Monday, July 24, 2017

ထူးခြားလှပသော ကော်ဖီပန်းချီပုံလေးများ (၄)

ကော်ဖီရည်ကို ပန်းချီဆေးအဖြစ် အသုံးပြုဖန်တီးထားသည့် ပန်းချီပုံများပါ။ Maria A.Aristidou ဆိုသူ အနုပညာရှင်အမျိုးသမီးတစ်ဦး၏ အနုစိတ် လက်ရာမြောက် ဖန်တီးထားမှုများပါ။

ထူးခြားလှပ Body Art ပန်းချီများ (၆)

ဂျပန် အနုပညာရှင်တစ်ဦးဖြစ်တဲ့ Hikaru Cho ရဲ့ သေသပ်ပီပြင်လှသော Body Art ပုံလေးများ ဖြစ်ပါတယ်။

ကမ္ဘာတစ်လွှားမှ လှပဆန်းပြားသော ရေပန်းအလှများ

ကမ္ဘာ့နေရာဒေသ အသီးသီးရှိ လှပသစ်ဆန်းနေသည့် ရေပန်းအလှများကို စုစည်းတင်ပေးပါမည်။ ရေပန်းအလှများကို ကြည့်ပြီး စိတ်ပျော်ရွှင်ကြည်နူးနိုင်ကြပါစေဗျာ...

ဂျပန်နိုင်ငံ အိုဆာကာရှိ တည်ဆောက်ပုံဒီဇိုင်းထူးဆန်းသည့် Nine Floating Fountains ပါ။ လေပေါ်လွင့်မျောနေသလို ရှု့မြင်ရမည် ဖြစ်ပါတယ်။

UAE နိုင်ငံ ဒူဘိုင်းမှာ တည်ရှိသော ရေပန်းကြီးပါ။ ဒီရေပန်းတည်ဆောက်ပြီးချိန်၌ ကမ္ဘာ့အကြီးဆုံးရေပန်းအဖြစ် မှတ်တမ်းအတင်ခံခဲ့ရပါတယ်။

ပင်ဂွင်းငှက်များ သန်းနှင့်ချီရှိနေသော မက်ကွာရီကျွန်း

သြစတြေးလျနိုင်ငံ တောင်ဘက်ပိုင်းရှိ မက်ကွာရီကျွန်းပေါ်တွင် ပင်ဂွင်းငှက်များ နှင့် အခြားသော ပင်လယ်ပျော်ငှက်မျိုးစိတ်များ သန်းနှင့်ချီ တည်ရှိနေပါသည်။ အထူးသဖြင့် ကျွန်းတစ်ခုလုံးတွင် ပင်ဂွင်းငှက်များကို အပြည့်တွေ့မြင်ရမည့် ထူးခြားသည့် ကျွန်းကလေးတစ်ကျွန်း ဖြစ်ပါသည်။

မက်ကွာရီကျွန်းသည် စုစုပေါင်း ဧရိယာ မိုင် ၉၀၀ ခန့်သာရှိပေမယ့် တွေ့ရခဲသော ပင်ဂွင်းမျိုးစိတ် ၄ မျိုးကို တစ်နေရာတည်းတွင် အများအပြား တွေ့ရမည် ဖြစ်ပါသည်။ အထူးသဖြင့် royal penguin မျိုးစိတ် ၈ သိန်းခွဲ ခန့် နှင့် king penguin မျိုးစိတ် ၁ သိန်းခန့်သည် လွတ်လွတ်လပ်လပ် နေထိုင် ကျက်စားနေကြပါသည်။ ထို့ပြင် အခြားသော ပင်ဂွင်းငှက်မျိုးစိတ်များလည်း အများအပြား လာရောက် နေထိုင်တတ်ကြပါသည်။

မက်ကွာရီကျွန်းပေါ်တွင် ပင်ဂွင်းငှက်များစွာ နှင့်အတူ ပင်လယ်ဖျံကြီးများလည်း အတူတကွ နေထိုင်ကြပါသည်။ ထို့အပြင် ပင်လယ်ဇင်ယော်ငှက် မျိုးစိတ်အများအပြားလည်း ထိုကျွန်းပေါ်တွင် နေထိုင်ကြပါသည်။ ထို့ပြင် ကျွန်းပေါ်တွင် ယုံများ ၊ ကြွက်မဲများ ၊ ကြောင် များနှင့်အတူ အခြားသော  တိရိစ္ဆာန်များလည်း နေထိုင်ကြပါသည်။
သြစတြေးလျနိုင်ငံ နှင့် နယူးဇီလန်နိုင်ငံ မှ ငှက်မျိုးစိတ် အများအပြားသည်လည်း ထိုကျွန်းပေါ်သို့ ရောက်ရှိနေထိုင်တတ်ကြပါသည်။ ထိုကျွန်းပေါ်တွင် ပင်ဂွင်းငှက်များ လေးသန်းခန့် အထိ လာရောက်နေထိုင် တတ်ကြကြောင်း ဆိုကြပါသည်။

စပိန်နိုင်ငံ မှ ခရမ်းချဉ်သီးတိုက်ပွဲတော်

သူငယ်ချင်းတို့အတွက် ဒီတစ်ခါ ပျော်စရာကောင်းတဲ့ ပွဲတော်တစ်ခုအကြောင်း တင်ပြပေးပါအုံးမယ်။ ဒါကတော့ စပိန်နိုင်ငံ အရှေ့ပိုင်းရှိ Buñol မြို့လေးမှ နှစ်စဉ်ကျင်းပလေ့ရှိသော ခရမ်းချဉ်သီးများနဲ့ ပစ်ပေါက်ဆော့ကစားတဲ့ ပွဲတော်အကြောင်းပါ။

Buñol မြို့လေးမှာ ထိုကဲ့သို့ ပွဲတော်ကို ၁၉၄၅ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တယ်လို့ ဆိုကြပါတယ်။ ရှေးနှစ်များမှာ ကလေးငယ်များ စတင်ဆော့ကစားခဲ့ကြတယ်ဟု ဆိုကြပြီး နောက်ပိုင်းနှစ်များကျမှ မြို့နေလူထုမှပါ တပျော်တပါး ပါဝင်ဆင်နွဲခဲ့ကြတာပါ။

ယခုအခါမှာတော့ မြို့၏ အထင်ကရပွဲတော်တစ်ခုအဖြစ်ရော ၊ နှစ်စဉ်ကျင်းပလေ့ရှိသော ရိုးရာပွဲတော်အနေဖြင့်ပါ မြို့ခံလူထုအပြင် နိုင်ငံတစ်ဝန်းက ပြည်သူတွေရော ၊ ကမ္ဘာလှည့် ခရီးသည်များပါ တကူးတကလာရောက် ဆင်နွဲလေ့ ရှိကြပါတယ်။
Related Posts Plugin for WordPress, Blogger...