Wednesday, May 31, 2017
အရိုးအရှည်ဆုံး Oarfish ငါးကြီးများ
ပင်လယ်သမုဒ္ဒရာများတွင် နေထိုင်ကျက်စားတတ်သည့် အရွယ်ပမာဏကြီးမားသော ငါးကြီးများတွင် Oarfish ငါးကို အရိုးအရှည်ဆုံးငါးမျိုးအဖြစ် သတ်မှတ်ထားကြပါသည်။
ကြီးမားသလို လွန်ကဲစွာ ရှည်လျားကြသည့် Oarfish ငါးများသည် pelagic lampriform ငါးများဟု ခေါ်ဆိုကြသလို Regalecidae မျိုးနွယ်ဝင် ငါးမျိုးဖြစ်ပါသည်။ Oarfish များတွင် မျိုးနွယ်စိတ် ၄ မျိုး ရှိပါသည်။ ထိုအထဲကမှ the giant oarfish (Regalecus glesne) ငါးမျိုးသည် အကြီးဆုံး နှင့် အရိုးအရှည်ဆုံး မျိုးစိတ် ဖြစ်ပါသည်။
ထိုငါးမျိုးများသည် ပုံမှန်အားဖြင့် ၁၀ ပေ မှ ပေ ၅၀ အထိ ရှည်လျားတတ်ကြပြီး ဂင်းနစ် မှတ်တမ်းစာအုပ်တွင် ၅၆ ပေ အထိရှိသော ငါးဟု မှတ်တမ်းတင်ထားပါသည်။တစ်ချို့ဖမ်းဆီးရမိသော ငါးများမှာ ရှည်လျားကြသဖြင့် ရေနဂါး အကောင်ကြီးများဟုပင် ထင်မှတ်ပြောဆိုကြတာမျိုး ဖြစ်ဖူးပါသည်။
သေးသေးမွှားမွှား အနုစိတ်ပန်းချီ
ဒီတစ်ခါတင်ပြမယ့် Hasan Kale ဆိုသည့် ပန်းချီပညာရှင်တစ်ယောက်ရဲ့ လက်ရာများကတော့ အံ့မခန်းပါပဲ။ သူပန်းချီဆွဲဖို့အတွက် ကင်းဗက်စ ၊ စက္ကူစများ မလိုပါဘူး။ သူ့အတွက် ဆန်စေံတစ်စေ့ ၊ မီးခြစ်ဆံခေါင်းလို နေရာသေးသေးလေးတွေ ရှိနေရင် လုံလောက်ပါပြီ။ သူဆွတြဲ့ ပုံများကို သေခြာမြင်ရဖို့အတွက် မှန်ဘီလူးတစ်လက်တော့ လိုပါတယ်။ အရွယ်ပမာဏသေးငယ်တဲ့ နေရာလေးတွေပေါ်မှာ ပုံသေးသေးလေးတွေ ဆွဲထားပေမယ့် သေသေခြာခြာကြည့်ရင် အလွန်ကို လက်ရာမြောက် သေသပ်တာကို တွေ့ရမှာပါ။ Hasan Kale အနေဖြင့် ဒါမျိုး သေးသေးမွှားမွှား ပုံလေးတွေ ဖန်တီးရတာ ၀ါသနာပါသလို သူလုပ်ပြခဲ့တာလည်း မနည်းပါဘူး။
Selfie အလွဲများ
ယခုခေတ်မှာ နေရာတကာ Selfie ရိုက်တဲ့ကြတာ မဆန်းပါဘူး။ ဒါပေမယ့် ကိုယ့်ရိုက်တဲ့ ပုံလေးတွေကို အင်တာနက်ပေါ် မတင်ခင် သေသေခြာခြာ ကြည့်ရှု့စစ်ဆေးသင့်ပါတယ်။ တစ်ခါတစ်လေ မှားယွင်းတတ်ကြပုံများနဲ့ ရယ်စရာကောင်းတဲ့ Selfie ပုံလေးတွေကို တင်ပြပေးလိုက်ပါတယ်။ သူငယ်ချင်းတို့လည်း သတိထားကြပါလို့…
စွတ်ရိုက်မနေနဲ့ဟဲ့။ ဒီမှာ မနိုင်မနင်း ဖြစ်နေတယ်...
နောက်ကိုလည်း ကြည့်ပါအုံး မမ ရယ်...
၂၂ နှစ်ကြာ တောင်ကိုဖြိုကာ လမ်းဖောက်နိုင်ခဲ့သူ
သူ့အမည်က Dashrath Manjhi ။ ခွန်အားသုံးပြီး အလုပ်ကြမ်း လုပ်ခဲ့ရသည့် ကျောက်မီးသွေးမိုင်းတွင်း လုပ်သားတစ်ဦးပါ။ အိန္ဒိယနိုင်ငံ ၊ ဘီဟာပြည်နယ် Gehlaur ရွာကလေးမှာ နေပါတယ်။ သူငယ်ရွယ်စဉ်မှာ Falguni Devi ဟူသည့် အမျိုးသမီးနှင့် အိမ်ထောင်ကျပြီး ဘ၀ကို အတူတကွ ရုန်းကန်ခဲ့ကြပါတယ်။
ဒါပေမယ့် Dashrath Manjhi ဘ၀မှာ နာကျည်းစရာ အဖြစ်အပျက် တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ သူချစ်ခင်ရတဲ့ ဇနီးဟာ အပြင်းဖျားရောဂါနှင့် သေဆုံးခဲ့ရပါတယ်။ တကယ်တော့ အနီးဆုံး ဆေးရုံကို အပို့ နောက်ကျခဲ့လို့ မသေသင့်ဘဲ သေခဲ့ရတာ ဖြစ်ပါတယ်။ သူနေထိုင်ရာ Gehlaur  ရွာမှ အနီးဆုံး Wazirganj ကို ရောက်ရှိဖို့ ၅၅ ကီလိုမီတာ ဝေးပါတယ်။ အကြောင်းကတော့ သူရွာရှေ့ရှိ Gehlour တောင်တန်းကြီး ခံနေသဖြင့် ထိုတောင်တန်းကြီးကို တစ်ကွေ့တစ်ပတ်ကြီး ဖြတ်သွားရလို့ပါ။ ၅၅ ကီလိုမီတာ ဆိုပေမယ့် လမ်းကလည်း လမ်းကြမ်း ဆိုတော့ သွားရေးလာရေး ပိုခက်ခဲစေပါတယ်။
ဒီလို ခရီးလမ်းပန်း ကွေ့ကောက်ခက်ခဲနေလို့ သူ့ဇနီး မသေသင့်ဘဲ သေခဲ့ရတာကို Dashrath Manjhi တစ်ယောက် ယူကြုံးမရ အဖြစ်ဆုံးပါ။ ဒါကြောင့် သူဆုံးဖြတ်ချက် ချလိုက်ပါတယ်။ သူ့ဇနီးကို သေစေခဲ့သည့် ဒီခရီးလမ်းမှ တားဆီးနေတဲ့ တောင်ကြီးကို ဖြိုပြီး လမ်းအသစ်တစ်ခု ဖောက်ဖို့ပါ။ ဒါဆိုရင် သူတို့ရွာလေးကနေ မြို့ကို လွယ်လွယ်ကူကူ ဖြတ်နိုင်ပြီပေါ့။ တစ်ခြားရွာသားတွေအတွက်လည်း အဆင်ပြေမယ်။ နောက်ထပ်လည်း မသေသင့်ဘဲ သေရမယ့်သူတွေ မရှိတော့ဘူးပေါ့။
Monday, May 29, 2017
မြွေကိုက်လို့သေပြီး နှစ်၄၀အကြာမှာ ပြန်ရောက်လာတဲ့ အမျိုးသမီးကြီး
ဒီအဖြစ်ပျက်ကတော့ တကယ့်ကို ကြုံဖူးမှပဲ ယုံရမယ့်အဖြစ်ပါ။ အိန္ဒိယနိုင်ငံက Kanpur’s Bidhnoo အမည်ရ ရွာကလေးတစ်ရွာမှာ လက်ရှိအချိန်ထိ အသက်ရှင်နေဆဲဖြစ်တဲ့ အဖွား Vilasa ရဲ့အဖြစ်ဟာ အလွန်ကို အံ့သြစရာ ကောင်းပါတယ်။ သူမဟာ အခုဆို အသက် 82 နှစ် ရှိပါပြီ။ Vilasa အသက် 40 အရွယ်တုန်းက နွားစာရှာဖွေစဉ်မှာ တောကြီးမြွေဟောက် ကိုက်တာကို ခံခဲ့ရပါတယ်။
အဲဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ 1976 ခုနှစ်က ဖြစ်ခဲ့တာပါ။ Vilasa မှာ သမီးနှစ်ယောက်ရှိပြီး၊ ကလေးတွေက သူမကို ဒေသန္တရ ဆေးခန်းဆီကို ပို့ခဲ့ကြပါတယ်။ ဒါပေမယ့် လမ်းမှာတင်ပဲ ကျွမ်းကျင်သူတွေက Vilasa သေဆုံးသွားပြီဆို တာ သိရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆေးခန်းမှာရှိနေတဲ့ ဆရာဝန်ကလည်း အမျိုးမျိုးစမ်းသပ်ပြီး သေဆုံးကြောင်း အတည်ပြု ခဲ့ကြပါတယ်။
ရှေးခေတ် အီဂျစ်တွင် အမျိုးသမီး အခွင့်အရေး အလေးပေးခဲ့
ရှေးခေတ် အီဂျစ်လူမျိုးများသည် ၎င်းတို့၏ တရားဥပဒေအရ ရပိုင်ခွင့်များကို အလေးအနက် ထားတတ်ကြပြီး အထူးသဖြင့် လက်ထပ် ထိမ်းမြားမှုဆိုင်ရာ စာချုပ်စာတမ်းများနှင့် ပတ်သက်လျှင် အမျိုးသမီးများသည် ၄င်းတို့ရပိုင်ခွင့်များ မဆုံးရှုံးအောင် ရည်ရွယ်ချက်ရှိရှိဖြင့် ကြိုးပမ်းတတ်ကြောင်း လေ့လာမှု တစ်ခုအရ သိရသည်။
          အမေရိကန် ပြည်ထောင်စု ရှီကာဂို တက္ကသိုလ်ရှိ အရှေ့တိုင်း ပညာ အင်စတီကျူ၌ ချိတ်ဆွဲထားသည့် (၈) ပေ အရှည်ရှိ ကျောက်စာ တစ်ချပ်တွင် လက်မထပ်မီ ကြိုတင် သဘောတူညီချက် ရယူပုံများကို ဖော်ပြထားသည်။
           စာချုပ်မှာ နှစ်ပေါင်း (၂၄၈၀) သက်တမ်း ရှိနေပြီ ဖြစ်သည်။ စာချုပ်အား ဒီမိုတစ် အက္ခရာများဖြင့် ရေးသားထားပြီး အိမ်ထောင်ရေး အဆင်မပြေပါက ဇနီးဖြစ်သူငွေနှင့် အစားအစာများ မခိျု့မတဲ့ဖြင့် ဆက်လက် နေထိုင်နိုင်အောင် ကြိုတင် စီမံမှုများ ပါဝင်နေသည်။
          စာချုပ်ကို ရေးဆွဲခဲ့သည့် အမျိုးသမီးက လင်မယား ကွာရှင်း ပြတ်စဲပါက ဘ၀တစ်လျှောက်လုံး တစ်နှစ်လျှင် ငွေပြား (၁) ပြား ၊ (၂) ပြားနှင့် သီးနှံအိတ် (၃၆) အိတ်တို့ကို နစ်နာကြေး အဖြစ် ရလိုကြောင်း စာချုပ်တွင် ထည့်သွင်း ရေးသားခဲ့သည်။
မော်ဒယ် လမ်းလျှေက်ခြင်းကို (၃၆၅၁) ဦး ဆင်နွှဲ
မော်ဒယ်ပြပွဲတွေမှာ လမ်းလျှောက် သရုပ်ပြခြင်းကို Catwalk လို့ ခေါ်ဆိုကြပါတယ်။ ဒီလိုပြုလုပ်ခြင်းကို ထူးထူးခြားခြား စံချိန်သစ်တင်အောင် ပြုလုပ်သွားခဲ့တာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံ၊ လီဗာပူးလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ မော်ဒယ်ဖက်ရှင်ရိုးပွဲမှာ Catwalk လျှောက်သူ ( ၃၆၅၁) ဦး အထိရှိခဲ့တာကြောင့် ဖက်ရှင်ရှိုးပွဲ တစ်ခုတည်းမှာ Catwalk လျှောက်သူအများဆုံး ၀င်ရောက် ဆင်နွှဲခြင်းအဖြစ် မှတ်တမ်း ၀င်သွားခဲ့ပါတယ်။ အရင်တင်ထားတဲ့ စံချိန်က (၃၀၈၃) ဦးနဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလမှာ မက္ကဆီကိုနိုင်ငံမှာ စံချိန်တင်ထားတာပါ။ ဒီစံချိန်ကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၄)ရက်မှာ ချိုးဖျက်လိုက်တာ ဖြစ်ပါတယ်။
      ဗြိတိန်ဖက်ရှင်လောကမှာ ထင်ရှား ကျော်ကြားသူ နှစ်ဦးက ဦးဆောင်ပြီး ကမ္ဘာ့စံချိန်ချိုးဖို့  ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ စံချိန်ချိုးနိုင်ဖို့ လီဗာပူးလ်မြို့မှာ နေထိုင်တဲ့သူတွေကို အကူအညီ တောင်းခံခဲ့ပါတယ်။ ပင်စင်စားတွေကအစ ကျောင်းသား ကျောင်းသူတွေအဆုံး ဖက်ရှင်ရှိုးမှာ Catwalk လျှောက်စေခဲ့ပါတယ်။  ဒါကြောင့် အရင်တင်ထားတဲ့ စံချိန်ကို (၁၀၀) ကျော် အသာနဲ့ ချိုးဖျက်ခဲ့တာ ဖြစ်ပါတယ်။
Credit: messengernewsjournal.com 
တိရစ္ဆာန်တွေကို အိပ်မွေ့ချနိုင်တဲ့ ကလေးငယ်
တိရစ္ဆာန်တွေနဲ့ တိုက်ရိုက် ထုတ်လွှင့်တဲ့ အစီအစဉ်တွေ တင်ဆက်ဖို့ဆိုတာ လွယ်ကူခြင်း မရှိပါဘူး။ ဒါပေမဲ့ အသက် (၅) နှစ် အရွယ် ကောင်မလေးတစ်ဦးဟာ တိရစ္ဆာန် တွေကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပြီး ထူးခြားတဲ့ အစီအစဉ် တင်ဆက်မူကို တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ရာ အောင်မြင်စွာ ပြုလုပ်နိုင်တာကြောင့်  ချီးကျူးစရာ ဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ နာမည်ကြီး အစီအစဉ်တစ်ခုဖြစ်တဲ့  Amazing Chinese မှာ အသက် ( ၅)နှစ်အရွယ် ပာန်ဂျီယန်က ထူးခြားတဲ့ ပြကွက်ကို တင်ဆက် သွားခဲ့ပါတယ်။ ဒီအစီအစဉ်ကို ရုပ်သံက ကြည့်ရှုသူ သန်းပေါင်းများစွာ ရှိပြီး တရုတ်နိုင်ငံတော်ပိုင် CCTV က တိုက်ရိုက် ပြသတာ ဖြစ်ပါတယ်။      ဟန်ဂျီယန်ဟာ တိရစ္ဆာန်တွေကို လက်နဲ့ပွတ်သပ်ပြီး အိပ်မွေ့ချတာ ဖြစ်ပါတယ်။ အိမ်မြှောင်၊ ယုန်၊ ကြက် အပါအ၀င် တိရစ္ဆာန် (၅)ကောင်ကို လက်နဲ့ ပွတ်သပ်ပြီး အသံပေးကာ အိမ်မွေ့ချခြင်း ဖြစ်ပါ တယ်။ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် (၅) မိနစ် အတွင်း တိရစ္ဆာန် (၅) ကောင်စလုံး အိပ်စက်သွားခြင်း ဖြစ်ပါတယ်။ ဒီနောက် တိရစ္ဆာန်တွေကို ပြန်လည် နိုးလာအောင်လည်း ပြုလုပ်ပြခဲ့ပါတယ်။ ပညာရှင်တွေကတော့ ဒါဟာ လှည့်ကွက်တစ်ခုသာဖြစ်ပြီး လူတွေကိုလည်း အခုလိုမျိုး ပြုလုပ်နိုင်ကြောင်း၊ အိပ်မွေ့ချတဲ့ အတတ်ပညာ တစ်ရပ်ဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။ ပာန်ဂျီယန်ဟာ ပြီးခဲ့တဲ့ တစ်နှစ်လောက်က ခြံထဲက ဖားတစ်ကောင်ကို အခုလိုမျိုး ပြုလုပ်နိုင်တာ တွေ့ရှိပြီးနောက် ဒီအစီအစဉ်ကို ဆင်နွှဲခဲတာ ဖြစ်ပါတယ်။ ဟန်ဂျီယန်ရဲ့ ပြကွက်ကို You Tube မှာ တင်ရှိပြီး တစ်ပတ်အကြာမှာ ကြည့်ရှုတဲ့ အကြိမ် ( ၂၅၀၀၀၀) ရှိကြောင်း သိရပါတယ်။
Credit: messengernewsjournal.com 
မိုင်ပေါင်း (၁၈၀၀၀)ကို စက်ဘီးဖြင့် စံချိန်သစ်တင်
အသက် (၁၉)နှစ်သာ ရှိသေးတဲ့ အင်္ဂလန်နိုင်ငံသား တွမ်ဒါဗီးစ်ဟာ ထူးခြား စံချိန်တစ်ခု တင်ရှိ နိုင်ခဲ့တာကြောင့်  မယုံနိုင်လောက်အောင် ဖြစ်ခဲ့ ရပါတယ်။ တွမ်ဒါဗီးစ် တင်ရှိ ခဲတဲ့ စံချိန်ကတော့ ကမ္ဘာ တစ်ပတ်ကို စက်ဘီးဖြင့် ပတ်ပြ ခဲ့ခြင်း ဖြစ်ပါတယ်။ စုစုပေါင်း မိုင် (၁၈၀၀၀) အကွာအဝေးကို စက်ဘီးဖြင့် သွားလာ ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် တွမ်ဒါဗီးစ်ဟာ စက်ဘီး စီးပြီး ကမ္ဘာပတ် စံချိန်တင် ခဲ့သူတွေ ထဲမှာ အသက် ငယ်ဆုံး အဖြစ် စံချိန် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တွမ်ဒါဗီးစ်ဟာ လူဒါန်းမှု ပြုလုပ်နိုင်ရေး ရန်ပုံငွေ ရရှိဖို့ အခုလို ခက်ခဲတဲ့ စံချိန်ကို ချိုးနိုင်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး ခရီးစဉ် အဖြစ် လန်ဒန်ကနေ ပြင်သစ်နိုင်ငံရှိ တောင်တန်းတွေ ရှိတဲ့ နေရာကို သွားခဲ့ပါတယ်။ ဒီနောက် ကမ္ဘာပတ် ခရီးစဉ်ကို စတင် ခဲ့ပြီး ခြောက်လ ကြာပြီးတဲ့နောက် အင်္ဂလန်ကို ပြန်ရောက် ရှိခဲ့ရာ မိသားစုဝင်တွေနဲ့ သူငယ်ချင်း မိတ်ဆွေ (၁၀၀) နီးပါး ကြိုဆို ခဲ့ပါတယ်။
          တွမ်ဒါဗီးစ်ဟာ ကမ္ဘာပတ်ရင်း ထင်ရှားတဲ့ စက်ဘီး ပြိုင်ပွဲတွေကိုလည်း ၀င်ရောက် ယှဉ်ပြိုင် ခဲ့ပါတယ်။ ရရှိလာတဲ့ ငွေကြေးတွေကို ကင်ဆာ ဖောင်ဒေးရှင်း အပါအ၀င် အခြား နေရာတွေကို လှူဒါန်း သွားမှာ ဖြစ်ပါတယ်။ မိုင် (၁၈၀၀၀)ကို ခရီးနှင်ခဲ့တဲ့ တွမ်ဒါဗီးစ်က မိမိ အနေဖြင့် အတွေ့အကြုံ များစွာ ရရှိခဲ့ကြောင်း၊ အချို့ရက်များတွင် နာကျင်မှု ဝေဒနာကို ခံစားခဲ့ရကြောင်း၊ သို့သော် အောင်မြင်စွာ လုပ်နိုင်ခဲ့ခြင်းကြောင့် ကျေနပ်မိကြောင်း ဟြေကြား ခဲ့ပါတယ်။
Credit: messengernewsjournal.com 
ချစ်သူချင်း လမ်းခွဲပြီးနောက် အမျိုးသားများက မဖြေဆည်နိုင် ပိုဖြစ်တတ်
ချစ်သူချင်း လမ်းခွဲပြီးပြီးချင်းတွင် အမျိုးသမီးများသည် အမျိုးသားများထက် ပိုမို ခံစားရတတ်သော်လည်း လမ်းခွဲသည့် ကာလ ကြာပြီးနောက်တွင်မူ အမျိုးသားများသည် ပိုပြီးမဖြေဆည်နိုင်အောင် ဖြစ်ကာ၊ ယင်းအချစ်ဒဏ်မှ မည်သည့်အခါမှ သက်သာလေ့ မရှိကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။
          လမ်းခွဲမှုနှင့် ပတ်သက်ပြီး အမျိုးသားနှင့် အမျိုးသမီးများကြား ကွာခြားချက်မှာ ဇီဝကမ္မ ဖြစ်စဉ်နှင့် သက်ဆိုင်ကြောင်း ဘင်ဟမ်တန် တက္ကသိုလ်မှ ပညာရှင် ခရေ့မောရစ်က ပြောဆိုခဲ့သည်။ ချစ်သူထားရှိရာတွင် အမျိုးသမီးများသည် အမျိုးသားများထက် ပိုမို ရင်းနှီးမြုပ်နှံရသောကြောင့် လမ်းခွဲပါက အမျိုးသမီးများမှာ ပိုမိုဆုံးရှုံး နစ်နာရတတ်ကြောင်း မောရစ်က ပြောသည်။
          အမျိုးသားများ အတွက်မူ အမျိုးသမီး တစ်ဦး၏ အချစ်ကို ရရှိစေရန် အတွက် အခြား အမျိုးသား ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရတတ်သော်လည်း၊ ယင်းကဲ့သို့ ယှဉ်ပြိုင်ရယူရခြင်းသည် အမျိုးသားများ အတွက် ဆင့်ကဲ ဖြစ်စဉ်ကဲ့သို့ ဖြစ်နေပြီ ဖြစ်သောကြောင့် လမ်းခွဲပြီးပြီးချင်းတွင် အမျိုးသားများမှာ များစွာ ထိခိုက် နာကျင်ခြင်းကို မခံစားရတတ်ကြောင်း မောရစ်ကပြောသည်။
စိတ်ဖိစီးနေလျှင် ကျန်းမာရေးနဲ့ ညီအောင် စားဖြစ်နိုင်ခြေနည်း
စိတ်ဖိစီးမှုက ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်မှု ပုံစံကို ပျက်ယွင်းစေကြောင်း သိပ္ပံပညာရှင်များက ရှာဖွေ တွေ့ရှိခဲ့ကြသည်။
          အခက်အခဲနှင့် ရင်ဆိုင် နေရချိန်တွင် သစ်သီး တစ်စိတ်ထက် ခေါက်ဆွဲ တစ်ပွဲ စားလိုက်မှ နေသာထိုင်သာ ရှိသည်ဟု ခံစားရလေ့ ရှိကြသည်။ သိပ္ပံပညာရှင်များက ရေခဲရေတွင် သုံးမိနစ်ကြာ လက်ရေ စိမ်ခိုင်းပြီး၊ ကျန်းမာရေးနှင့် မညီညွတ်သည့် ကိတ်မုန့်နှင့် ဒိုးနတ်ကဲ့သို့သော အစားအသောက်နှင့် ကျန်းမာရေးနှင့် ညီညွတ်သော်လည်း အရသာ နည်းသည့် ငှက်ပျောသီး၊ ပန်းဂေါ်ဖီစိမ်းတို့ ပါဝင်သော အဆာပြေ စားစရာကို ယှဉ်ရွေးခိုင်းရာ ပါဝင်သူ (၂၉) ဦးမှာ ကျန်းမာရေးနှင့် ညီသည်ထက် အရသာ ရှိသည်ကို  ဦးစားပေး ရွေးချယ်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
           ထိုသူများ၏  ဦးနှောက်ကို စောင့်ကြည့် လေ့လာရာတွင်လည်း စိတ်ဖိစီးမှု ခံစားနေရချိန်တွင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း လျော့နည်းကြောင်း တွေ့ရသည်။
          အတန်အသင့် စိတ်ဖိစီးနေရ သူများကို ပိုအတွေ့ရများပြီး၊ ယင်းတို့တွင်လည်း ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း နည်းပါးနေခြင်းမှာ သတိထားရမည့် အချက် ဖြစ်ကြောင်း လေ့လာ သုတေသန ဦးဆောင်သူ ဇူးရစ် တက္ကသိုလ်မှ တော့ဒ်ဟဲလ် ဆိုသူက ပြောကြားခဲ့သည်။
Source: Daily Mail
Credit: messengernewsjournal.com 
စင်းလုံးချော လက်ရာမျိုးကိုမှ လက်ခံချင်သူများ အလုပ်ခွင်ထဲမှာ စိတ်ဖိစီးမှု ပိုများတတ်
စင်းလုံးချော လက်ရာမျိုးကိုမှ လက်ခံချင်သူများသည် အလုပ်ခွင်ထဲမှာ စိတ်ဖိစီးမှု ပိုများကာ လွယ်လွယ်နှင့် စိတ်ချုံးချုံး ကျတတ်ကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။
          တစ်ကိုယ်ရေ တန်ဖိုးမြင့်မြင့် သတ်မှတ်ထားခြင်း၊ မိမိကိုယ်ကိုယ် မညှာမတာ ဝေဖန်လွန်းခြင်း တို့သည် စွမ်းဆောင်ရည်မြင့်သူ၊ ယုံကြည် စိတ်ချရသူ ဟူသော ဂုဏ်ရည်မျိုးနှင့် ဆက်စပ် နေသော်လည်း တကယ့် တစ်ကယ်တမ်းတွင် ကားစင်းလုံးချောကိုမှ လက်ခံချင်သည့် စိတ်ထားမျိုးသည် အလုပ်ခွင်မှာ စွမ်းဆောင်ရည်ကိုပင် ကျဆင်းစေကြောင်း အင်္ဂလန်ရှိ ယော့ခ်စိန့်ဂျွန် တက္ကသိုလ်နှင့် ဘာ့သ် တက္ကသိုလ်မှ ပညာရှင်များက သတိပေး ပြောကြားလိုက်သည်။
          လေ့လာမှု စစ်တမ်းကို Personality & Social Psychology Review ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။ စင်းလုံးချောကိုမှ လက်ခံချင်သည့် စိတ်ထားက လူမှုဘ၀အပေါ် သက်ရောက်မှုကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာထားသည့် ပထမဆုံး စစ်တမ်းလည်း ဖြစ်သည်။
ချစ်ခြင်းမေတ္တာကြောင့် သတိမေ့ရောဂါ ပြန်လည် သက်သာလာ
ချစ်ခြင်းမေတ္တာဟာ အရာရာကို ဟြေင်းလဲ စေနိုင်တယ်ဆိုတာ ဒီဖြစ်ရပ်က သက်သေပြသ သွားခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတိမေ့ရောဂါ (coma) ခံစားနေရသူ တစ်ဦးဟာ ချစ်သူရဲ့ အနီးကပ် ပြုစုစောင့်ရှောက်ခြင်းကြောင့် (၇)လအတွင်း ရောဂါကနေ ပြန်လည် သက်သာသွားခြင်းကြောင့် ဖြစ်ပါတယ်။
      သတိမေ့ရောဂါဟာ ဘယ်အချိန်မှာ ပြန်လည် ကောင်းမွန်မလဲဆိုတာ ခန့်မှန်းနိုင်ခြင်း မရှိပါဘူး။ ဒါပေမဲ့ အနီးကပ်ပြုစု စောင့်ရှောက်သူရဲ့ ချစ်ခြင်း မေတ္တာကြောင့် ရောဂါဝေဒနာကနေ သက်သာ သွားခဲ့တာကြောင့် အားလုံး အံ့အားသင့် သွားပါတယ်။
      တရုတ်နိုင်ငံ၊ အန်ရှာမြို့မှာ နေထိုင်တဲ့ ဖူဂျန်အမည်ရ အမျိုးသမီးတစ်ဦးဟာ ယာဉ်မတော်တဆ ဖြစ်မူကြောင့် သတိမေ့ရောဂါ ရရှိသွားခဲ့ပါတယ်။ ဖူဂျန်ဟာ ဆေးရုံကို ရောက်ရှိစဉ်က စတင်ပြီး ချစ်သူဖြစ်သူရဲ့ အနီးကပ်ပြုစုမူကို ရရှိခဲ့ပါတယ်။ ချန်ဘန်ဟာ ချစ်သူဖြစ်သူ အဖြစ်ဆိုးနဲ့ ကြုံနေရတဲ့ အချိန်မှာ ထွက်ခွာသွားခြင်း မရှိဘဲ ဆေးရုံကို နေ့စဉ်ရောက်လာပြီး စောင့်ရှောက်ပေးခဲ့ပါတယ်။
လက်ရာမြောက်လှသော မျက်နှာပြင်ပေါ်မှ ပန်းချီများ (၄)
ဒီတစ်ခါလည်း Mimi Choi ၏ အံ့မခန်း မိတ်ကပ်ပညာစွမ်းတွေကို ထပ်မံတင်ပေးလိုက်ပါတယ်။ ဒီတစ်ခါ မျက်နှာမှာရော လက်တွေ ခြေထောက်တွေမှာပါ ရေးဆွဲထားတဲ့ Body Art ပညာများပါ တင်ပေးလိုက်ပါတယ်။ ယခင် တင်ပေးထားတဲ့ပုံများလိုပဲ အသက်ဝင်သလို မသောက်ပဲနဲ့ မူးနိုင်ပါတယ်ဗျာ…
စိတ်ကူးဆန်းသည့် ပေါင်းစပ် ကာတွန်းပုံလေးများ (၁၆)
ဒီတစ်ခါတင်ပြမယ့် ပေါင်းစပ်ကာတွန်းပုံလေးတွေကတော့ သာမာန်မြင်နေကြ ပစ္စည်းလေးများရဲ့ အရိပ်ကို အခြေခံပြီး တီထွင်ရေးဆွဲထားတာပါ။ Vincent Bal ဆိုသည့် အနုပညာရှင်၏ တီထွင်ရေးဆွဲမှုများပါ။ ကြည့်လိုက်ကြရအောင်နော်…
ပြင်သစ်နိုင်ငံ မှ တစ်ရက်နှစ်ကြိမ် ဒီရေမြုပ်သော လမ်း
ပြင်သစ်နိုင်ငံမှ Passage du Gois အမည်ရှိလမ်းသည် သဘာဝတရားကြောင့် လှပနေသလို အန္တရာယ်လည်း များလှပါသည်။ Noirmoutier ကျွန်းနှင့် ဆက်သွယ်သော အမှတ် D948 လမ်းမကြီးမှ လမ်းပိုင်းတစ်ခုသည် ပင်လယ်ဒီရေ အတက်အကျကြောင့် တစ်ရက်လျှင် နှစ်ကြိမ် ရေမြုပ်လေ့ ရှိပါသည်။
ထိုရေအောက်မြုပ်လေ့ ရှိသည့် လမ်းပိုင်း အရှည်မှာ 4.3km ( ၂.၅၈ မိုင် ) အထိရှိပါသည်။ တစ်နေ့နှစ်ကြိမ် ရေမြုပ်လေ့ ရှိပြီး ရေမြုပ်သည့် အချိန်၌ 1.5 – 4 မီတာ ( ၅ ပေ မှ ၁၃ ပေ ) အထိ မြုပ်ပါသည်။
ထိုသို့ ကျွန်းသို့ ဆက်သွယ်သည့် လမ်းကြောင်းကို ၁၅၇၇ ခုနှစ်ကတည်းက ဒေသခံများက စတင်တွေ့ရှိကြခြင်း ဖြစ်ပါသည်။ ထိုအချိန်မှ ယခုအထိ ထိုလမ်းကြောင်းကို ဒေသခံများ နှင့် ခရီးသွားများက အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။
Thursday, May 25, 2017
ကမ္ဘာ့အရှည်ဆုံးဆံပင် ပိုင်ရှင်အမျိုးသမီး
တရုတ်နိုင်ငံ မှ Xie Qiuping ဆိုသည့် အမျိုးသမီးသည် ကမ္ဘာပေါ်တွင် ဆံပင်အရှည်ဆုံး အမျိုးသမီး အဖြစ်ကမ္ဘာ့ဂင်းနစ်မှတ်တမ်းတွင် ၂၀၀၄ ခုနှစ်ကတည်းက မှတ်တမ်းတင်ခြင်း ခံခဲ့ရပါသည်။
သူမသည် ၁၉၇၃ ခု သူမအသက် ၁၃ နှစ်အရွယ် ကတည်းက ဆံပင်လုံးဝမညှပ်တော့ပဲ အရှည်ထားခဲ့ခြင်း ဖြစ်ပါသည်။
သူမ၏ ဆံပင်အရှည်မှာ ၅.၆၂၇ မီတာ (၁၈ ပေ ၅.၅၄ လက်မ) အထိရှိပါသည်။ ထိုအတိုင်းအတာမှာ သစ်ကုလားအုတ် တစ်ကောင်၏ အရပ်အရှည်လောက် ရှိပါသည်။
အကောင်းအတိုင်းနီးပါး ရှာဖွေတွေ့ရှိခဲ့သော ဒိုင်နိုဆော ရုပ်ကြွင်း
ကနေဒါနိုင်ငံ မိုင်းတွင်းတစ်ခုမှ မမျှော်လင့်ဘဲ ရှာဖွေတွေ့ရှိခဲ့သော ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုပါ။
အပင်စားဒိုင်နိုဆော မျိုးနွယ်ဝင်တစ်မျိုးဖြစ်ပြီး Nodosaur ဟု ခေါ်တွင်ကြပါသည်။
သက်တမ်းနှစ်သန်းပေါင်း ၁၁၀ သက်တမ်းရှိနေပြီး ၁၈ ပေ ရှည်ကာ အလေးချိန်အားဖြင့် ပေါင် ၃၀၀၀ ဝန်းကျင်ခန့် ရှိပါသည်။
ယခုတွေ့ရှိခဲ့သော ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းသည် ထိုအမျိုးအစားများထဲတွင် တွေ့ ခဲ့သမျှ ပုံမပျက်
သဘာဝ အတိုင်း ကျန်ရှိနေသည့် ရုပ်ကြွင်းဖြစ်ပါသည်။
ဆိုခရေးတီး ရဲ့ အိမ်
တစ်နေ့ ဂရိအတွေးအခေါ်ပညာရှင်ကြီး ဆိုခရေးတီး တစ်ယောက် အိမ်အသစ်ဆောက်နေပါတယ်။ ပကာသနကို မမက်သည့် ပညာရှိကြီး ဖြစ်သည်နှင့်အညီ သူ့ရဲ့အိမ်ကိုလည်း သူ့စိတ်ကြိုက် စီစဉ်ညွှန်ကြားကာ တည်ဆောက်နေခဲ့ပါတယ်။
ပညာရှိကြီးကိုယ်တိုင် စီစဉ်ကြီးကြပ်နေတာ ဆိုတော့ လမ်းထဲမှာ နေတဲ့သူတွေက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ စပ်စုသူတွေကလည်း အများပေါ့။ သူတို့ထင်တာက ပညာရှိကြီးအိမ်ကတော့ ကြီးမားလှပမယ်ပေါ့။
ဒါပေမယ့် စောင့်ကြည့်သူတွေ တွေ့လိုက်ရတာကတော့ အိမ်လေးက သေးသေးလေး။ အပိုတန်ဆာအလှအပများလည်း ဘာမှမပါ။ အမှန်က ဆိုခရေးတီး ရဲ့အိမ်လေးက သေးပေမယ့် သပ်သပ်ရပ်ရပ် တည်ဆောက်ထားတာပါ။
ဒါပေမယ့် စပ်စု အပြစ်ပြောချင်သူတွေ အနေနဲ့ကတော့ ပြောစရာကြီးပေါ့။ ဒါနဲ့ ဆိုခရေးတီးရဲ့ လမ်းထဲမှ စပ်စုတတ်သူ တစ်ယောက်ကတော့ မနေနိုင်မထိုင်နိုင် ပညာရှိကြီးကို သွားပြောပါတယ်။
ကိုမိုလန်မာ တောင်ခြေစခန်း၌ အသက် ၈၆နှစ်အရွယ် နီပေါတောင်တက်သမား သေဆုံး
ကမ္ဘာအသက်အကြီးဆုံး ကိုမိုလန်မာ (Qomolangma) တောင်တက်သမားဘွဲ့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် ကြိုးစားခဲ့သော နီပေါနိုင်ငံမှ အသက် ၈၆နှစ်အရွယ် Min Bahadur Sherchan အမည်ရှိ တောင်တက်သမားသည် မေလ ၆ရက် ညနေပိုင်းတွင် တောင်ခြေစခန်း၌သေဆုံးသွားခဲ့ကြောင်း သိရသည်။
Summit Nepal Trekking မန်နေဂျင်းဒါရိုက်တာ Shivraj Thapa က တောင်ခြေစခန်းတွင် ဒေသစံတော်ချိန် ညနေ ၅း၁၄နာရီ၌ Sherchan သေဆုံးသွားခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။
တောင်တက်ခွင့်ပါမစ် ထုတ်ပေးသော နီပေါနိုင်ငံ ခရီးသွားလုပ်ငန်းဋ္ဌာနမှ တာဝန်ရှိသူများက Sherchan သေဆုံးခြင်းနှင့် ပတ်သက်၍ အတည်ပြုခြင်းမရှိသေးကြောင်း သိရသည်။
Thapa က Sherchanကို စစ်ဆေးရန်အတွက် ဆရာဝန်တွေ က စစ်ဆေးရေးအဖွဲ့ ကို ဖွဲ့စည်းနေပြီး ၎င်း သေဆုံးရခြင်း၏ နောက်ကွယ်မှအကြောင်းရင်းကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ကမ္ဘာအနှံ့မှ ပန်ဒါများ အရွယ်ရောက်လာလျှင် တရုတ်နိုင်ငံသို့ ပြန်ပို့ရသည့် အကြောင်းရင်း
အမေရိကန်ပြည်ထောင်စု မှာ မွေးဖွားကြီးပြင်းခဲ့ပြီး ယခုအခါ အသက် ၃နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ ပန်ဒါလေးပေါင်ပေါင် ဟာ အမေရိကန်နိုင်ငံသား ဖြစ်ခွင့်တော့ မရခဲ့ပါဘူး။ တစ်စုံတစ်ခုသော အကြောင်းရင်းကြောင့် ဖေဖော်ဝါရီ ၂၂ ရက်မှာ တရုတ်နိုင်ငံသို့ ပြန်ပို့ခြင်းခံခဲ့ရပါတယ်။
အမေရိကန်နိုင်ငံရဲ့ ပိုင်နက်အတွင်း မှာ မွေးဖွားသူတိုင်း အမေရိကန်နိုင်ငံသား တစ်ဦး ဖြစ်လာမယ်လို့ ဖော်ပြထားသော လူတွေအတွက်ချမှတ်ထားတဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့်မူဝါဒနဲ့ မတူဘဲ ပန်ဒါကြီးမျိုးများရဲ့ နိုင်ငံသားဖြစ်ခွင့်ကတော့ အခြားမူဝါဒတစ်ခုကို လိုက်နာကြရပါတယ်။
အမွှာတို့၏ ပွဲတော်
၂၀၁၇ ခုနှစ် မေလ ၁ ရက်နေ့တွင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Yunnan ပြည်နယ် Mojiang စီရင်စု၌ အမွှာစုံညီပွဲတော် ကျင်းပခဲ့ပါသည်။
Mojiang စီရင်စုကို တရုတ်နိုင်ငံ၏ အမွှာနယ်မြေ အဖြစ်တင်စားခေါ်ဝေါ် ကြပြီး ထိုဒေသ၌ အမွှာမွေးဖွားသူပေါင်း ၁၀၀၀ ကျော် အထိရှိပါသည်။
တရုတ်နိုင်ငံ မှ အံ့ဖွယ်မိန်းကလေး
ခြေ နှင့် လက်မှ အရိုးဆက်တွေကို လိုသလို ရှေ့နောက်လှည့်ပြောင်း နိုင်သော တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Chongqing ရှိ Wang Chu ဆိုသူမိန်းကလေးပါ။
အသက် နှစ်ဆယ်အရွယ်သာ ရှိသေးသည့် သူမသည် ခြေဆစ် လက်ဆစ်အရိုးဆက်များကို မိမိစိတ်ထင်သလို လှည့်ပြောင်းနိုင်သူတစ်ဦးပါ။ ခြေထောက်ဆိုလျှင် မျက်နှာမူရာ အရပ်၏ ဆန့်ကျင်ဘက် ရောက်အောင် လှည့်ပြောင်းနိုင်သလို လက်များကိုလည်း အရိုးကျိုးနေသည် ထင်ရလောက်အောင် လှည့်ပြောင်းနိုင်ပါသည်။
ထိုသို့လှည့်ပြောင်းရာတွင် သူမအနေဖြင့် နာကျင်သည့် ပုံစံကိုလည်း မတွေ့ရပါ။ သူမသည် ငွေကြေးအတွက် ဖြစ်စေ ၊ နာမည်ကျော်ကြားမှု အတွက်ဖြစ်စေ မလိုလာပဲ TV နှင့် Online အစီအစဉ်များမှ ကမ်းလှမ်းမှုများကိုပင် ငြင်းပယ်ခဲ့ဖူးကြောင်း သိရပါသည်။
ကနေဒါနိုင်ငံသို့ အလည်ရောက်လာသော ရေခဲတောင်ကြီး
ကနေဒါနိုင်ငံ ၊ နယူးဖောင်လန်းပြည်နယ် ၊ Ferryland မြို့
ကလေးအနီးသို့ မီတာ ၄၀ အမြင့်ရှိသည့် ဧရာမရေခဲတောင်ကြီး
ဖြတ်သန်းသွားခဲ့ပါသည်။ ထိုရေခဲတောင်ကြီးသည် ကနေဒါနိုင်ငံ
တောင်ပိုင်း ကမ်းခြေကို ဖြတ်သန်းသွားခဲ့ပြီး Alley ရေခဲတောင်ကြီးလို့ အမည်ပေးထား ကြပါသည်။
ရေခဲတောင်ကြီး ဖြတ်သန်းသွားရာတစ်လျောက် စူးစမ်း
လေ့လာသူ အများအပြား လာရောက်ကြည့်ရှု့ခဲ့ကြပါသည်။
အသက်ဝင်လှပသော 3D ပန်းချီများ (၅)
ဒီတစ်ခေါက် တင်ပြမည့် 3D ရုပ်ကြွပုံလေးများကတော့ ဘရာဇီးလူမျိုး Joao Carvalho (J Desenhos) မှ တီထွင်ရေးဆွဲခဲ့ခြင်းပါ။ ထိုပုံများကို ရေးဆွဲစဉ်က အသက် ၁၅ နှစ်သာရှိပါသေးသည်။ သူ၏ပုံများမှ ထူးခြားမှုမှာ အခြား 3D ပုံများကဲ့သို့ မရေးဆွဲဘဲ ဗလာစာအုပ်ပုံစံ မျဉ်းကြောင်းများဖြင့် ရုပ်လုံးကြွအောင် ရေးဆွဲထားနိုင်မှု ဖြစ်ပါသည်။ သီးခြားသင်ကြားပြသပေးသူ မရှိဘဲ ကိုယ်တိုင် တီထွင်ကြံဆ ရေးဆွထြားနိုင်မှုက အံ့မခန်း ဖြစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ကမ္ဘာကျော်ခဲ့ပါသည်။ မျဉ်ြးော့င်းများကိုသာ အဓိက အသုံးပြုပြီး အရိပ်လိုင်းများထည့်သွင်းထားပုံက ပုံလေးများကို အမှန်ပင် ရုပ်လုံးကြွလာစေပါသည်။ သူ၏ ဖန်တီးမှုများမှ စုစည်းရသမျှကို တင်ပြပေးလိုက်ပါသည်။
ကမ္ဘာတစ်ဝှမ်းရှိ အေးချမ်းလှပသော ရေကူးကန်များ
ကမ္ဘာ့နေရာဒေသ အသီးသီးရှိ အေားချမ်းလှပပြီး တည်ဆောက်ပုံ ဒီဇိုင်းဆန်းတဲ့ ရေကူးကန်များကို စုစည်း တင်ပြပေးပါမည်။ အချို့ရေကူးကန်များသည် လှပသလို ရေကူးရမှာတောင် မ၀ံ့ရဲအောင် ဖြစ်ရပါသည်။ ထို့ပြင် ကမ္ဘာ့စံချိန်မှတ်တမ်းများ ရှိသော ရေကူးကန်များပါ ထည့်သွင်းထားပါသည်။
ဥရောပတိုက်မှ ငြိမ်းချမ်းသာယာသော နယ်ခြားစည်းများ
နယ်သာလန်ဓာတ်ပုံဆရာ Valerio Vincenzo သည် ဥရောပတိုက် နိုင်ငံအသီးသီး၏ နယ်ခြားစည်များကို ရိုက်ကူးမှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။ ထိုနိုင်ငံနယ်ခြားမျဉ်များ ၊ အမှတ်အသားများသည် အေးချမ်းသာယာမှုသဘောကို ပြသနေခြင်းပဲ ဖြစ်ပါသည်။ ဥရောတိုက်ရှိ အဆိုပါ နိုင်ငံများသည် ပထမ နှင့် ဒုတိယ ကမ္ဘာစစ်ပွဲများတွင် စစ်တလင်းဖြစ်ခဲ့ပြီး ၊ တစ်နိုင်ငံ နှင့် တစ်နိုင်ငံ အပြင်းအထန်တိုက်ခိုက် ခဲ့ကြပါသည်။ တကယ့်ရန်ဘက်နိုင်ငံများ ဖြစ်ခဲ့ကြပါသည်။ သို့သော် ဒုတိယကမ္ဘာစစ်ပွဲ ပြီးကတည်းက နားလည်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးနေကြပါပြီ။ ၁၉၈၅ Schengen သဘောတူညီချက် စတင်ပြီးကတည်းက နှစ်နိုင်ငံ နယ်ခြားကန့်ကပ်မှုများလျော့ချ ပပျောက်စေလာပုံ နှင့် အေးချမ်းသာယာပုံ အဆင့်ဆင့်ကို ဓာတ်ပုံဆရာမှ မှတ်တမ်းတင်ထားခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ မှတ်တမ်းတင်ဖို့အတွက် သူသည် ခရီးအကြိမ်ရေ များစွာထွက်ကာ ကြိုးစားခဲ့ရခြင်း ဖြစ်ပါသည်။
သံ နှင့် ကြိုးလေးများဖြင့် ဖန်တီးထားသည့် ပန်းချီ
ပန်းချီကားတစ်ချပ်ကို စုတ်တံ ၊ ဆေး တို့မသုံးဘဲ သံအသေးလေးများ ၊ ကြိုးများဖြင့်သာ ဖန်တီးထားခြင်း ဖြစ်ပါသည်။ Wuhan တက္ကသိုလ်မှ သိပ္ပံ နှင့် နည်းပညာ အထူးပြု ကျောင်းသား Tang Yawen မှ ကြိုးစားဖန်တီးခဲ့ခြင်းပါ။ သံချောင်းလေးပေါင်း ၉၀၀၀ ခန့် နှင့် ကြိုးစလေးများကို အသုံးပြုကာ မာရီလင်မွန်ရိုးပုံတူ ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။
Tuesday, May 23, 2017
အိပ်စက်ပုံ အနေအထားနှင့် ဦးနှောက်ကျန်းမာရေး
ဘေးစောင်းအိပ်သူများ အာရုံကြောဆိုင်ရာ ရောဂါ ဖြစ်နိုင်ခြေ နည်းပါးသည်ဟု လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။
      ဘေးစောင်း အိပ်သည့်အခါ ဦးနှောက်တွင်း စွန့်ပစ် ဓာတုပစ္စည်းများ သွန်ထုတ်သည့် ဂလင်ပတ်တစ် လမ်းကြောင်း ပိုကျယ်ကျယ် ပွင့်သဖြင့် ဦးနှောက်သည် အညစ်အကြေး ပိုကင်းဝေးကာ အယ်လ်ဇိုင်းမားကဲ့သို့ အာရုံကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်ခြေ နည်းသွားကြောင်း အမေရိကန်နိုင်ငံရှိ စတိုနီဘရွတ်ခ် တက္ကသိုလ် သုတေသနက ဆိုသည်။
      ပက်လက်အိပ်ခြင်း၊ မှောက်လျက် အိပ်ခြင်းထက် ဘေးစောင်း အိပ်ခြင်းသည် ဦးနှောက် အညစ်အကြေးများကို ပိုသန့်စင်ပေးနိုင်ကြောင်း ကြွက်များနဲ့ စမ်းသပ်ရင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သုတေသနက ဆိုသည်။ ကြွက်များကို အနေအထား အမျိုးမျိုးဖြင့် အိပ်စေကာ ဦးနှောက်ကို သံလိုက်လှိုင်းသုံး ပုံရိပ်ဖော်စက် (MRI) ဖြင့် လေ့လာခဲ့ကြသည်။
      အိပ်ပျော်နေစဉ်တွင် ဦးနှောက် ရည်ကြည်များသည် ဦးနှောက်တွင်း အညစ်အကြေးများကို ဆေးကြောသည်။ ဆေးကြောလိုက်သည့် အခါ အညစ်အကြေးအဖြစ် အမ်ရွိုက်ဘီတာနှင့် တာရူ ပရိုတိန်းတို့ ထွက်လာသည်။ ထိုနှစ်မျိုးသည် ဦးနှောက် အတွက် အညစ်အကြေး ဖြစ်ပြီး များများ စုပုံနေလျှင် ဦးနှောက် ကျန်းမာရေး ထိခိုက်စေသည်။ လေ့လာမှု စစ်တမ်းကို Neuroscience ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။
Source: Reuters
Credit:messengernewsjournal.com
ချစ်သူနှစ်ဦး အတွက် ရိုမန်တစ် ရေပေါ် စားသောက်ဆိုင်
သီးသန့် နေထိုင်ပြီး စိတ်လက်ချမ်းသာ စားသောက် နေချင်သူတွေ၊ ချစ်သူ နှစ်ဦး ချစ်စကားတွေ ပြောပြီး အေးဆေးစွာ ဖြတ်သန်းချင်သူတွေ အတွက် ရည်ရွယ်ပြီး ထူးခြားတဲ့ စားသောက်ဆိုင်ကို ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။  
ဒီဆိုင်ဟာ ထူးခြား နေပြီး သဘာဝရှုခင်းတွေကို ကြည့်ရူရင်း ချစ်သူစုံတွဲတွေ အတွက် သီးသန့် ဖွင့်လှစ် ပေးထားတာ ဖြစ်ပါတယ်။ ရိုမန်တစ်ဆန်တာကို နှစ်သက်သူတွေ သဘောကျ နှစ်သက်မယ့် ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။
          ဆိုင်ရဲ့ အပြင်အဆင်က ရိုးစင်းပြီး ရေပေါ်မှာ ဖွင့်လှစ် ထားခြင်း ဖြစ်ပါတယ်။ ရေပေါ်မှာ မျှောပါနိုင်တဲ့ ဖောင်လို ပုံစံမျိုး ပြုလုပ်ကာ ကျောက်ချပြီး ရေလယ်နားမှာ ရပ်တန့် စေတာ ဖြစ်ပါတယ်။ အနီးဝန်းကျင်မှာ လှေ၊ သဘောင်္စတာတွေ တည်ရှိပြီး အစားအစာ မှာကြား နိုင်ရန်၊ အသွားအပြန် ပြုလုပ် ပေးနိုင်ရန် စီစဉ် ပေးထား ပါတယ်။ ရေပေါ်မှာ ချစ်သူနှစ်ဦး စကားတွေ လွတ်လပ်စွာ ပြောရင်း လှပတဲ့ ရှုခင်းတွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒီလို နေရာမျိုးကို ရောက်ပြီးပါက တစ်သက် မေ့မရနိုင်တဲ့ ခံစားမှုမျိုး ရရှိ သွားမှာ ဖြစ်ပါတယ်။
ဒေးဗစ်ဘက်ခမ်းနှင့် ဆေးမင်ကြောင်များ
အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းဟာ ဆေးမင်ကြောင် ထိုးခြင်းကို ၀ါသနာပါသူ အဖြစ် သိရှိထားကြပါတယ်။ လက်ရှိအချိန်မှာ ဒေးဗစ်ဘက်ခမ်းဟာ အသက် (၄၀)နှစ်ကို ရောက်ရှိနေပြီ ဖြစ်ပေမယ့် ဆေးမင်ကြောင် ထိုးခြင်းကို ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ ဒေးဗစ်ဘက်ခမ်း နောက်ဆုံးထိုးခဲ့တဲ့ ဆေးမင်ကြောင် ဟာပါဆိုတဲ့ အင်္ဂလိပ် အမည် ဖြစ်ပါတယ်။ ဒါကြောင့် ဒေးဗစ်ဘက် ခမ်းဟာ ဘ၀တစ်လျှောက် ထိုးခဲ့တဲ့ ဆေးမင်ကြောင် အရေအတွက်ဟာ ( ၉၉) ခု အထိ ရှိသွားခဲ့ပါတယ်။ ဒေးဗစ်ဘက်ခမ်း ဘာကြောင့် ဆေးမင်ကြောင်တွေ အများအဟြး ထိုးနေရတယ်ဆိုတာ သိချင်နေကြမှာ ဖြစ်ပါတယ်။ ဒေးဗစ် ဘက်ခမ်းကတော့ သူ့ဆီမှာရှိတဲ့ ဆေးမင်ကြောင်တွေဟာ အဓိပ္ပာယ် များစွာရှိကြောင်း ဖွင့်ဟဟြေကြား ခဲ့ဖူးပါတယ်။
လူမှုဝန်းကျင် အချက်အလက်များက နှလုံးရောဂါအပေါ် လွှမ်းမိုးမှုရှိ
နှလုံးရောဂါ အကြောင်း လေ့လာရာတွင် လူမျိုး၊ ပညာရေး၊ နေရပ်ဒေသစသော လူမှုအချက်အလက် များသည် အဓိကကျကြောင်း အမေရိကန် နှလုံးကျန်းမာရေး အသင်းကြီးက ထုတ်ပြန် ပြောကြားသည်။
          လူမှုဝန်းကျင် အခြေအနေများ ယိုယွင်းလာခြင်းသည် နှလုံးရောဂါ ဖြစ်ပွားနှုန်းများ တက်လာရသည့် အဓိကအချက်များ ဖြစ်သည်ဟု အသင်းကြီးက ဆိုသည်။ လာမည့် ဆယ်စုနှစ်များ တောက်လျှောက်လည်း နှလုံးရောဂါ ဖြစ်ပွားနှုန်းများ တက်လာဖွယ် ရှိသည်ဟု အသင်းကြီးက ခန့်မှန်းထားသည်။ လေ့လာမှုစစ်တမ်းကို Circulation (သွေးလှည့်ပတ်မှု) ဂျာနယ်တွင် ထည့်သွင်းဖော်ပြ ထားသည်။
          အချို့သော လူမှုဝန်းကျင် အချက်အလက်တွေဟာ လူတွေ ထိန်းချုပ်နိုင်စွမ်းရဲ့ အပြင်ဘက်ကို ရောက်နေပါတယ်။ အဲဒီ အချက်တွေ ကလည်း နှလုံးရောဂါ ဖြစ်ပွားနှုန်းတွေ တက်လာတဲ့ နေရာမှာ လွှမ်းမိုးမှု ရှိနေပါတယ်””ဟု စစ်တမ်းဦးဆောင်သူ ဒေါက်တာ ကလိုက်ယန်စီက ပြောသည်။ ဒေါက်တာ ယန်စီသည် ရှီကာဂိုမြို့ အနောက်မြောက် တက္ကသိုလ်ရှိ ဖိန်းဘာ့ဂ်ျ ဆေးကောလိပ် လက်အောက်မှ နှလုံးရောဂါဆိုင်ရာ ဌာနအကြီးအကဲ ဖြစ်သည်။
ပေ (၂၀၀၀၀) ကျော်ပေါ်ကနေ ခုန်ချပြီး စံချိန်သစ်တင်ရှိ
အမေရိကန် ပြည်ထောင်စု၊ အီလီနွိုက် ပြည်နယ်မှာ တင်ရှိခဲ့တဲ့ ကမ္ဘာ့စံချိန် တစ်ခုက စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လေထီးခုန်သမား  (၁၆၄) ဦးဟာ အမြင့်ပေ (၂၀၀၀၀)ကျော်ကနေ ဦးခေါင်းနဲ့ ငိုက်ဆင်းပြီး ခုန်ချခြင်း ပြုလုပ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ စံချိန်ဖြစ်ခဲ့ပြီး ၂၀၁၂ က (၁၃၈)ဦးနဲ့ တင်ထားတဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လေထီးခုန်ရာမှာ  ဦးခေါင်းနဲ့ ငိုက်ဆင်းပြီး တစ်ယာက်လက်ကို တစ်ယောက် ချိတ်ကာ လေထဲမှာ ပန်းပွင့်ပုံစံကို ပုံဖော်ခဲ့ပါတယ်။ စည်းလုံးမူရှိမှ ပြုလုပ်နိုင်တဲ့ ပြကွက်ဖြစ်ပြီး ဒီလိုလုပ်နိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။
      လေပေါ်မှာ ပန်းပွင့်ပုံစံဖြစ်ဖို့  (၁၃) ကြိမ်ခန့် ကြိုးစားပြီးမှ စံချိန်ချိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အမြင့်ပေ (၂၀၀၀၀) ကျော် က ခုန်ချရတာကြောင့် တစ်နာရီကို  (၂၄၀) မိုင်နှုန်းနဲ့ ဦးခေါင်းကို စိုက်ဆင်းရတာ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံသားတွေ အပြင် အင်္ဂလန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ယူအေအီးစတဲ့ နိုင်ငံတွေက လေထီးခုန် ၀ါသနာရှင်တွေလည်း ၀င်ရောက် ဆင်နွှဲခဲ့ပါတယ်။ လေယာဉ် ခုနစ်စီးနဲ့အတူ လေထီးခုန်သမားတွေ ခုန်ချခဲ့တာဖြစ်ပြီး ရင်ခုန် စိတ်လူပ်ရှားရတဲ့ ပြကွက်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒီလိုခုန်ချမူကို ဓာတ်ပုံ ဆရာက အကောင်းဆုံး ပုံဖော် ရိုက်ကူးနိုင်ခဲ့ပါတယ်။
Credit:messengernewsjournal.com
ဘာဘွန်း မျောက်များ ဒီမိုကရေစီစနစ် ကျင့်သုံး
ဒီမိုကရေစီသည် လူသားမျိုးနွယ်၏ အကြီးအကျယ်ဆုံး အောင်မြင်မှု ဖြစ်ပြီး လူသားနှင့် တိရစ္ဆာန်ကြား ခွဲခြားထားပေးသည့် စနစ်တစ်ခုဟု အနောက် နိုင်ငံသားများက ယူဆနေသော်လည်း ယင်းယူဆမှု မှားသွားပြီ ဖြစ်သည်။
            ဘာဘွန်း မျောက်များသည် အုပ်စုလိုက် ဆုံးဖြတ်ချက် ချမှတ်ရာတွင် ဒီမိုကရေစီ ပုံစံတစ်ခုကို ကျင့်သုံးလေ့ ရှိကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။ ဘာဘွန်းများသည် လွှမ်းမိုးတတ်သော အကောင်များ၏ အုပ်ချုပ်မှုဖြင့် အဆင့်ဆင့် ဖွဲ့စည်းကာ နေထိုင်တတ်သော်လည်း အရေးပါသော ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် လွှမ်းမိုးတတ် သူများသည် ပြောရေးဆိုခွင့်၊ ဆုံးဖြတ်ခွင့် မဲ့သွားကာ အုပ်စု၏ အလိုကို လိုက်လျောရလေ့ ရှိကြောင်း ပညာရှင်များက တွေ့ရှိခဲ့သည်။
ထူးထူးခြားခြား အနုပညာ (၄)
ဒီတစ်ခေါက် ထူးထူးခြားခြားအနုပညာ အဖြစ် ပစ္စည်းအမျိုးစုံ ၊ အရွယ်စုံကို စုပုံထားကာ ပုံတစ်ပုံဖြစ်ရန် ဖန်တီးထားပုံများကို တင်ပြပေးပါမယ်။ အဝေးက ကြည့်ရင် ပုံတစ်ပုံ အဖြစ်ထင်ရှား သိသာသော်လည်း နည်းနည်းအနီးကပ်ကြည့်ရင် အရွယ်အစား အမျိုးမျိုးရှိ ပစ္စည်းအမယ်စုံကို သူ့နေရာနဲ့သူ စီစဉ်နေရာချထားတာ တွေ့ရမှာပါ။ ပိုပြီးအနီးကပ်ကြည့်တော့ အမှိုက်ပုံ တစ်ခုလို ဖြစ်နေတာပါ။
Christian Pierini ဆိုတဲ့ အနုပညာရှင်တစ်ဦးရဲ့ စိတ်ကူးပုံဖော် ဖန်တီးထားမှုများ ဖြစ်ပါတယ်။
Related Posts Plugin for WordPress, Blogger...