Monday, September 17, 2012

ဒါတွေသိရဲ့ လား..သူငယ်ချင်း(၃)

၁။ အပိုလို -၁၁ လွန်းပျံယာဉ်သည် စက္ကန့် ၂၀ စာသာ လောင်စာကျန်တော့ချိန်၌ လကမ္ဘာပေါ်သို ဆင်းသက်နိုင်
ခဲ့ခြင်းဖြစ်သည်။
၂။ လီဟာဗေးအော့စ်ဝိုးဧ။် အလောင်းကို မှတ်သားသည့် သတ္တုပြားကလေးကို ၁၉၉၂ ခုနစ် လေလံပွဲတစ်ခုတွင်ရောင်း
ချခဲ့ရာ အမေရိကန်ဒေါ်လာ ၆ ၆၀၀ ရရှိခဲ့သည်။
၃။ ၁၈၃၀ ပြည့်နှစ်လွန်များအတွင်းက ခရမ်းချဉ်သီးကဲ့သိုသော အရာများမှ ပြုလုပ်သည့် အချဉ်ရည်များကို ဆေးဝါး
အဖြစ်ရောင်းချခဲ့သည်။
၎။ လီယိုနာဒိုဒါဗင်ချီသည် လက်တစ်ဖက်က စာရေးနေချိန်၌ တစ်ပြိုင်နက်တည်း အခြားတစ်ဖက်က ပုံဆွဲနိုင်သည်။
၅။ လီယိုနာဒိုဒါဗင်ချီသည် ကတ်ကြေးကို တီထွင်သူဖြစ်ပြီး တယောထိုးသူလည်းဖြစ်ကာ မိုနာလီဇာဧ။် နှုတ်ခမ်းများကို
၁၂ နှစ်ကြာ အချိန်ယူရေးဆွဲခဲ့သူဖြစ်သည်။

အလွန်ရှားပါးသော ဘေအိုဘတ်သစ်ပင် မာဒါဂတ်စကား၌ ပြုန်းတီးစပြု


ကမ္ဘာ့အဆင်းရဲဆုံး ကျွန်းနိုင်ငံတစ်ခုဖြစ်သော မာဒါဂတ်စကားနိုင်ငံတွင် ကမ္ဘာ့ရှားပါး သစ်ပင်မျိုးစိတ်ဖြစ်သော ဘေအိုဘတ်ဟုခေါ်သည့်  ဆေးဖက်ဝင်အပူပိုင်း မုတ်သုန်သစ်ပင်များသည် ယခုအခါ ပြုန်းတီးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ အများက ပြောင်းပြန်သစ်ပင် ဟုခေါ်သော ဘေအိုဘတ်သစ်ပင်သည် မာဒါဂတ်စကားနိုင်ငံ၏ အမှတ်သင်္ကေတတစ်ခုအဖြစ် နှစ်ပေါင်းများစွာ ကမ္ဘာတွင်ထင်ရှားခဲ့သည်။  ထိုအပင်၏ အသီးမှာစားသုံး၍ရပြီး အရွက်များမှာ ဆေးဖက်ဝင်သည်ဟုသိရသည်။

ဦးခေါင်းတွင် နံပါတ်ပုံဖော်ထားရသည့် ကလေးငယ်များ


တရုတ်ပြည်တောင်ပိုင်း ရှန်ကျန်းပြည်နယ်ရှိ မူလတန်းကျောင်းတစ်ကျောင်းမှ အသက်ခြောက်နှစ်အရွယ် လေးမွှာပူးကလေးငယ်များအား လူအမှတ်မှားမည်ကို စိုးရိမ်ပူပန်ကာ ထိုကလေးငယ်တို့၏ ဦးခေါင်းတွင် ထူးထူးဆန်းဆန်း နံပါတ်များကို ပုံဖော်ကာ အမှတ်အသားပြုထားခဲ့သည်။

အံ့သြဖွယ်မျက်နှာ နှစ်ရောင်စပ်ကြောင်လေး



ရောမနတ်မင်းကြီးများ၏ နှစ်မျက်နှာ တမန်တော်များကဲ့သို့ ဗီးနစ်အမည်ရှိ မျက်နှာနှစ်ရောင်နှင့် ကြောင်မလေးသည် ကမ္ဘာတစ်လွှား အင်တာနက်စာမျက်နှာ ပေါ်တွင် လူကြိုက်များလျက်ရှိကြောင်း သြဂုတ်လ ၂၈ရက်သတင်းများတွင် ဖော်ပြခဲ့သည်။ အဆိုပါ သုံးနှစ်အရွယ် ကြောင်မလေး ဗီးနစ်သည် မျိုးရိုးဗီဇ ပြောင်းလဲမှုများကြောင့် မျက်နှာတွင်မွေးရာပါ အနက်ရောင်တစ်ခြမ်းနှင့် ရွှေဝါရောင်တစ်ခြမ်း ပါရှိသည်။ ထို့ပြင် မျက်လုံးနှစ်ဖက်သည်လည်း အရောင်အသွေးမတူညီဘဲ တစ်ဖက်မှာ ပြာလဲ့လဲ့တောက်ပနေပြီး တစ်ဖက်မှာ အစိမ်းရောင်ဖြစ်သည်။ ဗီးနစ်ကြောင်လေးသည် ကြောင်စာများထက် ခွေးစာများကို ပိုမိုနှစ်သက်ကြောင်း သိရှိရသည်။

ဘောလုံးလောက အလွဲများ

ဘောလုံးလောက မှာတွေ့ ရတက်တဲ့ ဟာသလေးတွေကိုတင်ပေးပါမယ်။
ကွင်းထဲမှာထက်ပိုများနေတယ်နော်...

Related Posts Plugin for WordPress, Blogger...