Thursday, September 28, 2017

မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၂၀ )

Facebook ပေါ်တွင်တွေ့သမျှနှင့် သူငယ်ချင်းများပို့ပေးထားသော ပုံများကို စုစည်းတင်ပေးလိုက်ပါတယ်။ ပျော်ရွှင်ကြည့်နူးနိုင်ကြပါစေဗျာ...

အရှင်ကြီးတို့ မစ ပါ။ကူညီကြပါ။

ပန်းမခြွေ ကြနဲ့နော်...

သဲသောင်ပြင်ပေါ်ကပန်းပုလက်ရာများ (၄)

သဲသောင်ပြင်မှ လက်ရာမြောက်လှပသည့် ပန်းပုပုံလေးတွေကို
တင်ပေးလိုက်ပါတယ်။ Sand Art လို့ခေါ်သည့် အနုပညာ တစ်မျိုးပါ။

လှည့်စားထားသော ဓာတ်ပုံများ (၃)

အမြင်အာရုံကို လှည့်စားထားသည့် ပုံလေးများကို တင်ပေးချင်ပါတယ်။
တစ်ချို့ပုံလေးတွေက သေခြာကြည့်ယူရအောင် ကောင်းပါတယ်။

ပင်လယ်ရေအောက်မှ အရောင်စုံပက်ကျိလေးများ

ပင်လယ်သမုဒ္ဒရာရေအောက်များတွင် နေထိုင်တတ်ကြသည့် ပင်လယ်ပက်ကျိပုံလေးများ ဖြစ်ပါသည်။ အရောင်စုံ ၊ ပုံစံစုံ တွေ့မြင်ရမှာပါ။

ရေကူးဒိုင်ဗင်သမားများ၏ လျပ်တပျက်မျက်နှာပုံစံများ

ရေကူးဒိုင်ဗင်ပစ် အလှပြိုင်ပွဲများကို ကြည့်ဖူးကြမှာပါ။ ဒိုင်ဗင်ပစ်တဲ့သူများဟာ ရဲရဲတင်းတင်းဖြင့် အောက်ကရေထဲသို့ လှလှပပ ဒိုင်ဗင်ပစ်ပြတတ်ကြပါတယ်။ တိုတောင်းတဲ့အချိန်တိုလေးအတွင် လှပစွာ ဒိုင်ဗင်ပစ်ပြခဲ့တာကိုပဲ မြင်ဖူးကြပေမယ့် ထိုလေထဲမှ အချိန်တိုလေးအတွင်း ကစားသမားရဲ့ မျက်နှာအမူအရာများကို ပြန်ကြည့်ရင်တော့ မသက်သာလှပါဘူးဗျာ။ ကဲ ဒိုင်ဗင်ကစားသမားများရဲ့ မျက်နှာပုံစံလေးတွေကို ကြည့်လိုက်ရအောင်နော်…

စက္ကူဖက်ရှင် ဒီဇိုင်းအလန်းများ

စက္ကူစာရွက်အဖြူရောင်များကို ဖန်တီးထားတဲ့ ဒီဇိုင်းအဆန်းလေးများ ဖြစ်ပါတယ်။ စက္ကူကို လိုသလို ဖြတ်ညှပ်ဖန်တီးထားတဲ့ လက်ရာလေးများကတော့ တကယ်ကို လက်ဝင်ပြီး လှပပါတယ်။ Asya Kozina ဆိုတဲ့ အနုပညာရှင်မှ ဖန်တီးထားတာပါ။ ဒါပေမယ့် မိုးရွာထဲတော့ ထွက်လို့ရမှာ မဟုတ်ပါဘူးနော်…

သမိုင်းဝင်ရှေးဟောင်းလက်ရာများစွာဖြင့် ကရင်ပြည်နယ်မှ ကော့ဂွန်းလှိုဏ်ဂူတော်ကြီး

ကရင်ပြည်နယ်တွင် ထင်ရှားကျော်ကြားသော လှိုဏ်ဂူကြီးများ များစွာရှိပါသည်။ ထိုလှိုဏ်ဂူများထဲတွင် ရှေးဟောင်းသမိုင်းတန်ဖိုးကြီးမားလှသော ရုပ်ပွားတော်များ ၊ ကျောက်စာများ ၊ အုတ်ခွက်ဘုရားများလည်း များစွာရှိကြပါသည်။ ထိုထင်ရှာကျော်ကြားသော ကရင်ပြည်နယ်မှ လှိုဏ်ဂူကြီးများတွင် ကော့ဂွန်းလှိုဏ်ဂူတော်ကြီးသည် ရှေးဟောင်းလက်ရာများ အများဆုံးကျန်ရှိနေပြီး ၊ မြန်မာ့ရှေးဟောင်းခေတ်သမိုင်းတစ်ခု၏ အနုပညာနှင့် ဗိသုကာအတတ်များကို အံ့သြစရာကောင်းလှစွာ တွေ့မြင်ရသည့် ရှေးဟောင်းလှိုဏ်ဂူတစ်ခုဖြစ်ပါသည်။ မြန်မာပြည်တွင် လူသိများကျော်ကြားလှသည့် လှိုဏ်ဂူကြီးလည်း ဖြစ်ပါသည်။

Photo - Naykhayan
ကောဂွန်းဂူသည် ဘားအံမြို့မှ ၈ မိုင်ခန့် ၊ သံလွင်အနောက်ဘက်ရှိ ကော့ဂွန်းကျေးရွာမှ ၂ ဖာလုံခန့်
အကွာတွင် တည်ရှိပြီး အမြင့်ပေ ၁၀၀၀ ၊ အလျားပေ ၆၀၀၀ ခန့်ရှိသော ထုံးကျောက်တောင် အမျိုးအစား ကော့ဂွန်းတောင်တွင် တည်ရှိပါသည်။ ယခုအခါ လမ်းပန်းအဆက်အသွယ် ကောင်းမွန်နေပြီး နွေ ၊ မိုး ၊ ဆောင်း သုံးရာသီလုံး သွားရောက်နိုင်နေပြီ ဖြစ်ပါသည်။

Photo - Naykhayan 
လှိုဏ်ဂူသည်  အလျား ပေ-၁၃၀၊ အနံ ပေ-၇၀ ၊ အမြင့် ၂၅-ပေ ခန့်ရှိပြီး တစ်ဖတ်ပိတ်ဂူ အမျိုးအစားဖြစ်ကာ အတွင်းဘက်ကို အနည်းငယ်သာ ၀င်ရောက်နိုင်ပါသည်။ လှိုဏ်ဂူမှာ သိပ်အကျယ်ကြီး မဟုတ်သော်လည်း ဂူဝမရောက်ခင် အ၀င်ဘက်လျောက်လမ်းဘက် မှာကတည်းက ရုပ်ပွားတော်များ ၊ တောင်နံရံတွင် ကပ်ကာ ပြုလုပ်ထားသည့် များပြားလှသည့် ရှေးဟောင်းအုတ်ခွက် ဘုရားများကို ဖူးမျှော်ရမည် ဖြစ်ပါသည်။
Related Posts Plugin for WordPress, Blogger...