Friday, December 30, 2016

ကမ္ဘာ့သမိုင်းတစ်လျောက် အချမ်းသာဆုံးပုဂ္ဂိုလ်များ

ကမ္ဘာ့သမိုင်းတစ်လျောက်လုံးမှာ ချမ်းသာကြွယ်ဝသူများကို
တင်ပြပေးချင်ပါသည်။ ယနေ့ခေတ်အချမ်းသာဆုံးသူ ဆိုသည်နှင့်
Bill Gates ကိုသာပြေးမြင်မိကြမှာပါ။ ဒါပေမယ့် ယခုတင်ပြမှာက
ကမ္ဘာ့သမိုင်းတစ်လျောက်လုံးအတွကဖြစ်သဖြင့် သူ့ထက်ပိုပြီး ချမ်းသာခဲ့
သူတွေက များပါသည်။ သို့ရာတွင်လည်း ချမ်းသာမှုကို တွက်ချက်
ရာတွင် တစ်ချို့သူများမှာ စိတ်မှန်းဖြင့်တွက်ချက်ရပါသဖြင့် စာရင်း
တစ်ခုနှင့်တစ်ခု ပိုင်ဆိုင်မှုပမာဏ ကွာခြားမှုများ ရှိသလို ၊
အမှတ်စဉ် အရေအတွက်အားဖြင့်လည်း ကွာခြားမှုများ ရှိကြပါ
သည်။ ယခုစာရင်းကတော့ အများစုက လက်ခံထားကြသည့်
စာရင်းဖြစ်သလို ၊ Alexendar the Great၊ Genghis Khan နှင့်
King Solomon တို့ကဲ့သို့ အင်ပါယာဘုရင်များအတွက် ပိုင်ဆိုင်မှု
ကိုတွက်ရန်မှာ တိကျလွယ်ကူမှုမရှိခြင်းကြောင့် ဖယ်ထားခဲ့ရပါသည်။
စစ်ဘုရင်အများစု၏ ပိုင်ဆိုင်မှုများမှာ မထင်မှတ်လောက်အောင်
များပြားတတ်ကြပါသည်။ အခုတော့ ပိုင်ဆိုင်မှုအများအားဖြင့်
ခန့်မှန်းတွက်၍ ရသလောက် ကမ္ဘာ့သမိုင်းတစ်လျောက်
အချမ်းသာဆုံး ပုဂ္ဂိုလ်(၁၀) ဦးစာရင်းကို ကြည့်လိုက်ရအောင်နော်။

၁။ Mansa Musa (ကန်ဒေါ်လာ ၄၀၀ ဘီလီယံ)
အချမ်းသာဆုံးသူ နံပါတ် (၁) အဖြစ် သတ်မှတ်ရမည့်သူကတော့
မာလီအင်ပါယာဘုရင်တစ်ဦးဖြစ်သူ Mansa Musa လို့ဆိုကြပါသည်။
Musa I of Mali လို့လည်းခေါ်ကြပြီး ၁၂၈၀ ခုနှစ်မှာ မွေးဖွားခဲ့ပြီး
၁၃၃၇ ခုနှစ်အထိ နေထိုင်ခဲ့သည်ဟု ဆိုကြပါသည်။ သူ၏ ပိုင်ဆိုင်မှု
ကန်ဒေါ်လာ (၄၀၀)ဘီလီယံ ဆိုသည်မှာ လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး
ပုဂ္ဂိုဟ်ထက် (၄)ဆလောက်ပိုများနေပါတယ်။သူဆောက်လုပ်ခဲ့သည့်
အဆောက်အဦများစွာ အာဖရိကတိုက်တစ်ဝှမ်းလုံး များစွာ ရှိခဲ့ပါသည်။

၂။ John D. Rockefeller (ကန်ဒေါ်လာ ၃၄၀ ဘီလီယံ)
သမိုင်းတစ်လျောက် ဒုတိယအချမ်းသာဆုံးသူအဖြစ် သတ်မှတ်ကြသည့်
Rockefeller ကတော့ သိရှိသူတော်တော်များပါသည်။ ၁၈၃၉ ခုနှစ်
အတွင်း နယူးယောက်မြို့မှာ မွေးဖွားခဲ့ပြီး ရေနံနဲ့ စွမ်းအင်
ခေတ်ပြောင်းတော်လှန်ရေးမှာ Standard Oil ရေနံလုပ်ငန်းကနေ
အကျိုးအမြတ်တွေ များစွာရရှိခဲ့သူပါ။ ဒါပေမယ့် Rockefeller ကို
ပိုမိုလူသိများစေတာက သူ၏ ပရဟိတ လုပ်ငန်းများကြောင့် ဖြစ်ပါ
သည်။ University of Chicago နဲ့ Rockefeller University တို့ကို
တည်တောင်ခဲ့သူလည်း ဖြစ်ပါသည်။ သူရှိစဉ်ပိုင်ဆိုင်မှုကို (၃၄၀)
ဘီလီယံ လောက်ဟု တွက်ချက်ဖော်ပြကြပါသည်။


၃။ Andrew Carnegie (ကန်ဒေါ်လာ ၃၁၀ ဘီလီယံ)
သံမဏိသူဌေးကြီး အဖြစ်ကျော်ကြားလူသိများသည့် ကာနက်ဂျီကို
သမိုင်းတစ်လျောက် အချမ်းသာဆုံးသူ နံပါတ် (၃) အဖြစ် ပိုင်ဆိုင်မှု
ကန်ဒေါ်လာ ၃၁၀ ဘီလီယံ ဖြင့် သတ်မှတ်ကြပါသည်။
စကော့တလန်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ Carnegie ဟာ
ဆင်းရဲသားမိသားစုဝင်တစ်ဦးဖြစ်ခဲ့ပြီး ၁၈၄၀ ခုနှစ်
နှောင်းပိုင်းကျမှ အမေရိကန်ပြည်ထောင်စုအတွင်း ၀င်ရောက်ခဲ့တာ
ဖြစ်ပါသည်။ လုပ်ငန်းများစွာမှာ ရင်းနှီးမြုပ်နှံခဲ့ပြီးနောက်မှာ
U.S. Steel Corp ကို တည်ထောင်ခဲ့ပါသည်။အာဏာကြီးမားတဲ့
 စက်မှုလုပ်ငန်းရှင်တစ်ဦးဖြစ်ပါသည်။ သူသည်လည်း ပရဟိတ
လုပ်ငန်းများကြောင့် ပိုမိုလူသိများ ကျော်ကြားခဲ့သူတစ်ဦးပါ။
ထို့ပြင် သူ၏ အခက်အခဲများကိုကျော်ဖြတ်ပြီး အောင်မြင်မှု ဘဝ
ကိုတတ်လှမ်းလာပုံများ မှာလည်း နှောင်းလူငယ်များအတွက်
အားကျ အတုယူစရာ စံပြပုဂ္ဂိုလ် တစ်ယောက်ဖြစ်စေပါသည်။


၎။ Nikolai Alexandrovich Romannov (ကန်ဒေါ်လာ ၃၀၀ ဘီလီယံ)
Tsar Nicholas II လို့ လူသိများတဲ့ Nikolai Alexandrovich
Romannov ဟာ ရုရှားတော်လှန်ရေးကာလအတွင်း
နိုင်ငံမပြိုကွဲခင်က နောက်ဆုံးအင်ပါရာအရှင်သခင်
ဖြစ်ခဲ့သူပါ။ သမိုင်းတစ်လျောက် အချမ်းသာဆုံးသူ နံပါတ် (၄)
အဖြစ်ပိုင်ဆိုင်မှု ကန်ဒေါ်လာ (၃၀၀) ဘီလီယံ ဖြင့် သတ်မှတ်ကြပါသည်။
ရုရှားတော်လှန်ရေးအပြီး ၁၉၁၈ ခုနှစ်မှာ သူနဲ့သူ့မိသားစုတစ်ခုလုံးကို
ကွပ်မျက်ခံခဲ့ ရပါသည်။သူနှင့်ပတ်သတ်ပြီး မှတ်မှတ်သားသား တစ်ခု
ကတော့ Russan Orthodox ဘုရားကျောင်းက အသိအမှတ်ပြု
သူတော်စင်တစ်ဦးဖြစ်သဖြင့် သမိုင်းကြောင်းတစ်လျှောက်မှာ အချမ်းသာဆုံး
သူတော်စင်လို့လည်း မှတ်တမ်းရှိကြပါသည်။


၅။ Mir Osman Ali Khan (ကန်ဒေါ်လာ ၂၃၀ ဘီလီယံ)
၁၉၁၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်ပြည်နယ်၏
အုပ်ချုပ်သူ တစ်ဦးဖြစ်ခဲ့သူ Mir Osman Ali Khan မှာ
သမိုင်းတစ်လျောက် အချမ်းသာဆုံးသူ နံပါတ် (၅) အဖြစ်
ပိုင်ဆိုင်မှု ကန်ဒေါ်လာ (၂၃၀) ဘီလီယံ ဖြင့် သတ်မှတ်ကြပါသည်။
ပြည်နယ်ကို ၃၇ နှစ်အုပ်ချုပ်ခဲ့ပြီး ပြည်နယ်အတွက် အကျိုးပြုလုပ်ငန်း
များစွာ လုပ်ပေးနိုင်ခဲ့သူပါ။ ၁၉၆၇ ခုနှစ်တွင် ကွယ်လွန်ခဲ့ပါသည်။


၆။ Jakob Fugger (ကန်ဒေါ်လာ ၂၂၁ ဘီလီယံ)
ဘဏ်သူဌေးကြီးတစ်ဦးဖြစ်သူ Jakob Fugger ကို သမိုင်းတစ်လျောက်
အချမ်းသာဆုံးသူ နံပါတ် (၆) အဖြစ် ပိုင်ဆိုင်မှု ကန်ဒေါ်လာ (၂၂၁)
ဘီလီယံ ဖြင့် သတ်မှတ်ကြပါသည်။ ၁၄၅၉ ခုနှစ်မှာ ဂျာမနီနိုင်ငံ
အော့စ်ဘက်ဂ်မြို့မှာ မွေးဖွားခဲ့ပြီး ၁၅၂၅ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါသည်။
အီတလီ ၊ ဘိုဟီးမီးယား ၊ ဟန်ဂေရီ ကဲ့သို့ နိုင်ငံများတွင် သတ္တုတွင်း၊
ရွှေတွင်း ၊ ငွေတွင်း၊ အထည်အလိပ် နှင့် ကုန်သွယ်မှု လုပ်ငန်းများစွာ
လုပ်ပြီး ချမ်းသာလာသူတစ်ဦးပါ။


၇။ William the Conqueror (ကန်ဒေါ်လာ ၂၀၉ - ၂၂၉ ဘီလီယံ)
၁၀၆၆ ခုနှစ် မှ ၁၀၈၇ ခုနှစ်အထိ အင်္ဂလန်နိုင်ငံ၏ ဘုရင်တစ်ပါး
ဖြစ်ခဲ့သူ William the Conqueror ကို သမိုင်းကြောင်းတစ်လျှောက်
ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ် နံပါတ် (၇) အဖြစ် ပိုင်ဆိုင်မှု ကန်ဒေါ်လာ
၂၀၉ မှ ၂၂၉ ဘီလီယံ အထိရှိလိမ့်မည်ဟု သတ်မှတ်ကြပါသည်။


၈။ Muammar Gaddafi (ကန်ဒေါ်လာ ၂၀၀ ဘီလီယံ)
သူကတော့ သိကြပြီးသား ဖြစ်မှာပါ။ လစ်ဗျားနိုင်ငံ၏ အာဏာရှင်
အဖြစ် ၄၂ နှစ်အုပ်ချုပ်ခဲ့သည့် ဂတ်ဒါဖီ ဖြစ်ပြီး သူ့ကိုလည်း
သမိုင်းကြောင်းတစ်လျှောက် ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ် နံပါတ် (၈)
အဖြစ် ပိုင်ဆိုင်မှု ကန်ဒေါ်လာ ၂၀၀ ဘီလီယံ ဖြင့် ခန့်မှန်းတွက်ချက်
ထားကြပါသည်။ ခန့်မှန်းတွက်ချက်မှုများတွင် ကွဲလွဲမှုများတော့ရှိပါသည်။
သူအကြောင်းကတော့ တရားရစရာ ကောင်းပါသည်။ တိုင်းပြည်ကို
နှစ်ပေါင်းများစွာ အာဏာရှင်အဖြစ်အုပ်ချုပ်ခဲ့သော်လည်း နောက်ဆုံး
တော့ ၀ိုင်းဝန်းဖြုတ်ချမှုကို ခံခဲ့ရယုံမက ၂၀၁၁ ခုနှစ်တွင် ထွက်ပြေး
ပုန်းရှောင်နေရင်း တော်လှန်ရေးသမားများ၏ သတ်ဖြတ်ခြင်းကို
ရုပ်ပျက်ဆင်းပျက် ခံခဲ့ရပါသည်။ သူသေဆုံးချိန်၌ သူ့အနီးတွင်
သူ့ပိုင်ဆိုင်မှုတွေ မရှိခဲ့သလို ထိုတစ်ချိန်က ပိုင်ဆိုင်မှုများကလည်း
သူ၏ အသက်ကို မကယ်တင်နိုင်ခဲ့ပါ။


၉။ Henry Ford (ကန်ဒေါ်လာ ၁၉၉ ဘီလီယံ)
လူသိများသူနောက်တစ်ဦးကတော့ မော်တော်ကားလုပ်ငန်း
သူဌေးကြီး ဟင်နရီ ဖို့ ပါပဲ။ Ford Motor ကုမ္ပဏီကို တည်ထောင်ခဲ့သူ
ဖြစ်ပြီး မော်တော်ကားတွေကိုယနေ့ အထိ များစွာထုတ်လုပ်နေစဲပါ။
သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ရှေ့ဆောင်ပြီး တိုးတတ်အောင်
လုပ်ဆောင်နိုင်ခဲ့သူ ဖြစ်ပြီး သူမရှိပေမယ့် သူ၏လုပ်ငန်းများ ဆက်လက်
ရပ်တည်နေမြဲပါ။ သမိုင်းကြောင်းတစ်လျှောက် ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်
နံပါတ် (၉) အဖြစ် ပိုင်ဆိုင်မှု ကန်ဒေါ်လာ ၁၉၉ ဘီလီယံ ဖြင့်
ခန့်မှန်းတွက်ချက် ထားကြပါသည်။


၁၀။ Cornelius Vanderbilt (ကန်ဒေါ်လာ ၁၈၅ ဘီလီယံ)
၁၈၀၀ ပြည့်နှစ်များတွင် အမေရိကန်နိုင်ငံ၏ မီးရထားလုပ်ငန်း ၊သဘောင်္
လုပ်ငန်းများဖြင့် ချမ်းသာကြွယ်ဝလာသည့် Cornelius Vanderbilt
သည် သမိုင်းကြောင်းတစ်လျှောက် ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်
နံပါတ် (၁၀) အဖြစ် ပိုင်ဆိုင်မှု ကန်ဒေါ်လာ ၁၈၅ ဘီလီယံ ဖြင့်
သတ်မှတ်ကြပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ.................... နေခရမ်း 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...