Wednesday, November 30, 2016
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ ( ၁၁ )
သူငယ်ချင်းတို့ ကိုဒီတစ်ခါ တင်ပြချင်တာက အာဏာရှိသူ
အဖြစ်အပျက်ကိုပါ။
      တတိယမြောက် နပိုလီယံ
၁၈၅၁ ခုနှစ်။တတိယမြောက် နပိုလီယံ အာဏာသိမ်းယူစဉ်
အချိန်မှာပါ။လုပ်ပိုင်ခွင့်အာဏာ အပြည့်ရှိသူအမတ်ကြီး
ကောင်ဒီစိန့် အာနော့ တစ်ယောက်ချောင်းဆိုးတဲ့ရောဂါ အပြင်း
အထန်ခံစားနေရပါတယ်။တာဝန်တွေ အရေးကြီးနေချိန်မှာ
မခံမရပ်နိုင်အောင်ချောင်းဆိုးနေသဖြင့် သူဟာအလွန်ကိုဒေါသထွက်
စိတ်ပျက်နေပါတယ်။
တိုက်ဆိုင်စွာပဲ အဲဒီအချိန်မှာချောင်းဆိုးလွှန်းလို့ စိတ်ဆိုးနေတဲ့
အမတ်ကြီးက ''သေခြင်းဆိုးချောင်း ''('' Ma sacree toux!'')  လို့ 
ကိုယ့်ဟာကိုယ် ကြိမ်ဆဲလိုက်ပါတယ်။
အဲဒီအသံကို လက်ထောက်အမတ်က ''Massacrez tous''ကြားသွား
ပါတယ်။အဓိပ္ပာယ်ကတော့ ''လူတိုင်းကို သတ်ပြစ်လိုက်''ပါတဲ့။
အသံထွက်ကလည်း ဆင်တာကိုး။
တရုတ်နိုင်ငံမှ ကျောက်တောင်တောအုပ်ကြီး
ယခင်က ကမ္ဘာ့အကြီးဆုံး ကျောက်တောင်တောအုပ်ကြီး ဆိုပြီး
တင်ပေးခဲ့ဖူးပါသည်။ယခုလည်း တရုတ်နိုင်ငံမှာ ရှိသည့်
ကျောက်တုံး၊ကျောက်တောင်များမှ သစ်တောအုပ်ကဲ့သို့
ထိုးထိုးထောင်ထောင်နှင့် ဖြစ်နေသည့် နေရာတစ်ခုကို တင်ပြ
ပေးပါမည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကြီးမားလှသည့် ကျောက်တောင်
အစုအဝေးများကို Stone Forest ဟုအမည်ပေးထားကြပါသည်။
လွန်ခဲ့သော နှစ်သန်းပေါင်း ၂၇၀ ကတည်းက ရေတိုက်စားမှုများကြောင့်
ထုံးကျောက်အမျိုးအစား ကျောက်တောင်များသည် ကျောက်စက်မိုးမျှော်
များကဲ့သို့ ကောင်းကင်သို့ ထိုးထိုးထောင်ထောင် ဖြစ်နေကြပါသည်။
သစ်တောအုပ်ကဲ့သို့ ကျောက်တုံးကျောက်တောင်များသာ စုစည်းပြီး
ကျန်ရစ်ဖြစ်တည်နေခြင်း ဖြစ်ပါသည်။
Tuesday, November 29, 2016
လှပဆန်းပြားသော အိမ်တွင်းအလှဆင်မှုများ (၂)
လှပဆန်းပြားသည့် နံရံကပ်ဒီဇိုင်းများ နှင့် လှေကားပုံဆန်းဆန်းလေးများကို
စုစည်းတင်ပေးလိုက်ပါသည်။
မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၁၃ )
FB ပေါ်မှာ တွေ့သမျှကို ထပ်မံစုစည်း တင်ပေးလိုက်ပါသည်။
ကြည့်ရှု့ခံစားကြပါအုံးဗျာ...
တော်တော်ဆော့တဲ့ ကလေးလေး။သူငယ်တော်ပါ အော်ရပြီ...
မော်တော်ကားတွေတောင် စာမေးပွဲဖြေကုန်ပြီဟ...
အနီရောင်ကမ်းခြေ
တရုတ်နိုင်ငံ Panjin ဒေသတွင် တွေ့မြင်ရသော အနီရောင်ကမ်းခြေ
ပါ။အနီရောင်ရှိသော Suaeda salsa ဆိုသည့် အပင်တစ်မျိုးများပြား
စွာပေါက်ရောက်နေသောကြောင့် သည်ကဲ့သို့ အနီရောင်ကမ်းခြေ
တစ်ခု ဖြစ်ပေါ်နေရခြင်းပါ။ကမ္ဘာပေါ်တွင် အကြီးမားဆုံး စိုစွတ်ရေ၀တ်
နေသည့် ဒေသများတွင် တစ်ခုအပါအ၀င်ဖြစ်ပါသည်။ ရဲရဲတောက်
နေသည့် အပင်များကြောင့် အမြင်တစ်မျိုးဆန်းသစ်နေမှုကို
ကြည့်မြင်ခံစားလိုက်ရအောင်နော်….
Monday, November 28, 2016
လွန်ခဲ့သော အနှစ် ၁၀၀ တုန်းက အသုံးပြုခဲ့တဲ့ ပထမဦးဆုံး တင့်ကား
ဒီပထမဦးဆုံးတင့်ကားကို လွန်ခဲ့တဲ့ နှစ် ၁၀၀ က ပထမကမ္ဘာစစ်အတွင်း အသုံးပြုခဲ့ပါတယ်။ ၁ နာရီ ၃ မိုင်သာ ခရီးပေါက်ပါတယ်။ 
၁၉၁၆ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ထင်ရှားတဲ့ Battle of the Somme စစ်ပွဲအတွင်း တိုက်ခိုက်မှု တစ်ခုဖြစ်တဲ့ Flers-Courcelette မှာ ဗြိတိသျှနဲ့ ပြင်သစ်စစ်သားတွေ ဂျာမန်ကို တိုက်ခဲ့လို့ ဗြိတိလျှစစ်တပ်ကနေ ယခင်တပ်မတော်ယာဉ်မလုပ်ဆောင်နိုင်တဲ့ မြေပြင် အခြေအနေမှာ ခရီးပေါက်နိုင်တဲ့ လက်နက်သစ်တစ်ခု ထုတ်သုံးခဲ့ပါတယ်။
အဲဒီနှစ်ပတ်လည်နေ့ကို အမှတ်အသားပြုဖို့အတွက် မူလ Mark IV တင့်ကားကြီးနဲ့ ချွတ်စွပ်တူတဲ့ ပုံစံငယ်တစ်ခုကို လန်ဒန်မြို့ Trafalgal ရင်ပြင်မှာ ထားရှိခဲ့တယ်လို့ ဘီဘီစီက သတင်းဖော်ပြပါတယ်။
ဗြိတိလျှ ခြေလျင်တပ်ကို အထောက်အပံ့ဖြစ်စေဖို့ ပုံမှန်လှမ်းခြောက်နှုန်းဖြင့် ရွေ့လျားသွားလာဖို့ နဂိုကတည်းက စီမံလုပ်ဆောင်ထားပါတယ်။ ဗြိတိသျှကနေပြုလုပ်တဲ့ တင့်ကားတွေအားလုံး ၁၉၁၆ ခုနှစ်မှာ အသုံးပြုဖို့ အဆင်သင့်မဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ယခုတင့်ကားကြီး စတင်အသုံးပြုခြင်းက ပိုမိုခေတ်မီတိုးတက်မှုတွေနဲ့ သေကျေပျက်စီးမှုပိုများတဲ့ လက်နက်ကိရိယာတွေ ခေတ်မီတဲ့စစ်ပွဲခေတ်သစ်စာမျက်နှာဖွင့်ပေးလိုက်ပါတယ်။
ဒီပုံတူတင့်ကားကို အင်္ဂလန်နိုင်ငံ ဒေါ်စက်စီရင်စု Tank Museum မှ နှစ်တစ်ရာပြည့်ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် စီစဉ်ခဲ့တာဖြစ်ပါတယ်။ 
Ref: TIME 
Credit:Trend Myanmar
မိဘ ၃ ဦးဆီက DNA နဲ့ မွေးလာတဲ့ ကမ္ဘာ့ပထမဦးဆုံးကလေး
မိဘ ၃ဦးဆီက DNA နဲ့ မွေးဖွားလာတဲ့ ကမ္ဘာ့ပထမဦးကလေး တစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။ ၅ လသားအရွယ် Abrahim Hassan ရဲ့ ဂျော်ဒန်လူမျိုး မိဘတွေဖြစ်ကြတဲ့ Ibtisam Shaban နဲ့ Mahmoud Hassan တို့ဟာ မက်ဆီကိုအခြေစိုက် အမေရိကန်အဖွဲ့တစ်ဖွဲ့နဲ့ ဆေးကုသမှု ခံယူခဲ့ကြပါတယ်။ ဒီအဖွဲ့ဟာ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေ မွေးဖွားမှုအတွက်  မိဘတွေကို ရှားပါးသန္ဓေပြောင်းမှု အငြင်းဖွယ်နည်းပညာတစ်ခုကို အသုံးပြုခဲ့တယ်လို့ New Scientist က သတင်းဖော်ပြထားပါတယ်။ 
Shaban မှာ မျိုးရိုးဗီဇနဲ့ ဆက်နွယ်တဲ့ မကြုံစဖူးရောဂါ Leigh syndrome ကို ဖြစ်စေတဲ့ မျိုးရိုးဗီဇ ရှိနေပါတယ်။ ဒီရောဂါဖြစ်တာ ဦးနှောက်၊ ကျောရိုးနဗ်ကြောနဲ့ အမြင်အာရုံစတဲ့ ဗဟိုအာရုံကြောစနစ် ယိုယွင်းပျက်စီးမှုကြောင့်လို့ သတ်မှတ်ပါတယ်။ ကျန်းမာနေသည့်တိုင်အောင် Shaban မွေးတဲ့ အရင်ကလေး ၂ ယောက်ဟာ Leigh syndrome ကြောင့် သေဆုံးခဲ့ကြပါတယ်။ ဒါကြောင့် သူမဟာ နယူးယော့ခ်က New Hope Fertility Center ရဲ့အကူအညီကို ရယူခဲ့ပါတယ်။ 
အင်တာနက်တွင် ပျံ့နှံ့နေသည့် မဟုတ်မဟတ် ဂျပန်တေးသွား ဂင်းနက်စ် မှတ်တမ်း၌ ဖော်ပြခံရ
ဂျပန်လူရွှင်တော် တစ်ဦး၏ မဟုတ်မဟတ် တေးသွားသည် အင်တာနက်တွင် အုတ်အော်သောင်းတင်း ဖြစ်ခဲ့ပြီး Billboard Hot 100 တွင် စံချိန်တင်မည့် အတိုဆုံး သီချင်းအဖြစ် ဂင်းနက်စ်မှတ်တမ်းတွင် ဖော်ပြခံခဲ့ရသည်။
သြဂုတ်တွင် YouTube ၌ တင်ခဲ့သည့် ၄၅ စက္ကန့်ကြာ Pen-Pineapple-Apple-Pen သီချင်းဗီဒီယိုကို အဆိုတော် ဂျက်စတင်ဘီဘာက ၎င်း၏ အကြိုက်ဆုံး သီချင်းဗီဒီယိုဟု Twitter ၌ ဖော်ပြခဲ့ပြီးနောက် ယင်းသီချင်းဗီဒီယိုသည် ပျံ့နှံ့သွားပြီး ကြည့်ရှုမှုနှုန်း ၆၇ သန်းကျော် ရရှိခဲ့သည်။
“ရုတ်တရက် ထင်ပေါ်ကျော်ကြားလာမှုကြောင့် အံ့အားသင့်ခဲ့ရတယ်” ဟု အသက်  ၅၃ နှစ်အရွယ်ရှိ ပီကိုတာရိုက အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ကမ္ဘာပေါ်ရှိ သဘာဝအတိုင်းဖြစ်တည်နေသော အသဲပုံရေကန်များ
ကမ္ဘာ့အရပ်ဒေသ အသီးသီးရှိ သဘာဝအတိုင်းဖြစ်တည်နေသော 
အသဲနှလုံးပုံစံ ရေကန်များကို စုစည်းတင်ပြပေးပါမည်။
ယခင်ကလည်း အသဲပုံကျွန်းများကို တင်ပြပေးဖူးပါသည်။
ယခုအသဲပုံရေကန်လေးများတွင်တော့ မြန်မာပြည်မှ နှစ်ခုပါဝင်
ပါသည်။ ဒါကလည်း ကမ္ဘာ့ခရီးသွား website အသီးသီးတွင်
ဖော်ပြပါရှိထားသည်ကို ပြန်လည်စုစည်းတင်ပြပေးခြင်း ဖြစ်ပါသည်။
ကြည့်လိုက်ကြပါအုံးနော်.......
ချင်းပြည်နယ်မှ အသဲပုံ ရိဒ်ရေကန်ကြီးအကြောင်းကို နေခရမ်း page မှာ
သီးခြားတင်ပြပေးဖူးပါသည်။ အကျယ်သိလိုလျှင် ရှာဖွေဖတ်နိုင်ပါသည်။
သဘာဝအတိုင်းဖြစ်နေသော အသဲပုံရေကန်များတွင် အကြီးဆုံးဟုလည်း
ဆိုကြပါသည်။
စိတ်ကူးဆန်းသည့် ပေါင်းစပ် ကာတွန်းပုံလေးများ (၄)
စိတ်ကူးဆန်းသစ်မှု နှင့် ပန်းချီးပညာ ပေါင်းစပ်ဖန်တီးထားတဲ့ ပုံလေးတွေကို
တင်ပေးချင်ပါသည်။ Diego Cusano ဆိုသည့် ပညာရှင်တစ်ယောက်၏
ဖန်တီးမှုတွေပါ။ ကြည့်လိုက်ကြပါအုံးနော်...
ကမ္ဘာ့အရပ်အပုဆုံး စုံတွဲ
သူတို့တစ်ဦးစီမှာ အရပ်အပုဆုံးလူသားများ မဟုတ်ကြသော်လည်း
သူတို့နှစ်ဦးမင်္ဂလာဆောင်ပြီးချိန်မှစ၍ ကမ္ဘာ့အရပ်အပုဆုံး စုံတွဲ
အဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာရင်းဝင်သွားခဲ့ပါသည်။
ဘရာဇီးလ်နိုင်ငံ Sao Paulo မြို့မှာ နေထိုင်သည့် အရပ်အမြင့်
၃၄.၈ လက်မသာရှိသော Paulo နှင့် အရပ်အမြင့် ၃၅.၂ လက်မရှိ
Katyucia တို့သည် သူတို့နှစ်ယောက်ပေါင်း စုစုပေါင်းအရပ်
၅ ပေ ၁၀ လက်မ ဖြင့် ကမ္ဘာ့အရပ်အပုဆုံးစုံတွဲအဖြစ် လက်ရှိ
ကမ္ဘာ့စံချိန်တင်သွားပါသည်။
Paulo ဟာ ဘရားဇီးမှာ ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်းသူ ဖြစ်ပါသည်။
သူတို့နှစ်ဦး၏ ခစ်ဇာတ်လမ်းမှာလည်း ယနေ့လက်ရှိလူငယ်များလို
ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းခဲ့ပါသည်။
လူ့သက်တမ်း အရှည်ဆုံး နိုင်ငံများ
ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် နေထိုင်ကြသော လူသားများ၏
သက်တမ်းအသီးသီးကို ကောက်ယူပြုစုထားသည့် စာရင်းကို
တင်ပြပေးပါမည်။ သက်တမ်းအရှည်ဆုံးလူသားများနေထိုင်သည့်
နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ပြီး Top Ten ၀င်သည့် (၁၀)နိုင်ငံ နှင့် မြန်မာ
နိုင်ငံ၏ ပျမ်းမျှ သက်တမ်းကိုပါ ထည့်သွင်းတင်ပြပေးပါမည်။
Top Ten စာရင်းဆိုသော်လည်း နိုင်ငံများမှာ (၁၀) နိုင်ငံတည်း
မဟုတ်ပါ။ အမှတ်စဉ် (၄) ၊ (၅) နှင့် (၇) တို့သည် ပျမ်းမျှသက်တမ်း
ခြင်း တူညီနေပါသဖြင့် အားလုံး (၁၃)နိုင်ငံဖြစ်သွားပြီး မြန်မာနိုင်ငံ
စာရင်းပါ ထည့်သွင်းဖော်ပြထားပါသဖြင့် (၁၄) နိုင်ငံ ဖြစ်သွားပါသည်။
အချက်အလက်များကို WIKI မှ ရယူတင်ပြထားပါသည်။
Friday, November 25, 2016
ကော်ဖီခွက်များဖြင့် ဖန်တီးထားသော မိုနာလီဇာ
ကမ္ဘာကျော်မိုနာလီဇာ ပန်းချီကားပုံစံကို ကော်ဖီခွက်ပေါင်း ၃၆၀၄ ခွက်ဖြင့်
ဖန်တီးထားတာပါ။ Australia နိုင်ငံ ဆစ်ဒနေ မှ The Rocks Aroma ပွဲတော်မှာ
ဖန်တီးပြသခဲ့ပါတယ်။ ဒီပုံရဲ့အလျားက ပေ ၂၀ ရှိပြီး အကျယ်က ၁၃ ပေရှိပါတယ်။
လူ ၈ ယောက်ဖြင့် စုစည်းညီညွတ်စွာ ဖန်တီးထားမှုပါ။ ကော်ဖီခွက်တစ်မျိုးတည်းသာ
အသုံးပြုထားပြီး လိုအပ်တဲ့အရောင်ရအောင် ကော်ဖီအရည်ကို ချိန်ဆ ပြုလုပ်ထားပါတယ်။
အရောင်ဖျော့ဖျော့ လိုချင်လျှင် ကော်ဖီထဲသို့ နို့ပမာဏ ခပ်များများတည့်ပြီး
အရောင့်ရင့်ကိုတော့ ကော်ဖီကျကျ ဖျော်တာပေါ့ဗျာ။
ကားပေါ်ရှိ ဖုန်များပေါ်တွင်ရေးဆွဲသောပန်းချီများ(Dirty Car Art)
Dirty car Art ဆိုတဲ့ အကြောင်းပါ။ ဖုန်တက်နေတဲ့ကားမှန်တွေပေါ်မှာ
လက်ရာေဲမာက်ပြီး စိတ်ကူးကောင်းကောင်းနဲ့ ဖန်တီးထားတဲ့
Australian လူမျိုး scott wade ၏ပန်းချီးပုံများပါ။ တစ်ချိန်ကဘောလုံးသမားတစ်ဦး
ဖြစ်ပြီး ဘောလုံးနှင့်ပတ်သက်ရာအလုပ်များကို တစ်သတ်တာလုံးလုပ်နေသူပါ။
ဒါပေမယ့် သူ့ရဲ့ဒီလိုပန်းချီပုံများကသာ ကမ္ဘာကျော်တစ်ယောက်အဖြစ် ဖြစ်စေခဲ့တာပါ။
သူရဲ့ဖန်တီးမှုလေးများကို ဆက်လက်အားပေးလိုက်ကြရအောင်နော်...
ဘီကီနီ တီရှပ်များ
နိုင်ငံခြားကတော့ အဆန်းထွင်ရတာ ၀ါသနာ ပါလွန်းကြပါတယ်။
1T-Shirts That Look Like a Bikini
2T-Shirts That Look Like a Bikini
ကမ္ဘာ့ပထမဆုံး ရေခဲဟော်တယ်
ကမ္ဘာပေါ်တွင် ထူးထူးခြားခြား တည်ဆောက်ထားသော ဟော်တယ်များ
အများအပြားရှိကြပါသည်။ငွေကြေးတတ်နိုင်သော ခရီးသွား
များအနေဖြင့် အများနှင့်မတူ တစ်မူထူးစွာဖြင့် ရေခဲဟော်တယ်များတွင်
ငွေကုန်ခံကာ သွားရောက်လည်ပတ် တည်းတတ်ကြပါသည်။
ယခုတင်ပြသော ရေခဲဟော်တယ်သည် ကမ္ဘာပေါ်တွင်
ပထမဆုံးတည်ဆောက်ဖွင့်လှစ်ခဲ့သော ရေခဲဟော်တယ်တစ်ခုဖြစ်ပါသည်။
ယခုရေခဲဟော်တယ်သည် ဆွီဒင်နိုင်ငံ မြောက်ဘက်စွန်းရှိ
Jukkasjarvi ရွာကလေးတွင် ၁၉၉၀ ခုနှစ်မှ စကာဖွင့်လှစ်ခဲ့ပါသည်။
ရေခဲဟော်တယ်ဟု အမည်နှင့်လိုက်ဖက်စွာပင် အဆောက်အဦ
တစ်ခုလုံးနှင့် အသုံးအဆောင်ပစ္စည်းများကို နှင်းခဲများ ၊ ရေခဲတုံးများ
ဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။
ဂျပန်နိုင်ငံမှ ဆောက်လုပ်ရေးဌာနများ၏ ချီးကျူးဖွယ် စွမ်းဆောင်နိုင်မှု
ဂျပန်နိုင်ငံ Fukuoka မြို့ရှိ လူအသွားအလာရှုပ်ထွေးလှသော လမ်းမကြီးတစ်နေရာတွင်
အကျယ် 30 မီတာ( 98ပေ) ၊ အနက် 15 မီတာ ( 49 ပေ) ရှိတွင်းပေါက်ကြီး
တစ်ခု မြေပြိုမှုကြောင့် ဖြစ်ပေါ်ခဲ့ပါသည်။
အနီးရှိ မြေအောက်ရထားလမ်းစီမံကိန်းတစ်ခုကြောင့် ဟု ယူဆခဲ့ကြပါသည်။
ထိုလမ်းမကြီး၏ အောက်တွင် ရေပိုက်လိုင်း ၊ လျှပ်စစ်လိုင်း နှင့် ဂတ်ပိုက်လိုင်း
များလည်း ရှိနေကြပြီး မြေကြီးပြိုကျမှုကြောင့် အကုန်ပျက်စီးခဲ့ရပါသည်။
ရုတ်တရက်မြေကြီးပြိုပြီး တွင်းပေါက်ကြီး ဖြစ်ပေါ်ခဲ့ပြီး မကြာမီတွင်
ဂျပန်နိုင်ငံ၏ ဆောက်လုပ်ရေးဌာနလုပ်သားများသည် ပျက်စီးသွားသော
ရေပိုက်လိုင်း ၊ လျှပ်စစ်လိုင်း နှင့် ဂတ်ပိုက်လိုင်းများ ကို အလျှင်အမြန်ပြုပြင်
လိုက်ကြပါသည်။
ဂျပန်နိုင်ငံမှ မီးရောင်စုံဥမင်ကြီး၏ အလှ
ဂျပန်နိုင်ငံ ၊ Nagashima ရှိ LED မီးလုံးရောင်စုံများဖြင့် အလှဆင်ထားသော
ဥမင်လှိုဏ်ခေါင်း နှင့် ပန်းခင်းသဖွယ် ခင်းကျင်းထွန်းညှိထားသော နေရာပါ။
LED ရောင်စုံမီးလုံးပေါင်း 3.2 Million အထိအသုံးပြုကာ တည်ဆောက်ဖန်တီး
ထားမှုများပါ။ Tunnel of Light ဟုအမည်ရသည့် မီးရောင်စုံအလှများကို ခံစားကြည့်လိုက်ရအောင်နော်…
Tuesday, November 22, 2016
ငရဲပြည်နှုတ်ခမ်းဝကို ရောက်ခဲ့ကြောင်း ၀န်ခံခဲ့တဲ့ သေရွာပြန်ဒေါက်တာ
 ဒေါက်တာ  Rajiv Parti အမည်ရတဲ့သူဟာ ဆီးကြိတ်ကင်ဆာကို ခွဲစိတ်မှု ခံယူနေစဉ်မှာ သတိလစ်မေ့မျော့ကာ ၀ိဥာဉ်
လွင့်သွားခဲ့ပြီး၊ ထူးဆန်းတဲ့ အတွေ့အကြုံတွေ ခံစားခဲ့ရကြောင်း ဖွင့်ဟခဲ့ပါတယ်။ Rajiv ဟာ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်ရှိ Bakersfield Heart Hospital ဆေးရုံမှာမှာ မေ့ဆေးဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။
အသက် 51 နှစ်အရွယ် Rajiv ဟာ သူရဲ့ ဆီးကြိတ်ကင်ဆာကို ခွဲစိတ်မှု ခံယူနေစဉ် သူ့ကို သေဆုံးသွားတဲ့ မိဘတွေက လာရောက်စောင့်ကြည့်နေတယ်လို့ ခံစားရပြီး၊ ဒါဟာ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ဒီလိုဖြစ်တာပါလို့ သူ့ဘာသာသူ ယူဆခဲ့ပါတယ်။
ဘောလုံးအားကစားကွင်း အတိုင်းအတာများ
ဘောလုံးကွင်းတစ်ကွင်း၏ အတိုင်းအတာ များကို ဗဟုသုတအဖြစ် တင်ပေးလိုက်ပါတယ်။
Ring of Life
ဒီလိုကြီးမားတဲ့လက်စွပ်ကွင်းပုံစံ စက်ဝိုင်းပုံကြီးက
တရုတ်နိုင်ငံ | ဖူဟန်မြို့၏ မြို့ဂုဏ်ဆောင်အထိမ်းအမှတ်
အဖြစ်တည်ဆောက်ထားခြင်းဖြစ်ပြီး Ring of Life ဟု
အမည်ရပါသည်။ ၅၁၅ ပေ အထိရှိပြီး စတီးတန်ချိန်
၃၀၀၀ အသုံးပြုကာ ကြီးမားခန့်ညားစွာ တည်ဆောက်
ထားခြင်းဖြစ်ပါသည်။
ထို အဆောက်အဦကြီး၏ စွဲဆောင်မှုတစ်ခုမှာ ညပိုင်းတွင်
အထူးပြုလုပ်ထားသော LED မီး ၁၂ ၀၀၀ ဖြင့် ဝေဆာ
လှပစွာ အသုံးပြုထားခြင်းဖြစ်ပါသည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ပါစေ ..... နေခရမ်း
တားမြစ်ထားသောမြို့တော် (The Forbidden City)
တားမြစ်ထားသောမြို့တော် (The Forbidden City) တရုတ်နိုင်ငံမှ နန်းမြို့တော်တစ်ခု
ကိုတင်စားခေါ်ဝေါ်တာပါ။ တရုတ်ဧကရာဇ်နန်းတော်ဖြစ်ခဲ့ပြီး မင်မင်းဆက် မှ ချင်မင်းဆက်
(မန်းချူးမင်းဆက်) အထိ အသုံးပြုခဲ့တဲ့နန်းတော်တစ်ခုပါ။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ဘေကျင်းမြို့အလယ်တွင်တည်ရှိပြီး ယခုအခါမှာတော့
လူအများဝင်ရောက်လေ့လာလို့ရသည့် နန်းတော်ပြတိုက်တစ်ခုဖြစ်ပါတယ်။
မင်းနှင့်တော်ဝင်မိသားစုတို့နှစ် ၅၀၀ တိုင် နေထိုင်ခဲ့တဲ့နေရာတစ်ခုပါ။
တရုတ်နိုင်ငံ၏ တစ်ချိန်က နိုင်ငံရေးအချက်အချာ ကျရာ နေရာတစ်ခုပါ။
အိမ်မက်ကမ္ဘာမှ လှပသော ဥမင်လမ်းလေးများ (၂)
ကြည်နူးဖွယ်ကောင်းပြီး စိတ်ကူးယဉ်အိမ်မက်ထဲမှာလမ်းလျှောက်နေရတယ်လို့ 
သွားနိုင်တဲ့လမ်းလေးတွေပါ...အပြင်မှာတကယ်တည်ရှိနေတဲ့လမ်းလေးတွေပါ။
မှတ်ဖွယ်စုံရာ သုတပဒေသာ (၁၄)
Saturday, November 19, 2016
ပြင်သစ်နိုင်ငံ Annecy မြို့လေး၏ အလှ
ပြင်သစ်နိုင်ငံ Annecy မြို့လေး၏ စွဆြောင်မှုကောင်းသော အလှများကို ကြည့်လိုက်ရအောင်နော်...
ကြယ်သီးလေးများနှင့် ဖန်တီးထားသော ထူးထူးခြားခြားပုံလေးများ (၂)
ကြယ်သီးလေးများဖြင့် စုပေါင်းပြီး ပုံပေါ်အောင်ဖန်တီးထားမှုလေးတွေကို
ထပ်မံတင်ပေးလိုက်ပါတယ်။
အမှတ်တမဲ့ အလွဲများ ( ၇၁ )
ဒီတစ်ပါတ်အတွက် အမှတ်တမဲ့ မှ အမှတ်တရဖြစ်စေသော ပုံလေးတွေကို ထပ်မံစုဆောင်း
တင်ပေးလိုက်ပါသည်။ ပြုံးပျော်ရွှင်လန်းနိုင်ကြပါစေ....
ဟူးးး အခုမှပဲ အေးတော့တယ်ဗျာ...
ကဲ ရှင်တို့က ဘာလုပ်မလို့လဲ ပြော...
Wednesday, November 16, 2016
တစ်ရက်ကို နွားနို့ ဘီယာခွက် ၁၀ ခွက်စာလောက် သောက်မှ နေသာထိုင်သာ ရှိသူ
August 21, 2014 ထူးဆန်းထွေလာ
ဗြိတိန်နိုင်ငံက အသက် ၄၆ နှစ်အရွယ်ရှိတဲ့ Sandra Heap အမည်ရ အမျိုးသမီး တစ်ဦးဟာ နွားနို့ကို အင်မတန် ကြိုက်နှစ်သက် စွဲလမ်းတဲ့ ရောဂါ ဖြစ်နေပါတယ်။ မနက် ၉ နာရီကနေ ည ၁၀ နာရီကြားအတွက် တစ်ရက်ကို နွားနို့ ဘီယာ ခွက် ၁၀ ခွက်စာ သောက်သုံးသူ ဖြစ်ပါတယ်။
၅၆၈ မီလီလီတာ စာခွက် ၁၀ ခွက်စာ ဖြစ် တာကြောင့် ဒါဟာ သာမန်လူထက် ၁၀ ဆကျော်မ က များနေခြင်း ဖြစ်ပါတယ်။ သူမဟာ အိမ်ထောင် သည် ဖြစ်ပြီး သားသမနီး နှစ်ဦးလည်း ရှိပါသေးတယ်။
Related Posts Plugin for WordPress, Blogger...