Friday, November 25, 2016

ဂျပန်နိုင်ငံမှ ဆောက်လုပ်ရေးဌာနများ၏ ချီးကျူးဖွယ် စွမ်းဆောင်နိုင်မှု

ဂျပန်နိုင်ငံ Fukuoka မြို့ရှိ လူအသွားအလာရှုပ်ထွေးလှသော လမ်းမကြီးတစ်နေရာတွင်
အကျယ် 30 မီတာ( 98ပေ) ၊ အနက် 15 မီတာ ( 49 ပေ) ရှိတွင်းပေါက်ကြီး
တစ်ခု မြေပြိုမှုကြောင့် ဖြစ်ပေါ်ခဲ့ပါသည်။
အနီးရှိ မြေအောက်ရထားလမ်းစီမံကိန်းတစ်ခုကြောင့် ဟု ယူဆခဲ့ကြပါသည်။
ထိုလမ်းမကြီး၏ အောက်တွင် ရေပိုက်လိုင်း ၊ လျှပ်စစ်လိုင်း နှင့် ဂတ်ပိုက်လိုင်း
များလည်း ရှိနေကြပြီး မြေကြီးပြိုကျမှုကြောင့် အကုန်ပျက်စီးခဲ့ရပါသည်။
ရုတ်တရက်မြေကြီးပြိုပြီး တွင်းပေါက်ကြီး ဖြစ်ပေါ်ခဲ့ပြီး မကြာမီတွင်
ဂျပန်နိုင်ငံ၏ ဆောက်လုပ်ရေးဌာနလုပ်သားများသည် ပျက်စီးသွားသော
ရေပိုက်လိုင်း ၊ လျှပ်စစ်လိုင်း နှင့် ဂတ်ပိုက်လိုင်းများ ကို အလျှင်အမြန်ပြုပြင်
လိုက်ကြပါသည်။
ထို့နောက်တွင် ဖြစ်ပေါ်ခဲ့သော တွင်းပေါက်ကြီးအတွင်းသို့ သဲဖို့ခြင်း၊
မြေဖို့ခြင်းတွေ လုပ်ဆောင်ခဲ့ပါသည်။ ဒီလုပ်ငန်း ကိစ္စအ၀၀ အတွက်
ကြာချိန် ၂ ရက် (၄၈ နာရီ) အတွင်းမှာ ပြီးစီးအောင် လုပ်ဆောင်ခဲ့ခြင်း
ဖြစ်ပါသည်။ ထို့နောက် မြေသားသေအောင် ပြုပြင်ပြီး မကြာမီ လမ်းပိုင်းကို
စတင်လုပ်ဆောင်ခဲ့ပါသည်။ နိုဝင်ဘာ ၈ ရက်နေ့တွင် စတင်ပြုပြင်ခဲ့သော
လုပ်ငန်းခွင်သည် နိုဝင်ဘာလ ၁၅ ရက်နေ့ မနက် ၅ နာရီတွင် အလုံးစုံပြီးစီး
ပြီး လမ်းမကြီးကိုလည်း လူအများသွားလာနိုင်ရန် ပြန်လည်ဖွင့်လှစ်
ပေးနိုင်ခဲ့ပါသည်။ ပျက်စီးချိန်မှ တွက်လျှင် တစ်ပတ်သာ ကြာမြင့်ပြီး
လုံးဝလမ်းအကောင်း ပြန်ဖြစ်သွားပါသည်။

သို့သော် ကမ္ဘာ့စာစောင်အသီးသီးတွင် ၂ ရက်အတွင်းပြီးစီးသွားခဲ့သည်ဟု
ဆိုကြပါသည်။ ပမာဏလမ်းလုပ်ငန်းခွင် ပြီးစီးသွားတာကတော့ ၂ ရက်သာ
ကြာခဲ့ပါသည်။ ဒါဟာလည်း ကမ္ဘာ့လမ်းပိုင်းများပြုပြင်ခြင်း လုပ်ငန်းခွင်တွင်
မကြုံစဖူး အံ့သြဖွယ်အောင်မြင်မှု တစ်ခုအဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးမှ
စံတင် ဖော်ပြခဲ့ကြပါသည်။ 
ဂျပန်နိုင်ငံ အနေဖြင့် ထိုကဲ့သို့ မြန်ဆန်သော
သေသပ်အဆင့်မြင့်သော လုပ်ငန်းခွင် အားထုတ်မှုမျိုးကို ၂၀၁၁ ခုနှစ်
ကလည်း စံတင်အောင် ပြသခဲ့ဖူးပါသည်။
ထိုအချိန်ကလည်း မြေငလျှင်တုန်လှုပ်မှုကြောင့် ပျက်စီးသွားသော လမ်းမကြီး
တစ်ခုကို ဘာမှမဖြစ်ခဲ့သလို ပုံစံမျိုး ပြန်ကောင်းသွားအောင် ၆ ရက်သာ
အချိန်ယူပြီး ပြုပြင်ခဲ့ဖူးပါသည်။၂၀၁၁ ခု မတ်လ ၁၇ ရက်နေ့ မှစတင်ပြုပြင်
ခဲ့ပြီး မတ်လ ၂၃ ရက်နေ့တွင် ပြီးစီးခဲ့ဖူးပါသည်။ မခိုမကပ်ကြိုးစားလုပ်ဆောင်ခဲ့မှု
နှင့် ကျွမ်းကျင်သော လုပ်ငန်းသဘောတရားများကြောင့် ကမ္ဘာ့နိုင်ငံ
အသီးသီးအတွက် စံပြုစရာ ဖြစ်လာပါသည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ.............  နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...