Sunday, August 21, 2016

အမေရိကန်တွင် ခွေးလေးတစ်ကောင်က ၈ လကလေးငယ်ကို အသက်အသေခံပြီး ကယ်ဆယ်ခဲ့


http://i1183.photobucket.com/albums/x474/konay1/general/fret54y6.jpg
အမေရိကန်နိုင်ငံ၊ ဘာလ်တီမိုးမြို့တွင် ခွေးလေးတစ်ကောင်သည် အသက် လအရွယ် ကလေးငယ် တစ်ဦးကို မီးမလောင်စေရန် ကာကွယ်ရင်း အသက်ပေးသွားခဲ့ကြောင်း သိရသည်
ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဖြစ်စဉ်တွင် အဟိတ်တိရစ္ဆာန်ပင် ဖြစ်လင့်ကစား သူရဲကောင်းဆန်စွာ ပြုမူသွားသည့် မိသားစု အချစ်တော် ခွေးကလေးကြောင့် မိန်းကလေးငယ်မှာ အသက်ရှင်ခဲ့ကြောင်း သိရသည်။
ထိုနေ့က လေပြင်းမုန်တိုင်းများ တိုက်ခတ်သဖြင့် မီးပြတ်သွားသောကြောင့် ကလေးမလေး၏ မိခင်ဖြစ်သူ အီရီကာ ပိုရမ်စကီက ဖယောင်းတိုင် တစ်ချောင်းကို မီးထွန်းထားခဲ့သည်။ ထို့နောက် သူမသည် အားကုန်နေသည့်ဖုန်းကို ကားဘက်ထရီဖြင့် အားသွင်းရန် ကားဂိုဒေါင်ဘက်သို့ ခေတ္တမျှ သွားရောက်ခဲ့သည်။ ပိုရမ်စကီသည် အိမ်ဘက် ပြန်လှည့်ကြည့်လိုက်သည့်အခါ သမီးဖြစ်သူ ဗီဗီယာနာ ရှိနေသည့် အခန်းထဲတွင် မီးလောင်နေသည်ကို တွေ့လိုက်ရသည်။

ဆီနီဂေါနိုင်ငံ မှ ပန်းရောင်ရေကန်ကြီး

ကျွန်တော်တို့ ကမ္ဘာပေါ်ရှိ ရေကန်အများစုလို မြင်နေတွေ့နေကျ ပုံစံမျိုး မဟုတ်ပဲ
တစ်မူထူးစွာ ပန်းရောင်ရေပြင်ဖြစ်နေသော ရေကန်များ၊ အိုင်ကြီးများ ရှိတတ်ကြပါသည်။
ထိုကဲ့သို့ တစ်မျိုးလှပနေသော ပန်းရောင်ရေကန်များထဲမှ နာမည်အကျော်ကြားဆုံး
နှင့် လူသိအများဆုံးဖြစ်သော ဆီနီဂေါနိုင်ငံမှ သဘာဝအတိုင်းဖြစ်တည်နေသော
ပန်းရောင်ရေကန်ကြီး အကြောင်းကို ဦးစွာ တင်ပြလိုပါသည်။
http://i1183.photobucket.com/albums/x474/konay1/general/Lac_Rose.jpg
Lake Retba (သို့) Lac Rose   လို့အမည်ရသည့် ပန်းရောင်ရေကန်ကြီးသည်
အနောက် အာဖရိကရှိ Senegal နိုင်ငံ မြို့တော် ဒါကာ မှ အရှေ့မြောက်ဘက်
၃၀ ကီလိုမီတာ(၁၈မိုင်) ခန့်အကွာတွင် တည်ရှိနေပါသည်။
http://i1183.photobucket.com/albums/x474/konay1/general/e7c678_543083c6c29e47bf96e0afd6d0f2e5ef.jpg
ထိုကန်ထဲတွင် ရေညှိပင်တစ်မျိုး (Dunaliella salina ) များပေါက်ရောက်နေသည့်
အတွက် ထိုကန်မှရေများသည် ပန်းရောင်အဖြစ်သို့ ပြောင်းလဲနေခြင်းဖြစ်ပါသည်။
ထိုရေညှိပင်မျိုးသည် ဆားပါဝင်မှုများသော ရေပြင်များတွင်သာ ပေါက်ရောက်တတ်ပြီး
Lake Retba လို့ခေါ်တဲ့ ပန်းရောင်ရေကန်ဟာလည်း (ပင်လယ်သေလို)
အင်မတန်မှများပြားတဲ့ ဆားတွေပျော်ဝင်မှု သိပ်သည်းဆများလွန်းတဲ့အတွက်
လူကိုရေပေါ် ပေါ်စေနိုင်စွမ်းရှိပါတယ်။
Related Posts Plugin for WordPress, Blogger...