Sunday, July 28, 2013

ဂျပန်နိုင်ငံ၌ သက်ရှည်ပြီး ချမ်းသာစေရန် လက္ခဏာပြုပြင်သူများပြား


လက္ခဏာကို ကြည့်ပြီး အနာဂတ် ဟောကိန်း ထုတ်တာကို ဟိုအရင်ကတည်းက ပြုလုပ်ခဲ့ကြပါ တယ်။ အခုအခါမှာ လက္ခဏာကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်လာတာဟာ ဂျပန်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံမှာ ခေတ်စားနေတယ်လို့ သိရပါတယ်။ အမျိုးသားတွေ အနေနဲ့ ငွေကြေး အောင်မြင်မှု ရရှိစေဖို့ လက္ခဏာလမ်းကြောင်းကို ပြုပြင်တတ်ကြပြီး အမျိုးသမီးတွေ အနေနဲ့ အိမ်ထောင်ရေး အဆင်ပြေစေဖို့ လက္ခဏာ ပြုပြင်ကြတယ်လို့ သိရပါတယ်။ လက်ဖ၀ါးပေါ်မှာ အသားစကို လျှပ်စစ်နဲ့ လောင်ကျွမ်းမှု ပြုလုပ်စေပြီး လက္ခဏာ အရာ ထင်အောင် ပြုလုပ်တယ်လို့ သိရပါတယ်။

ကမ္ဘာ့အမြန်ဆုံး ဒရမ်တီးခတ်သူ စံချိန်သစ်တင်


ကနေဒါလူမျိုး ဒရမ်တီးခတ်သူတစ်ဦးသည် တစ်မိနစ် အတွင်း အချက်ရေ ၁၂၀၈ ချက် တီးခတ်ပြသပြီး ကမ္ဘာ့အမြန်ဆုံး ဒရမ်တီးခတ်သူအဖြစ် စံချိန်သစ်တင်ခဲ့သည်။ တွမ်ဂရိုဆက်အမည်ရှိ အဆိုပါ ဒရမ်တီးခတ်သူသည် တစ်စက္ကန့်လျှင် ပျမ်းမျှအချက် ၂၀ ခန့် ဒရမ်တီးခတ်နိုင်သည်။ ယခင်စံချိန်ဟောင်းကို တွမ်ဂရို ဆက်ကပင် အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်တွင် ပြုလုပ်ခဲ့သည့် အိပ်မက်ပြဇာတ်ရုံ ဂီတပြိုင်ပွဲတွင် တစ်စက္ကန့်အတွင်း အချက်ရေ ၁၂၀၃ ချက်တီးပြကာ စံချိန်တင်ထားခဲ့သည်။ တွမ်ဂရိုဆက်သည် ဂီတသမိုင်းတစ်လျှောက် တစ်မိနစ်အတွင်း အချက် ၁၂၀၀ ကျော် တီးပြခဲ့သော ဒုတိယမြောက်ဂီတပညာရှင်ဖြစ်လာခဲ့သည်။
ref:ပြည်မြန်မာ

မိုင် ၅၀၀၀ ကျော်အကွာအဝေးကို ဗြိတိန်ဟီးရိုးတစ်ကိုယ်တည်းပြေးပြခဲ့


ဗြိတိန်နိုင်ငံသား ဂျာမိန်မက်ဒေါ်နယ်ဆိုသူသည် ကနေဒါနိုင်ငံ တစ်ဝန်း မိုင် ၅၀၀၀ ကျော် အကွာအဝေးကို ကာတွန်း စူပါဟီးရိုး the flash ၀တ်စုံဝတ်ဆင်ကာ တစ်ကိုယ်တည်းပြေးပြခဲ့သည်။ ဂျာမိန်းမက်ဒေါ်နယ်သည် မည်သည့် အဖွဲ့အစည်းအကူအညီမှမပါဘဲ ကနေဒါနိုင်ငံကို ၂၇၅ ရက်ကြာ ဖြတ်ကျော်ပြေးလွှားပြခဲ့သည်။ ၎င်းသည် တစ်နေ့လျှင် မာရသွန်ပြိုင်ပွဲတစ်ခုကဲ့သို့ ပြေးလွှားခဲ့သော်လည်း မောပန်းနွမ်းနယ်ခြင်းမရှိဘဲ ပို၍ လန်းဆန်းတက်ကြွလာခဲ့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

အမေရိကန်စစ်ပြန်၏ အံ့အားသင့်ဖွယ် အိမ်ပြန်ခရီးစဉ်


အာဖဂန်နစ္စတန် စစ်မြေပြင်တွင် ၆လကျော် တာဝန် ထမ်းဆောင်ခဲ့သော အမေရိကန် လေတပ်ဆရာဝန်တစ်ဦး၏ အိမ်ပြန်ခရီးစဉ်သည် မိသားစုအတွက် အံ့အားသင့်ဖွယ် ဖြစ်လာခဲ့သည်။ ကပ္ပတိန် ဟိုင်ရမ်ဘရိုဆန်သည် ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကမ်းခြေ၌ အပန်းဖြေခရီးသွားရောက်လျက်ရှိသော မိသားစုထံ Facebook မှတစ်ဆင့် ဆက်သွယ်စကားပြောစဉ် နောက်တစ်နေ့ နံနက်အစောပိုင်းတွင် ပင်လယ်ကမ်းခြေ၌ တစ်မိသားစုလုံး ရေကူးဆင်းရန် တိုက်တွန်းခဲ့သည်။

ကြီးမားသော နဂါးခေါင်းရုပ်ကြွင်း ဗြိတိန်ကမ်းခြေသို့ ရောက်ရှိလာ


ဘတ်စကားတစ်စီး သာသာ အရွယ် အစားရှိသော နဂါးခေါင်းရုပ်ကြွင်းတစ်ခုသည် အင်္ဂလန်တောင်ပိုင်း ဒိုးဆတ်ဒေသရှိ ချာမောက်ကမ်းခြေသို့ ဆိုက်ကပ်ရောက်ရှိလာခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဘလင့်ဘောက်စ် သတင်းတစ်ရပ်တွင်ဖော်ပြခဲ့သည်။

သတိမေ့သွားသော အမေရိကန်ဒေါက်တာ နိုးထချိန်တွင် ဆွီဒင်ဘာသာစကားသာ ပြောဆိုနိုင်


အသက် ၆၁ နှစ်အရွယ်ရှိ အမေရိကန် လူမျိုး ဆရာဝန်တစ်ဦးသည် ကယ်လီဖိုးနီးယားပြည်နယ် တည်းခိုရိပ်သာတစ်ခု၌ တည်းခိုစဉ် သတိမေ့မြောသွားခဲ့ပြီး နောက် ပြန်လည်နိုးထလာချိန်တွင် အတိတ်မေ့ရောဂါ စွဲကပ်ကာ ဆွီဒင်ဘာသာ စကားကို တစ်လျှောက်လုံး ပြောဆိုခဲ့သည်။ ၎င်းဆရာဝန်သည် တည်းခိုရိပ်သာဧည့်သည်မှတ်တမ်းတွင် မိုက်ကယ်ဘုတ်ဝှစ်အဖြစ် အမည်စာရင်းပေးသွင်းထားပြီးသတိမေ့မြောချိန်တွင် တည်းခိုရိပ်သာတာဝန်ရှိသူများက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
Related Posts Plugin for WordPress, Blogger...