Friday, November 25, 2016
ကော်ဖီခွက်များဖြင့် ဖန်တီးထားသော မိုနာလီဇာ
ကမ္ဘာကျော်မိုနာလီဇာ ပန်းချီကားပုံစံကို ကော်ဖီခွက်ပေါင်း ၃၆၀၄ ခွက်ဖြင့်
ဖန်တီးထားတာပါ။ Australia နိုင်ငံ ဆစ်ဒနေ မှ The Rocks Aroma ပွဲတော်မှာ
ဖန်တီးပြသခဲ့ပါတယ်။ ဒီပုံရဲ့အလျားက ပေ ၂၀ ရှိပြီး အကျယ်က ၁၃ ပေရှိပါတယ်။
လူ ၈ ယောက်ဖြင့် စုစည်းညီညွတ်စွာ ဖန်တီးထားမှုပါ။ ကော်ဖီခွက်တစ်မျိုးတည်းသာ
အသုံးပြုထားပြီး လိုအပ်တဲ့အရောင်ရအောင် ကော်ဖီအရည်ကို ချိန်ဆ ပြုလုပ်ထားပါတယ်။
အရောင်ဖျော့ဖျော့ လိုချင်လျှင် ကော်ဖီထဲသို့ နို့ပမာဏ ခပ်များများတည့်ပြီး
အရောင့်ရင့်ကိုတော့ ကော်ဖီကျကျ ဖျော်တာပေါ့ဗျာ။
ကားပေါ်ရှိ ဖုန်များပေါ်တွင်ရေးဆွဲသောပန်းချီများ(Dirty Car Art)
Dirty car Art ဆိုတဲ့ အကြောင်းပါ။ ဖုန်တက်နေတဲ့ကားမှန်တွေပေါ်မှာ
လက်ရာေဲမာက်ပြီး စိတ်ကူးကောင်းကောင်းနဲ့ ဖန်တီးထားတဲ့
Australian လူမျိုး scott wade ၏ပန်းချီးပုံများပါ။ တစ်ချိန်ကဘောလုံးသမားတစ်ဦး
ဖြစ်ပြီး ဘောလုံးနှင့်ပတ်သက်ရာအလုပ်များကို တစ်သတ်တာလုံးလုပ်နေသူပါ။
ဒါပေမယ့် သူ့ရဲ့ဒီလိုပန်းချီပုံများကသာ ကမ္ဘာကျော်တစ်ယောက်အဖြစ် ဖြစ်စေခဲ့တာပါ။
သူရဲ့ဖန်တီးမှုလေးများကို ဆက်လက်အားပေးလိုက်ကြရအောင်နော်...
ဘီကီနီ တီရှပ်များ
နိုင်ငံခြားကတော့ အဆန်းထွင်ရတာ ၀ါသနာ ပါလွန်းကြပါတယ်။
1T-Shirts That Look Like a Bikini
2T-Shirts That Look Like a Bikini
ကမ္ဘာ့ပထမဆုံး ရေခဲဟော်တယ်
ကမ္ဘာပေါ်တွင် ထူးထူးခြားခြား တည်ဆောက်ထားသော ဟော်တယ်များ
အများအပြားရှိကြပါသည်။ငွေကြေးတတ်နိုင်သော ခရီးသွား
များအနေဖြင့် အများနှင့်မတူ တစ်မူထူးစွာဖြင့် ရေခဲဟော်တယ်များတွင်
ငွေကုန်ခံကာ သွားရောက်လည်ပတ် တည်းတတ်ကြပါသည်။
ယခုတင်ပြသော ရေခဲဟော်တယ်သည် ကမ္ဘာပေါ်တွင်
ပထမဆုံးတည်ဆောက်ဖွင့်လှစ်ခဲ့သော ရေခဲဟော်တယ်တစ်ခုဖြစ်ပါသည်။
ယခုရေခဲဟော်တယ်သည် ဆွီဒင်နိုင်ငံ မြောက်ဘက်စွန်းရှိ
Jukkasjarvi ရွာကလေးတွင် ၁၉၉၀ ခုနှစ်မှ စကာဖွင့်လှစ်ခဲ့ပါသည်။
ရေခဲဟော်တယ်ဟု အမည်နှင့်လိုက်ဖက်စွာပင် အဆောက်အဦ
တစ်ခုလုံးနှင့် အသုံးအဆောင်ပစ္စည်းများကို နှင်းခဲများ ၊ ရေခဲတုံးများ
ဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။
ဂျပန်နိုင်ငံမှ ဆောက်လုပ်ရေးဌာနများ၏ ချီးကျူးဖွယ် စွမ်းဆောင်နိုင်မှု
ဂျပန်နိုင်ငံ Fukuoka မြို့ရှိ လူအသွားအလာရှုပ်ထွေးလှသော လမ်းမကြီးတစ်နေရာတွင်
အကျယ် 30 မီတာ( 98ပေ) ၊ အနက် 15 မီတာ ( 49 ပေ) ရှိတွင်းပေါက်ကြီး
တစ်ခု မြေပြိုမှုကြောင့် ဖြစ်ပေါ်ခဲ့ပါသည်။
အနီးရှိ မြေအောက်ရထားလမ်းစီမံကိန်းတစ်ခုကြောင့် ဟု ယူဆခဲ့ကြပါသည်။
ထိုလမ်းမကြီး၏ အောက်တွင် ရေပိုက်လိုင်း ၊ လျှပ်စစ်လိုင်း နှင့် ဂတ်ပိုက်လိုင်း
များလည်း ရှိနေကြပြီး မြေကြီးပြိုကျမှုကြောင့် အကုန်ပျက်စီးခဲ့ရပါသည်။
ရုတ်တရက်မြေကြီးပြိုပြီး တွင်းပေါက်ကြီး ဖြစ်ပေါ်ခဲ့ပြီး မကြာမီတွင်
ဂျပန်နိုင်ငံ၏ ဆောက်လုပ်ရေးဌာနလုပ်သားများသည် ပျက်စီးသွားသော
ရေပိုက်လိုင်း ၊ လျှပ်စစ်လိုင်း နှင့် ဂတ်ပိုက်လိုင်းများ ကို အလျှင်အမြန်ပြုပြင်
လိုက်ကြပါသည်။
ဂျပန်နိုင်ငံမှ မီးရောင်စုံဥမင်ကြီး၏ အလှ
ဂျပန်နိုင်ငံ ၊ Nagashima ရှိ LED မီးလုံးရောင်စုံများဖြင့် အလှဆင်ထားသော
ဥမင်လှိုဏ်ခေါင်း နှင့် ပန်းခင်းသဖွယ် ခင်းကျင်းထွန်းညှိထားသော နေရာပါ။
LED ရောင်စုံမီးလုံးပေါင်း 3.2 Million အထိအသုံးပြုကာ တည်ဆောက်ဖန်တီး
ထားမှုများပါ။ Tunnel of Light ဟုအမည်ရသည့် မီးရောင်စုံအလှများကို ခံစားကြည့်လိုက်ရအောင်နော်…
Related Posts Plugin for WordPress, Blogger...