Sunday, December 31, 2017

မှတ်ဖွယ်စုံရာ သုတပဒေသာ (၂၅)


ဆန်းဆန်းပြားပြား Toilet အညွှန်းများ (၄)

ယခုတင်ပေးမှာကတော့ Toilet ကျား/မ ခွဲအညွှန်းပုံလေးများပါ။
တွေ့ နေကြမဟုတ်တဲ့ ပုံစံကွဲလေးတွေကိုတွေ့ မြင်ရမှာပါ။
တစ်ချို့ ပုံလေးတွေက ပြုံးချင်စရာလေးတွေပါ...

ပုလင်းခွံများဖြင့် တည်ဆောက်ထားသော ဘုရားကျောင်း

ဘုရားကျောင်းဝင်းအတွင်းရှိ အဆောက်အဦများကို အသုံးပြုပြီးသား ဘီယာပုလင်းခွံများဖြင့်သာ အသုံးပြုတည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ထိုင်းနိုင်ငံအရှေ့မြောက်ဘက် ၊ Sisaket ရှိဘုန်းတော်ကြီးကျောင်းသည် တည်ဆောက်ပုံတစ်မူထူးလှသဖြင့် Wat Lan Kuad (ပုလင်းပေါင်း တစ်သန်းဖြင့် တည်ဆောက်ထားသော ဘုရားကျောင်း) ဟုအမည်ရ ကျော်ကြားလာပါသည်။

ယခုအခါ ထိုဘုရားကျောင်းဝင်း အတွင်း၌ အဆောက်အဦပေါင်း ၂၀ အထိရှိပြီး အဆောက်အဦတိုင်းသည် အသုံးပြုပြီးသား ဘီယာပုလင်း အခွံများဖြင့် ဖန်တီးတည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ဘီယာပုလင်းပေါင်း တစ်သန်းခွဲကျော် အထိစုစည်း တည်ဆောက်ထားပါသည်။

အသုံးပြုသည့် ဘီယာပုလင်းများတွင် အစိမ်းရောင်သည် Heineken ဘီယာပုလင်းအလွတ်များ ဖြစ်ပြီး အညိုရောင်ပုလင်းများသည် ထိုင်းနိုင်ငံထုတ် Chang ဘီယာပုလင်းအလွတ်များ ဖြစ်ပါသည်။

နှင်းပြင်ပေါ်မှ ကြီးမားလှသည့် ပုံကြီးများ

ယခင်ကလည်း သဲသောင်ပြင်ပေါ်မှ လက်ရာမြောက် ပုံကြီးများကို တင်ပြပေးခဲ့သလို ယခုဆောင်းတွင်းဘက်မို့ ရေခဲပြင် နှင်းပြင်ပေါ်မှ ပုံကြီးများကို ထပ်မံတင်ပေးလိုက်ပါတယ်။ ဒီလို သေသပ်ပြီး စကေးကိုက်လှသည့် ပုံကြီးများကို ဖန်တီးသူကတော့ Simon Beck ဟုအမည်ရတဲ့ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။

Thursday, December 28, 2017

ရိုက်ကွင်းပေါ်မှ ဖန်တီးမှုပုံရိပ်များ (၅)

ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားများရဲ့နောက်ကွယ် ရိုက်ကွင်းပေါ်မှ ပုံများနှင့် နောက်ဆုံး နည်းပညာအသုံးပြပြီးချိန်၌ ဖြစ်ပေါ်လာသောပုံများကို နှိုင်းယှဉ်ပြထားခြင်းပါ။ သူတို့ဆီမှာက တကယ်လဲ စွန့်စားအနာခံ ရိုက်ကူးကြသလို အဆင့်မြင့်နည်းပညာများပါ ထည့်သွင်းလိုက်တဲ့အခါ အလွန်ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပေါ်လာကြပါတယ်။ သူတို့ဖန်တီးပုံလေးတွေကို ကြည့်လိုက်ရအောင်ဗျာ…

စိတ်ကူးဆန်းသည့် ပေါင်းစပ် ကာတွန်းပုံလေးများ (၂၆)

Jesuso Ortiz ဆိုတဲ့ပညာရှင်မှ ဖန်တီးထားမှုများပါ။ သူက နေ့စဉ်တွေ့မြင်နေကျ ပန်းပွင့် ၊ သစ်သီးလေးများလို ပစ္စည်းများနဲ့ ရိုးရှင်းသည့်ကာတွန်းပုံလေးများကို ပေါင်းစပ်ဖန်တီးထားခြင်း ဖြစ်ပါတယ်။ သူရဲ့ပုံလေးများက ရှင်းရှင်းလင်းလင်းနဲ့ ချစ်စဖွယ်ကောင်းလှပါတယ်။

Tuesday, December 26, 2017

အမှတ်တမဲ့ အလွဲများ ( ၉၄ )

ဒီတစ်ပတ်အတွက် ပြုံးပျော်ရွှင်နိုင်မယ့် ပုံလေးတွေ ထပ်မံစုစည်းတင်းပေးလိုက်ပါတယ်။ 
ကြည့်ရှု့အားပေးကြပါအုံးခင်ဗျာ...
 
သမ္မတကြီးလည်း မသိဘူး။ အိပ်မှာပဲ။

ကင်မယာထဲလည်း ၀င်သွားပါအုံးမယ်ဗျာ...

ဝူခုန်းဇာတ်ကား ရိုက်ကွင်းပေါ်မှ ပုံရိပ်များ (၂)

ငယ်စဉ်ကတည်းက ကြည့်ခဲ့ရတဲ့ အနောက်သို့ ခရီးသွားခြင်းမှတ်တမ်း ဇာတ်ကားဟာ ကျွန်တော်တို့အတွက်ကတော့ အကြိုက်ဆုံးဇာတ်လမ်းတွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ ယခုအချိန်အထိ နောက်ထပ် ရိုက်ကူးကြတဲ့ ဇာတ်လမ်းတွေ ဘယ်လောက်ကောင်းကောင်း ၊ ကွန်ပြူတာဖန်တီးချက်တွေ ဘယ်လောက်အဆင့်မြင့်မြင့် ငယ်စဉ်က ၀ူခုန်းဇာတ်ကားလောက် အားမရခဲ့တာ အမှန်ပါ။ အခုတင်ပြပေးတဲ့ ပုံလေးတွေက ထိုဇာတ်ကား စတင်ရိုက်ကူးချိန်တွင် ရိုက်ကွင်းပေါ်မှ ဖန်တီးမှု ပုံရိပ်များမှ အချို့ဖြစ်ပါတယ်။ ခေတ်မှီစက်ကိရိယာတွေ ရှားပါးနေချိန်မှာ ကြိုးစားဖန်တီးခဲ့ကြတဲ့ ပုံရိပ်များကို ကြည့်ပြီး တကယ်ကို အံ့သြချီးကျူးရပါတယ်။ ယခင် အပိုင်း (၁) ရဲ့ အဆက်ပေါ့ဗျာ။ သူငယ်ချင်းတို့လည်း ကြည့်ရှု့လိုက်ကြပါအုံးဗျာ….

ကမ္ဘာ့အရှားပါးဆုံးစာရင်းဝင် ကမ္ဘာ့အကြီးဆုံးကြက်တူရွေး Kakapo

နယူးဇီလန်နိုင်ငံတွင်သာ ရှိသော Kakapo ကြက်တူရွေးများကို ကမ္ဘာ့အကြီးဆုံး ကြက်တူရွေးမျိုးအဖြစ် သတ်မှတ်ကြပါသည်။ Kakapo ကြက်တူရွေးများသည် အရွယ်ပမာဏကြီးမားသလို ကမ္ဘာပေါ်တွင် မပျံသန်းနိုင်သော တစ်မျိုးတည်းသော ကြက်တူရွေးမျိုး ဖြစ်ပါသည်။ ကိုယ်ခန္ဓာကြီးမားပေမယ့် အတောင်သေးငယ်သဖြင့် မပျံနိုင်ခြင်း ဖြစ်သလို ထိုကဲ့သို့ မပျံနိုင်ခြင်းကြောင့်လည်း မျိုးတုန်းပျောက်ကွယ်ဖို့ နီးစပ်လာရခြင်းပဲ ဖြစ်ပါသည်။ သို့ပေမယ့် ကမ္ဘာပေါ်တွင် အသက်အရှည်ဆုံး နေထိုင်နိုင်သော ငှက်များတွင် ပါဝင်နေပြီး ပျမ်းမျှသက်တမ်းအားဖြင့် (၉၅) နှစ် အသက်ရှည်ပါသည်။ ကမ္ဘာဦး တိရိစ္ဆာန်မျိုးစိတ်များတွင် ပါဝင်သော ကြက်တူရွေးဖြစ်ပါသည်။ အစိမ်းရောင်ရောရော အရောင်အဆင်းရှိပြီး အသီးအရွက်စား တိရိစ္ဆာန်ဖြစ်ပါသည်။ အရွယ်ပမာဏအားဖြင့် အထီးသည် ၂၄ လက်မအထိရှိပြီး  ၄ ပေါင် နှင့် ၉ ပေါင်ကြား အလေးချိန်ရှိပါသည်။ ယခုအခါ မျိုးတုန်းတော့မည့် အန္တရာယ်ရင်ဆိုင် နေရသည့် ကမ္ဘာ့အရှားပါးဆုံး စာရင်းဝင်ဖြစ်နေပြီး ၂၀၁၂ စာရင်းအရ အကောင်ရေ (၁၂၆) ကောင်သာ ရှိပါတော့သည်။ နယူးဇီလန်အစိုးရသည် Kakapo ကြက်တူရွေးများကို ဘေးမဲ့တောတစ်ခု ဖန်တီးပေးထားပြီး ထိန်းသိမ်းစောင့်ရှောက်ထားပါသည်။

မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၂၂ )

Facebook ပေါ်တွင်တွေ့သမျှနှင့် သူငယ်ချင်းများပို့ပေးထားသော ပုံများကို စုစည်းတင်ပေးလိုက်ပါတယ်။ ပျော်ရွှင်ကြည့်နူးနိုင်ကြပါစေဗျာ...
ဆိုင်နာမည်က လှတယ်နော်...

သကြားမင်း ဖိနပ်ပျောက်နေပြီဟေ့... မှတ်ပလားကွ

Monday, December 25, 2017

ခြံအတွင်းမှ ရေတံခွန် အလန်းလေးများ

မိမိရဲ့ အိမ်ခြံဝန်းအတွင်း လှပတဲ့ ရေတံခွန်လေးများ ၊ ရေပန်းလေးများ ပြုလုပ်လိုသူများအတွက် ပုံလေးတွေ တင်ပေးလိုက်ပါတယ်။ နေရာယူမှု နည်းသလို အကုန်အကျနည်းနည်းနဲ့ စိတ်ပျော်ရွှင်ကြည်နူမှုရစေမယ့် ရေတံခွန်၊ ရေပန်းလေးများ တီထွင်ပြုလုပ်ထားနိုင်ကြပါတယ်။

Saturday, December 23, 2017

ကြက်တူရွေးများ လူစကားတုပ ပြောနိုင်သည့် အကြောင်းရင်းကို တွေ့ရှိ


ကြက်တူရွေးများ စကား ပြောနိုင်သည့် အကြောင်းရင်းကို သိရှိရပြီ ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။
          ကြက်တူရွေးများ၏ ဦးနှောက် အတွင်းတွင် တခြားငှက်များနှင့် မတူ ထူးခြားသည့် ဖွဲ့စည်းပုံ ရှိနေခြင်းကြောင့် လူသား၏ အသံကို တုပ ပြောဆိုနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
            ကြက်တူရွေး ဦးနှောက် လှုပ်ရှားပုံများကို လေ့လာခြင်းဖြင့် လူစကား ပြောဆိုရာတွင် လှုပ်ရှားသော အာရုံကြော လှုပ်ရှားပုံ နည်းလမ်းများကိုပါ သိမြင် လာစေနိုင်ကြောင်း သိရသည်။
            အဆိုပါ သုတေသနကို မြောက်ကာရိုလိုင်းနားရှိ ဒုခ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သုတေသန တွေ့ရှိချက်များကို Public Library of Science ONE ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။

ခိုလောက်သာသာ ခန္ဓာကိုယ်နဲ့ အတောင်ပံပါ ဒိုင်နိုဆော


ခိုတစ်ကောင် လောက်သာသာ ခန္ဓာကိုယ်မှာ အတောင်ပါသော ပျံသန်းနိုင်သည့် ဒိုင်နိုဆောမျိုး တကယ် ရှိခဲ့ကြောင်း တရုတ် ပညာရှင်များက ထုတ်ပြလိုက်သည်။ အစောဆုံး ငှက်မျိုး မပေါ်ခင် ရှေ့ပိုင်းက ပေါ်ခဲ့ခြင်း ဖြစ်သည်။
            ဒိုင်နိုဆော ပျံငယ်ကို တရုတ်လို အီချီဟု အမည် ပေးထားသည်။ လွန်ခဲ့သော နှစ်သန်း (၁၆၀) ခန့်က အသက်ရှင် ကျက်စားခဲ့ခြင်း ဖြစ်သည်။ အစောဆုံး ဆိုသော အာချီယိုတာ ငှက်မျိုးထက် နှစ် (၁၀) သန်းလောက် စောသည်။ အီချီ၏ အတောင်ပံသည် အရိုးများဖြင့် ကွက်ရက်ဖွဲ့ တည်ဆောက်ထားပြီး အရေပြားလွှာဖြင့် အုပ်ထားသည်။
             မျိုးသုဉ်း ပျောက်ကွယ်သွားပြီ ဖြစ်သော ထိုစဉ်က ရှိခဲ့သည့် အကောင်ကြီး ရှူးပျံမျိုး ဖြစ်၏။ အီချီနှင့် သဘောတရား တူသော လင်းနို့များကား နောင်နှစ် သန်း (၁၀၀) လောက်တွင်မှ ပေါ်လာခြင်း ဖြစ်သည်။

ကြွက်ဖိုတွေ သီချင်းဆိုတယ်


ကြွက်ဖိုတွေ သီချင်း ဆိုသည်ဟု သိပ္ပံပညာရှင်များက သက်သေ ပြလိုက်ပြီ။
            ငှက်တွေကဲ့သို့ တီတီတာတာနှင့် သေသေချာချာ သီကျူးသည်ဟု သိရသည်။ အထူးသဖြင့် ကြွက်ဖို များသည်  ကြွက်မများကို ဆွဲဆောင်ရန် သီချင်း ဆိုတတ်ကြသည်။ ကြွက်မလေး မြင်ကွင်းထဲမှာ ရှိရင် အသံ တစ်မျိုးနဲ့ ဆိုသလို၊ မြင်ကွင်းက ပျောက်ပြီး အနံ့လောက်သာ ရသော နေရာမှာ ရှိလျှင်လည်း အသံ နောက်တစ်မျိုးနဲ့ ဆိုတတ်ကြကြောင်း လေ့လာ တွေ့ရှိရသည်။
            အမေရိကန် နိုင်ငံ မြောက်ကာ ရိုလိုင်းနား ပြည်နယ်ရှိ  ဒုခ်တက္ကသိုလ်မှ သုတေသန ပညာရှင်များက ကြွက်ထီးနဲ့ ကြွက်မကို လှောင်အိမ်ထဲ အတူထည့်ပြီး တစ်ကြိမ်၊ ကြွက်မကို ကြွက်ဖို မြင်ကွင်းက ဖျောက်ထားပြီး အနံ့လောက်သာ ပေးထားပြီး တစ်ကြိမ် စမ်းကြည့်သည်။
            ကြွက်ဖို၏ တေးသံသည် ကြိမ်နှုန်း မြင့်လွန်းသဖြင့် လူသားများ နားနှင့် မကြားနိုင်။ အထူး ဖန်တီးထားသော အသံ ဖမ်းစက်များဖြင့်သာ ဖမ်းယူကာ နားဆင်နိုင်သည်။ ကြွက်မကို အနံ့လောက်သာရပြီး မြင်ကွင်းထဲတွင် မတွေ့ရသော အနေအထားတွင် ကြွက်ဖိုသည် အသံကို အမြင့်ဆုံး သီဆိုကာ တေးသံသည်လည်း ရှုပ်ထွေး ခက်ခဲသည်။ အဝေးက ကြက်မကို ဆွဲဆောင်နိုင်ရန် ဖြစ်သည်ဟု ပညာရှင်များက ကောက်ချက်ချသည်။

ငရုတ်သီးတောင့် အစားပြိုင်ပွဲ


  အစားအသောက်  ပြိုင်ပွဲမျိုးစုံ ရှိသည့် အနက် ယခုပြိုင်ပွဲက ပိုထူးခြား နေသည်ဟု ဟြေရမည် ဖြစ်သည်။ တရုတ်နိုင်ငံ  Qiubei အရပ်ဒေသတွင် ပြုလုပ်ခဲ့သည့် အစားအသောက် ပြိုင်ပွဲက ကောင်းမွန်သည့် အစားအစာတွေကို စားရခြင်းမဟုတ်ဘဲ ခွက်အတွင်း ထည့်ထားသော ငရုပ်သီး ကြော်များကို စားပြီး ယှဉ်ပြိုင်ခြင်း ဖြစ်သည်။
           ယင်းပြိုင်ပွဲကို ငရုတ်သီးတောင့် အစား ပြိုင်ပွဲဟု အမည် ပေးထားသည်။ လှော်ထားသော ငရုတ်သီးတောင့် အနီများကို စားရခြင်း ဖြစ်သည်။ ငရုတ်သီးတောင့်ကို ထိုင်ခုံ ပေါ်တွင် တင်ထားကာ ကိုက်စား ရခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်သူ (၃၀) ဦး ရှိသည်။ ငရုတ်သီးတောင့်ကို စားခြင်းသည် လွယ်ကူသည့် ကိစ္စ မဟုတ်ပေ။

မျောက်လိုပြေးပြပြီး စံချိန်သစ်တင်ခဲ့တဲ့ ဂျပန်နိုင်ငံသား


ဂျပန်နိုင်ငံသား ကီနီချီကို မျောက်လူသားအဖြစ် အမည်ပေးထားသည်။ ကီနီချီသည် မျောက်ပုံစံကဲ့သို့ပြေးပြီး စံချိန်သစ် တင်နိုင်ခြင်း ဖြစ်သည်။ ဂင်းနစ်စံချိန် မှတ်တမ်း အထိမ်းအမှတ်အနေဖြင့် ယခင်စံချိန် တင်ထားသူများကို စွမ်းရည်များ ပြသစေခဲ့ရာ ကီနီချီသည်  မီတာ (၁၀၀)ကို မျောက်လိုပြေးရာတွင် (၁၅ ဒသမ  ၇၁ ) စက္ကန့်သာ ကြာမြင့်ခဲ့သည်။ တိုကျိုမြို့တွင် ရှိသည့် ပြေးခုန်ပစ်ကွင်းတွင် မျောက်လိုပြေးပြခဲ့ခြင်း ဖြစ်သည်။ ကီနီချီသည် ယခင်စံချိန်ဖြစ်သော တာမာကိုရှီ၏ ( ၁၅ ဒသမ ၈၆ ) စက္ကန့်ကို ချိုးဖျက်ခဲ့ခြင်း ဖြစ်သည်။ ကီနီချီသည် မျောက်လိုပြေးနိုင်ရန်အတွက် မျောက်များကို လေ့လာခဲ့ပြီး (၉)နှစ် လေ့ကျင့်ခဲ့ရကြောင်း သိရသည်။ ခြေထောက်နှင့်လက်ကို အသုံးပြုပြီး အမြန်ပြေးရသောကြောင့် အခက်အခဲများစွာရှိကြောင်း ကီနီချီက ဆိုခဲ့သည်။
Credit: messengernewsjournal.com

ရှောင်လင် ဘောလုံးသင်တန်းကျောင်း


တရုတ်မင်းသား စတီဖင်ချောင် ပါဝင်သရုပ်ဆောင်ထားသည့်  Shaolin Soccer ဇာတ်ကားကို ကြည့်ရှုဖူး ကြပါလိမ့်မည်။ ယင်းဇာတ်ကားသည် တရုတ်ကိုယ်ခံပညာနှင့် ဘောလုံးကို ပေါင်းစပ် ရိုက်ကူးထားခြင်း ဖြစ်ပြီး၊ လူကြိုက်များခဲ့သည့် ဇာတ်ကားဖြစ်ခဲ့သည်။ ယင်းဇာတ်ကားသည် စိတ်ကူးယဉ်ကားအဖြစ် သတ်မှတ်ခဲ့သော်လည်း ယခုအခါ ရှောင်လင် သင်တန်းကျောင်းတွင် ဘောလုံးပညာကိုပါ သင်ကြားပေးတော့မည် ဖြစ်သောကြောင့် ရှောင်လင် ဆော်ကာသည် လက်တွေ့ဘ၀၌ မြင်တွေ့ခွင့် ရတော့မည် ဖြစ်သည်။
      တရုတ်နိုင်ငံ၊ ဟီနန်ဒေသရှိ ရှောင်လင်သိုင်း ပညာသင်တန်ကျောင်းသည် နိုင်ငံအတွင်း ကိုယ်ခံပညာ သင်ကြားပေးနေသည့် အကြီးဆုံး ကျောင်းများတွင် တစ်ခုအပါအ၀င်ဖြစ်သည်။ ယင်းသင်တန်းကျောင်းတွင် ရှောင်လင်သိုင်းပညာကို သာမက အခြေခံ ဘောလုံးကစားနည်းကိုပါ တွဲဖက်သင်ကြားပေးမည် ဖြစ်သည်။ တရုတ်နိုင်ငံသားများသည် ဘောလုံးအပေါ် စိတ်ဝင်စားမှု ပိုလာသောကြောင့် သိုင်းပညာနှင့် တွဲဖက်သင်ကြားပေခြင်း ဖြစ်ကြောင်း အဆိုပါကျောင်း၏ ကျောင်းအုပ်လျူက ဟြေကြားခဲ့သည်။

ပိန်သလောက် အစားကြီးသူ


နယူးဇီလန်နိုင်ငံသူ ဇစ်ဆာသည် ပိန်သလောက် အစားကြီးသူ ဖြစ်သည်။  ဟမ်ဘာဂါ (၂၂) ခုကို (၁) နာရီအတွင်း စားပြခဲ့သောကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ သည်။  ကယ်လိုရီပေါင်း (၁၂၃၈၆) ကို စားခဲ့ခြင်း ဖြစ်သည်။
        ဇစ်ဆာသည် အလှမယ်ဆု ရရှိထားသူဖြစ်ပြီး အစားအသောက်ကြီးသူအဖြစ် သတ်မှတ်ခံထားရပြီး၊ အစားအသောက် ပြိုင်ပွဲများတွင် ချန်ပီယံဆုများ ရရှိထားသူလည်း ဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း  မြေပဲထောပတ် ဖျော်ရည် (၂၇) ခွက်ကိုလည်း စက္ကန့် (၁၀၀) အတွင်း သောက်ပြခဲ့သည်။ ယင်းနောက်ဇစ်ဆာသည် အင်တာနက်မှတစ်ဆင့် အားလုံးကို စိန်ခေါ်ကာ ဟမ်ဘာဂါ အများအဟြးကို တစ်ချိန်တည်း အများအဟြး စားပြခဲ့ခြင်း ဖြစ်သည်။ ဇစ်ဆာသည် ပထမဆုံး ဟမ်ဘာကို (၄၅) စက္ကန့်အတွင်း စားပြခဲ့သည်။ သို့သော် နောက်ပိုင်းအလုံးများကို တဖြည်းဖြည်းချင်း စားခဲ့ရပြီး ဟမ်ဘာဂါ (၂၂) ခုကို တစ်နာရီအတွင်း စားပြသွားခဲ့သည်။ ဇစ်ဆာသည် ၂၀၁၃ တွင် အလှမယ်ဆုကို ရယူခဲ့ပြီးနောက် အစားအသောက် ပြိုင်ပွဲများကို ၀င်ရောက်ပြီး စံချိန်များ တင်ရှိခဲ့ခြင်း ဖြစ်သည်။ မော်ဒယ်အများစုသည် အစားအသောက်ကို ထိန်းစားလေ့ရှိသော်လည်း ဇစ်ဆာကမူ အစားအသောက်ကို ခုံမင်ခဲ့သည်။ ဇစ်ဆာက အစားစားခြင်းကြောင့် ၀လာသည်ကို မယုံကြည်ကြောင်း ဟြေကြားခဲ့သည်။ ဇစ်လာက အစားအသောက်ပြိုင်ပွဲ မ၀င်ရောက်မီ ၀မ်းဗိုက်ကို ရှင်းထားလေ့ရှိကြောင်း ဆိုခဲ့သည်။
Credit: messengernewsjournal.com

ဒေါ်လာ (၁၆) သန်းတန် ကျောက်တုံး


 ကျောက်တုံးတစ်တုံး၏ တန်ဖိုးသည် ဒေါ်လာ (၁၆) သန်းနီးပါး ရှိနေသောကြောင့် အံ့အားသင့်ကောင်း သင့်နေပါလိမ့်မည်။ ယင်းကျောက်တုံးသည် သာမန်အမြင်ဖြင့် ကြည့်ပါက လမ်းဘေးတွင် တွေ့ရသည့် ကျောက်တုံးအဖြစ်သာ ယူဆထား ကြပါလိမ့်မည်။ သို့သော် ယင်းကျောက်တုံးကို ပညာရှင်တွေက တွက်ချက်ခဲ့ရာတွင် တန်ဖိုးအားဖြင့် ဒေါ်လာ ( ၁၅ ဒသမ ၇) သန်း ရှိနေကြောင်း သိရသည်။ ယူနန်ဒေသတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ကျောက်တုံးကို မီဒီယာများအား ခေါ်ယူပြသခဲ့ပြီးနောက် ရှင်းလင်း ပြောကြားမှုများ ပြုလုပ်ခဲ့သည်။ ကျောက်တုံးပိုင်ရှင် ပန်က ယင်းကျောက်တုံး၏ အလေးချိန်သည် တစ်ကီလိုဂရမ်အထိ ရှိသည်။  ယင်းကျောက်တုံးသည် တရုတ်မိဖုရား Dowager Cixi သေဆုံးပြီးနောက် ပါးစပ်ထဲကို ထည့်ခဲ့သော အဖိုးတန် ကျောက်မျက် ရတနာ၏ (၇)ဆ နီးပါးခန့်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။
      ကျောက်တုံးပိုင်ရှင်ပန်က ယင်းကျောက်တုံးသည် မိသားစု၏ အမွေအနှစ် ဖြစ်ကြောင်း၊ မိမိတို့ မိသားစုအနေဖြင့် ယင်းကျောက်တုံးကို လျှို့ဝှက်စွာ ထိန်းသိမ်းခဲ့ကြောင်း၊ မိမိအနေဖြင့် ကျောက်တုံး၏ တန်ဖိုးကို ပြီးခဲ့သည့် သြဂုတ်လအထိ မသိရှိရကြောင်း၊ ရှန်ဟိုင်းနှင့် ဘေဂျင်းတွင် ရှိသည့် ပညာရှင်များ၏ တွက်ချက်မှုကြောင့် တန်ဖိုးကို သိခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းကျောက်တုံးသည် မိုးကြိုးသွားကျောက်ဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း သန်း (၁၀၀) ကျော်ရှိနေခြင်း ကြောင့် ဒေါ်လာသန်းနှင့်ချီ တန်နေခြင်း ဖြစ်ကြောင်း သိရသည်။
Credit: messengernewsjournal.com

အရိုးတွေ သန်မာဖို့ လက်ဖက်ရည်ကြမ်း သောက်ကြစို့


တစ်နေ့ လက်ဖက်ရည် တစ်ခွက်သောက်ခြင်းသည် အရိုးပွပြီး အရိုးကျိုးနိုင်ခြေကို သုံးပုံတစ်ပုံ လျော့ကျသွားစေကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။
          အထူးသဖြင့် သကြား၊ နို့တို့နှင့် ရောစပ်ခြင်း မရှိသော လက်ဖက်ရည်ကြမ်း စစ်စစ်သည် အာနိသင် အရှိဆုံးဟုလည်း သိရသည်။ လက်ဖက်ရွက် ထဲတွင်ပါသော ဖလေဗာနွိုက်ဓာတ်သည် အရိုးမပွအောင် ထိန်းပေးနိုင်စွမ်း ရှိသည်။ လက်ဖက်ရည်ကြမ်းသည် ကင်ဆာ၊ နှလုံးစသည့် အဓိက ရောဂါကြီးများ ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်စွမ်း ရှိကြောင်း သိပ္ပံပညာရှင်များက ထောက်ပြထားပြီး ဖြစ်သည်။ ယခုတစ်ဖန် အရိုးကိုပါ သန်မာစေနိုင်ကြောင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဆယ်ကျော်သက်အရွယ် ကိုယ်ဝန် အများဆုံးရှိရာနိုင်ငံ


ဂွါတီမာလာသည် ဆယ်ကျော်သက်အရွယ် ကိုယ်ဝန် အများဆုံးရှိရာ နိုင်ငံအဖြစ် သတ်မှတ်ခံထားရသည်။ ၂၀၁၄ က ကောက်ယူခဲ့သော စစ်တမ်းများအရ  ဂွါတီမာလာ နိုင်ငံတွင် အသက် (၁၄)နှစ်အောက် ကိုယ်ဝန်ဆောင်ထားသည့် အမျိုးသမီး အရေအတွက်သည် (၅၁၀၀) ကျော်အထိ ရှိနေကြောင်း သိရသည်။ ထို့ကြောင့် စိုးရိမ်ထိတ်လန့်စရာ အခြေအနေကို ရောက်ရှိနေပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး (၄) ပုံ ( ၁) ပုံသည် ဆယ်ကျော်သက် အရွယ်များ ဖြစ်နေပြီး အသက် (၁၀) နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး အများအပြားလည်း ရှိနေကြောင်း သိရသည်။
ဆယ်ကျော်သက် အရွယ် အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်း၊ မုဒိမ်းကျင့် ခံရခြင်း စသည့် အချက်များကြောင့် ကိုယ်ဝန်ဆောင်နူန်း များပြားနေခြင်း ဖြစ်သည်။ ကိုယ်ဝန်ဆောင်ထားသည့် ဆယ်ကျော်သက်အရွယ် အမျိုးသမီး အများစုသည် ဆွေးမျိုးသားချင်း ဖြစ်သည့် ဦးလေး၊ မောင်နှဝမ်းကွဲတို့၏ စော်ကားမူကို ခံနေရပြီး အဖေအမည် ဖော်နိုင်ခြင်း မရှိသည့် ဖြစ်ရပ်များလည်း ရှိနေသည်။

ဥယျာဉ်မှူးတစ်ဦး၏ စိတ်ကူးပုံဖော် အစွမ်းပြမှု

အဝေးအမြင့်အရပ်မှ ကြည့်လျှင် ဥယျာဉ်အတွင်း မြတ်ခင်းစိမ်းစိမ်းပေါ်၌ ရွှေရောင်အဆင်းဖြင့်ကြီးမားလှသော နဂါးကြီးများ၊ အဆောက်အဦးကြီးများကို သစ်ရွက်ခြောက်ကြွေများဖြင့် ဖန်တီးပုံဖော်ထားမှု ဖြစ်ပါသည်။

 တရုတ်နိုင်ငံ ၊ ချန်ဒူးမြို့ရှိ ဥယျာဉ်တစ်ခုမှ ဥယျာဉ်မှူးတစ်ဦးသည် မိမိစိတ်ကူးဖြင့် ရွှေရောင် Gingko သစ်ရွက်ခြောက်ကြွေများကို လိုသလိုစုပုံပြီး ပုံဖော်ပြသမှု ပြုခဲ့ပါသည်။ ဥယျာဉ်မှူး Yang Guangting သည် အနုပညာနှင့် ပတ်သတ်ပြီးသီခြားသင်ကြားခဲ့မှု မရှိခဲ့ဘူးသော်လည်း မိမိမြင်တွေ့ဖူးသည့် အဆောက်အဦများ ၊ ရုပ်ပုံများကို သစ်ရွက်ခြောက်များဖြင့် ပုံဖော်ခဲ့ခြင်း ဖြစ်ပါသည်။

ပြောင်းဖူးများဖြင့် တည်ဆောက်ထားသော ရွှေရောင်ခြံဝင်း

အိမ်တစ်ခုလုံးသာမက ခြံဝန်းတစ်ခုလုံးရှိ အရာဝတ္ထုတိုင်းကို ပြောင်းဖူးများဖြင့် ပုံဖော်ဖန်တီးထားခြင်း ဖြစ်ပါသည်။ ထိုခြံအိမ်လေးကတော့ တရုတ်နိုင်ငံ အရှေ့မြောက်ဘက် Jilin ပြည်နယ် ၊ Shulan မြို့ရှိ Erhe ရွာကလေးတွင် Liu Hongcai ဆိုသည့် လယ်သမားတစ်ဦးမှ စိတ်ကူးပုံဖော် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ ပြောင်းဖူးပေါင်း ၂၀ ၀၀၀ ကျော်ကို အသုံးပြုထားပြီး ၄၈ စတုရန်းမီတာ အကျယ်ရှိ အိမ်တစ်လုံး ၊ ရေတွင်းပုံစံ ၊ ကျောက်ကြိတ်စက်ပုံစံ နှင့် ခြံစည်းရိုးများကို တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ ရွှေရောင်ခြံဝင်းလေးဟု အမည်ပေးထားပြီး တကယ်လူနေထိုင်ဖို့ထက် ပြောင်းဖူးများဖြင့် ဖန်တီးထားမှုအစွမ်းကို ပြသလိုသည့်အတွက် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။

ဖူဆယ်ဘောလုံးကွင်း အတိုင်းအတာပမာဏများ

ဖူဆယ်ဘောလုံးကွင်းရဲ့ အတိုင်းအတာများကို မေးထားတဲ့သူများအတွက် တင်ပေးလိုက်ပါတယ်။ ဖူဆယ်ကွင်းတွေက အကြီးအသေး ပုံစံစုံရှိတတ်ကြလို့ စံဖြစ်မယ့် ပုံစံများကို စုစည်းတင်ပေးလိုက်ပါတယ်။

Tuesday, December 19, 2017

ကမ္ဘာ့အကြီးဆုံး အဆောက်အဦကြီး

ကမ္ဘာပေါ်တွင် အောက်ခြေဧရိယာ အကျယ်ပြန့်ဆုံး နှင့် အကြီးဆုံးအဆောက်အဦကြီးမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ချန်ဒူးမြို့တွင် တည်ရှိပါသည်။ New Century Global Center ဟုအမည်ရသည့် ထိုအဆောက်အဦကြီးသည် အမေရိကန်နိုင်ငံမှ ပင်တဂွန် စစ်ဌာနချုပ်ထက် သုံးဆကြီးပါသည်။ ထို့အပြင် Sydney  Opera Houses ကဲ့သို့ အဆောက်အဦးပေါင်း ၂၀ တိတိ အတွင်း၌ တည်ဆောက်နိုင်အောင် ကြီးမားကျယ်ပြန့်လှပါသည်။

ထိုအဆောက်အဦကြီးသည် အမျိုးအစားစုံသော အရာများ ပေါင်းစုပါဝင် တည်ဆောက်ထားခြင်း ဖြစ်ပြီး အတွင်း၌  ရုပ်ရှင်ရုံ ၊ ဟိုတယ် ၊ စီးပွားရေး စင်တာများ ၊ တက္ကသိုလ် အဆောက်အအုံ တစ်ခု၊  အစည်းအဝေး ခန်းမများ၊  ရုံးခန်းများ ၊ ဈေးဝယ် စင်တာများ ရှိသည့်အပြင် အနားယူ အပန်းဖြေနိုင်ရန် ကမ်းခြေအတု၊ ရေပန်းဥယျာဉ်၊ ရေတံခွန်များနှင့် ရေကြောင်းဆိုင်ရာ ပြတိုက်များ နှင့် နှင်းလျောစကိတ်စီးကွင်း ကိုပါထည့်သွင်း တည်ဆောက်ထားပါသည်။

ထို အဆောက်အဦးကြီးသည် အမြင့် ၁၀၀ မီတာ (၃၃၀ ပေ) ရှိပြီး ၊ အရှည် မီတာ ၅၀၀ (၁၆၀၀ ပေ) နှင့် အကျယ် ၄၀၀ မီတာ (၁၃၀၀ ပေ) အထိ ရှိပါသည်။ ကြမ်းခင်း ဧရိယာစုစုပေါင်း အကျယ်မှာ ၁ ၇၀၀ ၀၀၀ စတုရန်းမီတာ (၁၈ ၀၀၀ ၀၀၀ စတုရန်းပေ) အထိ ရှိပါသည်။ ၂၀၁၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၃ ခု ဇူလိုင်လ ၁ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။

သဘာဝအလှအပများနှင့် သမိုင်းတန်ဖိုးများ တည်ရှိရာ ရသေ့ပျံလှိုဏ်ဂူကြီး

ကရင်ပြည်နယ်ရှိ လှိုဏ်ဂူများသည် အခြားဒေသမှ လှိုဏ်ဂူများနှင့် မတူညီသည့် အချက်တစ်ခုမှာ သမိုင်းဆိုင်ရာ တန်ဖိုးများပင် ဖြစ်ပါသည်။ ထိုအထဲကမှ ယခုအခါ ခရီးသွားအများ စိတ်ဝင်စား သွားရောက် လည်ပတ်တတ်ကြပြီး ၊ သမိုင်းဆိုင်ရာတန်ဖိုးများနှင့်အတူ သဘာဝအလှအပများပါ ပေါများစွာ တည်ရှိနေသည့် ရသေ့ပျံလှိုဏ်ဂူကြီးအကြောင်း တင်ပြပေးပါမည်။

ရသေ့ပျံလှိုဏ်ဂူသည် သံလွင် မြစ်အနောက်ဖက်ကမ်း သံလွင်တံတားမှ ကော့ဂွန်းဂူသို့ သွားသည့် လမ်းပေါ်တွင် ရသေ့ပျံကျေးရွာအနီး တည်ရှိနေပါသည်။ ဘားအံမြို့နှင့် သံလွင်မြစ်ခြားကာ တစ်ဖက်ကမ်းတွင် တည်ရှိနေပြီး ဘားအံမြို့မှ ၈ မိုင်ခန့်ဝေးပါသည်။ ရသေံပျံဂူ နှင့် ကော့ဂွန်းဂူတို့သည် နီးကပ်လျက် တည်ရှိနေကြပြီး ရသေ့ပျံဂူကို ကျော်ပြီးမှ ကော့ဂွန်းဂူသို့ ရောက်ရှိမည် ဖြစ်ပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ၁၁၆ ပေ အမြင့်တွင် တည်ရှိနေသည့် ထုံးကျောက်လှိုဏ်ဂူကြီး ဖြစ်ပါသည်။ မြေပြန့်လွင်ပြင်တွင် ထိုးထွက်နေသည့် ကျောက်တောင်များတွင် ဖြစ်ပေါ်နေသော သဘာဝလှိုဏ်ဂူ ဖြစ်သလို လှိုဏ်ဂူအရှည်အားဖြင့် (၄၃၃ မီတာ) ပေ ၁၄၂၀ ခန့် ရှိပါသည်။ တိုင်းတာမှတ်တမ်းတင်ပြီးသော မြန်မာပြည်ရှိ လှိုဏ်ဂူများတွင် နံပါတ် (၃၀) မြောက် အရှည်ဆုံး ဖြစ်ပြီး ၊ ကရင်ပြည်နယ်မှ ဂူများတွင် တတိယမြောက် အရှည်ဆုံး လှိုဏ်ဂူ ဖြစ်ပါသည်။

Monday, December 18, 2017

နှစ် ၄၀ ကြာ သစ်တောတစ်ခု ပြန်လည်ဖန်တီးပေးခဲ့သူ

ယခုအခါ အသက် ၈၀ ကျော်နေပြီဖြစ်သော ဘရာဇီးနိုင်ငံမှ Antonio Vicente သည် နှစ်ပေါင်း ၄၀ ကျော်ကြာအောင် သစ်တောတစ်ခုပြန်လည်ဖြစ်ပေါ် လာစေရန် ပြုလုပ်ပြခဲ့ပါသည်။ ထိုကဲ့သို့ ပြုလုပ်ခဲ့ရသည့် ထိုအဘိုးအို၏ ရည်ရွယ်ချက် နှင့် ဇွဲသတ္တိမှာလည်း လေးစားအတုယူစရာ ကောင်းလှပါသည်။

ဘရာဇီးနိုင်ငံတွင် သစ်တောမြေများကို ခုတ်ထွင်ရှင်းလင်းကာ မြေယာများ အများအပြား ဖော်ထုတ်ခဲ့ကြပါသည်။ ထို့ကြောင့် စိမ်းလန်းစိုပြေလှသော မိုးရာသီသစ်တောများ ကွယ်ပျောက်ခဲ့ရကာ တောရိုင်းတိရိစ္ဆာန်များ နှင့် ရေအရင်းအမြစ်များလည်း ကွယ်ပျောက်ခဲ့ရပါသည်။ ထို့ကြောင့်ပင် ၁၉၇၃ခုနှစ်၌ အသက်၄၀အရွယ် ရောက်ပြီဖြစ်သော Antonio Vicente သည် သူပိုင်သည့် ငွေများဖြင့် ဆော်ပေါ်လိုမြို့အစွန်အဖျားက မြေ ၃၁ဟက်တာကို ၀ယ်ယူကာ သစ်ပင်တွေ စတင်စိုက်ပျိုးခဲ့ပါသည်။

တကယ်တော့ သူမြေတွေဝယ်ပြီး သစ်ပင်တွေစိုက်ပျိုးသည်မှာ သစ်ပင်တွေကို ပြန်လည်ရောင်းချရန်လည်း မဟုတ်ဘဲ စိမ်းလန်းစိုပြေသော သစ်တောတစ်ခု ဖြစ်ပေါ်လာစေရန်တာ ရည်ရွယ်ခဲ့ခြင်း ဖြစ်ပါသည်။ သူ၏ အပေါင်းအသင်းများက သူ့အား သီးပင်စားပင်များ စိုက်ပျိုါ်ရောင်းချရန် ၊ မွေးမြူရေးလုပ်ငန်းလုပ်ရန် ၀ိုင်းဝန်းတိုက်တွန်းကြပြီး သူ၏ယခုလုပ်ရပ်မှာ ရူးနှမ်းသော အလုပ်အဖြစ် ပြောဆိုကြပါသည်။

Friday, December 15, 2017

ဆန်းဆန်းပြားပြား စာကြည့်တိုက်ဟော်တယ်

ကမ္ဘာတစ်ဝှမ်း စာပေချစ်သူများ နှင့် စာဖတ်ဝါသနာပါသူများကြားတွင် နာမည်ကျော်ကြားလာသည့် စာကြည့်တိုက်ပုံစံ ဖွဲ့စည်းထားသော ဟော်တယ်တစ်ခုကို ပေါ်တူဂီနိုင်ငံ၌ ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပါသည်။

ဟော်တယ်တစ်ခုလုံး၏ နံရံများကို စာအုပ်စင်များ အဖြစ်ဖန်တီးကာ ဘယ်နေရာသွားသွား စာအုပ်များ တွေ့မြင်ဖတ်ရှု့နိုင်ရန် ပြုလုပ်ထားပါသည်။ ထိုဟော်တယ်မှာ The Literary Man Óbidos Hotel ဟုအမည်ရပြီး ပေါ်တူဂီနိုင်ငံ ၊ Obidos မြို့၏ နှစ် ၇၀၀ ခန့်သက်တမ်းရှိပြီဖြစ်သော အလယ်ခေတ် ကျေးရွာလေးတွင် ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။

ယခင်ကလည်း ကမ္ဘာတစ်ဝှမ်းတွင် စာကြည့်တိုက်ပုံစံ ဟော်တယ်များ ဖွင့်လှစ်ထားကြပေမယ့် ယခုဟော်တယ်လေးသည် စာအုပ်အရည်အတွက် အများဆုံး ဖြစ်လာကြောင်း သိရှိရပါသည်။ စတင်ဖွင့်ကာစက စာအုပ်ပေါင်း ၁၀ ၀၀၀ ကျော်ဖြင့် စတင်ခဲ့ပေမယ့် ယခုအခါ ၅၀ ၀၀၀ ကျော်လာပါပြီ။ ထပ်မံပြီး စုဆောင်းလှူဒါန်းမှုများကြောင့် နှစ်မကုန်မှီ စာအုပ်ပေါင်း ၁၀၀ ၀၀၀ ကျော်ရန် ရည်မှန်းထားကြပါသည်။

Thursday, December 14, 2017

ကျောက်ခဲလေးများဖြင့် ဖန်တီးထားသော ပုံလေးများ (၆)

တွေ့မြင်နေကျ ပုံစံမျိုးနှင့်မတူပဲ သဘာဝ ကျောက်ခဲလေးများကို နေရာတကျ စုစည်း၍ ရုပ်ပုံလေးများဖြစ်လာအောင် ဖန်တီးပုံဖော် ထားမှုများပါ။ စိတ်ကူးဆန်းသစ်သလို သဘာဝအတိုင်းရှိနေသည့်
ကျောက်ခဲပုံစံမျိုးစုံကို အစီအစဉ်တကျ ပုံဖော်ထားသိုနိုင်မှုဟာ လေးစားစရာပါ။

Wednesday, December 13, 2017

ဂျပန်လူမျိုးများ၏ ထူးထူးခြားခြား တီထွင်မှုများ (၃)

ဒီတစ်ခါလည်း သူငယ်ချင်းတို့အတွက် နားလည်ရခက်တဲ့ တီထွင်ထုတ်လုပ် ရောင်းချသည့် ပစ္စည်းလေးများကို တင်ပြပေးထားပါတယ်။ တစ်ချို့ပစ္စည်းလေးများဟာ တကယ်ကို အသုံးဝင်နိုင်ပေမယ့် တစ်ချို့အရာများကတော့ လိုအပ်တာထက် နည်းနည်းပိုနေသလို ဖြစ်နေပါတယ်။ ဒီပစ္စည်းများရဲ့ အများစုကို ဂျပန်နိုင်ငံက ထုတ်လုပ်တာ ဖြစ်ပေမယ့် ရှာဖွေစုစည်းလို့ရသမျှ အခြားနိုင်ငံက ပုံကလေးများကိုပါ ပေါင်းထည့်ပေးလိုက်ပါတယ်။

အလုပ်များလို့ ထိုင်ရင်း အိပ်ငိုက်တတ်သူများအတွက် အစဉ်ပြေပါတယ်။  ဒါပေမယ့် ယောင်ပြီး လမ်းထလျောက်မယ်ဆိုရင်တော့ မလွယ်ပါဘူးဗျာ။

သားသားမီးမီးတို့အတွက် ပုံစံဆန်းတဲ့ မိုးကာထီးလေးပါ။
Related Posts Plugin for WordPress, Blogger...