အိမ်ဆိုတာဟာ
မြေပေါ်မှာသာ လှလှပပ တင့်တင့်တယ်တယ် ဆောက်ကြရတယ် မဟုတ်လားရှင်။ ဒါပေမဲ့
အများနဲ့မတူဘဲ မြေကြီးအောက်ထဲမှာမှ ထူးထူးဆန်းဆန်း ဆောက်ထားတဲ့
အိမ်တစ်လုံးအကြောင်း ပြောပြပါဦးမယ်။ အမယ်.. မြေကြီးထဲမှာ
ဆောက်ထားတဲ့အိမ်ဆိုလို့ မလှမပ ခပ်စုတ်စုတ် အိမ်တစ်လုံးလို့
မထင်ကြပါနဲ့နော်။ အင်မတန်ခမ်းနားလှပစွာ ဆောက်ထားတဲ့ အိမ်ဖြစ်ပါတယ်။
အိမ်တစ်လုံးမှာ ရှိသင့်တဲ့ ပရိဘောဂ စုံလင်စွာနဲ့ ဆောက်လုပ်ထားတာမို့
နေချင်စရာကောင်းတယ်လို့ ဆိုနိုင်ပါတယ်။
