ခန္ဓာကိုယ်ပြင်ပတွင် နှလုံးရောက်ရှိလျက် မွေးဖွားခဲ့ပြီး
အသက်ရှင်သည့် ကလေးငယ်
ဒီခွဲစိတ်မှုကို မစခင်တင် ကျွန်မက ကလေးရဲ့ မိသားစုကို
ပြောခဲ့တယ်။ သူအသက်ရှင်မယ်ဆိုရင် တကယ့် မယုံနိုင်စရာ ဖြစ်စဉ်ပဲလို့လေ.....။
ခန္ဓာကိုယ် အပြင်ဘက်တွင် နှလုံးရောက်ရှိနေပြီး မွေးဖွားလာသည့် ကလေးငယ်များအနက်
ရိုင်ယန်မားကွစ်သည် ပထမဆုံး အသက်ရှင် ကြီးပြင်းသူ ဖြစ်လာခဲ့ကြောင်း သိရှိရသည်။
ရိုင်ယန်ကို ဖွားမြင်ချိန်က ၎င်းသည် အသက်ရှင်ခွင့်ရရန် မျှော်လင့်ချက် မရှိတော့ဟု
ဆရာဝန်များက ယူဆထားခဲ့သည်။ အလွန်ရှားပါးသည့် ectopia cordisဖြစ်စဉ်ကြောင့်
ရိုင်ယန်၏ နှလုံးသည် မွေးကတည်းက ခန္ဓာကိုယ် အပြင်ဘက်တွင် ရှိနေခဲ့သည်။