Sunday, May 19, 2013

အင်္ဂါဂြိုဟ်ပေါ်တွင် တံခါး လက်ကိုင်ပုံစံ တောက်ပသော အရာဝတ္ထု တစ်ခုတွေ့ရှိ


အမေရိကန် အာကာသ အေဂျင်စီ နာဆာ(NASA) အဖွဲ့၏ အင်္ဂါဂြိုဟ် သုတေသနယာဉ် Curiosity သည် တံခါး လက်ကိုင်ပုံစံနှင့် ဆင်တူသော သတ္တုပုံစံ တောက်ပသည့် အရာဝတ္ထု တစ်ခုကို ဓာတ်ပုံ ရိုက်ယူ နိုင်ခဲ့ ကြောင်း သိရသည်။ Curiosity ယာဉ်သည် ရှေ့ခေတ်လူမှု အဖွဲ့အစည်း၏ သက်သေ အထောက်အထား တစ်ရပ်ကို
ရယူနိုင်ခဲ့ခြင်း မဟုတ်သော်လည်း ယင်း အရာဝတ္ထု သည် လေတိုက် စားမှုကြောင့် ယခုကဲ့သို့ တံခါးလက်ကိုင် ပုံစံ ဖြစ်ပေါ်လာသော ကျောက်တုံးတစ်တုံးသာ ဖြစ်ကြောင်း သိပ္ပံပညာရှင် များက ပြောကြား ခဲ့သည်။

ဘီယာ ပုလင်းခွံ ၅ဝဝ,ဝဝဝ ကျော်နှင့် ပြုလုပ်ထားသော ကမ္ဘာ့အကြီးဆုံး အဆောက်အအုံ



အမေရိကန် ပြည်ထောင်စု နီဗားဒါး ပြည်နယ် လက်စ်ဗေးဂတ်စ် မြို့တွင် စွန့်ပစ် ပစ္စည်းများဖြင့် စွန့်ဦး တီထွင်သူ စကော့တ်မက်ခ်ကိုးမ် ဆိုသူ ဗိသုကာ ပညာရှင် တစ်ဦးသည် စွန့်ပစ်ဘီယာ ပုလင်းခွံများဖြင့် တည်ဆောက်ထားသည့် Morrow Royal Pavilion အမည်ရှိ
ကမ္ဘာ့ အကြီးဆုံး အဆောက်အအုံတစ်ခုကို ဆောက်လုပ်ခဲ့သည်။ အဆိုပါ အဆောက်အအုံကို ဧရိယာ အကျယ်အဝန်း ၃ဝဝဝဝ စတုရန်းပေ ရှိသော မြေပြင်ပေါ်တွင် တည် ဆောက် ခဲ့ခြင်းဖြစ်သည်။ စကော့တ်သည် အဆိုပါ အဆောက်အအုံ ကို ဆောက်လုပ်ရာတွင် ပထမ အဆင့် အနေဖြင့် ပေါင်၂၉ဝဝဝဝ အလေးချိန် ရှိသည့် စွန့်ပစ် ဘီယာပုလင်း ၅ဝဝ,ဝဝဝ ကျော်ကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် ကြိတ်ခြေ ခဲ့ပြီး အဆိုပါ အစလေးများကို ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံမှ ထွက်ရှိလာသော မီးခိုး ပြာမှုန့်များနှင့် ပေါင်းစပ်၍ ကွန်ကရစ် အစားထိုး ပစ္စည်းအဖြစ် အသုံးပြုနိုင်ေ သာ Green Stone အမည်ရှိ Composite ပစ္စည်း တစ်မျိုးကို ထုတ်လုပ်ခဲ့သည်။

ကြယ်သီးပေါင်း ၁ ဒသမ ၂သန်းဖြင့် ဖန်တီး ပုံဖော်ထားသည့် ကမ္ဘာ့အကြီးဆုံး ငြိမ်းချမ်းရေး သင်္ကေတ ချိုးငှက်


အဘူဒါဘီ မတ် ၁၁
အာရပ်စော်ဘွားများ ပြည်ထောင်စု UAE အလံ၏ အရောင်များနှင့် အတူ ကြယ်သီး အရေအတွက်ပေါင်း ၁ ဒသမ၂သန်းဖြင့် ဖန်တီး ပုံဖော်ထားသည့် ကမ္ဘာ့အကြီးဆုံး ငြိမ်းချမ်းရေး သင်္ကေတ ချိုးငှက် ပုံကို  ဒူဘိုင်း မြို့တွင်
ဖန်တီးပြုလုပ် ခဲ့ကြောင်းနှင့် ၎င်းချိုးငှက် ပုံကြီးကို ငြိမ်းချမ်းရေးအား နှစ်သက် မြတ်နိုးသည့် နိုင်ငံ တစ်ခုအဖြစ် UAE ၏ ဂုဏ်သတင်းကို ပိုမိုတောက်ပစေ ရန်ရည်ရွယ် ၍  ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ငြိမ်းချမ်းရေး သင်္ကေတ အဖြူရောင် ချိုးငှက်ပုံကြီးသည် ၁၉x၁၉ မီတာရှိပြီး UAE အလံ၏  အရောင်များကို ထည့်သွင်း ပုံဖော်ထားသည်။ ၎င်းချိုးငှက်ပုံကို  ဘာ့ဂ်ျခါ လီဖာ အဆောက် အအုံ၌ မတ် ၁ဝ ရက်တွင် ကျင်းပသည့်  ငြိမ်းချမ်းရေး ကော်မတီ အဖွဲ့အစည်း အခမ်းအနားတွင် ပြသခဲ့သည်။

ပါကစ္စတန်တွင် မျက်လုံးလေးလုံး ပါရှိပြီး ပါးစပ် မပါရှိသည့် ထူးခြားသော ငါးအသေကောင် တွေ့ရှိ


ကရာချိ ဧပြီ ၎
ပါကစ္စတန် နိုင်ငံ ကရာချိ မြို့တော်ရှိ ကလပ်ဖ်တန် ကမ်းခြေတွင် ဧပြီ ၁ ရက်က မျက်လုံးလေးလုံး ပါရှိပြီး ပါးစပ် မပါရှိသည့် ထူးခြား ဆန်းပြားသော ငါးအသေကောင်အား တွေ့ရှိခဲ့ကြောင်း သိရ သည်။
ထို့နောက် ဒေသခံ ပြည်သူ ၁ဝဝ ခန့်သည် ယင်းကမ်းခြေသို့ လာရောက်၍ အစုံစား သတ္တဝါဟု ယူဆရသော ၎င်း ငါးအား တအံ့တသြ ကြည့်ရှုခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်၌ ဖော်ပြ ခဲ့သည်။ ဒေသခံ များသည် ယင်းငါး အသေ တွေ့ရှိမှုအား ဒေသတွင်းရှိ ရဲတပ်ဖွဲ့သို့ အကြောင်း ကြားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့များသည် ၎င်းဧရိယာ တစ်ဝိုက်သို့ အစောင့်အကြပ် များဖြင့် ပိတ်ဆို့ ခဲ့ကြ သည်။

သွားကို အသုံးပြု၍ ကားကိုဆွဲရန် အသက် ၉၂ နှစ်အရွယ် အမျိုးသားကြီး စီစဉ်လျက်ရှိ


နယူးယောက် မေ ၁၅
အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့မှ အသက် ၉၂ နှစ်အရွယ်ရှိ မိုက်ဂရင်းစတိန်း ဆိုသူ အမျိုးသား ကြီးသည် လာမည့် သီတင်းပတ်တွင် ကိုနေးကျွန်း၌ ၎င်း၏ သွားများကို အသုံးပြု၍ ၂၀၀၆ ခုနှစ် မော်ဒယ်လ် ကြေးညိုရောင် Buick La Crosse ကားတစ်စီးကို ဆွဲပြရန် စီစဉ်လျက် ရှိကြောင်း နယူးယောက် နေ့စဉ်ထုတ် သတင်း စာတွင် ဖော်ပြထားသည်။

သားဖွား ဝေဒနာကို အမျိုးသားများ ကြုံတွေ့ ခံစားနိုင်ပြီ


ဝါရှင်တန် မေ ၁၇
အမျိုးသမီးများ သားဖွားချိန်တွင် တွေ့ကြုံ ခံစားရသော နာကျင်မှု ဝေဒနာကို ကိုယ်တိုင် ခံစားကြည့်လိုသည့် အမေရိကန် ပြည်ထောင်စုမှ အမျိုးသား နှစ်ဦးသည် မိခင်များနေ့တွင် သားဖွားမီးယပ် ပါရဂူ
တစ်ဦးဖြစ်သူ ဒေါက်တာ ဂျူလီမာတာနှင့် ဆက်သွယ်၍ ကွန်ပျူတာ လှုံ့ဆော်မှုကို ခံယူကာ အမျိုးသမီးများ ခံစားရသည့် သားဖွား ဝေဒနာကို ခံစား ခဲ့ကြသည်ဟု အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။ အဆိုပါ အမျိုးသား နှစ်ဦးသည် မီချီဂန်ပြည်နယ် ထရွိုင်မြို့မှ ဖြစ်ပြီး ၎င်းတို့သည် သားဖွားမှု ဝေဒနာကို ကိုယ်တွေ့ ခံစားကြည့် ခဲ့ရာတွင် ပထမဆုံး အနေဖြင့် ၎င်းတို့၏ ဝမ်းဗိုက်ေ ပါ်၌ လျှပ်ခေါင်းများကို တပ်ဆင် ခဲ့ရသည်ဟု သိရသည်။

အလင်းရောင်ရှိရာသို့ အလိုအလျောက်သွားနိုင်ရန် အပင်များကို ဒရုန်းတပ်ဆင်ထား


နေရောင်ခြည်ဖြင့် အစာချက်လုပ်နိုင်ရန် အလင်းရောင်ရှိရာသို့ အပင်များကို ပို့ဆောင်ပေးနိုင်သည့် မောင်းသူမဲ့ ယာဉ်အသေးစား ဒရုန်းများကို နယူးဂျာစီတက္ကသိုလ်မှ အနုပညာရှင်များနှင့် အတတ်ပညာရှင်များက စီစဉ်နေကြသည်။ အပင်များကို ဒရုန်းများပေါ်တွင် စိုက်ပျိုးထားသောကြောင့် အလိုအလျောက် ရွေ့လျားသွားလာနိုင်ခြင်းပင်ဖြစ်သည်။ ထို့ပြင်အဆိုပါစနစ်ကို ကွန်ပျူတာကွန်ရက်များဖြင့်ပါ ချိတ်ဆက်ထားသောကြောင့် အပင်များရေလောင်းရန် လိုအပ်လာချိန်တွင် ဥယျာဉ်မှူးကို အလိုလိုအပ်လာချိန်တွင် ဥယျာဉ်မှူးကို အလိုအလျောက် အကြောင်းကြားနိုင်ရန်လည်း စီစဉ်ထားသည်။ ဒရုန်းတွင်တပ်ဆင်ထားသည့် အာရုံခံကိရိယာများသည် အပင်များ၏ လိုအပ်ချက်ကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ပြီး ကွန်ပျူတာများဆီသို့ သတင်းအချက်အလက်များ ပေးပို့နေခြင်းပင်ဖြစ်သည်။ အပင်များနှင့် တွဲဖက်တပ်ဆင်ထားသော စက်ကိရိယာများ အလုပ်အလုပ်နိုင်ရန် နေရောင်ခြည်စွမ်းအင်ကို လုပ်နိုင်ရန် အသုံးပြုထားသည်။ IndaPlantဟု အမည်ပေးထားသော အပင်များကို သိပ္ပံပညာဖြင့် စိုက်ပျိုးသည့် နည်းပညာ စီမံကိန်းအတွက် နှစ်နှစ်ကြာမျှ အချိန်ယူလုပ်ဆောင်ခဲ့ရသည်ဟု ပါမောက္ခ အဲလိဇဘတ်ဒီမာရေးက ရှင်းပြသည်။
 ref:ပြည်မြန်မာ

ကား၁၃စီးကို စီထပ်ထားသည့်ပုံစံ ပန်းပုပညာရှင်များဖန်တီး


တရုတ်နိုင်ငံတွင်တိမ်မြုပ် ပျောက်ကွယ်လုနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သော ပန်းပုလက်ရာ ပုံစံများအနက် ကား၁၃စီးကိုဒေါင်လိုက် တညီတည်း ထပ်ထားသည့် ပုံစံကိုတရုတ် ပန်းပုပညာရှင်များ ဖန်တီးခဲ့ကြသည်။ ထိုသို့ဖန်တီးမှုကို တရုတ်နိုင်ငံ ၀ူဟန်မြို့ဝူဘီပြည်နယ် ၀ူဟန်မြို့ဖန်တီးမှု အနုပညာဥယျာဉ်တွင် ပြသထားခဲ့သည်။
 ref:ပြည်မြန်မာ
Related Posts Plugin for WordPress, Blogger...