Thursday, June 2, 2016

စပိန်နိုင်ငံမှ ထရာဂျန်မုခ်ဦး



800px Merida Arco de Trajano
စပိန်နိုင်ငံ မာရီဒါမှာတည်ရှိတဲ့ ၁၁၅ ပေအမြင့် ရှိသောမုခ်ဦးပါ။
အင်္ဂတေ သရွတ်မသုံးပါပဲ ကြီးမားတဲ့ကျောက်တုံးကြီးတွေကို ဆင့်
ကာဆင့်ကာ ဖြင့် တည်ဆောက်ထားတာပါ။
AD ၁ ရာစုကတည်းက တည်ဆောက်ထားခဲံခြင်းဖြစ်ပါသည်။
တည်ဆောက်ပြီး ခဲ့တာ နှစ်ပေါင်း ၂၀၀၀ နီးပါး ရှိပေမယ့်
ယနေ့တိုင်တည်ရှိနေသော မုခ်ဦးတစ်ခုပါ။
၁၉၉၃ ခုနှစ်တွင် ယူနက်စကို၏ ကမ္ဘာအမွေအနှစ်စာရင်း(World Heritage List) တွင်ထည့်သွင်းခြင်းခံရပါသည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ.............နေခရမ်း

သမိုင်းဝင် ပင်းတယ ရွှေဥမင်လှိုဏ်ဂူတော်

IMG 20160516 094732
မြန်မာတွင် မက ကမ္ဘာကျော်လှိုဏ်ဂူတစ်ခုအဖြစ် ထင်ရှားကျော်ကြားသော
ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ၊ ပင်းတယမြို့ရှိ ရွှေဥမင် လှိုဏ်ဂူ
အကြောင်းတင်ပြပေးချင်ပါသည်။ ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့မှ
တဆင့် အေးချမ်းသာယာလှသော ပင်းတယမြို့လေးသို့ သွားရောက်ရမည်ဖြစ်ပါသည်။
ပင်းတယမြို့ဆိုသည်နှင့် ရာဇ၀င်လာ ပုန်းတလုတ်(ဘုတ်တလုတ်) ရေကန်ကြီး ၊
အရိပ်အာဝါသကောင်းပြီး ကြီးမားလှသော ညောင်ကြတ်ပင်တန်းများ နှင့်အတူ
စေတီပုထိုး ရုပ်ပွားတော်များစွာနှင့် သမိုင်းဝင် ရွှေဥမင်လှိုဏ်ဂူတို့ကို တစ်ပါတည်း
ပြေးမြင်ဖြစ်ကြပါသည်။ရွှေဥမင်ဂူအကြောင်း အရင် ကြည့်လိုက်ရအောင်နော်။
ပင်းတယမြို့သည် ပင်လယ်ရေမျက်နှာပြင် အထက် ၃၈၈၀ ပေမြင့်ပါသည်။
ရွှေဥမင်လှိုဏ်ဂူတော်သည် ဂူပေါက် ၃ ခုရှိရာ တောင်ဘက်အကျဆုံး နှင့် အမြင့်ဆုံး
ဂူပေါက်မှာ ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်း ၄၉၇၀ ပေအမြင့်တွင် တည်ရှိပါသည်။
ပင်းတယမြို့မှ အနောက်တောင်ဘက် တစ်မိုင်ခန့်အကွာ တွင်စောင်းတန်းအသွယ်သွယ်၊
ရွှေရောင်တ၀င်းဝင်းဖြင့် ရွှေဥမင် လှိုဏ်ဂူနှင့် ဘုရားစေတီများကို တွေ့မြင်နိုင်ပါသည်။
IMG 20160516 092853
တောင်စောင်းတွင် ရှိနေသော ဂူပေါက်ကို အဝေးကကြည့်လျှင် တိုက်ရိုက်မမြင်နိုင်ပါ။
ဓာတ်လှေကား အဆောက်အဦနှင့် ကွယ်နေပါသည်။
Related Posts Plugin for WordPress, Blogger...