Monday, May 15, 2017

သဲသောင်ပြင်မှ ပန်းချီပုံကြီးများ (၃)

ကျယ်ပြန်တဲ့ သဲသောင်ပြင်ပေါ် အစီအစဉ်တကျ ပုံပေါ်အောင် ဆွဲသားထားနိုင်သည့် သူ၏ကြိုးပန်းမှုက လေးစားစရာပါ။ယခုပုံကြီးများကိုတော့ Julian Richardson ဆိုသူမှ ရေးဆွဲပြခဲ့ခြင်း ဖြစ်ပါတယ်။

ကျောက်ခဲလေးများဖြင့် ဖန်တီးထားသော ပုံလေးများ (၄)

တွေ့မြင်နေကျ ပုံစံမျိုးနှင့်မတူပဲ သဘာဝ ကျောက်ခဲလေးများကို
နေရာတကျ စုစည်း၍ ရုပ်ပုံလေးများဖြစ်လာအောင် ဖန်တီးပုံဖော်
ထားမှုများပါ။ စိတ်ကူးဆန်းသစ်သလို သဘာဝအတိုင်းရှိနေသည့်
ကျောက်ခဲပုံစံမျိုးစုံကို အစီအစဉ်တကျ ပုံဖော်ထားသိုနိုင်မှုဟာ
လေးစားစရာပါ။ 

ကြယ်သီးလေးများဖြင့် ဖန်တီးထား 3D ပုံများ

ယခင်က ကြယ်သီးလေးများဖြင့် ဖန်တီးထားသည့် ပုံလေးများကို များစွာတင်ပေးဖူးပါတယ်။ ဒါပေမယ့် အခုတင်ပေးမယ့် ပုံများကတော့ ပို၍စိတ်ကူးဆန်းပြီး လက်ရာမြောက်လှပါတယ်။ ကြယ်သီးလေးများကို ပြင်ညီပေါ်တွင် နေရာချထားခြင်းမျိုး မဟုတ်ဘဲ အပေါ်မှ ကြိုးဖြင့်ဆွဲကာ လိုချင်တဲ့ပုံစံ ၊ အရောင်အမျိုးမျိုးရအောင် တီထွင် ဖန်တီးထားပါတယ်။ အနီးကပ်ကြည့်လျှင် ကြယ်သီးတစ်ခုစီ ကွဲပြားနေပြီး မသိသာပေမယ့် အဝေးမှ ကြည့်လျှင် ရုပ်လုံကြွနေသည့် 3D ပန်းချီကားတစ်ချပ်ကဲ့သို့ ထင်ရလောက်အောင် လက်ရာမြောက်ပါတယ်။ တီထွင်ဖန်တီးသူကတော့ Augusto Esquivel ဆိုသူဖြစ်ပါတယ်။ 

ဂျပန်နိုင်ငံ မှ သေကြောင်းကြံသည့် တောအုပ်

ဂျပန်နိုင်ငံမှ တောအုပ်တစ်ခုကို သေကြောင်းကြံတဲ့တောအဖြစ် အမည်ပေးထားပါသည်။ ထိုအမည်နှင့် လိုက်ဖက်စွာပင်ထိုတောအုပ်အတွင်း၌ နှစ်စဉ်လူပေါင်းများစွာ သေကြောင်းကြံစည်မှုများ ပြုလုပ်တတ်ကြပါသည်။

ဂျပန်နိုင်ငံ၏ အထင်ကရ ဖူဂျီတောင်ကြီး၏ အနောက်မြောက်ဘက် အနီးနားရှိ တောအုပ်ကို Aokigahara ဟု အမည်ရပြီး ယခုအခါ သေကြောင်းကြံတဲ့တော ဟုလည်းကောင်း သစ်ပင်များ များစွာပေါက်ရောက်နေ သဖြင့် သစ်ပင်ပင်လယ် ဟုလည်းကောင်း ခေါ်တွင်ကြပါသည်။ ထိုတောအုပ်သည် ၃၀ စတုရန်းကီလိုမီတာ ( ၁၂ စတုရန်းမိုင် ) ကျယ်ဝန်းပါသည်။

ထိုစိမ်းလန်းပြီး သစ်ပင်များထူထပ်စွာ ပေါက်နေသော တောအုပ်အတွင်းသို့ ဂျပန်နိုင်ငံသားများသည် လာရောက်ကာ သေကြောင်းကြံစည်မှုများ ပြုတတ်ကြပါသည်။ ဂျပန်နိုင်ငံတွင် သေကြောင်းကြံစည်မှုများ အများအပြား ဖြစ်တတ်ကြပြီး အများအားဖြင့် တိုကျိုမီးရထားရှေ့သို့ ခုန်ချ အဆုံးစီရင်ခြင်း ပြုတတ်ကြသလို ယခုတောအုပ်အတွင်းသို့ လာရောက်ပြီး သေကြောင်းကြံစည်မှုလည်း ပြုတတ်ကြပါသည်။
Related Posts Plugin for WordPress, Blogger...