Monday, September 17, 2012

ဦးခေါင်းတွင် နံပါတ်ပုံဖော်ထားရသည့် ကလေးငယ်များ


တရုတ်ပြည်တောင်ပိုင်း ရှန်ကျန်းပြည်နယ်ရှိ မူလတန်းကျောင်းတစ်ကျောင်းမှ အသက်ခြောက်နှစ်အရွယ် လေးမွှာပူးကလေးငယ်များအား လူအမှတ်မှားမည်ကို စိုးရိမ်ပူပန်ကာ ထိုကလေးငယ်တို့၏ ဦးခေါင်းတွင် ထူးထူးဆန်းဆန်း နံပါတ်များကို ပုံဖော်ကာ အမှတ်အသားပြုထားခဲ့သည်။
အဆိုပါ လေးမွှာပူးကလေးငယ်များ ထူးဆန်းစွာ ဦးခေါင်းတွင် နံပါတ်ပုံဖော်ထားရသည့် ကလေးငယ်များမှာ ယောကျာ်းကလေးများဖြစ်ကြပြီး ၎င်းကလေးငယ်များ၏ မိဘများကလည်း ကျောင်းတွင် လူအမှတ်မှားပြီး ရှုပ်ထွေးကာ မလိုလားအပ်သော ပြဿနာများဖြစ်မည်ကို စိုးရိမ်ပူပန်လျက်ရှိသည်။
အဆိုပါကျောင်းတွင် ကလေးငယ်များကို နေ့လည်ဘက်၌ စာသင်ခုံများပေါ်တွင် အိပ်စက်အနားယူစေပြီး ထိုအချိန်တွင် ကလေးငယ်များ ရှိမရှိ သေချာရေတွက်နိုင်စေရန် ထိုကဲ့သို့ ဦးခေါင်းတွင်နံပါတ်ပုံများ ဖော်ထားခြင်းဖြစ်သည်။''နေ့လည်စာ စားပြီးချိန်မှာ ကလေးတွေအိမ်ပြန်ဖို့ အချိန်လည်းမရှိဘူး။ အိပ်ရာတွေလည်း မရှိတော့ ဒီလိုပဲ စာသင်ခုံတွေပေါ်မှာ အိပ်ခိုင်းရတာပေါ့'' ဟု အဆိုပါကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...