Wednesday, December 13, 2017

ဂျပန်လူမျိုးများ၏ ထူးထူးခြားခြား တီထွင်မှုများ (၃)

ဒီတစ်ခါလည်း သူငယ်ချင်းတို့အတွက် နားလည်ရခက်တဲ့ တီထွင်ထုတ်လုပ် ရောင်းချသည့် ပစ္စည်းလေးများကို တင်ပြပေးထားပါတယ်။ တစ်ချို့ပစ္စည်းလေးများဟာ တကယ်ကို အသုံးဝင်နိုင်ပေမယ့် တစ်ချို့အရာများကတော့ လိုအပ်တာထက် နည်းနည်းပိုနေသလို ဖြစ်နေပါတယ်။ ဒီပစ္စည်းများရဲ့ အများစုကို ဂျပန်နိုင်ငံက ထုတ်လုပ်တာ ဖြစ်ပေမယ့် ရှာဖွေစုစည်းလို့ရသမျှ အခြားနိုင်ငံက ပုံကလေးများကိုပါ ပေါင်းထည့်ပေးလိုက်ပါတယ်။

အလုပ်များလို့ ထိုင်ရင်း အိပ်ငိုက်တတ်သူများအတွက် အစဉ်ပြေပါတယ်။  ဒါပေမယ့် ယောင်ပြီး လမ်းထလျောက်မယ်ဆိုရင်တော့ မလွယ်ပါဘူးဗျာ။

သားသားမီးမီးတို့အတွက် ပုံစံဆန်းတဲ့ မိုးကာထီးလေးပါ။

ချစ်စဖွယ် 3 D ကျေးရွာလေး

မိတ်ဆွေတို့ အနေဖြင့် တရုတ်နိုင်ငံ ၊ Luoyuan ရွာကလေးကိုရောက်လျှင် တစ်ရွာလုံးရဲ့ အိမ်နံရံများ နှင့် လမ်းများပေါ်တွင် ရေးဆွဲထားသည့် ကြီးမားလှသော 3 D ရုပ်ကြွ ဂရက်ဖတီပုံကြီးများကို တွေ့မြင်ကြရမှာပါ။
ရုပ်ပုံကြီးများသည် နံရံများပေါ်တွင် ဆေးရောင်စုံဖြင့် လှပအသက်ဝင်စွာ တွေ့မြင်ကြရမည် ဖြစ်ပါသည်။ အဆိုပါ ရုပ်ပုံကြီးများကို ဒေသခံ အနုပညာရှင်များက စုပေါင်းရေးဆွဲပေးထားခြင်း ဖြစ်ပြီး ခရီးသွားဧည့်သည်များ လာရောက်စေရန် ကြိုးပမ်းမှုတစ်ခုလည်း ဖြစ်ပါသည်။

တစ်ချိန်က မြစ်ကမ်းနဘေး မြို့ပြနှင့် အနည်းငယ် ဝေးကွာသည့် ကျေးရွာငယ်လေး ဖြစ်သော်လည်း ယခုအခါ ရုပ်ပုံကြီးများကို လာရောက်ကြည့်ရှု့လည်ပတ်သူများကြောင့် စည်းကားနေပြီ ဖြစ်ပါသည်။ ထို့အပြင် Luoyuan ရွာကလေးသည် စိမ်းလန်းစိုပြေသည့် တောတောင်များနှင့် ပတ်လည်ဝန်းရံနေသည့် လှပသည့် ရွာကလေးပါ။
ယခုအခါ တရုတ်နိုင်ငံ၏ လည်ပတ်ချင်စရာအကောင်းဆုံး သာယာလှပသည့် ကျေးရွာလေးတစ်ခု အဖြစ်လည်း သတ်မှတ်ထားကြပါသည်။
Related Posts Plugin for WordPress, Blogger...