Thursday, March 31, 2016
အမှတ်တမဲ့ အလွဲများ ( ၅၂ )
ဒီတစ်ပတ် အတွက် ပြုံးပျော်ရွှင်စရာ ကောင်းတဲ့ ပုံလေးတွေ တင်ပေးလိုက်ပါသည်။
အားပေးကြပါအုံးဗျာ ...........
သြော်.. ရေတိုက်ပါမယ်ဆို ၊ မစောင်နိုင်ဘူးတဲ့
125456549191
ဟ... ရေ တကယ်ထွက်တယ်ဟ
FB IMG 1451972238644
သဲထိပ်ရင်ဖို ရိုက်ချက်များ...
သဲထိပ်ရင်ဖို ပုံလေးတွေကိုအားပေးလိုက်ပါအုံးနော်...
အဲ...ကျလိုက်လို့ ကတော့
part 003
ရှောင်ရှောင်  မြန်မြန်ရှောင်ဗျို့
part 004
အမြင့်ဆုံးဆိုတဲ့ တံတားကြီး
part 003
အမြင့်ဆုံးဆိုတဲ့ တံတားကြီး
သူငယ်ချင်းတို့ ရေ...ဒီတစ်ပတ်တော့
World's Tallest bridge
တံတားကြီးနဲ့ မိတ်ဆတ်ပေးလိုက်ပါတယ်။ဒီတံတားကြီးက ပြင်သစ်နိုင်ငံမှာပါ။
Millau Viaduct ဟု အမည်ရပါသည်။ ကေဘယ်ကြိုးတံတားအမျိုးအစားပါ။
part 005
Tuesday, March 29, 2016
ထူခြားဆန်းတဲ့ အိမ်းကလေးများ...
၁။သစ်ပင်ပေါ်ကအိမ်ကလေးပါ...မနေရဲပါဘူးဗျာ...
part 004
part 005
၃ ။ သူတို့ များကြောင်ကိုတောင် ဒုက္ခပေးတယ်နော်...
part 006
၎။ဘယ်သူဆွဲလိမ်သွားပါလိမ့်...
part 007
၅ ။ တကယ်ကို သဲထိပ်ရင်ဖို အိမ်ပါဗျာ... 
part 008
၆ ။ နံမည်နဲ့ လိုက်တယ်နော်...နာဂစ်ကြောင့်များလား...
part 009
၇ ။ သူ့ကြည့်ရတာ ခေါင်းပါမူးတယ်ဗျာ...
part 010
၈ ။ ကားအများကြီးပိုင်တာကြွားတာနဲ့ တူတယ်နော်...
part 011
၉ ။ နောက်ထပ်သဲထိပ်ရင်ဖိုအိမ်လေးပါ...
part 012
၁၀ ။ ရိုးရိုးလေးနဲ့ လှတယ်နော်...
part 013 
၁၁ ။ အစိမ်းရောင်အိမ်လေးပါ...ပတ်ဝန်းကျင်ထိမ်းသိမ်းရေးပေါ့...
part 014  
၁၂ ။ ခွေးအိမ်လေးနဲ့  လူနေအိမ် ဒီဇိုင်းတူတူပဲ...
part 016  
၁၃ ။ toilet လား...အိမ်းလား...
part 017  
သူငယ်ချင်းတို့ အတွက်အိမ်လှလှ လေးတွေ တင်ပေးလိုက်တယ်နော်...
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ ......... နေခရမ်း
ယုံချင်ယုံ ၊ မယုံချင်နေတဲ့(မူရင်းခေါင်းစဉ်နော်)
ခေါင်းစဉ်လေးကတော့ ယုံချင်ယုံ ၊ မယုံချင်နေတဲ့...ကြည့်လိုက်ပါအုံး သူငယ်ချင်းတို့ ရေ... ...ဒီလောက်ရှည်တဲ့ ဂါဝန်ဗျာ...
pic06868
လေကိုဆန်ပြန်မှာလား...
pic07711
ရိုလာကိုစတာပုံ လူသွားလမ်းမျှော်စင်
dezeen Tiger and Turtle Magic Mountain by Heike
အဝေးကကြည့်လျှင် ရိုလာကိုစတာကစားကွင်းဟုထင်မြင်ရသည့် နေရာတစ်ခုပါ။
အမှန်တော့ ရိုလာကိုစတာပုံစံ ဒီဇိုင်းထွင်ထားသော လူသွားလမ်း မျှော်စင်တစ်ခုပါ။
အများအားဖြင့် မျှော်စင်များသည် အမြင့်သို့ထိုးတတ်နေသော ပုံစံများသာ တွေ့ရပေမယ့်
ဂျာမနီနီုင်ငံ ၊ ဒုစ်ဘာ့ဂ်မြို့တွင် တည်ဆောက်ထားသော ဒီမျှော်စင်ကတော့ ကွေ့ကာဝိုက်ကာ ၊
နိမ့်ကာမြင့်ကာ ဖြင့် ရိုလာကိုစတာပုံစံ အဆန်းထွင်ထားပါသည်။
dezeen Tiger and Turtle Magic Mountain by Heike
Monday, March 28, 2016
သေရဲတိုင်း သူရဲကောင်းလား...
pyanchi
ဒီခေါင်းစဉ်နဲ့ စာရေးဖို့  ကြိုးစားနေတာကြာပါပြီ။ တကယ်ဆိုရင်အားလုံး သိပြီးသားပေမယ့် ကျွန်တော့်
စိတ်မှာ တွေးစရာလေးတွေ ဖြစ်စေလို့  ရေးမိတာပါ။သူငယ်ချင်းများနှင့်  စကားပြောကြရင်းသူရဲကောင်း နှင့် သတ္တိ ဟူသောအကြောင်း အရာအရောက်မှာ အငြင်းပွားခဲ့ ရပါတယ်။
              သူရဲကောင်းဟူသည်သတ္တိရှိခြင်း၊အသေခံရဲခြင်းတို့ လောက်နှင့် မပြည့် စုံတာယနေ့ လူငယ်များ တော်တော်
များများ သိကြပါသည်။ တစ်ချို့ ညီငယ်များကတော့  သတ္တိရဲ့ ဆိုလိုရင်းကို သိပ်နားမလည် ကြပါ။ သေရဲရင် သတ္တိ ၊ ရိုက်ရဲရင် သတ္တိ ၊ မိုက်ရဲရင် သတ္တိဟုသာ သဘောပေါက်ကာ တလွဲဆံပင်ကောင်းနေကြပါသည်။
          မြန်မာ့ သမိုင်းမှာ တောင်ငူဘုရင် တပင်ရွှေထီး ကို သိကြပါသည်။ ထိုမင်းသည် တိုက်ရဲ ၊ခိုက်ရဲ နှင့် 
တကယ်ကို ရဲစွမ်းသတ္တိ နှင့် ပြည့် စုံပါသည်။ နောက်ပိုင်း သေရည် သေရက် ကြောင့် ပျက်ဆီး ရတာတော့ရင်နာ စရာပေါ့။
တပင်ရွှေထီး မင်းအဖြစ် ရောက်စ တွင် ဘိသိတ်ပွဲ ၊ နားထွင်းပွဲ ကျင်းပရန် စီစဉ်ပါသည်။ ထိုသို့ စီစဉ် ရာတွင် ငယ်ရွယ်ပြီး ရဲစိတ်ရဲမာန် ထနေချိန် ဆိုတော့ ထူးထူးခြားခြား လေးစီစဉ်ပါသည်။ ဒါကတော့ ရန်သူနယ်မြေ ဖြစ်သော မွန်တို့ ၏နယ် ဟံသာဝတီ တွင် ကျင်းပရန်စီစဉ်ပါသည်။ 
ရန်သူနယ်မြေ ဖြစ်သဖြင့်  မိမိဘက်မှ တကယ် အစွမ်းရှိသော သူရဲကောင်း များကို ခေါ်ယူသွားရန်စီစဉ်ပါသည်။ သူရဲကောင်းရွေးချယ်ပွဲ ကိုတော့ ယောက်ဖတော်သူ ညီအကိုရင်းသမျှ ချစ်ရသူကျော်ထင်နော်ရထာ(ဘုရင့်နောင်) ကိုတာဝန်ပေးပါသည်။
 ကျော်ထင်နော်ရထာ(ဘုရင့်နောင်) ကလည်း တကယ်နောက်မတွန့် သောသူရဲကောင်းများရရန်
လက်မထိပ်ကို အပ်စိုက်ကာတူနှင့်ထုပြီး ရွေးပါသည်။ 
 ရွေးချယ်ပါသည်။
                  ထိုအချိန်တွင် သူရဲကောင်းတစ်ဦး ဖြစ်သော ဗလရဲထင် သည်လည်း ၀င်ရောက်
အရွေးခံပါသည်။ဗလရဲထင် မှာလည်း သာမာန်လူမဟုတ်။
Saturday, March 26, 2016
နံရံထက်မှ ဧရာမ ပန်းချီပုံကြီးများ
ဘယ်ဂျီယန် ပန်းချီပညာရှင်တစ်ယောက်၏
နံရံထက်တွင် ဆွဲသားထားသော ဧရာမ ပုံကြီး
များပါ။တွေ့မြင်ရသူများအနေဖြင့် ထိတ်လန့်
အံ့သြမှုတွေဖြစ်လောက်အောင် ခံစားရရှိစေမှာပါ။
တောရိုင်းတိရိစ္ဆာန်များအပေါ် ကာကွယ်စောင့်ရှောက်စေလိုသော
ရည်ရွယ်ချက်ဖြင့် ဆွဲသားခဲ့ခြင်းဖြစ်ပါသည်။
FB IMG 1458637803975
FB IMG 1458637807103
မြန်မာပြည်တွင်း တွေ့တွေ့သမျှ...(၃)
လူမှုကွန်ယက်တွေပေါ်မှာ တွေ့မိသမျှနှင့် သူငယ်ချင်းတစ်ချို့က ပို့ပေးထားတဲ့ ပုံလေးတွေကို
ထပ်မံပြီးတင်ပေးလိုက်ပါသည်။ မူရင်းတင်သူများအားလုံးကို လည်းကျေးဇူးတင်ပါသည် ခင်ဗျာ...
လုံးဝ ကွက်တိပဲ...
FB IMG 1453123838798
အီးးး နာဘူးကွ...
FB IMG 1457143571063
Wednesday, March 23, 2016
ကမ္ဘာ.အဆိပ်ပြင်းဆုံးသတ္တ၀ါ(၁၀)မျိုး
ကမ္ဘာ့အဆိပ်အပြင်းဆုံးဟု သတ်မှတ်ထားသော သတ္တ၀ါ ၁၀ မျိုးကို တင်ပြပေးပါမည်။
1.Box Jellyfish (ဂျက်လီငါး၊ရေတန်းငါး)
Photo Grid 1458622844740
ကမ္ဘာ.အဆိပ်အပြင်းဆုံးဆုကိုရရှိထားသည့်ဂျယ်လီငါးရဲ.အဆိပ်ဟာလူ၏ နှလုံး၊အာရုံကြောစုစည်းမူ
စနစ်၊အရေပြားဆဲလ် စသည်တို့ကို ချက်ခြင်းပျံနှံနိုင်ပါသည်။
ဂျယ်လီငါး၏ အညံ့ဆုံးခန္တာအစိတ်အပိုင်းတခုသည်ပင် လူတစ်ယောက်အား မခံမရပ်အောင် နာကျင်စေ
ပါသည်။ ထိုသို.ထိတွေခံလိုက်ရသော သူသည် စိတ်တုန်လူပ်ခြောက်ခြား၍ နှလုံးကောင်းစွာ အလုပ်မလုပ်နိုင်ပဲ ကမ်းခြေရောက်အောင် မကူးခတ်နိုင်ပဲ သေဆုံးရတတ်သည်။
ထိုအဆိပ်ပြင်းလှသည့် ဂျယ်လီငါးများကိုအာရှ နှင့် သြစတေးလျှ ပင်လယ်ရေပိုင်နက်အချို.မှာ တွေရတတ်ပါသည်။
Monday, March 21, 2016
ကမ္ဘာ့အထူးခြားဆုံး အဆောက်အုံးများ
 ကမ္ဘာတစ်လွှားမှာ ရှိတဲ့ တည်ဆောက်ပုံ ထူးခြားတဲ့ အဆောက်အဦးများမှ တစ်ချို့ကို
စုစည်းတင်ပေးလိုက်ပါသည်။ ကြည့်လိုက်ကြပါအုံးနော်...
( ၁) Ripley Museum
Ripley s Believe It or Not Odditorium (008)
ကမ္ဘာ့ထူးထူးဆန်းဆန်းအကြောင်းအရာများကို စုဆောင်းသိမ်းဆည်းပြသထားတဲ့
ရစ်ပလေ၏ ပြတိုက်၏ တညဆောက်ထားပုံမှာ လည်း အချိန်မရွေးအက်ကွဲပြိုကွဲတော့မည်ဟု
ထင်စရာပါ။ အမေရိကန်နိုင်ငံ မစ်ဇိုရီပြည်နယ် ၊ Bransonမြို့မှာ တည်ရှိပြီး ၁၈၁၂ ခုနှစ်
တွင် လှုပ်ခပ်ခဲ့သည့် Wrightwood ငလျင်ကို အမှတ်တရ အနေဖြင့် တည်ဆောက်ထားတာပါ။
ထိုငလျင်မှာ အလွန်ပြင်းထန်ခဲ့ပြီး ရစ်တာစကေး ၈.၀ အထိရှိခဲ့ပါသည်။
(၂)Mind House
part 003
စပိန်နိုင်ငံ ဘာစီလိုနာ မြို့မှာ တည်ရှိပါသည်။
ထိုမြို့က အဆောက်အဦးတော်တော်များများမှာ ပုံစံထူးခြားပြီး လှပနေပါသည်။
Saturday, March 19, 2016
Australia မှ ရေလှိုင်းပုံကျောက်ဆောင်ကြီး
wave rock (3)
Australia မှာသဘာဝအတိုင်းတည်ရှိနေတဲ့ ပင်လယ်ရေလှိုင်းပုံစံကျောက်ဆောင်ကြီးပါ။
ဒီကျောက်ဆောင်ကိုသူတို့ ဆီမှာတော့ Wave Rock လို့ ခေါ်ကြပါသည်။
part 004
Friday, March 18, 2016
ကမ္ဘာ့အသေးငယ်ဆုံး တွားသွားသတ္တဝါ
Brookesia micra on a match head
ကမ္ဘာ့အသေးဆုံး တွားသွားသတ္တဝါဟု သတ်မှတ်ရမည့် ပုတ်သင်ညိုမျိုးစိတ် တစ်မျိုးကို မာဒါဂါစကား၌ တွေ့ရှိခဲ့ပါသည်။ယင်းပုတ်သင်ညိုသည် စုစုပေါင်း ခန္ဓာကိုယ် အလျား သုံးစင်တီမီတာသာရှိပြီး Brookesia micraဟု အမည်ပေးထားသည်။ သုံးစင်တီမီတာ သည် အမြီးပါ
ပါဝင်ပြီး ခန္ဒာကိုယ်သက်သက်မှာ လက်သည်းထက်ပင် ပို၍ သေးငယ်သည်ကို
တွေ့ရပါသည်။
6401 728x
အဆိုပါ ပုတ်သင်ညို မျိုးစိတ်သစ်၏ ဗီဇစစ်ဆေးမှုများကို ဆန်ဒိုင်းဂိုးပြည်နယ် တက္ကသိုလ်မှ ပြုလုပ်ခဲ့ပါသည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ပါစေ............. နေခရမ်း
သူကိုယ်တိုင်တင်ထားတဲ့ကမ္ဘာ့စံချိန်ကို ပြန်ချိုးဖျက်ပြလိုက်တဲ့ သံလိုက် လူသား
image aspx 0
အသက် ၄၁ နှစ်အရွယ် Etibar Elchyev ဆိုသူ  သံလိုက်လူသားဟာ သူ့ ရဲ့ လည်ပင်းနဲ့ ဝမ်းဗိုက် တစ်ဝိုက်မှာ သတ္တုဇွန်း ၅၃ ချောင်းကို တွဲကပ်ပြပြီး လူ့ ခန္ဓာကိုယ်မှာ သတ္တုပစ္စည်းအများဆုံး တွဲကပ်နိုင်တဲ့ စံချိန် အသစ်ကို တင်လိုက်ပါတယ်။ ဂျော်ဂျီယာ လူမျိုးဖြစ်တဲ့ Elchiyev ဟာ ၂၀၁၁ ခုနှစ်ကလည်း သတ္တုဇွန်း ၅၀ ချောင်းကို ကပ်ပြ ခဲ့ပြီး ကမ္ဘာ့စံချိန်တင်ခဲ့သူဖြစ်ပါတယ်။ အခု ၂၀၁၃ ဒီဇင်ဘာ ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ သူ့ ရဲ့ စွမ်းရည်ပြပွဲမှာ သတ္တုဇွန်း ၅၃ ချောင်းကို ကပ်ပြပြီး စံချိန်အသစ်ကို ထပ်တင်လိုက်ပါတယ်။
သူဟာ ဒီမှာ ရပ်တန့် နေမှာမဟုတ်ဘဲ ဆက်လက်စံချိန်တင်ဖို့ ကြိုးစားသွားမယ့်အကြောင်းကို “ အချိန်တန်လို့ ရှိရင် ကျွန်တော် လေယာဉ်ပျံကြီးတစ်စီးလုံးကို ရွှေ့ ပြတာဖြစ်ဖြစ် ရထားလွတ်တစ်စီးကို ကျွန်တော့်သံလိုက်စွမ်းအားနဲ့ ရွှေ့ ပြတာဖြစ်ဖြစ် ၊အဲလိုမျိုးတစ်ခုလောက် လုပ်ပြသွားမှာပါ။ ကျွန်တော့်ရဲ့ ဖဲချပ်တွေကို ခင်ဗျားတို့ ကို တစ်ခါတည်း လှန်ပြမှာမဟုတ်ပါဘူး” လို့ ပြောကြားသွားပါတယ်။
Ref: bbc.co.uk
ပင်အပ်ပေါင်း (၄၅၅၀) ကို (၈)နာရီအတွင်း ခန္ဓာကိုယ်မှာ ထိုးပြခဲ့သူ
other needle 0d0fd
ကနေဒါနိုင်ငံသား   မက်သယူးဟာ အသားအနာခံပြီး စံချိန်သစ်တစ်ရပ်ကို တင်ရှိနိုင်ခဲ့ပါတယ်။ အဲဒါကတော့ ပင်အပ်တွေနဲ့ခန္ဓာကိုယ်မှာ ထိုးစိုက်ပြီး အားလုံး အံ့အားသင့်အောင် ပြုလုပ် သွားခဲ့ခြင်းဖြစ်ပါတယ်။
             အရေပြားပေါ်မှာ အပေါက်ပေါင်း (၄၅၅၀)ကို ရှစ်နာရီ အတွင်း ဖောက်ပြခဲ့တာ ဖြစ်ပါတယ်။ လက်နဲ့ နောက်ကျောမှာ အပ်တွေအများအပြား ထိုးစိုက်ခဲ့ပြီး အပ်တွေဟာ ခွဲစိတ်ရာမှာ အသုံးပြုတဲ့အပ်တွေဖြစ်ပါတယ်။ ဒါကြောင့် မက်သယူးဟာ ခွဲစိတ်ရာမှာ သုံး တဲ့အပ်တွေ ခန္ဓာကိုယ်မှာ အများဆုံးစိုက်သူအဖြစ် မှတ် တမ်းဝင်သွားပါတယ်။ အရင်က အမေရိကန်နိုင်ငံသား တိုင်ဆန်(၂၀၁၁)က တင်ရှိထားတဲ့ ပင်အပ်ပေါင်း (၃၉၀၀)စံချိန်ကို  ချိုးဖျက်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ မက်သယူးဟာ အသားကိုအနာခံပြီး စံချိန်တင်ဖို့ ကြိုးစားတဲ့နောက်ကွယ်မှာ ရည်ရွယ်ချက် တစ်ခုရှိပါတယ်။ ဗန်ကူးဗားမြို့မှာ ဖွင့်လှစ်ထားတဲ့ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး ရန်ပုံငွေရရှိရေးရည်ရွယ်ပြီး ထူးခြားစံချိန်တစ်ရပ်တင်နိုင်အောင် ကြိုးစား ခဲ့ခြင်းဖြစ်ပါတယ်။ မက်သယူးကို ပင်အပ်တွေ စိုက်ပေးသူက ခန္ဓာကိုယ်မှာ အလှဆင်ယင်မှု တွေပြုလုပ်ပေးနေတဲ့ ပညာရှင် ရုသ်ဖောက်စ် ဖြစ်ပါတယ်။ အသက်(၃၂)နှစ်ရှိပြီဖြစ်တဲ့ ရုသ်ဖောက်စ်ဟာ အတွေ့အကြုံရင့်ကျက်သူ ဖြစ်ပေမယ့် မက်သယူးကိုပြုလုပ်ပေးရာမှာ များစွာစိတ်လှုပ်ရှားခဲ့ရပါတယ်။ ရုသ်ဖောက်စ်က “ကျွန်တော်တို့ စံချိန်ချိုးဖောက်ဖို့ ကြိုးစားခဲ့ခြင်း မဟုတ်ပေမယ့် အရင်စံချိန်ကို ပျက်အောင်လုပ်မယ်လို့ ရည်ရွယ်ချက် ရှိခဲ့ပါတယ်။ ကျွန်တော်တို့အတွက် ရှည်ကြာလွန်းတဲ့နေ့ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ မက်သယူး ကတော့ အလွန်နာကျင်ခဲ့ပါတယ်။ ပင်အပ်တွေ ပြန်ထုတ်ချိန်မှာ မက်သယူးဟာအလွန် နာကျင်ခဲ့တာကြောင့် အမြန်လုပ်ဆောင်ခဲ့ ရပါတယ်လို့ ပြောခဲ့ပါတယ်။ မက်သယူးကလည်း မိမိအနေဖြင့် နာကျင်လွန်းသဖြင့် ငိုချင်မိကြောင်း၊ သို့သော် ကောင်းတဲ့အရာ လုပ် ဆောင်ခြင်းအဖြစ် တွေးယူပြီး ပြီးစီးအောင် လုပ်ဆောင်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။
credit; messenger journal
လူသားတွေနဲ့ ကြောင်တွေ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ ကျော်ကတည်းက အတူနေခဲ့ဟုဆို
bilde
ရှေးဟောင်းသုတေသနသိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ ရှိချက်အရ ကြောင်တွေဟာ လူသားတွေနဲ့  လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကျော် ကတည်းက အတူယှဉ်တွဲနေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သုတေသနအသစ်လေ့လာချက် အရ အစောဆုံးကြောင်ရိုင်းမျိုးဆက်တွေဟာ ကိုယ့်အစာအတွက် ကိုယ်တိုင်ရှာဖွေအမဲလိုက်ခဲ့ရာကနေ လူသားတွေ ဆီမှာ အစာတောင်းခံတဲ့ဘ၀ကို ကူးပြောင်းခဲ့တယ်လို့  ဆိုပါတယ်။ တရုတ်နိုင်ငံက လယ်ရွာတစ်ခုမှာ သုတေသန တူးဖော်မှုတစ်ခုပြုလုပ်ခဲ့ရာမှာ သက်တမ်းနှစ် ၅၃၀၀ နီးပါးရှိတဲ့ လူသား၊ကြောင်၊၀က် နဲ့ ကြွက်တို့ ရဲ့ အရိုးစုတွေတွေ အတူယှဉ်တွဲတည်ရှိနေတာကို တွေ့  ရှိခဲ့ကြပါတယ်။
ဒီအရိုးစုတွေကို ဓာတ်ခွဲခြေရာခံကြည့်တဲ့အခါမှာ အဲဒီ့မှာတွေ့ ရတဲ့ကြောင်တွေဟာ စိုက်ပျိုးမြေထဲမှာ ရှင်သန်နေတဲ့ ကြွက်လို သားကောင်တွေကို အမဲလိုက်နေခဲ့တယ်လို့ တွေ့ ရှိရပါတယ်။ ဒီသက်သေအထောက် အထားကို ကြည့်ရင် အဲ့အချိန်ကလူတွေဟာ ကြွက်ပြသနာနဲ့ ကြုံတွေခဲ့ရပြီး စားနပ်ရိက္ခာသိုလှောင်တဲ့နေရာ တွေမှာ ကြွက်တွင်းနဲ့ ကြွက်တွေကြောင့် ဒုက္ခရောက်ခဲ့ရပါတယ်။
အရှည်လျားဆုံး ရွှေဆွဲကြိုး
other gold chain 28dd2
ဒူဘိုင်းမှာ ပြသခဲတဲ့ ရွှေဆွဲကြိုးဟာ (၅ ဒသမ ၅၂၂) ကီလိုမီတာ အထိ ရှည်လျား တာကြောင့် အရှည်လျားဆုံး ရွှေဆွဲကြိုး အဖြစ် စံချိန်တင် သွားပါတယ်။ ဒူဘိုင်းဟာ အရှေ့အလယ်ပိုင်းမှာ အခမ်းနားဆုံးမြို့ ဖြစ်တာနဲ့ အညီ ကြီးကျယ်တဲ့ မိုးမျှော် အဆောက်အဦ မျိုးစုံကို မြင်တွေ့ ရမှာ ဖြစ်ပြီး ဂင်းနစ် စံချိန် အမျိုးမျိုး ကိုလည်း ချိုးဖျက်နေတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ အမြင့်ဆုံး အဆောက်အအုံ ကိုလည်း ဒူဘိုင်းမှာ တည်ဆောက်ထားပါ တယ်။ အခုလည်း အထိမ်းအမှတ် ပွဲတော် အဖြစ် အရှည်ဆုံး ရွှေဆွဲကြိုးကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ရွှေဆွဲကြိုးကို ဖန်တီးရာမှာ လူပေါင်း များစွာ အသုံး ပြုခဲ့ရ ပါတယ်။ ရွှေဆွဲကြိုးကို လက်မှု ပညာနဲ့ ပြုလုပ်ခဲ့ တာကြောင့် အချိန်ယူခဲ့ရ ပါတယ်။(၂၂) ကာရက်ရှိတဲ့ ရွှေကို လူပေါင်း(၁၀၀)နဲ့ ဖန်တီးခဲ့တာ ဖြစ်ပြီး (၄၅) ရက် အချိန်ယူခဲ့ရ ပါတယ်။ ရွှေရဲ့ အလေးချိန်က (၁၈၀) ကီလို အထိရှိပြီး ရွှေဆွဲကြိုးမှာ ပါဝင်တဲ့ ကွင်းဆက် အရေအတွက်က လေးသန်းကျော် ရှိပါ တယ်။ ဒီရွှေဆွဲကြိုးကို အများ ပြည်သူ ကြည့်နိုင်ဖို့ ဖွင့်လှစ် ပြသခဲ့ပြီး ဖန်တီး ပြုလုပ်ရာမှာ အချိန်ယူခဲ့ရ ခြင်းကြောင့် စိတ်ဝင်တစား လာရောက် ကြည့်ရှုသူ တွေ အများအပြားရှိခဲ့ ပါတယ်။ဒီရွှေဆွဲကြိုးကို လူပေါင်း (၁၀၀) နဲ့ တစ်နေ့ (၁၀) နာရီ အချိန်ယူကာ (၄၅) ရက်ကြာ ပြုလုပ် ခဲ့ခြင်း ဖြစ်ပါတယ်။ ဒူဘိုင်း ဈေးရောင်း ပွဲတော် အရောင်း မြှင့်တင်ခြင်း အစီအစဉ် တစ်ရပ် အနေဖြင့် ဒီရွှေဆွဲကြိုးကို ပြုလုပ်ခဲ့တာ ဖြစ်ပြီး လက်ဝတ် ရတနာ ကုမ္ပဏီတွေ ပူပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒူဘိုင်း ဈေးရောင်း ပွဲတော်ဟာ ဒီနှစ်မှာနှစ်(၂၀) ပြည့် သွားခဲ့ပြီး၊ ဇန်န၀ါရီလ (၁) ရက်ကနေ ဖေဖော်ဝါရီလ (၁) ရက်အထိ ကျင်းပ ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီရွှေဆွဲကြိုးကို ဒူဘိုင်းရွှေလက်ဝတ် ရတနာ ရောင်းဝယ်ရေး အဖွဲ့က ဦးစီး ပြုလုပ်ခဲ့တာ ဖြစ်ပြီး၊ အဲဒီ အဖွဲ့ရဲ့ တာဝန်ရှိ သူ ချန်ဒူးက မိမိတို့ ဒူဘိုင်းမြို့တော်သည် ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးမြို့တော် ဖြစ်ပြီး ဒီစံချိန်ကို ဆက်ထိန်း နိုင်ဖို့ ယခုလို ပြုလုပ်ခဲ့ ရခြင်း ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
credit; messenger journal
အိမ်ကိုခိုးဝင်နေထိုင်သူက အိမ်ရှင်ကို တရားပြန်စွဲ
img man claims abandoned homes are up for grabs
အမေရိကန်ပြည်ထောင်စု၊ စပရင်းဒေးမြို့ မှာ နေထိုင်တဲ့ မိသားစုတစ်စုဟာ နာမကျန်းဖြစ်နေတဲ့ ဆွေမျိုးတစ်ယောက်ဆီ ခရီးထွက်သွားပြီး ပြန်အလာမှာ သူတို့ အိမ်ဧည့်ခန်းမှာ လူတစ်ယောက်က         ခြေပစ်လက်ပစ်လှဲနေတာကို တွေ့ လိုက်ရပါတယ်။ မိသားစုက မေးတဲ့အခါ ဒီအိမ်ဟာ သူ့ အိမ်ဖြစ်ပြီး သူ့ မှာ ဟာမင်တန်တရားရုံးနဲ့ လုပ်ထားတဲ့ ပိုင်ဆိုင်မှုစာချုပ်တွေရှိကြောင်း ပြန်ပြောလိုက်ပါတယ်။ တကယ်တမ်းတော့ ရော်ဘတ်ကားဆိုသူဟာ ခရီးထွက်သွားတဲ့ မိသားစု ရဲ့ အိမ်ကိုခိုးဝင်ပြီး တံခါးသော့ကို ပြောင်း ၊ အိမ်တစ်ခုလုံးကို ပြောင်သလင်းခါအောင် လုပ်ပစ်လိုက်ပြီး သူ့ အိမ်ဖြစ်ကြောင်း စာချုပ်အတုတွေလုပ်ထားတာပါ။ သူ့ အဆိုအရ တော့ “ ကျွန်တော် အိမ်မှာဝင်မနေခင် ဒီအိမ်မှာဘယ်သူမှမရှိကြောင်းသေချာအောင်လုပ်ပါတယ်။သူတို့ အိမ် ကနေ ထွက်ခွာသွားတာနဲ့ ဒီအိမ်ကို သူတို့ မပိုင်တော့ဘူးလေ၊ဒါကြောင့်ကျွန်တော်ဝင်နေလိုက်တယ်။ ကျွန်တော်ရှိနေရင် ဒါကျွန်တော့်အိမ်ပေါ့လို့ ” ကားလ်က ပြန်လည်ချေပခဲ့ပါတယ်။
အမှတ်တမဲ့ အလွဲများ ( ၅၁ )
ဒီတစ်ပါတ်အတွက် ပြုံးရွှင်စရာပုံလေးတွေ တင်ပေးလိုက်ပါပြီ။
အားပေးကြပါအုံးဗျာ....
ဟားး ဒီလောက်ကတော့ ဂျွမ်းထိုးပြေးတာတောင်နိုင်တယ်ကွ..
FB IMG 1450349568202
ဒီကပြန်ရင် ရှင်နဲ့ကွဲပီ။ကားစုတ်ကြီးခေါ်လာတယ်
FB IMG 1450348703464
Wednesday, March 16, 2016
အပြာရောင် မြစ်...
part 020
အရင်ကလဲ ပန်းရောင် ၊ အစိမ်းရောင်မြစ်ဆိုပြီးတင်ပေးဖူးပါတယ်။
ဒီတစ်ခါတော့ သူငယ်ချင်းတို့ ကို အပြာရောင်မြစ်တစ်စင်းဆီခေါ်သွားပါမယ်။
သီချင်းထဲက စိတ်ကူးယဉ်မြစ် မဟုတ်ပါဘူး။ ကမ္ဘာ့မြောက်ဘက်အခြမ်း က
မှာတည်ရှိပါတယ်။ ဒီရေခဲမြစ်ဟာ ဂရင်းလန် ရေခဲပြင် နဲ့ အာတိတ်သမုဒဿဒရာ ကို
ပေါင်းစပ် ပေးပါတယ်။မြစ်အကျယ် ကတော့ 15 km နဲ့ 70 km ရှည်ပါတယ်။ရေ
အနက်ဆုံး 600m လောက်ရှိပါတယ်။ မတူကွဲ ပြားတဲ့ ပုံလေးတွေကို ရှုစားပါအုံး...
part 009
part 024
part 016
part 018
part 014
part 021
part 015
part 007
part 003
part 008
သူငယ်ချင်းတို့  ပျော်ရွှင်ချမ်းမြေ့ကြပါစေ.............နေခရမ်း
Related Posts Plugin for WordPress, Blogger...