
လေ၀ဲဝတ်ရုံကို ၀တ်ဆင်ပြီး ပရော်ဖက်ရှင်နယ် လေထီးခုန်အားကစားသမား အလက်ဇန္ဒားဟိုလီဆိုသူသည် စပိန်နိုင်ငံ မောင့်ဆာရက်ဒေသ ရိုကာဖော်ရာဒါဒါ တောင်တန်းရှိ ကျဉ်းမြောင်းသော ဥမင်လိုဏ်ခေါင်းအတွင်း ပျံဝဲဖြတ်သန်းပြခဲ့သည်။ တစ်နာရီလျှင် မိုင်၁၅၀နှုန်းဖြင့် ပျံသန်းကာ ဥမင်လိုဏ်ခေါင်းအတွင်း ဖြတ်သန်းသွားပုံကို တီဗီကင်မရာဖြင့် ရိုက်ကူး၍ အင်တာနက်တွင် ထုတ်လွှင့်ပြသခဲ့ရာ လူကြိုက်များခဲ့ကြောင်း သိရသည်။
ref:ပြည်မြန်မာ
