Sunday, June 2, 2013

ကမ္ဘာ့ အမြင့်ဆုံး ချောကလက် တာဝါကြီး


ဒူဘိုင်း ဒီဇင်ဘာ ၁၅
အာရပ်စော်ဘွားများပြည်ထောင်စုဒူဘိုင်းမြို့ရှိအက်ထရီယမ်း ခန်းမဆောင်၌ ပြသထားသည့် ချောကလက်ဖြင့် ပြုလုပ်ထားသော ကမ္ဘာ့ အမြင့်ဆုံး တာဝါကြီးကို ဈေးဝယ်သူ အများ အပြားက စိတ်ဝင် တစား လာရောက် ကြည့်ရှုလျက် ရှိကြောင်း သိရသည်။
အဆိုပါ ကမ္ဘာ့ အမြင့်ဆုံး ချောကလက် တာဝါကြီးအား ဒူဘိုင်းမြို့၏ အထင်ကရ သင်္ကေတ တစ်ခုဖြစ်သည့် ဘာ့ဂ်ျ ခါလီဖာ တာဝါကြီး၏ ပုံစံအတိုင်း ဖန်တီးထားခြင်း ဖြစ်သည်။

လုံခြုံရေး အကူ ကိရိယာ မပါဘဲ တရုတ် နိုင်ငံမှ ကမ္ဘာ့ အရှည်ဆုံး ဓာတ်လှေကား ပေါ်သို့ တက်ရောက်ခဲ့သည့် ပြင်သစ် နိုင်ငံမှ သတ်္တိခဲ အမျိုးသား


ပေကျင်း မေ ၂၀
ပြင်သစ် နိုင်ငံသား ဂျိမ်းမိုက်ကယ်လ် ကာဆာ နိုဗာသည် တရုတ်နိုင်ငံ ကျန်းကျားကျဲ ပြည်နယ် ၀ူလင်ယွမ် ဒေသမှ အမြင့် ၁၀၈၃ ပေရှိ ပိုင်လုံ ဓာတ်လှေကား အပေါ်သို့ လုံခြုံရေး အကူ ကိရိယာများ ၀တ်ဆင်ခြင်း မရှိဘဲ ၎င်း၏ ခြေထောက်နှင့် လက်ကိုသာ အသုံးပြု၍ မေ ၁၈ ရက်က တွယ်တက် ခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
ကာဆာနိုဗာသည် ၆၈ မိနစ်နှင့် ၂၆ စက္ကန့်အတွင်း ဓာတ်လှေကား၏ အမြင့် ၅၆၄ ပေထိ တက်နိုင် ခဲ့သည်ဟု ဗြိတိန်ထုတ် သတင်းစာကြီး တစ်စောင်တွင် ဖော်ပြထားသည်။
၎င်းအနေဖြင့် ဓာတ်လှေကားကို အသုံးပြု၍ တက်မည် ဆိုပါက တစ်မိနစ် မျှသာ အချိန်ကြာမြင့် နိုင်ပြီး ဓာတ်လှေကား အပြင်ဘက် အရေးပေါ် လှေကားမှ တက်လျှင် ၂ နာရီနှင့် မိနစ် ၃၀ ခန့် ကြာသော်လည်း ကာဆာနိုဗာသည် ရင်သပ် ရှုမောဖွယ် ကောင်းပြီး အန္တရာယ် ပိုမို ကြီးမားသော လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဧဝရတ် တောင်ပေါ်မှ ဒိုင်ဗင် ထိုး၍ ကမာ့ စံချိန် တင်နိုင် ခဲ့သည့် ရုရှား နိုင်ငံမှ ဗောင်းလာ ရီရိုဇော့ဗ်


မော်စကို   မေ   ၃၁
ရုရှား နိုင်ငံမှ အသက် ၄၈ နှစ်အရွယ် ရှိ အမျိုးသား တစ်ဦး ဖြစ်သူ ဗောင်းလာရီရိုဇော့ဗ် ဆိုသူသည် ဧဝရတ်တောင်ပေါ်သို့ လူသားများ တက်ရောက် နိုင်ခြင်း နှစ် (၆ဝ) ပြည့် အထိမ်း အမှတ် အဖြစ်
အဆိုပါ တောင်၏ မြောက်ဘက်ရှိ  ချောက်ကမ်း ပါးမှ တိဗက် ပိုင်နက် အတွင်းရှိ ဂွန်ဘက်ခ် ရေခဲမြစ် အတွင်းသို့ မေ ၅ ရက်က တစ်နာရီ ၁၂၅ မိုင်နှုန်းဖြင့် ဒိုင်ဗင် ထိုးခဲ့ပြီး ကမ္ဘာ့ စံချိန် တင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စွမ်းဆောင်ချက်သည် ကမ္ဘာ့ အကျော်ကြားဆုံး တောင်ထိပ်မှ နှစ် (၆ဝ) အတွင်း ပထမဆုံး အကြိမ် အဖြစ် ဒိုင်ဗင် ထိုးပြ ခဲ့ခြင်း ဖြစ်သည်။ ဧဝရတ် တောင်သည်    ပင်လယ်ရေ မျက်နှာပြင် အထက်  ၇၂၂ မီတာတွင် တည်ရှိပြီး ရိုဇော့ဗ်သည် ယင်းသို့ ဒိုင်ဗင် ထိုးရာတွင်  အထူး စီမံ ချုပ်လုပ် ထားသော ဝတ်စုံကို ဝတ်ဆင် ခဲ့သည်။

ခွေါင်ကြွဲပွဲတော် (Haung Cuai Puai) တို့နွှဲပျော်


ဟားခါးမြို့နယ်တွင် ချင်းရိုးရာ ပွဲလမ်း သဘင်များ အနက် အထင်ရှားဆုံး ပွဲတော်မှာ ခွေါင်ကြွဲပွဲ ဖြစ်သည်။ ယင်းခွေါင်ကြွဲပွဲကို လွန်ခဲ့သော နှစ်ပေါင်း (၅ဝဝ)ခန့်က ဟားခါးမြို့နယ် ဆင်ထန် အမျိုးသား ဦးမန်ဆွီးက စတင် ကျင်းပ ခဲ့ကြောင်းကို ချင်းရိုးရာ တေးသီချင်း တစ်ပုဒ်အရ သိရှိရလေသည်။
ယင်း ရိုးရာ တေးသီချင်းမှာ ''ခွေါင်ကြွဲအေး xxx ကျူအေး xxx ဘွေနူးအေး xxx ဟရောင် xxx လုံသင်အေး xxx ပီး xxx မန်ဆွီးအေး xxx ဆယ် xxx အဇုန်အေး xxx ဇာသာအေး xxx'' အနက် အဓိပ္ပာယ်မှာ ဘွေနူး မြစ်ဝှမ်းတွင် နေထိုင်သူ ကြွယ်ဝ ချမ်းသာပြီး  ပညာရှိသော  မန်ဆွီးက စတင်ခဲ့သည်ဟု ဆိုပေသည်။
ဦးမန်ဆွီး၏ ဇာတိရွာမှာ ဟားခါးမြို့နှင့် ၁၂ မိုင်ခန့်ဝေးပြီး ယခု ဟားခါး- ဖလမ်း ကားလမ်းပေါ်ရှိ ခွန်ကျုံး ကျေးရွာ ဖြစ်သည်။ သီမြစ်ချောင်းတွင် ဦးမန်ဆွီးက ကျည်ပွေ့ တစ်ချောင်း၌ ကြက်ဖ တစ်ကောင်ကို ချည်ထားပြီး ထိုကျည်ပွေ့နှင့်ကြက်ဖ သောင်တင်သော နေရာတွင် နေထိုင်မည်ဟု အဓိဋ္ဌာန် ပြုကာ ကျည်ပွေ့နှင့် ကြက်ဖကို ချောင်းထဲ မျှောပြီး လိုက်ခဲ့သည် ဆို၏၊

လေယာဉ်ဟောင်းကို ကားအဖြစ် အမေရိကန် ရဲတစ်ဦး ပြောင်းလဲ အသုံးပြု

http://i1.minus.com/jbaicSoU3VhhIU_e.jpg
အမေရိကန် ကာရိုလိုင်းနား ပြည်နယ် ကာရှောမြို့ တွင် အပျော်တမ်း စက်ပြင်စရာ တစ်ဦး ဖြစ်သူ ဒေသခံ ရဲတပ်သား ဂျက်ဖ်လော့ရှ် ဆိုသူသည် Cessna အမျိုးအစား လေယာဉ်ဟောင်း တစ်စင်းကို အများသုံး လမ်းမပေါ်တွင် အသုံးပြုနိုင်သော ကားတစ်စီး အဖြစ် ပြုပြင်ဖန်တီး ပြုလုပ်ခဲ့သည်။ အဆိုပါကားသည် ၂၇ ပေ ရှည်လျားပြီး Spirit of Lemons ဟု အမည် ပေးထားသည်။ အဆိုပါ ကားသည် တစ်နာရီလျှင် မိုင်၉၀ နှူန်းဖြင့် မောင်းနှင် နိုင်ကာ ယခုနှစ် ကာရိုလိုင်းနားကားပြပွဲတွင် အကောင်းဆုံး ဖန်တီးမှူဆု ရရှိခဲ့သည်။
ref:ပြည်မြန်မာ

ချားရဟတ်ကို နှစ်ရက်စီးပြီး ကမ္ဘာ့စံချိန် တင်သူ


ချီကာဂိုရှိ နာမည်ကျော် နေဗီပီယာ ချားရဟတ်ကြီးကို ကလင်တန်ရှပ်ဟက် ဆိုသူက ၄၈ နာရီ ၈ မိနစ် ၂၅ စက္ကန့် ကြာ လိုက်ပါ စီးနင်းပြီး ကမ္ဘာ့စံချိန် တင်ခဲ့သည်။ ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းတွင် စံချိန် တင်ခဲ့သည့် ကလင်တန်ရှပ်ဟက်သည် နေဗီပီယာ ချားရဟတ်တွင် တာဝန်ထမ်းဆောင် နေသည့် မန်နေဂျာ ဖြစ်သည်။ သူသည် ချားစီးစဉ် အိပ်ပျော်မသွားရန် ဂျိမ်းစ်ဘွန်းနှင့် လင်းနို့ လူသား ရုပ်ရှင်များကို ကြည့်ရှူ ခဲ့ပြီး ဗီင်္ဒီယိုဂိမ်းကိုလည်း နာရီပေါင်း များစွာ ကြာသည် အထိ ကစားခဲ့ရသည်။
Ref:ပြည်မြန်မာ
Related Posts Plugin for WordPress, Blogger...