Friday, December 23, 2016
မြန်မာမှာ တွေ့ရှိခဲ့တဲ့ နှစ်ပေါင်း ၉၉သန်း ကျော်က ဒိုင်နိုဆောအမြီး
တရုတ်ပညာရှင်တစ်ဦးဟာ လွန်ခဲတဲ့နှစ်တုန်း က မြန်မာပြည် မြစ်ကြီးနားမြို့ဈေးဆိုင်တစ်ဆိုင်ကနေ ပယင်းကျောက်တစ်တုံးကို ၀ယ်ယူသွားပါတယ်။ ပယင်းကျောက်ထဲက အရာဟာ သစ်ပင်ရဲ့အစလို့ ဈေးဆိုင်ပိုင်ရှင်ကပြောပေမယ့် နှစ်ပေါင်း ၃၀ကျော်လေ့လာခဲ့တဲ့ အတွေ့အကြုံအရ ဒါဟာ သစ်ပင်မဟုတ်ကြောင်း Lida Xing က သိခဲ့ပါတယ်။ Lida Xing ဟာ ဘေဂျင်းမြို့  Geosciences တက္ကသိုလ်က ဘူမိဗေဒပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ 
ဒီပယင်းထဲက အရာကို Lida Xing က ကနေဒါ ၊ အင်္ဂလန် တို့က ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တွေနဲ့ ပူးပေါင်းစစ်ဆေးကြည့်တဲ့အခါမှာတော့ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၉၉တုန်းက ဒိုင်နိုဆောငယ်တစ်ကောင်ရဲ့ အမြီးဖြစ်ကြောင်းလေ့လာတွေ့ရှိခဲ့ရပါတယ်။ ဒိုင်နိုဆောရဲ့ အမြီးဟာ ၃.၇စင်တီမီတာ ရှည်ပါတယ်။
တရုတ်၏ စက္ကူတီထွင်နိုင်မှုသမိုင်း သည် ယခင် ထင်မှတ်ထားသည်ထက်ပိုစောနေ
နန်ကျင်း၊ နိုဝင်ဘာ ၂၉ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မှ ရှေးဟောင်းသုတေသနပညာရှင်တစ်ဦး ဖြစ်သည့် လီရှောင်ချန်း က ရှေးဟောင်း စက္ကူအပိုင်းအစတစ်ခု အား ရှာဖွေတွေ့ရှိခဲ့ကြောင်း ကြေညာခဲ့ပြီး ယင်းစက္ကူသည် တရုတ်နိုင်ငံတွင် စက္ကူပြုလုပ်သော နည်းပညာအား တီထွင်ခဲ့သည့် Cai Lun အမည်ရှိ တရုတ်လူမျိုး မတိုင်မီ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀ မှဖြစ်ကာ အစောဆုံး စက္ကူပြုလုပ်မှု ၏ ထင်ရှားသော သက်သေအထောက်အထားတစ်ခု ဖြစ်ကြောင်း သိရသည်။
အဆိုပါ စက္ကူအပိုင်းအစသည် ၅စင်တီမီတာ ရှည်လျားကာ အကျယ် ၂စင်တီမီတာရှိပြီး ၎င်းအား တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂန်းစုပြည်နယ် တွင် ၁၉၈၆ခုနှစ်က တူးဖော်ရရှိခဲ့ကြောင်း နှင့် ၂၀၁၂ခုနှစ်အထိ ယင်းစက္ကူအပိုင်းအစ အား သတိပြုစစ်ဆေးမှု မရှိခဲ့ကြောင်း သိရသည်။
လီသည် ၎င်း၏တွေ့ရှိမှုအား တရုတ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ဂရိနိုင်ငံ နှင့် ပီရူးနိုင်ငံ မှ ရှေးဟောင်းသုတေသန ပညာရှင်ပေါင်း ၁၆၀ကျော်တက်ရောက်ခဲ့သော မကြာသေးမီကပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတစ်ခု၌ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
ဘယ်လ်ဂျီယံနိုင်ငံ၏ ဘီယာပွဲတော်ကို ယူနက်စကို ကမ္ဘာ့ အမွေအနှစ်စာရင်းသွင်း
ဘရက်ဆဲလ် ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)
ဘယ်လ်ဂျီယံနိုင်ငံ၌ ကျင်းပမြဲဖြစ်သော ဘီယာပွဲတော်ကို ကမ္ဘာ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှု အဖွဲ့ ယူနက်စကို(UNESCO) ၏ ယဉ်ကျေးမှုအမွေအနှစ် တစ်ခုအဖြစ် နိုဝင်ဘာလ ၃ဝရက်က စာရင်းသွင်းခဲ့ကြောင်း သိရသည်။
ထို့ ပြင် ယူနက်စကိုအဖွဲ့ သည် ဘယ်လ်ဂျီယံနိုင်ငံ၏ ရိုးရာဘီယာထုတ်လုပ်သည့်အတတ်ပညာ ကျွမ်းကျင်မှုအပိုင်းကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ဘီယာလုပ်ငန်းကို အသိအမှတ်ပြုခဲ့ကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် ဘယ်လ်ဂျီယံနိုင်ငံ၏ ဘာသာရပ်ဆိုင်ရာ အသိုင်းအဝန်းသုံးခု ( ဒတ်ခ်ျ့ ၊ ပြင်သစ် ၊ ဂျာမနီ) ၏ ယဉ်ကျေးမှုဝန်ကြီးများကလည်း ဘာသာစကား သုံးမျိုးဖြင့် ဘီယာပွဲတော် ယူနက်စကိုစာရင်းဝင်ခဲ့သည့် သတင်းကို ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
(Xinhua)
ပထမဆုံးအကြိမ်တွေ့ရသော Deep Sea Ghost Shark
ကမ္ဘာ့မြောက်ဘက်ခြမ်းရှိ သမုဒ္ဒရာရေ အနက်ဆုံးအပိုင်း တွင်
ပထမဆုံးအကြိမ် တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့သော ပင်လယ်ရေနက်ပိုင်းမှ သရဲငါးမန်းတစ်ကောင် ပုံပါ။
အမည်နဲ့လိုက်ဖက်စွာပင် ပုံစံထူးခြားသော ငါးမန်းတစ်ကောင်ပါ။
မြန်မာတို့ရဲ့ အချိန်အခေါ်အဝေါ်များ
လမ်းမအလယ်မှ အသက်ဝင်သောပန်းချီများ(၂)
လမ်းမပေါ်ကတကယ်အသက်ဝင်တဲ့ 3D ပန်ချီးကားတွေပါ...
အိမ်မက်ကမ္ဘာမှ လှပသော ဥမင်လမ်းလေးများ (၃)
ကြည်နူးဖွယ်ကောင်းပြီး စိတ်ကူးယဉ်အိမ်မက်ထဲမှာလမ်းလျှောက်နေရတယ်လို့ 
သွားနိုင်တဲ့လမ်းလေးတွေပါ...အပြင်မှာတကယ်တည်ရှိနေတဲ့လမ်းလေးတွေပါ။
စိတ်ကူးဆန်းသည့် ပေါင်းစပ် ကာတွန်းပုံလေးများ (၅)
ဒီပုံလေးတွေကတော့ ကျွန်တော်တို့နေ့စဉ်တွေ့မြင်နေကျ ပစ္စည်းလေး
များဖြင့်ပေါင်းစပ်ဖန်တီးထားမှုများပါ။ စပိန်အနုပညာရှင်တစ်ဦးဖြစ်သူ
Jesuso Ortiz မှ ဖန်တီးပုံဖော်ထားခြင်းပါ။
အမှတ်တမဲ့ အလွဲများ ( ၇၃ )
ဒီတစ်ပါတ်အတွက် အမှတ်တမဲ့ မှ အမှတ်တရဖြစ်စေသော ပုံလေးတွေကို ထပ်မံစုဆောင်း
တင်ပေးလိုက်ပါသည်။ ပြုံးပျော်ရွှင်လန်းနိုင်ကြပါစေ....
သတို့သား ကိုကိုရဲ့ဒုက္ခကလည်း မသေးပါလားနော်...
အီးး ဆရာရေ ငေးမနေနဲ့ဗျ။ အောက်မှာသေတော့မယ်...
ကမ္ဘာ့နေရာဒေသ အသီးသီးအား အပေါ်စီးမှတွေ့မြင်ရပုံများ
ကမ္ဘာ့နေရာဒေသ အသီးသီးရှိ မြို့များ ၊ သဘာဝရှုခင်းများကို မြေပြင်
အနေအထားမျိုးဖြင့် မဟုတ်ပဲ အပေးအမြင့်မှ တွေ့မြင်ရပုံများကို စုစည်း
တင်ပြပေးပါမည်။ တွေ့မြင်နေကျပုံစံမျိုးမဟုတ်ပဲ အမြင်တစ်မျိုး
ဆန်းသစ်စေသည့် ကောင်းကင်ဓာတ်ပုံလေးများကို ရှု့စားလိုက်ကြပါအုံးဗျာ…
Related Posts Plugin for WordPress, Blogger...