
ပေကျင်း ဒီဇင်ဘာ ၂၇
တရုတ် နိုင်ငံတွင် နှစ်စဉ် ကျင်းပလေ့
ရှိသော ဟာဘင် ရေခဲ ပွဲတော်ကြီးအား ဆက်လက် ကျင်းပခဲ့ရာ ကမ္ဘာ လှည့်
ခရီးသွားများက အထူး စိတ်ဝင်စားလျက် ရှိကြသည်။ ဆောင်းရာသီ၌ ကျင်းပလေ့ ရှိသော
အဆိုပါ ပွဲတော်အား ယခုနှစ်တွင် ''ရေခဲမြို့တော်''ဟု
တင်စား ခေါ်ဝေါ်ခဲ့ပြီး ဧရာမ ရေခဲပန်းပု
ရုပ်တုများ က မြင်ရသူ တိုင်းကို အံ့သြ မှင်တက် စေခဲ့သည်။