Sunday, May 5, 2013

အမြင့်ပေ ၂၀ ခန့် ရှည်သော ဒိုင်နိုဆောရုပ်ထုကို ပူစီဖောင်းများဖြင့် ပြုလုပ်


အမေရိကန်နိုင်ငံအရှေ့ပိုင်း ဗာဂျီးနီးယားပြည်နယ်ရှိ အမျိုးသားသမိုင်းပြတိုက်တွင် လာရီမော့စ် ဦးဆောင်သောကျောင်းသား၊ ကျောင်းသူများက အမြင့် ပေ ၂၀ခန့်ရှိသော ဒိုင်နိုဆောရုပ်တု ကို ပူစိဖောင်းများဖြင့် ပြုလုပ် ခဲ့ကြသည်။ ထိုရုပ်တုကို ပြုလုပ်ရန် ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး အစောပိုင်းတွင် ၎င်းနှင့် ကျောင်းသားအခိျု့သာ ပါဝင်ပြုလုပ်မည်ဟု ရည်ရွယ်ခဲ့သော် လည်းနောက်ပိုင်းတွင် ပါဝင်ကူညီသူ ကျောင်းသားဦးရေ ပိုမိုများပြားလာပြီး ပြင်ပမှ စေတနာ့ဝန်ထမ်းများက ၀ိုင်းဝန်းကူညီခဲ့ကြကြောင်း Airigami အဖွဲ့၏ ခေါင်းဆောင် လာရီမော့စ်က ပြောကြားသွားခဲ့သည်။
ဒိုင်နိုဆောရုပ်တုများကို ရှေးယခင်ကတည်းက ပူဖောင်းများဖြင့် ပုံဖော်ပြုလုပ်မှုများ ရှိခဲ့သော်လည်း ယခုတစ်ကြိမ်သည် ပထမဦးဆုံးအကြိမ်အဖြစ် အရိုးစုအစစ်၏ ဘေးနား တွင် ပြုလုပ်ကာ ထိုအရိုးစုကို နမူနာယူပြီး ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ref:ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...