Sunday, May 5, 2013

အမှတ်တမဲ့အလွဲများ ( ၂၈ )

ဒီတစ်ပတ်ရဲ့အမှတ်တမဲ့တွေ့ရတဲ့အလွဲများ လာပါပြီဗျာ...
ကောင်းလိုက်တဲ့သတင်း၊ မဖတ်ပဲကိုမနေနိုင်တာ...ဟီး

အမြင့်ပေ ၂၀ ခန့် ရှည်သော ဒိုင်နိုဆောရုပ်ထုကို ပူစီဖောင်းများဖြင့် ပြုလုပ်


အမေရိကန်နိုင်ငံအရှေ့ပိုင်း ဗာဂျီးနီးယားပြည်နယ်ရှိ အမျိုးသားသမိုင်းပြတိုက်တွင် လာရီမော့စ် ဦးဆောင်သောကျောင်းသား၊ ကျောင်းသူများက အမြင့် ပေ ၂၀ခန့်ရှိသော ဒိုင်နိုဆောရုပ်တု ကို ပူစိဖောင်းများဖြင့် ပြုလုပ် ခဲ့ကြသည်။ ထိုရုပ်တုကို ပြုလုပ်ရန် ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး အစောပိုင်းတွင် ၎င်းနှင့် ကျောင်းသားအခိျု့သာ ပါဝင်ပြုလုပ်မည်ဟု ရည်ရွယ်ခဲ့သော် လည်းနောက်ပိုင်းတွင် ပါဝင်ကူညီသူ ကျောင်းသားဦးရေ ပိုမိုများပြားလာပြီး ပြင်ပမှ စေတနာ့ဝန်ထမ်းများက ၀ိုင်းဝန်းကူညီခဲ့ကြကြောင်း Airigami အဖွဲ့၏ ခေါင်းဆောင် လာရီမော့စ်က ပြောကြားသွားခဲ့သည်။

လူ ၁၀၀၀ ကျော်က ရေကူးဝတ်စုံများဖြင့် ရုရှားတွင် စကိတ်စီးပြခဲ့


ရုရှားနိုင်ငံ ကူဇ်ဘက်စ်ဒေသ ဇယ်လ်ရိုနာယာတောင် တွင် ထောင်နှင့်ချီသောလူထုကြီးက ရေကူးဝတ်စုံများဖြင့် ဧပြီလ၂၀ ရက်နေ့တွင် စုပေါင်းစကိတ်စီးပြခဲ့ကြသည်။ ၎င်းတို့သည် ရေကူးဝတ်စုံဖြင့် လူအများဆုံးစကိတ်စီးပြသည့် ဂင်းနက်စ် စံချိန်တင်ရန် ရည်ရွယ်ထားခဲ့ကြောင်း ထိုစကိတ်စီးပြသည့် အဖွဲ့၏ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကွန်စတန်တင်ကုတ်ရှ်ကင် က အာအိုင်အေနိုဗိုစတီ သတင်းဌာနသို့ ပြောကြားသွားခဲ့သည်။

အမေရိကန်ဖိတ်ခေါ်ဂေါက်ရိုက်ပြိုင်ပွဲကို ခြေသုံးချောင်းနှင့်မိကျောင်းတစ်ကောင် ၀င်ရောက်နှောင့်ယှက်


အမေရိကန်နိုင်ငံ လူစီးယားနားပြည်နယ် နယူးအိုရီလန်းမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် အမေရိကန်ဖိတ်ခေါ် ဂေါက်ရိုက်ပြိုင်ပွဲကျင်းပရာ ဂေါက်ကွင်းအတွင်းသို့ ခြေသုံးချောင်းနှင့် မိကျောင်း တစ်ကောင် ၀င်ရောက်ခဲ့မှုကြောင့် ပြိုင်ပွဲကို ခေတ္တရပ်တန့်ထားခဲ့ရကြောင်း ဧပြီလ၂၆ ရက် နယူးအိုရီလန်း သတင်းတစ်ရပ်တွင် ဖော်ပြသွားခဲ့သည်။

ဖုတ်ကောင်များကဲ့သို့ ၀တ်ဆင်ပြီး ဗြိတိန်စုံတွဲ မင်္ဂလာဆောင်


ဂျနီဖာဂျုံးနှင့် ရော့ဘလက်မိုးအမည်ရှိ ဗြိတိန်စုံတွဲတစ်တွဲသည် ဖုတ်ကောင် များကဲ့သို့ ၀တ်ဆင်ပြီး လန်ဒန်မြို့လယ်၌ ဘုရားရှိခိုးကျောင်းတွင် မင်္ဂလာဆောင် ခဲ့ကြသည်။ အသက် ၃၁ နှစ်အရွယ်ရှိ လီဗာပူးမြို့သား ရော့ဘလက်မိုးသည် ၁၉၈၀ ပြည့်နှစ်အတွင်း ပထမဦးဆုံးထွက်ပေါ်လာသော Zombie ရုပ်ရှင်ကားများကို နှစ်သက်သဘောကျခဲ့ပြီး အသက်၂၇ နှစ်အရွယ်ရှိ ဂျနီဖာကလည်း ဟော်လိုဝင်းပွဲတော်ဝတ်စုံများကို ငယ်စဉ်ကတည်းက နှစ်ခြိုက်သဘောကျခဲ့သည်။

အသက်၈၀အရွယ် အမျိုးသမီးတစ်ဦးကဒေါ်လာ ၅၀၀၀ တန် စိန်ကို မျိုချ

http://www.swesonemedia.org/assets/images/2013/may4/amazing/diamond.jpg
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် တန်ပါမြို့တွင် ဧပြီလ ၂၇ ရက်နေ့တွင် ကျင်းပသည့် ကျောက်မျက်ရတနာပြပွဲတစ်ခု တွင် အသက် ၈၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ဒေါ်လာ ၅၀၀၀တန် စိန်တစ်လုံးကို မထင်မှတ်ဘဲမျိုချမိ ခဲ့သည်။ မိုင်ရမ်ထရက်ကာအမည်ရှိ ထိုအမျိုးသမီးသည် ကျောက်မျက်ရတနာပြပွဲတွင် လာရောက်ကြည့်ရှုစဉ် တစ်ကရက်အလေးချိန်ရှိသော စိန်တစ်လုံးကို မထင်မှတ်ဘဲ မျိုချမိခဲ့ပြီးနောက် ဆရာဝန်များက ယင်းစိန်ကို ပြန်လည်ထုတ်ယူပေးခဲ့ရသည်။
Related Posts Plugin for WordPress, Blogger...