Friday, August 4, 2017

လှပသောအပြင်အဆင်များနှင့် စာအုပ်စတိုးဆိုင်

တရုတ်နိုင်ငံ ၊ Jiangsu ပြည်နယ် ၊ Suzhou မြို့ရှိ Zhongshuge စာအုပ်အရောင်းဆိုင်၏ ဒီဇိုင်းဆန်းပြားလှပသော အပြင်အဆင်များကြောင့် နာမည်ကျော်လာခဲ့ပါသည်။ ၁၃၀၀ စတုရန်းမီတာ အကျယ်အဝန်းရှိ အဆောက်အဦတွင် အပိုင်း ၄ ပိုင်း ခွဲခြားထားကာ မတူညီသော အပြင်အဆင် တစ်မျိုးစီဖြင့် အလှဆင်ပြသထားခြင်း ဖြစ်ပါသည်။

Rainbow Valley,” “Firefly Cave,” “Crystal Place,” and “Children’s Castle” စသည်ဖြင့် အပိုင်း ၄ ပိုင်းကို သီးခြားအမည်များ ပေးထားကာ ဆန်းသစ်လှပသော ဒီဇိုင်းများဖြင့် မြင်သူတကာ ငေးမောရစေပါသည်။ စာအုပ်များကို ရွေးချယ်နိုင်ရန် စီစဉ်ပေးထားသလို ထိုင်ဖတ်နိုင်အောင်လည်း စီစဉ်ပေးထားပါသည်။
Zhongshuge စာအုပ်အရောင်းဆိုင်များအနေဖြင့် တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် ထိုကဲ့သို့ စာအုပ်သတိုးများ ၈ ဆိုင်အထိ ဖွင့်လှစ်ပေးထားပါသည်။ ထို စာအုပ်စတိုးဆိုင်များသည်လည်း တစ်ဆိုင်စီအတွက် ခြားနားသော ဒီဇိုင်းအပြင်အဆင်များဖြင့် ဖန်တီးပေးထားပါသည်။

၂ နှစ်ရွယ် ကလေးမလေးက ဘောင်းဘီဝတ်ပေးဖို့ အရေးပေါ် 911 ကို ဖုန်းခေါ်


ကာရိုလိုင်းနား တောင်ပိုင်းက ၂ နှစ် အရွယ် ကလေးငယ် လေးဟာ သူဘောင်းဘီ ၀တ်ဆင်ဖို့ အခက်တွေ့ နေတာမို့ အရေးပေါ် ဖုန်းနံပါတ် 911ကို ဖုန်းခေါ် ခဲ့ပါသတဲ့။
ရဲအရာရှိ Martha Lohnes က ဗုဒ္ဓဟူးနေ့က ကလေးငယ် တစ်ဦးရဲ့ အရေးပေါ်ဖုန်းခေါ်သံကြောင့် အကူအညီ ပေးဖို့ ၀န်ထမ်းတွေ လွှတ်ပေးခဲ့ ရပါသတဲ့။
“ ကျွန်မ အိမ်ကိုလည်း ရောက်သွာရော ဘောင်းဘီ တစ်ဝက် တစ်ပျက် ၀တ်ထားပြီးတဲ့ ကလေးမလေးက အိမ်တံခါးဝကို ထွက်လာပြီး သူဘောင်းဘီ ၀တ်လို့ မရတဲ့ အကြောင်း ကျွန်မကို ပြောပြ တော့ပါပဲ။

ရေထဲအစာရှာနေသည့် လူတရပ်နီးပါးရှိ ဂေါ်ရီလာဖွတ်ကြီး


လူတရပ် နီးပါးရှိတဲ့ ဂေါ်ရီလာ ဖွတ်တကောင် ရေငုပ် သမားတွေလို ရေကူးနေ တာကို ရုပ်သံနဲ့ မှတ်တမ်း တင်နိုင် ခဲ့ပါတယ်။
ဂါလာပါကိုစ့် ကျွန်းထဲ အနီးမှာ ဗွီဒီယို ရိုက်ကူးသူ စတိဗ် ၀င့်ခ်ဝေါ့က ဒီရုပ်သံကို မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရုပ်သံဖိုင်ထဲမှာတော့ သမုဒ္ဒရာ ကြမ်းပြင်ပေါ်မှာ ဖွတ်ကြီးက အစာရှာဖွေနေပါတယ်။ ဒီနောက် လေကို ရှုဖို့ အတွက် ရေမျက်နှာပြင်ပေါ်ပြန်တက်တာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ရေငုပ်တဲ့အချိန်မှာတော့ အမြီးက ဘေးတဘက်တချက်ကို ယမ်းခါနေပါတယ်။ ရုပ်သံဖိုင်ကို ရီဒစ်မှာ တင်ထားတာလည်း ဖြစ်ပါတယ်။
ရေထဲမှာနေတဲ့ ဖွတ်အများစုဟာ အသီးအရွက်စား သတ္တ၀ါဖြစ်ပြီးတော့ ၉ မီတာ အနက်အထိ ရေငုပ်နိုင်ပါတယ်။
Credit:ဒီဗွီဘီ

Planet 9 ဂြိုဟ် နေအဖွဲ့စည်းတွင်းရှိသည့် ပထမဆုံး သီးခြားဂြိုဟ် ဖြစ်ဟု ပညာရှင်များ ယူဆ


ကွန်ပျူတာဖြင့် လေ့လာ ဆန်းစစ်ချက် အရ Planet 9 ဂြိုဟ်သည် ပထမဆုံးအကြိမ် အဖြစ် နေအဖွဲ့ အစည်း အတွင်း တည်ရှိသည့် သီးခြားဂြိုဟ် ဖြစ်သည်ဟု ယူဆ ရကြောင်း အာကာသ ပညာရှင်များက ထုတ်ဖော် ပြောကြား ခဲ့သည်။

သီအိုရီများ အရ သီးခြားဂြိုဟ် များသည်နေကို မလှည့်ပတ်ဘဲ ကြယ်ကိုသာ လှည့်ပတ်လေ့ ရှိသည့်ဂြိုဟ်များ ဖြစ်ပြီး နေ အဖွဲ့အစည်း ပြင်ပတွင်သာ တည်ရှိကြောင်း၊ သို့သော် ယခုအခါ သီးခြားဂြိုဟ် တစ်လုံးဖြစ်သော Planet 9 ဂြိုဟ်မှာ နေအဖွဲ့အစည်း အတွင်း တည်ရှိသည့် ပထမဆုံးဂြိုဟ် ဟု ယူဆရကြောင်း ပညာရှင်များက ပြောကြားသည်။

၉၆ နှစ်တွင် ဘွဲ့ရရှိခဲ့သည့် ဂျပန်အဘိုးအို ကမ္ဘာ့ အသက် အကြီးဆုံး ဘွဲ့ရ အဖြစ် ဂင်းနစ် မှတ်တမ်းတင်


ဂျပန်နိုင်ငံမှ အသက် ၉၆ နှစ်အရွယ်ရှိ ပင်စင်စား အမျိုးသားကြီး တစ်ဦးသည် ကျိုတို အနုပညာနှင့် ဒီဇိုင်း တက္ကသိုလ် မှ ကြွေထည် လက်မှုပညာ ဘာသာ ရပ်ဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့ပြီး ကမ္ဘာ့ အသက် အကြီးဆုံး ဘွဲ့ရ တစ်ဦး အဖြစ် ဂင်းနစ် မှတ်တမ်းတင် ခံရကြောင်း သိရသည်။
ရှီဂေမီဟီရာတာ အမည်ရှိ အဆိုပါ အမျိုးသားသည် ဇွန် ၃ ရက်က ဂင်းနစ်မှတ်တမ်း လက်မှတ်ကို လက်ခံ ရယူခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနမှ ဇွန် ၄ ရက်တွင် ဖော်ပြခဲ့သည်။

ဟီရာတာ သည် ဂျာမနီနှင့် ၄င်း၏ မဟာမိတ် နိုင်ငံများ သဘောတူ စာချုပ် ချုပ်ဆိုသည့် ၁၉၁၉ ခုနှစ်တွင် ဟီရိုရှီးမားမြို့ ၌ မွေးဖွားခဲ့ခြင်း ဖြစ်သည်။ တက္ကသိုလ် တက်စဉ် ကာလ တစ်လျှောက်လုံး ၌ ရင်းနှီးသူများ သာမက မရင်းနှီးသော ကျောင်းသား၊ ကျောင်းသူ များကပါ မိမိကိုတွေ့လျှင် နှုတ်ဆက် ကြကြောင်း၊ လူတိုင်းက ခင်မင်နှစ်လို သောကြောင့် မိမိအတွက် ခွန်အားဖြစ်စေ ခဲ့ကြောင်း ၄င်းက ယိုမီအူရီ သတင်းစာသို့ ပြောကြား ခဲ့သည်။

ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားများမှ အံ့မခန်းမိတ်ကပ်ပညာ

ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားများမှ သရုပ်ဆောင်၏ အထူးပြုလုပ်ခိက် မိတ်ကပ်ပညာဖြင့် ဖန်တီးထားပုံများပါ။ တစ်ချို့ပုံများဆိုလျှင် ဖန်တီးမှုကောင်းလွန်းသဖြင့် မူရင်းမျက်နှာနှင့် ကွဲပြားသွားတာ တွေ့ရမှာပါ။

သင်ရော ဘယ်လို အိပ်တာကို အကြိုက်ဆုံးလဲ

သင်အိပ်တဲ့ ပုံစံက သင့်ရဲ့ အကြောင်းကို ထင်ဟပ် နေတတ် ပါတယ်.....။
မှန်တယ် - မမှန်ဘူး ဆိုတာကို အောက်မှာ ဆက်လက် လေ့လာ ကြည့်လိုက် ကြပါအုန်း ...

၁။ ဒူးနှစ်ဖက်လုံး ကွေးပြီး ဘေးစောင်း အိပ်တတ်သူ
. ဒီလို လူမျိုး တွေဟာ တည်ငြိမ် အေးဆေးတဲ့ ပုံစံရှိပြီး တခြား လူတွေရဲ့ ယုံကြည်မှုကို ပိုင်ဆိုင် တတ်သူ တစ်ယောက်ပါ။ ဒီလို လူမျိုးတွေဟာ တော်ရုံ ကိစ္စကို စိတ်မဆိုး တတ်သလို၊ ရှေ့ရေးကို စိုးရိမ် ပူပန် နေတတ်တဲ့ လူတွေ မဟုတ်ပါဘူး။ ဘ၀ရဲ့ အချိုးအကွေ့ တွေမှာလည်း တုန်လှုပ် တတ်တဲ့ လူစားမျိုး မဟုတ်ဘဲ ပြသနာတွေကို အပြုံးနဲ့ ရင်ဆိုင် တတ်သူမျိုးပါ။

ကမ္ဘာကျော် အပျင်းကြီးကြသူများ

အလုပ်လုပ်ရာမှာ ကိုယ်သက်သာအောင် ကြံဖန်လုပ်တတ်ကြပုံလေးများကို တင်ပေးလိုက်ပါတယ်။

ရှည်လျားရှုပ်ထွေးလှသည့် Jewel လှိုဏ်ဂူကြီး

Jewel လှိုဏ်ဂူကြီးသည် အမေရိကန်နိုင်ငံ တောင်ဒါကိုတာ မှာတည်ရှိသည့် ကမ္ဘာကျော်လှိုဏ်ဂူကြီး ဖြစ်ပါသည်။ ကမ္ဘာ့အရှည်ဆုံး လှိုဏ်ဂူများတွင် တတိယအရှည်ဆုံးလှိုဏ်ဂူကြီး ဖြစ်ပြီး 292.7 km (181.9 မိုင် ) ရှည်ပါသည်။
Jewel လှိုဏ်ဂူကြီးသည် မြေအောက်အနက် ၇၂၃ ပေ မှာ တည်ရှိနေပြီး လှိုဏ်ဂူလမ်းခွဲပေါင်း များစွာဖြင့် ရှုပ်ထွေးစွာ တည်ရှိနေခြင်း ဖြစ်ပါသည်။

Jewel လှိုဏ်ဂူကြီးကို 1900ခုနှစ်မှာစတင်တွေ့ ရှိခဲ့ပြီး 7th Feb, 1908 မှာအမျိုးသားဥယျဉ် အဖြစ်သတ်မှတ် ဖွင့်လှစ်ခဲ့ပါသည်။ ရှိပါတယ်။ခရီးသွားဧည့်သည်တွေဟာတစ်နှစ် တစ်နှစ်ကို 109,000 ခန့် လည်ပတ်ကြတယ်လို့ ခန့် မှန်းကြပါသည်။

လှိုဏ်ဂူလမ်းခွဲများ ရှုပ်ထွေးများမြောင်ပြီး အစိတ်အပိုင်းတော်တော်များများသည် ခရီးသွားများ ၀င်ရောက်ကြည့်ရှု့၍ မရသေးပါ။ ၁၈၁.၉ မိုင်တောင် ရှည်လျားပါသဖြင့် အကုန်အစင် ကြည့်ဖို့လည်း မလွယ်ပါ။

စက္ကူစာရွက်များကို ဖြတ်ညှပ်ကာ ဖန်တီးထားသော ပုံလေးများ (၇)

ယခုတင်ပြမှာကတော့ Paper Cutting Art ဟုခေါ်သည့် စက္ကူစာရွက်များကို ပုံပေါ်အောင် လှီးဖြတ်ညှပ်ပြီး အနုစိတ်လက်ရာဝင်အောင် ဖန်တီးထားသော ပုံများကိုပါ။ ယခုပုံများကို အမေရိကန်အနုပညာရှင် Maude White ဆိုသည့် ပညာရှင်တစ်ယောက်က ဖန်တီးထားတာပါ။

Related Posts Plugin for WordPress, Blogger...