Thursday, February 16, 2017

ကမ္ဘာ့ပထမဆုံး ရေခဲစာကြည့်တိုက်

ကမ္ဘာပေါ်တွင်ရှိကြသော စာကြည့်တိုက်အမျိုးမျိုးတွင်
ပထမဆုံးအနေဖြင့် ထူးထူးခြားခြား ဖွင့်လှစ်ပြသခဲ့သည့်
ရုရှနိုင်ငံ မှ ရေခဲစာကြည့်တိုက် ဖြစ်ပါသည်။

ရုရှနိုင်ငံ ၊ Siberia ဒေသရှိ Lake Baikal ရေကန်ကြီးတွင်
ရေခဲစာကြည့်တိုက် ကိုဖွင့်လှစ်ပြသခဲ့ခြင်း ဖြစ်ပါသည်။
Lake Baikal ရေကန်ကြီးသည် ရေချိုပမာဏ အများဆုံးရှိ
သည့် ကမ္ဘာ့အကြီးဆုံး ကန်ကြီးဖြစ်ပါသည်။ ထိုရေကန်ကြီး
သည် ဆောင်းရာသီတွင် ရေခဲသွားပြီး နှစ်စဉ်ခရီးသွား
ပြည်သူများ သွားရောက်လည်ပတ်တတ်ကြသည့် နေရာ
တစ်ခုပါ။

အမေရိကန်နိုင်ငံ မှ ဆန်းပြားလှပသည့် ကားအလှဆင် ပြပွဲကြီး

အမေရိကန်နိုင်ငံ မှ ထူးထူးခြားခြား ကျင်းပသည့် Houston Art Car Parade
အမည်ရ ပွဲတော်တစ်ခုကို တင်ပြပေးပါမည်။
ဒီဇိုင်းဆန်းဆန်း အလှဆင်ထားသည့် ကားများ တစုတစည်းတည်း
လှည့်လည်မောင်းနှင်ကြသည့် ကားပြပွဲမျိုးဖြစ်ပြီး အမေရိကန်နိုင်ငံ ၊
တက္ကဆက်ပြည်နယ် ၊ ဟူစတန်မြို့တွင် နှစ်စဉ်ကျင်းပသော ပွဲတော်တစ်ခုပါ။

Houston Art Car Parade ဟု အမည်ပေးထားသော်လည်း
ဒီဇိုင်းဆန်းဆန်း အလှဆင်ထားသေ ကားများသာ ပါဝင်ခြင်း
မဟုတ်တော့ဘဲ စက်ဘီးတွေ၊ ဆိုင်ကယ်တွေ၊ စကိတ်တွေ၊ တခြား
စက်တပ်ယာဉ်နဲ့ လူ့စွမ်းအားသုံးယာဉ်မှန်သမျှကို ပုံစံမျိုးစုံအလှဆင်ပြီး
မြို့လမ်းမတစ်လျောက် စီတန်းလှည့်လည် ပြသကြခြင်း ဖြစ်ပါသည်။

အထူးသဖြင့် ကားများကို မိမိစိတ်ကူးရှိသလို ပြင်ဆင်ခြယ်သကာ
တစ်ဦးခြင်းဖြစ်စေ ၊ အဖွဲ့လိုက်ဖြစ်စေ တပျော်တပါး ပါဝင်ဆင်နွဲကြခြင်း
ဖြစ်ပါသည်။

ကမ္ဘာ့အနက်ဆုံးရေကူးကန် (Y-40)

ယခင်က ကမ္ဘာ့အနက်ဆုံးရေကူးကန် အဖြစ် ဘယ်ဂျီယံနိုင်ငံ
ရှိ Nemo 33 ရေကူးကန်ကြီးကို သတ်မှတ်ခဲ့ပါသည်။ ယခု
အခါ ထိုရေကူးကန်ကြီးထက် ပိုနက်သည့် Y-40 ရေကူးကန်ကြီး
သည် အီတလီနိုင်ငံ ၊ Padua တွင် တည်ရှိလာပါပြီ။

Hotel Terme Millepini တွင် တည်ရှိသော Y-40 ရေကူးကန်ကြီး
သည် ရေအနက် ၄၂ မီတာ အထိရှိပါသည်။

ပုံသဏ္ဍန်မှာ Nemo 33 ရေကူးကန်ကြီး ပုံစံမျိုးဖြစ်ပြီး ဖန်သားများ
ဖြင့် ထည့်သွင်း တည်ဆောက်ထားခြင်း ဖြစ်ပါသည်။
Related Posts Plugin for WordPress, Blogger...