Thursday, November 30, 2017

အိုင်းစတိုင်းရေးသားခဲ့သည့် ပျော်ရွှင်ခြင်း အဆိုအမိန့် အားဒေါ်လာ ၁.၇ သန်းဖြင့်ရောင်းချ


ကမ္ဘာကျော် သိပ္ပံ ပညာရှင်ကြီး အိုင်းစတိုင်း ရဲ့  ၁၉ ၂၂ ခုနှစ်အတွင်းက ရေးသားခဲ့တဲ့ ပျော်ရွှင်ခြင်း အဆိုအမိန့်  စာကြောင်း သုံးကြောင်းပါ စာရွက် တရွက်ကို အမေရိကန် ဒေါ်လာ ၁.၇ သန်းနဲ့ ရောင်းခဲ့ကြောင်းသိရပါတယ်။

ဂျာမန်ဘာသာနဲ့ ရေးထားတဲ့ အိုင်းစတိုင်းလက်ရေးမူဟာ ဂျပန်နိုင်ငံ တိုကျို မြို့ က Imperial ဟော်တယ်ကြီးမှာ ၁၉ ၂၂ ခုနှစ်ကရေးသားခဲ့တာလို့ သိရပါတယ်။
ဂျာမန်ဘာသာနဲ့ ရေးသွားတဲ့ သူ့ ရဲ့ အဆိုအမိန့် ကို နိုင်ငံပေါင်းများစွာ ကအဓိပါယ် အမျိုးမျိုးဖွင့်ဆို ဘာသာပြန်ခဲ့ကြပါတယ်။

ပေါ်တူဂီတွင် ဒိုင်နိုဆောခေတ်ကဟု ယူဆရသည့် ငါးမန်းဖမ်းမိ


ပေါ်တူဂီနိုင်ငံ တောင်ဘက်အစွန်းက အယ်လ်ဂါ့ဗ်ကမ်းရိုးတန်းမှာ ဒိုင်နိုဆောခေတ်က ငါးမန်းလို့ ယူဆရတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း သန်း ၈၀ လောက်ကတည်းက ရှိခဲ့တဲ့ ငါးမန်းမျိုးစိတ်ထဲက ငါးမန်းတကောင်ကို ပေါ်တူဂီ သိပ္ပံပညာရှင်တွေက ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

မလိုအပ်တဲ့ စီးပွားဖြစ်ငါးဖမ်းမှုတွေကို လျှော့ချဖို့ ဦးတည်တဲ့ ဥရောပသမဂ္ဂရဲ့ စီမံကိန်းအတွက် လုပ်ဆောင်ရင်း မြင်ရခဲလှတဲ့ ဖရေးလ်ဒ်ငါးမန်း (ပန်းအနားများနဲ့ငါးမန်း) ကို ဆွဲပိုက်နဲ့ မထင်မှတ်ဘဲ ဖမ်းမိခဲ့တာလို့ သိရပါတယ်။

ဒီလိုငါးမန်းတွေရဲ့ ရုပ်ကြွင်းသက်တမ်းကို ပြန်ကြည့်ရင် ဒီငါးမန်းအမျိုးအစားက လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၈၀ ဝန်းကျင်ကတည်းက ရှိခဲ့လို့ နိုင်ငံရဲ့ ပင်လယ်ပြင်နဲ့ လေထုအင်စတီကျု သိပ္ပံပညာရှင်တွေက ဖမ်းမိတဲ့ ငါးမန်းမျိုးကို သက်ရှိရုပ်ကြွင်းလို့ အမည်ပေးထားကြောင်း အေလီယမ်မက်ဒီတာရေးနီးရန်းနယူးစ် သတင်းဌာနရဲ့ သတင်းအရ သိရပါတယ်။

ငါးမန်းကို ပေါ်တီမာယို အပန်းဖြေစခန်းရဲ့အဝေး ပေပေါင်း ၂၃၀၀ ရေအနက်ကနေ ဖမ်းမိခဲ့တာဖြစ်ပြီး ငါးမန်းက အထီးဖြစ်တယ်၊ ၅ ပေ အရှည်ရှိတယ်လို့ ဆိုပါတယ်။

မိလ္လာသန့်ရှင်းရေးသမားရဲ့ သမီး အိန္ဒိယရဲ့ အသက်အငယ်ဆုံး ပါရဂူဘွဲ့ကျောင်းသူ


အိန္ဒိယနိုင်ငံမှ လေးစားချီးကျူးစရာကောင်းတဲ့ ဆယ်ကျော်သက် ကျောင်းသူလေး ဖြစ်ပါတယ်။ သူမရဲ့ အမည်က ဆက်ရှ်မာ ဗာမာလို့ ခေါ်ပါတယ်။ သူမဟာ အသက် ၁၅ နှစ်အရွယ်မျှဖြင့် အဏုဇီဝပညာရပ်ဆိုင်ရာ ပါရဂူဘွဲ့ကျောင်းသူအဖြစ် အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ် လက်ခ်နောမြို့ရှိ Babasaheb Bhimrao Ambedkar University (BBAU) မှာ ပညာသင်ကြားနေပါတယ်။

ဆက်ရှ်မာဟာ အိန္ဒိယရဲ့ အသက်အငယ်ဆုံး ပါရဂူဘွဲ့ကျောင်းသူအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ သူမရဲ့ အတန်းဖော်တွေဟာ သူမထက် ၈ နှစ်မှ ၉ နှစ်အထိ အသက်ကြီးသူတွေ ဖြစ်ကြပါတယ်။

စိတ်ကူးဆန်းသည့် ပေါင်းစပ် ကာတွန်းပုံလေးများ (၂၄)

Javier Perez ဆိုတဲ့ပညာရှင်မှ ဖန်တီးထားမှုများပါ။ သူက နေ့စဉ်တွေ့မြင်နေကျ ပစ္စည်းလေးများနဲ့ ကာတွန်းပုံလေးများ ပေါင်းစပ်ကာ တီထွင်ရေးဆွဲထားမှုက ချီးကျူးစရာပါ။

တင်းနစ်ကစားသမားများ၏ ရယ်ရွှင်ဖွယ် လျက်တပြတ် မျက်နှာပုံစံများ

တင်းနစ်ကစားနည်းဟာ အားမာန်ပါပါဖြင့် လှုပ်ရှားကစားကြရတာ တွေ့မြင်ဖူးကြမှာပါ။ ထိုအထဲမှ ကမ္ဘာကျော် တင်းနစ်ကစားသမားများရဲ့ ပြိုင်ပွဲအတွင်း ယှဉ်ပြိုင်နေစဉ် တဒင်္ဂအတွင်း ဖြစ်ပေါ်ခဲ့သော မျက်နှာပုံစံများကို အမိအရရိုက်ကူးထားကြပုံများ ဖြစ်ပါတယ်။ သူတို့ရဲ့ မျက်နှာပုံစံများကို ကြည့်ပြီး ဘယ်လောက်ထိ အားစိုက်ကစားကြရတယ်ဆိုတာ ပေါ်လွင်စေမှာ အမှန်ပါ။

မက္ကဆီကိုနိုင်ငံမှ ထိတ်လန့်ဖွယ် အရုပ်ကျွန်းလေး

ကမ္ဘာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့ဖွယ် အကောင်းဆုံး နေရာများတွင် မက္ကဆီကိုနိုင်ငံမှ အရုပ်ကျွန်းလေးသည်လည်း ပါဝင်နေပါသည်။ ထိုကျွန်းပေါ်သို့ ရောက်ရှိလျှင် တွေ့မြင်ရမည့် အရုပ်ဟောင်းလေးများ များစွာကြောင့် ကမ္ဘာကျော် နေရာတစ်နေရာ အဖြစ် တည်ရှိနေသလို လည်ပတ်သူများအနေဖြင့် ရင်ထိတ်ဖွယ် ခံစားချက်များကို ဖြစ်ပေါ်စေမည် ဖြစ်ပါသည်။

ထိုကျွန်းကလေး၏ နေရာအနှံ့တွင် ရာပေါင်းများစွာသော ကျိုးပျက်နေသည့် ကလေးကစားစရာ အရုပ်လေးများ တည်ရှိနေပါသည်။ ခြေပြတ်လက်ပြတ် အရုပ်များ ၊ ခေါင်းမပါ ကိုယ်အင်္ဂါ မစုံသော အရုပ်ဟောင်းလေးများကို နေရာအနှံ့ တွေ့မြင်ကြရပါသဖြင့် ထိတ်လန့်ဖို့ကောင်းနေရခြင်းလည်း ဖြစ်ပါသည်။

ထို အရုပ်ကျွန်းလေးသည် မက္ကဆီကိုနိုင်ငံ မြို့တော် အနီးတွင်တည်ရှိပြီး Xochimilco တူးမြောင်းအတွင်းရှိ ကျွန်းငယ်လေး တစ်ခုဖြစ်ပါသည်။ ထိုကဲ့သို့ ထိတ်လန့်ဖွယ် အရုပ်များနှင့် ပြည့်နှက်နေရသည့် နောက်ခံ အကြောင်းလည်း ရှိခဲ့ပါသည်။
Related Posts Plugin for WordPress, Blogger...