Tuesday, February 4, 2020

စိတ်ဝင်စားဖွယ် ရေအောက်စတူဒီယို

အခုတင်ပေးမယ့် ရေအောက်စတူဒီယိုကတော့ ရုပ်ရှင်များ၊ တီဗွီအစီအစဉ်များမှာ ပါဝင်တဲ့ ရေအောက်ပြကွက်များ၊ ဇာတ်ဝင်ခန်းများအတွက် အထူးရည်ရွယ် တည်ဆောက်ထားတာပါ။
ဗြိတိန်နိုင်ငံ၊ Buckinghamshire၊ Iver မြို့မှာတည်ရှိပြီး Pinewood Studios ရဲ့ ရေအောက်စတူဒီယို၊ စတိတ်စင် ဖြစ်ပါတယ်။ ဥရောပရဲ့ ပထမဆုံးနဲ့ တစ်ခုတည်းရှိတဲ့ အဆောက်အဦတစ်ခုပါ။

ထိုရေအောက်မှာတော့ စတိတ်စင်၊ ရေအောက် ကမ္ဘာပုံစံငယ်များ၊ အိမ်ခန်းများ စသည်ဖြင့် ရုပ်ရှင်ရိုက်ကွင်းနဲ့ ဓာတ်ပုံ စတူဒီယိုအတွက် လိုအပ်သည်များကို ထည့်သွင်းပေးထားပါတယ်။ ထို့ပြင် ရေငုပ်ရာတွင် လိုအပ်သည့်ပစ္စည်းများနဲ့ ရိုက်ကွင်းတစ်ခုအတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးလေ့ရှိပါတယ်။

ခွေးက နှိုးသဖြင့် အိမ်မီးလောင်နေသည်ကို သိသွားပြီးအိမ်ရှင်မိသားစု မီးဘေးမှ ကပ်လွတ်သွား


အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်တွင်နေထိုင်သည့် မိသားစုသည် အိမ်မွေးခွေးက နှိုးသဖြင့် အိမ်မီးလောင်နေသည်ကို သိသွားကာ မီးဘေးမှ ကပ်လွတ်သွားသည်။ နံနက် တစ်နာရီတွင် အိမ်တွင် မီးစလောင်သည်ကို ဆမ်မီဟု အမည်ရသည့် အိမ်မွေးခွေးက သိသွားကာ ဆက်တိုက်ဟောင်တော့သည်။ ခွေးက အဆက်မပြတ်ထိုးဟောင်နေသဖြင့် မိသားစုဝင်ငါးဦးလုံးလည်း နိုးလာပြီး မီးလောင်နေကြောင်း သိသွားကြသည်။

အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဟစ်တလာ၏တူ

ဟစ်တလာနဲ့ နာဇီစစ်တပ်ကိုတိုက်ခိုက်ရန် အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝီလျံပက်ထရစ် ဟစ်တလာ ဆိုသူသည် ဟစ်တလာ၏တူတော်စပ်ပါတယ်။
သူသည် ဒုတိယကမ္ဘာစစ်စတင်ချိန်တွင် ဂျာမနီမှ အမေရိကန်သို့ ထွက်ပြေးရောက်ရှိလာခဲ့ပါတယ်။ ထို့နောက် ဖက်စစ်စနစ်ကိုတိုက်ဖျက်ရန် မဟာမိတ်စစ်တပ်များဘက်မှ ပါဝင်တိုက်ခိုက်ပေးလိုကြောင်း အမေရိကန်သမ္မတ ဖရန်ကလင် ဒီရုစဗဲ့ထံ စာရေးဆက်သွယ်ခဲ့ပါတယ်။

1940 Davis Divan သုံးဘီးကားများ



ကော်ဖီခွက်များနဲ့ ပုံဖော်ခဲ့သည့် တူတန်ခမန်ရဲ့ မျက်နှာဖုံးပုံ

အီဂျစ်နိုင်ငံ ကမ္ဘာကျော် ဂီဇာပိရမစ်ကြီးရဲ့အနီးအနားရှိ တော်ဝင်အီဂျစ်ပြတိုက်ဝန်းအတွင်း ပုံဖော်ပြသခဲ့ခြင်းပါ။ ကော်ဖီခွက်များကို အစီအစဉ်တကျ စီကာ ဖာရိုဘုရင်တူတန်ခမန်ရဲ့ ရွှေခေါင်းဆောင်းမျက်နှာဖုံးပုံကို ဖန်တီးပြသခဲ့ပါတယ်။
ကမ္ဘာ့ဂင်းနစ်မှတ်တမ်းတွင်လည်း အကြီးဆုံးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။


နှစ်ပေါင်းရာချီ အဆက်မပျက်မြည်နေတဲ့ ခေါင်းလောင်း

အောက်စဖိုဒ့်တက္ကသိုလ်၊ Clarendon ဓာတ်ခွဲခန်းမှာရှိတဲ့ လျှပ်စစ်ခေါင်းလောင်းလေးဟာ နှစ်ပေါင်းရာချီအောင် အလုပ်လုပ်နေစဲ ဖြစ်ပါတယ်။

ဘက္ထရီတစ်လုံးတည်းသာ အသုံးပြုထားတဲ့ ထိုခေါင်းလောင်းလေးဟာ စတင်အသုံးပြုခဲ့တဲ့ ၁၈၄၀ ခုမှစတင်ကာ ယနေ့အချိန်အထိ အဆက်မပျက် အသံမြည်နေခြင်း ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်တွင် နှစ်ပေါင်း ၁၈၀ ပင်ပြည့်ခဲ့ပါပြီ။

ကမ္ဘာကျော်များ နှင့် ပါပါရာဇီများ တွေ့ကြသောအခါ

ကမ္ဘာကျော် အနုပညာရှင်များအနေနဲ့ အကြောက်ဆုံးအရာတစ်ခုထဲမှာ ပါပါရာဇီများရဲ့ လျပ်တပြတ်အတွင်းရေး ဓာတ်ပုံများကလည်း တစ်ခုအပါအဝင်ပါ။ အနုပညာရှင်နဲ့ မီဒီယာကင်းကွာလို့မရပေမယ့် အနုအညာရှင်များရဲ့ သာမာန်နေထိုင်မှုဘဝပုံစံတွေအထိပါ တချို့သော မီဒီသမားများက ဝင်ရောက်စွတ်ဖက်တာမျိုး ရှိတတ်ကြပါတယ်။
ဒါကိုတော့ သူတို့ဆီမှာ ပါပါရာဇီများ(Paparazzi)လို့ ခေါ်ကြတာပေါ့။ အနုပညာရှင်တော်တော်များများကတော့ သူတို့ရဲ့ သာမာန်အချိန်လွတ်လပ်ခွင့်ကို ထိပါးကြတာ မကြိုက်ကြပါဘူး။ ဒါကြောင့်လည်း ပါပါရာဇီများနဲ့ အနုပညာရှင်များ ပြဿနာတက်တဲ့ သတင်းတွေ၊ အငြင်းပွားကြတာတွေ ခဏခဏ တွေ့နေရတာပါ။
အခုပုံလေးတွေကတော့ ကမ္ဘာကျော် အနုပညာရှင်အချို့ သာမာန်နေထိုင်မှုအချိန်မှာ ပါပါရာဇီတွေနဲ့ ထိပ်တိုက်တိုးချိန် လျပ်တပြတ်တုံ့ပြန်တတ်ကြပုံများ ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ချို့အနုပညာရှင်များရဲ့ ဟာသဆန်ဆန် မြန်မြန်ဆန်ဆန် တုံ့ပြန်တတ်ပုံလေးတွေကို မြင်ရမှာပါ။ ဘယ်သူတွေ ဘယ်လိုတုံ့ပြန်တတ်သလဲဆိုတာ ကြည့်လိုက်ရအောင်နော်...


ခင်ပွန်းဖြစ်သူရဲ့ ဓာတ်ပုံနဲ့အတူ ကမ္ဘာလှည့် ခရီးသွားခဲ့တဲ့ အမျိုးသမီး

Michelle Bourke လို့ အမည်ရတဲ့ အမျိုးသမီးဟာ သေဆုံးသွားတဲ့ ခင်ပွန်းသည်ရဲ့ ဓာတ်ပုံကို လူတရပ်စာ ထုတ်ပြီး ခရီးသွားတဲ့အခါ သူနဲ့အတူ ယူသွားလေ့ရှိတယ်လို့ သိရပါတယ်။ သူတို့ ဇနီးမောင်နှံဟာ ၂၅ နှစ်တာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေး တခုကို ပိုင်ဆိုင်ခဲ့ပြီး ကမ္ဘာပတ် ခရီးထွက်မယ်ဆိုတဲ့ ကတိကို ထားခဲ့ကြတာလည်း ဖြစ်ပါတယ်။

ကံဆိုးစွာနဲ့ ခင်ပွန်းဖြစ်သူက အသက် ၆၁ နှစ် အရွယ်မှာ ကင်ဆာရောဂါနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ခင်ပွန်းသည် မရှိတော့ပေမယ့် ကျန်ရစ်ခဲ့တဲ့ အမျိုးသမီးဟာ ကတိပေးထားတဲ့ အတိုင်း ကမ္ဘာလှည့် ခရီးကို သွားဖြစ်အောင် သွားခဲ့တာပါ။ သူတို့ရဲ့ မင်္ဂလာဆောင်နေ့က ဓာတ်ပုံကို လူတရပ်စာ အရွယ်အစားနဲ့ ထုတ်ပြီး ခရီးတိုင်းမှာ ဓာတ်ပုံအတူတူ ရိုက်ခဲ့တယ်လို့ သိရပါတယ်။
Related Posts Plugin for WordPress, Blogger...