Tuesday, August 14, 2018

ရွှေရောင်တောက်ပနေသည့် ကမ္ဘာ့အမြင့်ဆုံးဟော်တယ်ကြီး

ကမ္ဘာ့အမြင့်ဆုံး ဟော်တယ်ကြီးအဖြစ် Dubai မှ Gevora ဟော်တယ်ကြီးကို သတ်မှတ်ခဲ့ကြပါတယ်။ ထိုဟော်တယ်ကြီးသည် အမြင့်ပေ 356.33 m (1,169 ပေ) ရှိကာ၂၀၁၈ ခု ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး လက်ရှိ ကမ္ဘာ့အမြင့်ဆုံး ဟော်တယ်ကြီးအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

အထပ်အားဖြင့် ၇၅ ထပ်ရှိပြီး ဟော်တယ်အခန်းပေါင်း ၅၂၈ ခန်းရှိပါတယ်။ ဟော်တယ်ကြီးကို ရွှေရောင်တောက်ပနေသော ပုံစံမျိုး ဒီဇိုင်းဖန်တီးတည်ဆောက်ထားပြီး စားသောက်ဆိုင်ခန်း ၄ ခု ၊ ကျန်းမာရေးဆိုင်ရာ လေ့ကျင့်ခန်းများ ၊ အမိုးဖွင့်ရေကူးကန်ကြီး နှင့် ဇိမ်ကျကျနေနိုင်သည့် spa ခန်းများလည်း ပါဝင်ပါတယ်။

ထိုဟော်တယ်မြင့်ကြီးမှနေ၍ Dubai မြို့ရဲ့ မြင်ကွင်းများကို အပေါ်စီးမှ ကြည့်ရှု့အနားယူနိုင်မည် ဖြစ်ပြီး တစ်ညတည်းခိုခ (£134/$191) ကျသင့်မည် ဖြစ်ပါတယ်။

မြွေမင်းသမီးလေးအလား ခန္ဓာကိုယ်ပျော့ပျောင်းလွန်းသူလေး

ခန္ဓာကိုယ်မှာ အရိုးရှိတယ်လို့ မထင်ရလောက်အောင် ပျော့ပျောင်းနိုင်တဲ့ မိန်းကလေးတစ်ယောက်ပါ။ Zlata လို့အမည်ရတဲ့ သူမဟာ ရုရှနိုင်ငံမှဖြစ်ပြီး သူမရဲ့ အံ့မခန်း ကိုယ်ခန္ဓာကို လိုသလို ပြုလုပ်နိုင်သဖြင့် ကမ္ဘာပေါ်တွင် ခန္ဓာကိုယ် အပျော့ပျောင်းဆုံး မိန်းကလေးအဖြစ် သတ်မှတ်ထားကြပါတယ်။ သူမရဲ့ ပြကွက်များဟာ ကြည့်ရှု့ရသူအနေနဲ့ အသဲထိတ်ဖွယ်ကောင်းလှအောင် ဆွဲဆောင်နိုင်ပြီး မြွေမင်းသမီးလေးလို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။ သူ့ရဲ့ပြကွက် တစ်ချို့ကို ကြည့်လိုက်ရအောင်နော်...


ကြမ်းပိုးကြောင့် နစ်နာကြေး ၁.၆ သန်းနီးပါးပေးရတဲ့ အိမ်ရှင်

ကြမ်းပိုးကိုက်လို့ သေရာပါ ဒဏ်ရာရခဲ့တဲ့ ၃ နှစ်အရွယ် ကလေးငယ်ရဲ့ မိသားစုကို အိမ်ပိုင်ရှင်က အမေရိကန်ဒေါ်လာ ၁.၆ သန်းနီးပါးပေးဖို့ အမေရိကန်ပြည်သူ့တရားရုံးက စီရင်ချက် ချမှတ်ခဲ့ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံမှာ ကြမ်းပိုးကြောင့် နစ်နာကြေး အများဆုံးပေးရတဲ့ ဖြစ်ရပ်ပါပဲ။

လီလီယာနာနဲ့ ခင်ပွန်းတို့ဟာ ၂၀၁၀ ပြည့်နှစ်က ကယ်လီဖိုးနီးယား အင်ဂယ်ဝုဒ်မြို့ကို ပြောင်းရွှေ့ခဲ့ပြီး နှစ်နှစ်အကြာမှာ ပြဿနာစခဲ့တာပါ။ သူတို့ရဲ့ (၃)နှစ်အရွယ် သားငယ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး အနီစက်တွေ ထခဲ့လို့ ဆေးရုံ သွားပြခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက လသားအရွယ်ပဲရှိသေးတဲ့ သမီးငယ်လည်း ကြမ်းပိုးကိုက်ခံရလို့အနီစက်တွေ ဖြစ်ခဲ့ပါတယ်။

သေနေတဲ့ ခလောက်မြွေကိုက်လို့ အမျိုးသားတစ်ဦး သေလုမျောပါး ဖြစ်ခဲ့

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က အမျိုးသားတစ်ဦးဟာ ခလောက်မြွှေတစ်ကောင်ကို ခေါင်းဖြတ်သတ်ခဲ့ပေမယ့် မြွေအသေကောင်က ကိုက်ခဲ့လို့ သေလုမျောပါးဖြစ်ခဲ့ပြီး မြွေဆိပ်ဖြေဆေး ၂၆ ဖုံ ထိုးခဲ့ရပါတယ်။ သူ့ယောက်ျားက ပန်းခြံထဲမှာ လုပ်စရာရှိတာတွေ လုပ်နေတုန်း ခလောက်မြွေတစ်ကောင် တွေ့ခဲ့တဲ့အတွက် ခေါင်းဖြတ်သတ်ခဲ့တယ်လို့ ဆတ်ကလစ်ဆိုတဲ့ အမျိုးသမီးက ပြောပါတယ်။

အဲဒီနောက်မှာ ဒီအမျိုးသားက မြွေအသေကောင်ကို လွှင့်ပစ်ဖို့ ကောက်ယူလိုက်ချိန်မှာ မြွှေကိုက်ခံခဲ့ရတာပါ။ မြွှေတစ်ကောင်ဟာ သေပြီးတဲ့နောက် နာရီပိုင်း အကြာအထိ ပါးစပ်ဟပြီး ကိုက်နိုင်စွမ်းရှိသလို အဆိပ်ပြင်းတဲ့ မြွှေတွေက ကိုက်အားပိုပြင်းပါတယ်။ ဒီအမျိုးသားဟာ ချက်ချင်းပဲ တက်သလို ဖြစ်လာခဲ့လို့ အရေးပေါ်လူနာတင်ယာဉ်နဲ့ ဆေးရုံတင်ပို့ခဲ့ပါတယ်။ မြွေကိုက်ခံရပြီး တစ်ပတ်ကြာချိန်မှာ သူ့အတွက် အသက်အန္တရာယ် မရှိတော့ပေမယ့် ကျောက်ကပ်အားနည်းနေသေးတယ်လို့ ဆိုပါတယ်။
Credit:yoyarlay

သေပြီလို့ သတ်မှတ်ရခါနီးဆဲဆဲမှာ အသက်ပြန်ရှင်လာတဲ့ ၁၃နှစ်သားလေး

လောကကြီးမှာ ထူးဆန်းတဲ့အဖြစ်အပျက်တွေဟာ စက္ကန့်တိုင်းမှာ ဖြစ်ပျက်နေပါတယ်။ သဘာဝတရားကြီးဟာ လူတွေထင်မှတ်ထားတာထက် အများကြီးပိုမိုဆန်းကြယ်လှပါတယ်။ အခုတစ်ခါမှာလည်း အမေရိကန်နိုင်ငံ အယ်လာဘားမား (Alabama) ပြည်နယ်မှာ နေထိုင်တဲ့ ၁၃နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ သေပြီလို့ မိဘတွေကော ဆရာဝန်ကပါ လက်လျော့လိုက်တဲ့အချိန်မှာ ပြန်လည်နိုးထလာတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အခုနှစ် မတ်လမှာ ထရန်တွန်မက်ကင်လေ (Trenton McKinley) ဟာ ကားတိုက်မှုတစ်ခုမှာ ကားပေါ်ကလိမ့်ကျပြီး ဦးခေါင်းကို ပြင်းပြင်းထန်ထန်ထိခိုက်ခဲ့ပါတယ်။ ဦးနှောက်အကြိတ်တည်တဲ့ရောဂါကိုပါ ခံစားခဲ့ရပြီးတော့ ဆရာဝန်တွေက ထရန်တွန်ရဲ့မိဘတွေကို သူ ပြန်မကောင်းလာတော့ဘူးလို့ ပြောပြခဲ့ပါတယ်။ ထရန်တွန်ဟာ ဘယ်လိုမှ ပြန်လည်ကောင်းမွန်လာဖို့ လမ်းစမရှိတော့တာကြောင့် သူသေဆုံးပြီးတဲ့အခါ ကျန်ရစ်တဲ့ ကိုယ်တွင်းအစိတ်အပိုင်းတွေကို တခြားလိုအပ်နေတဲ့ ကလေးငယ်ငါးယောက်ဆီသို့ ပေးလှူလိုက်ဖို့ပါ တိုက်တွန်းခဲ့ပါတယ်။

သေဆုံးသူရဲ့ ဆန္ဒအရ ဈာပနအခမ်းအနားမှာ ပန်းစည်းအစား ကျောပိုးအိတ်တွေ ယူလာပေးခဲ့

ကျောင်းဆရာမတစ်ယောက်ရဲ့ နောက်ဆုံးဆန္ဒက တစ်ကမ္ဘာလုံးက လူတွေကို လေးစားအားကျစိတ်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ အသက် ၅၈ နှစ်အရွယ်ရှိတဲ့ တမ်မီက ဂျော်ဂျီယာပြည်နယ် ဖော်ဆက်ကောင်တီမှာ လက်ထောက်ဆရာမ၊ မူလတန်းပြ ဆရာပြအဖြစ် နှစ် ၃၀ ကြာ တာဝန်ထမ်းဆောင်ခဲ့သူပါ။ သူဟာ ကင်ဆာရောဂါကြောင့် အခုလ အစောပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။

တမ်မီက သူသေသွားတဲ့အခါ သူ့ရဲ့ဈာပနမှာ ပန်းစည်းတွေ ယူလာမယ့်အစား ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေ အသုံးပြုနိုင်အောင်လို့ ကျောင်းသုံးပစ္စည်းတွေပါတဲ့ ကျောပိုးအိတ်တွေပဲ ယူလာပေးစေချင်တယ်လို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဈာပနကိုလာတဲ့သူတွေက ကျောပိုးအိတ်တွေ ယူလာပေးခဲ့ကြပြီး တမ်မီရဲ့ အလောင်းကိုသယ်ပေးခဲ့ကြတဲ့ဆရာ၊ ဆရာမ ၁၀၀ နီးပါးက အဲဒီကျောပိုးအိတ်တွေက သူတို့ရဲ့ စာသင်ကျောင်းတွေဆီ သယ်ဆောင်သွားခဲ့ကြပါတယ်။
Credit:yoyarlay

အိမ်ရာမဲ့တွေကို ခိုလှုံခွင့်ပေးတဲ့ ဘုရားကျောင်း

အိမ်ရာမဲ့တွေရဲ့ ဒုက္ခပဒေသာပင်မှာ အိပ်ရေးပျက်ခြင်းကလည်း ဒုက္ခတစ်ခုပါပဲ။ နွေညတွေထက်စာရင် အပူချိန်ကျဆင်းတဲ့ ဆောင်းညတွေနဲ့ စိုစွတ်တဲ့ မိုးညတွေက သူတို့အတွက် ပိုခက်ခဲကြပါတယ်။

သူတို့ရဲ့ဒုက္ခကို စာနာသနားမိတဲ့ သားအဖနှစ်ယောက်က အိမ်ရာမဲ့တွေဘေးကင်းလုံခြုံတဲ့နေရာတစ်ခုမှာ အိပ်စက်ခွင့်ရဖို့ အစီအစဉ် ဖန်တီးခဲ့ကြပါတယ်။ လမ်းပေါ်မှာ အိပ်စက်ရတဲ့ အိမ်ရာမဲ့အရေအတွက် မြင့်တက်လာတာကို တုံ့ပြန်ဖို့အတွက် ရပ်ရွာအကျိုး တက်ကြွလှုပ်ရှားသူ ရှယ်လီရော့ဒါ(Shelly Roder)နဲ့ ဖခင်ဖြစ်သူ လူးဝစ်ဗီတာလီ(Louis Vitale)က ၂၀၀၄ ခုနှစ်မှာ The Gubbio စီမံကိန်းကို ပူးတွဲတည်ထောင်ခဲ့ကြပါတယ်။

အဲဒီအစီအစဉ်အရ ဆန်ဖရန်စစ္စကိုမြို့က စိန့်ဘိုနီဖေ့ (St. Boniface) ခရစ်ယာန်ဘုရားကျောင်းရဲ့ ဝတ်ပြုဆုတောင်းရာ ခုံတန်းလျားတွေမှာနေ့စဉ်နေ့တိုင်း အိပ်စက်ခွင့်ရနေတဲ့ အိမ်ရာမဲ့ ၂၂၅ ဦးအထိ ရှိခဲ့ပါတယ်။ ''ဘုရားကျောင်းထဲ ဝင်လာသူတိုင်းကို မေးမြန်းတာမျိုးမလုပ်ပါဘူး။ အကာအရံတွေအားလုံး ဖယ်ရှားပေးထားသလို စာရွက်စာတမ်းဖြည့်ခိုင်းတာမျိုးလည်း မရှိပါဘူး။

အာဖရိက ပျားမများ အထီးမပါဘဲ မျိုးပွားမှုများကို လုပ်ဆောင်နိုင်ဟုဆို

တောင်အာဖရိကတိုက်ရှိ ကိတ်ပျားမများသည် အထီးဖြင့် မျိုးစပ်ခြင်း မရှိဘဲ၊ သီးခြား မျိုးပွားမှုများကို ပြုလုပ်နိုင်ကြောင်း ဆွီဒင်နိုင်ငံ Uppsala တက္ကသိုလ်မှ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်ကို Reuters သတင်းတွင် ဖော်ပြထားသည်။
 ကိတ်ပျားမများသည် အခြားပျား မျိုးစိတ်များနှင့်မတူ အထီးများနှင့် ဆက်ဆံခြင်း မရှိဘဲ မျိုးပွားနိုင်သည် ဆိုခြင်းမှာ ထူးဆန်းသော တွေ့ရှိချက်တစ်ခုဖြစ်ပြီး အနာဂတ်အတွက် ဆက်လက်လေ့လာ ဆန်းစစ်စရာများ ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

Cape ပျားမများနှင့် လုပ်သားပျားမ များသည် ဥများကို ပျားထီးများ၏ အကူအညီ မပါဘဲ သီးခြား ဥချနိုင်စွမ်း ရှိကြောင်း၊ ထိုပျားမများသည် သီးခြား DNA ဖြင့် ရပ်တည်နိုင် စွမ်းရှိခြင်းမှာ ထူးဆန်းကြောင်း၊ ပညာရှင်များ အနေနှင့် အဘယ်ကြောင့် ပျားမများ သီးခြား မျိုးပွားနိုင်စွမ်း ရှိကြောင်းကို လေ့လာ ဆန်းစစ်နေဆဲဖြစ်ကြောင်း ပညာရှင်များက ပြောကြားသည်။

အမျိုးသမီးဖြစ်လို၍ ဆေးသောက်နေသူက အမျိုးသမီးဖြစ်ရသည်မှာ ကုန်ကျစရိတ်များလွန်းသည်ဆိုကာ အမျိုးသားဘ၀ ပြန်ပြောင်း

အမျိုးသမီးဖြစ်လိုသောကြောင့် ဒေါ် လာ ၁၀၀၀၀ အကုန်ကျခံပြီး လေဆာကု ထုံးဖြင့် အမွေးအမှင်များရိတ်၊ ဟော်မုန်း ဆေးသောက်ခဲ့သည့် အမေရိကန်အမျိုး သားသည် အမျိုးသမီးအဖြစ် နေထိုင်ရ သည်မှာ ကုန်ကျစရိတ်ကြီးလွန်းပြီး အ ပြိုင်အဆိုင်များလွန်းသည်ဟုဆိုကာ အ မျိုးသားဘ၀ဖြင့်သာ ပြန်နေထိုင်တော့ရန် ဆုံးဖြတ်လိုက်သည်။ အမျိုးသမီးဘ၀နှင့် သုံးနှစ်တာနေထိုင်အပြီးတွင် ၎င်းက အ မျိုးသမီးဘ၀ကို စိတ်ကုန်သွားတော့ခြင်း ဖြစ်သည်။ အမျိုးသမီးကဲ့သို့ဝတ်စားနေ ထိုင်ရသည်မှာ အထီးလည်းကျန်သည့်အ ပြင် စိတ်ဖိစီးမှုလည်းများလှသည်ဟု အ သက် ၃၀ အရွယ် ၎င်းက ဆိုသည်။ စိတ် ပြောင်းသွားပြီဖြစ်သဖြင့် ယောက်ျားအဖြစ် သာပြန်နေတော့သော်လည်း ရင်သားကြီး စေရန် ပြုလုပ်ခဲ့မိသဖြင့် ၎င်းမှာ အခက် တွေ့နေတော့သည်။ ထို့ကြောင့် ၎င်းက အားကစား အပြင်းအထန်လုပ်ပြီး ရင်အုပ် ကြီးလာရန် ကြိုးစားနေသည်။ သို့မှသာ ရင်သား ပျောက်သွားမည်ဟု ၎င်းက ယုံ ကြည်နေသည်။ ၎င်းကို နားလည်ပေး နိုင်မည့် ဘ၀လက်တွဲဖော်ကို ရှာတွေ့ နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းကဆို သည်။
(CCTV, 12.5.18)ချယ်ရီ
Credit:PYI MYANMAR
Related Posts Plugin for WordPress, Blogger...