Sunday, December 30, 2012

ရေအောက်စတိတ်စင်/ စတူဒီယို


အင်္ဂလန်နိုင်ငံ၊ Buckinghamshir ပြည်နယ် Iver မြို့ မှာ ရှိတဲ့ ရေအောက် စတူဒီယို တစ်ခု ဖြစ်ပါတယ်။
ဥရောပမှာ တစ်ခုတည်းသော စတူဒီယို ဖြစ်ပါတယ်။ စတိတ်စင်ရယ်လို့ မက ပဲ အခြားသော ရေအောက် ကမ္ဘာပုံစံငယ်များ၊ အိမ်ခန်းများလည်း ပြု လုပ်ပေးထားပါတယ်။ ရေတွေနဲ့ပြည့်နေပြီး ရုပ်ရှင် ရိုက်ကူးသူများ၊ ဓာတ်ပုံ၊ ကြော်ငြာရိုက်ကူးသူများအတွက် နေရာ တစ်ခု ဖြစ်ပါတယ်။

ရေကန် တစ်ဖြစ်လဲ ပန်းခြံ - Green Lake


သြစတေးရီးယား နိုင်ငံ၊ Styria ပြည်နယ် Tragoss မြို့ အနီးမှာ ရှိတဲ့ ပန်းခြံ ဖြစ်ပါတယ်။ ဆောင်းရာသီ ဆိုရင် ပန်းခြံ ဖြစ်ပြီး နွေရာသီ ဆိုရင် ရေကန်ကြီး တစ်ခု ဖြစ်ပါတယ်။ Green Lake လို့ အမည်ပေး ထားပါတယ်။

ကမ္ဘာ့တက်တူး အများဆုံး ထိုးသော ပုဂ္ဂိုလ်


ပုံမှာ မြင်တွေ့ရတဲ့ ပုဂ္ဂိုလ်ကတော့ ၂၀၀၆ ခုနှစ်ကစလို့ ယနေ့တိုင်အထိ ကမ္ဘာ့ တက်တူးအများဆုံး ထိုးသော ပုဂ္ဂိုလ်အဖြစ် စံချိန်တင်ထားသူ Lucky Diamond Rich ဖြစ်ပါတယ်။
နယူးဇီလန်နိုင်ငံသားဖြစ်ပြီး လူဖြူလူမျိုး ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ရဲ့  တစ်ကိုယ်လုံး ပြည့်နေတဲ့ တက်တူးကြောင့် လူမည်းတစ်ဦးပမာ ထင်ချင်စရာ ရှိပါတယ်။ တက်တူးထိုးတာမှ မျက်ခွံအထဲထိတောင် ထိုးထားပါ တယ်။ ပြီးတော့ အမျိုးသား အစိတ်အပိုင်းပါမချိန် နေရာအားလုံး တက်တူး ထိုးထားသူ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး ၁၀၀ ရာခိုင်နှုန်းပြည့် တက်တူး ထိုးထားသူ ဖြစ်တယ်လို့ ဆိုပါတယ်။
...

ကမ္ဘာ့အမာကြောဆုံး အသားပိုင်ရှင်















တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်က အသက် ၃၆ နှစ်အရွယ် ကွန်ဖူး သိုင်းပညာ ရှင် ရှောင်လင်ဘုန်းကြီး Hu Qiong ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က တရုတ်နိုင်ငံ အလယ်ပိုင်း Xiangfan မြို့  မှာ ယခုလို လက်စွမ်းပြပြီး ကမ္ဘာ့အသိအမှတ်ပြု ခံခဲ့ရပါတယ်။
Related Posts Plugin for WordPress, Blogger...