Thursday, November 29, 2018

ကမ္ဘာ့ အပူဆုံး ဒေသများ

ကျွန်ုပ်တို့ ကမ္ဘာကြီးပေါ်တွင် အလွန်အမက်း အေးတဲ့နေရာတွေရှိသလို စံချိန်တင်လောက်အောင် အပူဒဏ်ခံရတဲ့ နေရာတွေလည်း ရှိကြပါတယ်။ ယခင်က နေခရမ်း Page တွင် ကမ္ဘာ့အအေးဆုံး ဒေသများကို တင်ပြပေးပြီး ဖြစ်သလို ယခုလည်း အပူဆုံးဒေသများကို (၁) မှ (၁၀) အထိစုစည်း တင်ပြပေးလိုက်ပါတယ်။ ဘယ်နေရာတွေက အပူဒဏ်ဘယ်လောက်ခံရသလဲဆိုတာ ကြည့်လိုက်ရအောင်နော်…
ကမ္ဘာပေါ်မှ အပူဆုံး နေရာဒေသများပြမြေပုံ

1. Death Valley, California, USA
ကမ္ဘာ အပူဆုံးဒေသဆိုသည်နှင့် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှ မာရဏတောင်ကြားကို ပြေးမြင်မိတတ်ကြပါတယ်။ ထိုဒေသသည် နာမည်နှင့်လိုက်အောင်ပင် အလွန်ပူပြင်းမှုရှိပြီး မှတ်တမ်းများအရ ၁၉၁၃ ခုနှစ် နွေရာသီတွင် အပူချိန် ၅၆.၇ ဒီဂရီအထိ ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့အပူဆုံးစံချိန်မှတ်တမ်းအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ထိုအပူချိန်သည် လူသားများ အသက်ရှင်ဖို့ မလွယ်လောက်အောင်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင်တော့ နှစ်စဉ်ပျှမ်းမျှအပူချိန် ၄၇ ဒီဂရီထိ ရှိပြီး အမေရိကန်နိုင်ငံရဲ့ အခြောက်သွေ့ဆုံး ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ မာရဏတောင်ကြားဒေသတွင် စိတ်ဝင်စားဖွယ် အကြောင်းအရာများနှင့် နေရာဒေသများကြောင့် နှစ်စဉ်ခရီးသွားများ သွားရောက်လည်ပတ်တတ်ကြပါတယ်။

ကာတွန်းကမ္ဘာထဲမှ ကော်ဖီဆိုင်လေး

ကော်ဖီဆိုင်လေးများကို ချစ်စဖွယ် ပြင်ဆင်ထားတက်တာကို တွေ့မြင်ဖူးကြမှာပါ။ ဒါပေမယ့် အခုဆိုင်လေးကတော့ ကာတွန်းကမ္ဘာထဲကို သင်ကိုယ်တိုင် ရောက်ရှိသွားသလိုမျိုး ခံစားရစေမှာ ဖြစ်ပါတယ်။ တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့မှ ကော်ဖီဆိုင်လေး တစ်ဆိုင်ဟာ တစ်ဆိုင်လုံးရဲ့ ခင်းကျင်းပြင်ဆင်မှုများကို ကာတွန်းကောက်ကြောင်းများအတိုင်း ဆေးခြယ်ထားခဲ့ပါတယ်။ အရောင်အားဖြင့် အဖြူအမဲကို အများဆုံးအခြေခံပြီး စိတ်ကူးကောင်းကောင်းဖြင့် တစ်ဆိုင်လုံးကို ပြင်ဆင်ထားခဲ့ပါတယ်။ နံရံ၊ မျက်နှာကျက်၊ ကြမ်းပြင်များသာမက စားပွဲထိုင်ခုံများ ၊ အသုံးအဆောင် ပစ္စည်းများကိုပါ ကာတွန်းကောက်ကြောင်းများကဲ့သို့ ဒီဇိုင်းဆင်ထားခဲ့ပါတယ်။ ချစ်စဖွယ် ကော်ဖီဆိုင်လေးရဲ့ ပုံလေးများကို ကြည့်လိုက်ရအောင်နော်…..

ကမ္ဘာ့ပေါ်ရှိ ခမ်းနားလှပဆုံးသော စာကြည့်တိုက်ကြီးများ

နိုင်ငံတစ်နိုင်ငံ ၊ လူမျိုးတစ်မျိုး၏ ပညာရည်မြင့်မားမှုကို ဆုံးဖြတ်ကြရာတွင် ပြည့်စုံကောင်းမွန်သော တက္ကသိုလ်ကောလိပ်များ ၊ နိုင်ငံသားများ၏ စာတတ်မြောက်မှု နှင့်အတူ စာဖတ်ကြသော ပမာဏကိုပါ ထည့်သွင်းတွက်ချက်တတ်ကြပါသည်။ စာတတ်သူ ၊ စာဖတ်သူ များသည်နှင့်အညီ ထိုနိုင်ငံတွင်ရှိသော ပြည့်စုံကောင်းမွန်သော စာကြည့်တိုက်အရည်အသွေးကိုပါ မှတ်ကျောက်တင်လေ့ရှိပါသည်။ သို့သော် စာကြည့်တိုက်များ ဘယ်လောက်ပင်ကောင်းကောင်း ၊ စာအုပ်တွေ ဘယ်လောက်စုံစုံ ၊ စာဖတ်ဝါသနာပါသူ စာပေ၀ါသနာရှင်များသည်သာ အဓိကကျပါသည်။
တိုးတတ်ထွန်းကားသော နိုင်ငံများတွင် တူညီမှုများ များစွာရှိကြပါသည်။ ထိုအထဲတွင် ခေတ်မှီလှပပြီး စာဖတ်ခြင်စိတ် ပေါ်လာလောက်အောင် ခမ်းနားလှပ ပြည့်စုံကြသည့် စာကြည့်တိုက်ကြီးများ အများအပြား ရှိတတ်ကြခြင်းမှာလည်း တစ်ခုအပါအ၀င် ဖြစ်ပါသည်။ ထိုကဲ့သို့ ခမ်းနားလှသည့် စာကြည့်တိုက်ကြီးများတွင် လာရောက်လေ့လာဖတ်ရှု့သူများလည်း များပြားစည်ကားလှပါသည်။ယခု နေခရမ်းတင်ပြမည့် အကြောင်းအရာကတော့ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ခမ်းနားလှပပြီး ပြည့်စုံကောင်းမွန်သော စာအုပ်များ များစွာရှိသည့် စာကြည့်တိုက်ကြီးတွေ အကြောင်းပါ။ ဘယ်လောက်ခမ်းနားလှပတဲ့ စာကြည့်တိုက်များလည်းဆိုတာ ကြည့်လိုက်ရအောင်နော်…

ကမ္ဘာမြေအောက်မှ Ruby ရေတံခွန်

ရေတံခွန်ဆိုလျှင် တောတောင်ရေမြေထဲ၌ တောင်ပေါ်မှ တစ်ရှိန်ထိုး ကျဆင်းလာတတ်သည်ဟု ထင်မြင်ကြသော်လည်း ယခု Ruby ရေတံခွန်ကတော့ မြေအောက်အနက် ၁၁၂၀ ပေတွင် တည်ရှိနေခြင်း ဖြစ်ပါသည်။ သဘာဝထုံးကျောက်လှိုဏ်ဂူအတွင်း မြင့်မားစွာ တစ်ရှိန်ထိုး ကျဆင်းနေသည့် ရေတံခွန်တစ်ခုပင် ဖြစ်ပါသည်။

Ruby ရေတံခွန်သည် အမေရိကန်နိုင်ငံ၊ Tennessee ပြည်နယ်ရှိ Lookout တောင်ကြီး၏ အတွင်းပိုင်း လှိုဏ်ဂူထဲတွင် ရှိနေပါသည်။ အထက်မှ အောက် အမြင့်အားဖြင့် ၁၄၅ ပေထိ ရှိပါသည်။ အမေရိကန်နိုင်ငံ၏ အမြင့်ဆုံး နှင့် မြေအောက် အနက်ဆုံးတွင် တည်ရှိသော မြေအောက်ရေတံခွန် ဖြစ်ပါသည်။

Ruby ရေတံခွန်မှ မြင့်မားစွာ ကျဆင်းလာသော ရေများသည် အောက်ဘက်ရှိ ရေကန်ငယ်အတွင်း ကျဆင်းကြပါသည်။ ထိုမှတစ်ဆင့် တောင်ခြေရှိ Tennessee မြစ်အတွင်းသို့ စီးဝင်သွားကြပါသည်။ Ruby ရေတံခွန်တည်ရှိရာ လှိုဏ်ဂူသည် လွန်ခဲ့သော နှစ်သန်းများစွာကတည်းက ထုံးကျောက်လွှာများကို ရေတိုက်စားမှုကြောင့် ဖြစ်တည်လာခြင်းဖြစ်ပြီး ရေတံခွန်ကြီး၏ သက်တမ်းသည် နှစ်သန်း ၃၀ ခန့် ရှိပြီးဟု ယုံကြည်ထားကြပါသည်။
Related Posts Plugin for WordPress, Blogger...