ယနေ့လို ခေတ်ကြီးထဲမှာ ကိရိယာ တန်ဆာပလာမပါပဲနဲ့ လူတွေအတွက် အသေးငယ်ဆုံး
တံတားလေးတစ်ခု တည်ဆောက် မယ်ဆိုရင်တောင်မှ လွယ်ကူလှတဲ့ အလုပ်တစ်ခုတော့
မဟုတ်ပါဘူး ။
သဘာဝတရားကြီးက ကျွန် တော် တို့ကို အံ့သြဖွယ်ရာတွေ
ဆောင်ယူလာပေးပါတယ် ။
အိန္ဒိယနိုင်ငံမှ မိုးသစ်တောတွေထဲမှာ သဘာဝ အ
လျောက်ရှင်သန်ကြီးထွားနေတဲ့ တံတားတစ်စင်းကို ဖော်ပြပေးလိုက်ပါတယ် ။

အိန္ဒိယမှ Cherraphunji ,
Meghalaya မှာ သဘာဝအလျောက် ရှင်သန်ကြီးထွားနေတဲ့ သက်ရှိတံတားရဲ့ ပုံတွေ
ကို သင်တွေ့မြင်နိုင်ပါတယ် ။

Ficus elastica ဆိုတာကတော့ သဘာဝအလျောက်
ဒုတိယအမြစ် (secondary roots) တွေကို ပွားများစေတဲ့ အပင်တစ်မျိုး ဖြစ်ပြီး
အဲဒီအပင်တွေ စုပေါင်းခြင်းအားဖြင့် တံတားတစ်စင်း ဖြစ်ပေါ် နေတာကို
အံ့သြဖွယ်ရာ တွေ့မြင်ရပါလိမ့်မယ် ။

အချို့သော လူမျိုးစုတွေဟာ မိုးရသီ
ရေလွှမ်းမှုတွေနဲ့ ကြုံတွေ့ ရတဲ့အခါ ဒီအပင်တွေကို အသုံးပြုပြီး တကယ့်တံတား
ဖြစ်အောင်လည်း ပြုလုပ်ကြပါသေးတယ် ။

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။