန်တံတား
တရုတ်နိုင်ငံ ဟူနန်ပြည်နယ်က နာမည်ကျော် Avatar မေတောင်တွေထိပ် မှာ နောက်ထပ် ကြောက်မက်ဖွယ်ကောင်း လှတဲ့ ကိုယ်ပျောက်မှန်တံတားကြီးကို ထပ်ဆောက်သွားတော့မှာဖြစ်ပါတယ်။
ဟူနန်ပြည်နယ်မှာပဲ ကမ္ဘာ့အရှည်လျား ဆုံးနဲ့ အမြင့်ဆုံးမှန်တံတားကြီးကို တည် ဆောက်ခဲ့ပြီးတဲ့နောက် နောက်ထပ် ခြေ လှမ်းသစ်အနေနဲ့ ထပ်ဆောက်သွားမယ့်တောင်တွေကြားထဲမှာ ပျောက်ကွယ် နေတဲ့ဟန် ကိုယ်ပျောက်မှန်တံတား ဒီဇိုင်းသစ်ကို အာခီတက်တွေက ထုတ် ဖော်ပြသလိုက်တာဖြစ်ပါတယ်။
ဒီတံတား ကြီးကို မှန်အကြည်တွေ၊ ကြေးမုံမှန်တွေ၊ စတီးတွေနဲ့ ပေါင်းစပ်တည်ဆောက်ဖို့ ဒီ ဇိုင်းထွင်ထားတာဖြစ်ပြီး ကြေးမုံတွေရဲ့ အလင်းပြန်မှုနဲ့ ဘေးပတ်လည်က တောင် တန်းတွေရဲ့အရိပ်တွေလာဟပ်နေစေပြီး Avatar တောင်တွေလို့ လူသိများတဲ့ ကျန်ကျာကျဲတောင်တွေကြားမှာ ပျောက် ကွယ်နေတဲ့ပုံမျိုး ဒီဇိုင်းပြုလုပ်ထားတာ ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံရဲ့ ရွာတစ်ရွာမှာ ကမ္ဘာ့ပထမဆုံး ဆိုလာလမ်း ဖွင့်လှစ်
ပြင်သစ်နိုင်ငံက ကျေးရွာတစ်ရွာမှာ ဆိုလာပြားနဲ့ ခင်းထားတဲ့ ကမ္ဘာ့ပထမဆုံး ဆိုလာလမ်းကို ဖွင့်လှစ်လိုက်ပါတယ်။ နော်မန်ဒီမြို့က Tourouvre-au-Perche ရွာမှာ တစ်ကီလိုမီတာ(၀.၆မိုင်) ရှည်လျားတဲ့ ဆိုလာလမ်း ခင်းခဲ့တာဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန ဝန်ကြီးက ဒီဇင်ဘာ ၂၂ ရက်နေ့က ဖွင့်လှစ်ပေးခဲ့တာပါ။
ဒီလမ်းခင်းဖို့အတွက် စုစုပေါင်း စတုရန်းပေ ၃၀၀၀၀ ရှိတဲ့
ဆိုလာပြား အချပ်တွေကို အသုံးပြုခဲ့ရပြီး အမေရိကန်ဒေါ်လာ ၅.၂ သန်း ကုန်ကျခဲ့ပါတယ်။ လမ်းပေါ်မှာ ဖြတ်သန်းသွားတဲ့ ကုန်တင်ကားတွေရဲ့ အလေးချိန်ကို ခံနိုင်ဖို့အတွက် ဆိုလာပြားတွေကို ဆီလီကွန် အဓိကအသုံးပြု ထုတ်လုပ်ထားတဲ့ သစ်စေးတွေနဲ့ ဖုံးအုပ်ထားပါတယ်။
ကျန်းမာသော ဘ၀ကို ပိုင်ဆိုင်စေရန် နည်းလမ်းကောင်းများ
ကျန်းမာအသက်စေသည့် ဘ၀ကို ပိုင်ဆိုင်နိုင်စေရန် ဆောင်ရန် ၊
ရှောင်ရန် နည်းလမ်းများကို တင်ပြပေးလိုက်ပါသည်။
ကမ္ဘာ့ဒေသ အသီးသီ၏ ညပိုင်း မီးရောင်စုံ အလှမြင်ကွင်းများ (၂)
ကမ္ဘာ့ဒေသအသီးသီးတွင် ညပိုင်း၌ တွေ့မြင်ကြရမည့် မီးရောင်စုံ
မြင်ကွင်းများကို စုစည်း တင်ပြပေးပါမည်။ နေ့ပိုင်းနှင့် မတူသော
အလှတစ်မျိုးကို တွေ့မြင်ကြရမည် ဖြစ်ပါသည်။
သဘာဝ သစ်ရွက် ပန်းပွင့်ပန်းခက်များဖြင့် ဖန်တီးထားသော ပုံများ (၂)
သဘာဝ ပန်းပွင့်ပန်းခက်များ ၊ သစ်ရွက်ကလေးများကို နေရာတကျ စီစဉ်ကာ
ပုံလေးများအဖြစ် ဖန်တီးပုံဖော်ထားခြင်းပါ။ ကြည့်လိုက်ကြပါအုံးနော်...
အသက်ဝင်လှပသော ခဲတံဖြင့်ဆွဲထားသည့် 3D ပန်းချီများ (၂)
ခဲတံကိုသာ အသုံးပြုပြီး ဖန်တီးရေးဆွဲထားတဲ့ လက်ရာမြောက်
3D ရုပ်ကြွပုံလေးများကို တင်ပြပေးချင်ပါတယ်။
ယခင်က 3D ပုံအကြီးကြီးတွေကို တင်ပြပေးဖူးပါသည်။
ယခုအခါမှာတော့ စာရွက်များအပေါ်မှာ ဆွထြားသည့် ပုံလေးများ
ကိုစုစည်းတင်ပေးလိုက်ပါသည်။
ဒီလိုပုံလေးမျိုးများကို ဖန်တီးရေးဆွဲပုံ Video File ကိုလည်း
သီးခြားတင်ပေးပါအုံးမယ်။
အားပေးကြည့်ရှု့လိုက်ရအောင်နော်….
Friday, December 23, 2016
မြန်မာမှာ တွေ့ရှိခဲ့တဲ့ နှစ်ပေါင်း ၉၉သန်း ကျော်က ဒိုင်နိုဆောအမြီး
တရုတ်ပညာရှင်တစ်ဦးဟာ လွန်ခဲတဲ့နှစ်တုန်း က မြန်မာပြည် မြစ်ကြီးနားမြို့ဈေးဆိုင်တစ်ဆိုင်ကနေ ပယင်းကျောက်တစ်တုံးကို ၀ယ်ယူသွားပါတယ်။ ပယင်းကျောက်ထဲက အရာဟာ သစ်ပင်ရဲ့အစလို့ ဈေးဆိုင်ပိုင်ရှင်ကပြောပေမယ့် နှစ်ပေါင်း ၃၀ကျော်လေ့လာခဲ့တဲ့ အတွေ့အကြုံအရ ဒါဟာ သစ်ပင်မဟုတ်ကြောင်း Lida Xing က သိခဲ့ပါတယ်။ Lida Xing ဟာ ဘေဂျင်းမြို့  Geosciences တက္ကသိုလ်က ဘူမိဗေဒပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ 
ဒီပယင်းထဲက အရာကို Lida Xing က ကနေဒါ ၊ အင်္ဂလန် တို့က ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တွေနဲ့ ပူးပေါင်းစစ်ဆေးကြည့်တဲ့အခါမှာတော့ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၉၉တုန်းက ဒိုင်နိုဆောငယ်တစ်ကောင်ရဲ့ အမြီးဖြစ်ကြောင်းလေ့လာတွေ့ရှိခဲ့ရပါတယ်။ ဒိုင်နိုဆောရဲ့ အမြီးဟာ ၃.၇စင်တီမီတာ ရှည်ပါတယ်။
တရုတ်၏ စက္ကူတီထွင်နိုင်မှုသမိုင်း သည် ယခင် ထင်မှတ်ထားသည်ထက်ပိုစောနေ
နန်ကျင်း၊ နိုဝင်ဘာ ၂၉ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မှ ရှေးဟောင်းသုတေသနပညာရှင်တစ်ဦး ဖြစ်သည့် လီရှောင်ချန်း က ရှေးဟောင်း စက္ကူအပိုင်းအစတစ်ခု အား ရှာဖွေတွေ့ရှိခဲ့ကြောင်း ကြေညာခဲ့ပြီး ယင်းစက္ကူသည် တရုတ်နိုင်ငံတွင် စက္ကူပြုလုပ်သော နည်းပညာအား တီထွင်ခဲ့သည့် Cai Lun အမည်ရှိ တရုတ်လူမျိုး မတိုင်မီ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀ မှဖြစ်ကာ အစောဆုံး စက္ကူပြုလုပ်မှု ၏ ထင်ရှားသော သက်သေအထောက်အထားတစ်ခု ဖြစ်ကြောင်း သိရသည်။
အဆိုပါ စက္ကူအပိုင်းအစသည် ၅စင်တီမီတာ ရှည်လျားကာ အကျယ် ၂စင်တီမီတာရှိပြီး ၎င်းအား တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂန်းစုပြည်နယ် တွင် ၁၉၈၆ခုနှစ်က တူးဖော်ရရှိခဲ့ကြောင်း နှင့် ၂၀၁၂ခုနှစ်အထိ ယင်းစက္ကူအပိုင်းအစ အား သတိပြုစစ်ဆေးမှု မရှိခဲ့ကြောင်း သိရသည်။
လီသည် ၎င်း၏တွေ့ရှိမှုအား တရုတ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ဂရိနိုင်ငံ နှင့် ပီရူးနိုင်ငံ မှ ရှေးဟောင်းသုတေသန ပညာရှင်ပေါင်း ၁၆၀ကျော်တက်ရောက်ခဲ့သော မကြာသေးမီကပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတစ်ခု၌ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
ဘယ်လ်ဂျီယံနိုင်ငံ၏ ဘီယာပွဲတော်ကို ယူနက်စကို ကမ္ဘာ့ အမွေအနှစ်စာရင်းသွင်း
ဘရက်ဆဲလ် ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)
ဘယ်လ်ဂျီယံနိုင်ငံ၌ ကျင်းပမြဲဖြစ်သော ဘီယာပွဲတော်ကို ကမ္ဘာ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှု အဖွဲ့ ယူနက်စကို(UNESCO) ၏ ယဉ်ကျေးမှုအမွေအနှစ် တစ်ခုအဖြစ် နိုဝင်ဘာလ ၃ဝရက်က စာရင်းသွင်းခဲ့ကြောင်း သိရသည်။
ထို့ ပြင် ယူနက်စကိုအဖွဲ့ သည် ဘယ်လ်ဂျီယံနိုင်ငံ၏ ရိုးရာဘီယာထုတ်လုပ်သည့်အတတ်ပညာ ကျွမ်းကျင်မှုအပိုင်းကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ဘီယာလုပ်ငန်းကို အသိအမှတ်ပြုခဲ့ကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် ဘယ်လ်ဂျီယံနိုင်ငံ၏ ဘာသာရပ်ဆိုင်ရာ အသိုင်းအဝန်းသုံးခု ( ဒတ်ခ်ျ့ ၊ ပြင်သစ် ၊ ဂျာမနီ) ၏ ယဉ်ကျေးမှုဝန်ကြီးများကလည်း ဘာသာစကား သုံးမျိုးဖြင့် ဘီယာပွဲတော် ယူနက်စကိုစာရင်းဝင်ခဲ့သည့် သတင်းကို ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
(Xinhua)
ပထမဆုံးအကြိမ်တွေ့ရသော Deep Sea Ghost Shark
ကမ္ဘာ့မြောက်ဘက်ခြမ်းရှိ သမုဒ္ဒရာရေ အနက်ဆုံးအပိုင်း တွင်
ပထမဆုံးအကြိမ် တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့သော ပင်လယ်ရေနက်ပိုင်းမှ သရဲငါးမန်းတစ်ကောင် ပုံပါ။
အမည်နဲ့လိုက်ဖက်စွာပင် ပုံစံထူးခြားသော ငါးမန်းတစ်ကောင်ပါ။
မြန်မာတို့ရဲ့ အချိန်အခေါ်အဝေါ်များ
လမ်းမအလယ်မှ အသက်ဝင်သောပန်းချီများ(၂)
လမ်းမပေါ်ကတကယ်အသက်ဝင်တဲ့ 3D ပန်ချီးကားတွေပါ...
အိမ်မက်ကမ္ဘာမှ လှပသော ဥမင်လမ်းလေးများ (၃)
ကြည်နူးဖွယ်ကောင်းပြီး စိတ်ကူးယဉ်အိမ်မက်ထဲမှာလမ်းလျှောက်နေရတယ်လို့ 
သွားနိုင်တဲ့လမ်းလေးတွေပါ...အပြင်မှာတကယ်တည်ရှိနေတဲ့လမ်းလေးတွေပါ။
စိတ်ကူးဆန်းသည့် ပေါင်းစပ် ကာတွန်းပုံလေးများ (၅)
ဒီပုံလေးတွေကတော့ ကျွန်တော်တို့နေ့စဉ်တွေ့မြင်နေကျ ပစ္စည်းလေး
များဖြင့်ပေါင်းစပ်ဖန်တီးထားမှုများပါ။ စပိန်အနုပညာရှင်တစ်ဦးဖြစ်သူ
Jesuso Ortiz မှ ဖန်တီးပုံဖော်ထားခြင်းပါ။
အမှတ်တမဲ့ အလွဲများ ( ၇၃ )
ဒီတစ်ပါတ်အတွက် အမှတ်တမဲ့ မှ အမှတ်တရဖြစ်စေသော ပုံလေးတွေကို ထပ်မံစုဆောင်း
တင်ပေးလိုက်ပါသည်။ ပြုံးပျော်ရွှင်လန်းနိုင်ကြပါစေ....
သတို့သား ကိုကိုရဲ့ဒုက္ခကလည်း မသေးပါလားနော်...
အီးး ဆရာရေ ငေးမနေနဲ့ဗျ။ အောက်မှာသေတော့မယ်...
ကမ္ဘာ့နေရာဒေသ အသီးသီးအား အပေါ်စီးမှတွေ့မြင်ရပုံများ
ကမ္ဘာ့နေရာဒေသ အသီးသီးရှိ မြို့များ ၊ သဘာဝရှုခင်းများကို မြေပြင်
အနေအထားမျိုးဖြင့် မဟုတ်ပဲ အပေးအမြင့်မှ တွေ့မြင်ရပုံများကို စုစည်း
တင်ပြပေးပါမည်။ တွေ့မြင်နေကျပုံစံမျိုးမဟုတ်ပဲ အမြင်တစ်မျိုး
ဆန်းသစ်စေသည့် ကောင်းကင်ဓာတ်ပုံလေးများကို ရှု့စားလိုက်ကြပါအုံးဗျာ…
Tuesday, December 20, 2016
နှစ်သစ်မှာ သင့်၏အနီးအနားရှိသင့်သော မိတ်ဆွေ (၅) မျိုး
သူတို့နဲ့တွေ့တဲ့အခါ သင့်ကိုသင်မြင်တဲ့အမြင်တွေ တိုးတက်လာတယ်။
၁ - အလုပ်လုပ်ချင်စိတ်ကို လှုံ့ဆော်တယ်
သင်လုပ်ဖို့ ရည်မှန်းထားတာတွေ၊ သင်လုပ်ဖို့ စိတ်ကူးထားတာတွေကို သူတို့နဲ့တွေ့ဆုံစကားပြောတဲ့အခါ တကယ်အကောင်အထည် ဖော်ချင်လာတာမျိုးပါ။ ဒီလိုလူမျိုးတွေဟာ သင်နဲ့စရိုက်တူ၊ ဝါသနာတူသူတွေ ဖြစ်တတ်ပါတယ်။ ဒီလိုလူမျိုးတွေနဲ့ သင့်ဘေးပတ်ပတ်လည်ကို ဝန်းရံထားသင့်ပါတယ်။
၂ - အားတက်လာတယ်
သူတို့နဲ့တွေ့တဲ့အခါ သင့်ကိုသင်မြင်တဲ့အမြင်တွေ တိုးတက်လာတယ်။ သင့်ကိုယ်သင် ပိုအားတက်လာတာမျိုးပါ။ ဒီလိုလူမျိုးတွေက နယ်ပယ်တစ်ခုမှာ သင့်ထက် စီနီယာကျသူတွေ၊ သင်လေးစားရတဲ့သူတွေ ဖြစ်တတ်ပါတယ်။
စက္ကူစာရွက်များကို ဖြတ်ညှပ်ကာ ဖန်တီးထားသော ပုံလေးများ
ယခုတင်ပြမှာကတော့ Paper Cutting Art ဟုခေါ်သည့် စက္ကူစာရွက်
များကို ပုံပေါ်အောင် လှီးဖြတ်ညှပ်ပြီး အနုစိတ်လက်ရာဝင်အောင်
ဖန်တီးထားသော ပုံများကိုပါ။ ယခုပုံများကို Parth Kothekar ဆိုသည့်
ပညာရှင်တစ်ယောက်က ဖန်တီးထားတာပါ။
Related Posts Plugin for WordPress, Blogger...