နေခရမ်း....
|
Tuesday, June 5, 2012
ဒီလိုလုပ်ရဲလား
စတန့်ထွင်တာကို ၀ါသနာပါသူတွေအတွက် ဒီလို စွန့်စား မှုတွေနဲ့
မိတ်ဆက်ပေးလိုက်ပါတယ် ။ တောင် ထိပ် ပေါ်မှာ အသည်းတယားယားနဲ့ သက်စွန့်ဆံဖျား
စတန့်ထွင်ရမယ့် အလုပ်ကတော့ မလွယ်လှပါဘူး ။အသက် အန္တရာယ် အရမ်းနီးပြီး
လိုအပ်ရင် အသက်ကိုတောင် စတေးရမှာ ဖြစ်ပါတယ် ။ ကဲ သည်းထိတ်ရင်ဖို စွန့်စား
ခန်းများကို အတူတူခံစားကြည့်လိုက်ရအောင် ။
အင်း.. တောင်အောက်ကို ပြုတ်သာကျရင်တော့လား....။

ရေခဲခေတ် အမွေးရှည် မမ်မတ်သ်ဆင်ငယ်၏ ရုပ်အလောင်း ရှာဖွေတွေ့ရှိ
ရှေးဦးရေခဲခေတ်ဂူအောင်းနေလူသားများလက်ချက်ကြောင့်အသက်ဆုံးရှုံးခဲ့သည့်အမွေးရှည်မမ်မတ်သ်ဆင်ငယ်တစ်ကောင်၏ရုပ်အလောင်းကိုသုတေသီများက
အရိုးနှင့်အရေခွံများ ပကတိ အနေအထား မပျက် ဘဲ ရှာဖွေ တွေ့ရှိခဲ့သည်။
နီဝါရောင် အမွေးရှည်များရှိသော အဆိုပါ သတ္တ၀ါသည် လွန်ခဲ့သော နှစ်ပေါင်း တစ် သောင်းကျော်က သေဆုံးခဲ့ခြင်းဖြစ်သည်။
နီဝါရောင် အမွေးရှည်များရှိသော အဆိုပါ သတ္တ၀ါသည် လွန်ခဲ့သော နှစ်ပေါင်း တစ် သောင်းကျော်က သေဆုံးခဲ့ခြင်းဖြစ်သည်။
ဗြိတိန် ငါးပြတိုက် တစ်ခုမှာ ပြသထားတဲ့ ဧရာမ ကဏန်းကြီး

ဗြိတိန် ငါးပြတိုက် တစ်ခုမှာ ပြသထားတဲ့ ဧရာမ ကဏန်းကြီးကျွန်တော်တို့ တွေ့နေ၊ မြင်နေရကျ ဂဏန်းတွေရဲ့ အရွယ် အစားဟာ လူတကာ အံ့ဩစရာ ကောင်းလောက်အောင် ကြီးမားခြင်း မရှိပါဘူး။ ဒါပေမယ့် ကလောက်ဒီ လို့ အမည် ပေးထားတဲ့ ဒီဂဏန်း ကတော့ ဗြိတိန်နိုင်ငံ တစ်လွှား ပြသ ထားတဲ့ ဂဏန်းတွေထဲမှာ တုနှိုင်း မမီလောက်အောင် အရွယ်အစား အကြီးဆုံးဖြစ်လာခဲ့ပါပြီ။
အမျိုးသမီးတွေ ဘာကြောင့် ကားမမောင်းသင့်တာလဲ ?

အောက်ကပုံတွေကြည့်လိုက်ရင် ရှင်းသွားမှာပါ ။ ဆင်ဟွာ သတင်း ဌာနက ဖော်ပြထားတဲ့ အမျိုးသမီးတွေ ကားမောင်း ပုံလေးတွေ ကျနော်တို့ ကြည့်ကြရအောင် ။ ကိုယ့်လူတို့ ကောင် မလေးတွေ မောင်း တဲ့ကားစီး မယ်ဆိုရင်တော့ သတိသာထားပေတော့ :P
ရယ်ရွှင်ဖွယ်ရာ ဆိုင်းဘုတ်များ
အင်တာနက်စာမျက်နှာမှာတွေ့ရတဲ့ ရယ်ရွှင်ဖွယ်ရာဆိုင်းဘုတ်လေးတွေကို
သူငယ်ချင်းတွေ နဲ့မျှ ဝေခံစားဖို့ တင်ပေး လိုက်ပါတယ် ။ ကြည့်ကြရအောင်လား
း))

သေးမပေါက်ရ ဖြတ်ပစ်မည် ။

သေးမပေါက်ရ ဖြတ်ပစ်မည် ။
လက်တစ်ဖက်ကို ၃၈ နှစ်ကြာ မြှောက်ထားသော ဟိန္ဒူ ဆာဒူးကြီး

အိန္ဒိယနိုင်ငံ အမ်မာဘာရက်တီ ဆိုသော ဆာဒူးကြီးမှာ လွန်ခဲ့သည့် ၃၈ နှစ် (၁၉၇၃ ခုနှစ်) ကပင် ၎င်း၏ လက်ယာဘက် လက်အား လေထဲတွင် ၄၅ ဒီဂရီ စောင်း၍ မြှောက်ထားခဲ့ရာ ယနေ့တိုင် ဖြစ်ကြောင်း ပြသ ပြောဆိုခဲ့သည်။ ၎င်းသည် ဇနီး၊ သားသမီးများ၊ နေအိမ်နှင့် အလုပ်အကိုင်များကို အပြီးတိုင် စွန့်လွှတ်ခဲ့ပြီးနောက် ဟိန္ဒူ ဆာဒူးများ၏ ဘဝကို ခံယူကာ ၃ နှစ်ခန့် လှည့်လည် သွားလာခဲ့ပြီးနောက် ယခုကဲ့သို့ လက်ယာဘက် လက်အား မြှောက်ကာ ဟိန္ဒူ နတ်ဘုရားတို့၏ အယူအဆ အရ မြင့်မြတ်သော သူတော်စင် ဘဝကို ခံယူ ရပ်တည်ခဲ့ကြောင်း ၎င်းက ပြောဆိုခဲ့သည်။ ၎င်း၏ လက်ယာဘက်မှာ အရိုးပေါ် အရေတင် ဖြစ်လျက် လက်သည်းများမှာ ရှည်ထွက် ကောက်ကွေးလျက် ရှိသည်။

ဒဏ္ဍာရီဆန်သည့် သတ္တ၀ါဖြစ်သော ချူပါကာဘရာ

ဒဏ္ဍာရီများထဲ၌သာရှိပြီး
ပြင်ပ၌အမှန်တကယ်တည်ရှိကြောင်း သက်သေပြနိုင်ခြင်းမရှိသေးသည့်
ချူပါကာဘရာဟုခေါ်သော အကောင်ဟု ယူဆရသည့် သတ္တ၀ါတစ်ကောင်ကို ကန်တက်ကီပြည်နယ်
လက်ဘနွန်ဂျန်းရှင်းအရပ်၌ တွေ့ရှိရကြောင်း DM သတင်းဌာနက ဒီဇင်ဘာလ ၂၈
ရက်နေ့တွင်ဖော်ပြခဲ့သည်။ အမွေးပြောင်ပြောင်နှင့် မီးခိုးရောင်
အရေပြားရှိသော ယင်းအကောင်သည် သစ်တောထဲမှထွက်လာပြီး အိမ်တစ်အိမ်၏
ဥယျာဉ်ထဲသို့အ၀င် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။ယင်းအကောင်သည်
ပူအာတိုရီကို၌ လွန် ခဲ့သည့် ၁၅ နှစ်က သတ္တ၀ါများကို သွေးစုပ်ကာ ထူးဆန်းစွာ
သေဆုံးစေခဲ့သည့် ချူပါကာဘရာခေါ် ထူးဆန်းသည့် ဒဏ္ဍာရီလာ သတ္တ၀ါတစ်ကောင်ဟု
ဆိုကြသည်။
@ပြည်မြန်မာ 
ထူးထူးခြားခြား နားရွက် (၄) ခု ရှိတဲ့ ကြောင်လေး လူးနစ်
ရုရှနိုင်ငံ အရှေ့ပိုင်း မြို့တော်တစ်ခုဖြစ်တဲ့ Vladivostok မြို့တော်က
ကားပြုပြင်ဆိုင် တစ်ခုမှာ လူးနစ် (Lunit) လို့အမည်ရတဲ့ ၃ လအရွယ် ကြောင်လေး
တစ်ကောင်ရှိပါတယ်။ ထူးထူးခြားခြား ကြောင်လေးမှာ မွေးကတည်းက နားရွက် (၄)
ခု ရှိနေတာပါပဲ။
ကြောင်လေး လူးနစ် ကို နာမည်ကျော် ရုရှ ကာတွန်းထဲက လကမ္ဘာ့ကနေ ရောက်လာတဲ့ ဂြိုလ်သားလေးရဲ့ အမည်ကိုပေးထားတာပါ။ လူးနစ်မှာ ပုံမှန်နားရွက် ၂ ခုရဲ့ရှေ့မှာ နောက်ထပ် နားရွက် အသေးလေး ၂ ခုပါပြီး အဲဒီ အပိုပါတဲ့ နားရွက်တွေက အသံကြားနိုင်တဲ့ ပြွန်မပါဘူးလို့ သိရပါတယ်။

စပိန်နိုင်ငံမှ အကြီးမားဆုံး ခရမ်းချဉ်သီးတိုက်ပွဲကြီး
စပိန်နိုင်ငံတွင် ပြီးခဲ့တဲ့လ 31 ရက်နေ့ တွင် စပိန်နိုင်ငံအရှေ့ ပိုင်း town
Bunol မြို့တွင် စပိန်နိုင်ငံ၏ ရိုးရာပွဲတော်
တစ်ခုဖြစ်တဲ့အစဉ်အလာအရအမြဲနှစ်စဉ်ကျင်းပလာတဲ
့ခရမ်းချဉ်သီးတိုက်ပွဲတော်ကြီးကို ကျင်းပခဲ့ ပါသည်။ တစ်မြို့ လုံးနီးပါး
ခရမ်းချဉ်သီးများနှင့် ပြည့်နှက်နေပြီး တစ်ယောက်နှင့်တစ်ယောက်
အပြန်အလန်ပေါက်ကာ ပွဲတော်ကြီးကိုပျော်ရွှင်စွာဆင်နွှဲ
ခဲံ့ကြပါသည်။ထိုပွဲတော်ကြီးကို Bunol မြို့ တော်တွင် ကျင်းပလာသည်မှာ 1945
ခုနှစ်ကတည်းက စတင်ကျင်းပလာခြင်းဖြစ်ပြီး ယခုဆိုရင်ဖြင့်ထိုပွဲတော်ကြီးသည်
စပိန်နိုင်ငံ၏ အထင်ကရပွဲတော် တစ်ခု အနေဖြင့်ကော ရိုးရာ
ဓလေ့ပွဲတော်တစ်ခုအနေဖြင့် ရေပန်းစားကာ နှစ်စဉ် August
လရောက်တိုင်းအစဉ်အလာမပြတ်ယခုအချိန်ထိကျင်းပခဲ့ ကြပါသည်။ ထိုပွဲတော်ကာလတွင်
ကမ္ဘာဒေသအသီးသီးမှ စိတ်ပါဝင်စားသူများ ကလဲဝင်ရောက် ဆင်နွှဲကြပါတယ်လို
့သိရပါသည်။ထို့ နောက်ထိုမြို့ ကလေးသည်
ထိုပွဲတော်ရှိခြင်းကြောင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများနှင့်
တည်းခိုသည့်ကိစ္စများဖြင့် အလုပ်ကောင်းမွန်လျက်ရှိပါသည်။ထိုပွဲတော်ကာလတွင်
လူများစွာထို မြို့ တော်လေးသို့ လာရောက်လည်ပတ်ကြပြီး
ဧည့်သည်ပေါင်းတစ်သောင်း နီးပါးကတော့ ထိုမြို့ခံတွေနှင့်အတူ
ခ၇မ်းချဉ်သီးတိုက်ပွဲကို ပါဝင်ကြပါတယ်လို့သိရပါသည်..။

ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွါးတော်
တရုတ်နိုင်ငံ
စီချွမ်ပြည်နယ် ( Sichuan Province) ၊ အိမေးရှန်မြို့ (Eimeishan City)
တရုတ်နိုင်ငံ လီရှန် မြစ်ဘေးမှာရှိ ဗုဒ္ဓရုပ်ပွါးတော်ကြီးဖြစ်ပါတယ်။
တောင်နံရံမှာ ထွင်းထုထားတာဖြစ်ပြီး ခြေနှစ်ဘက်စုံချထားတဲ့ " ပြလမ္ဗနာသန" ဖြစ်တယ်။
ရှေ့ဘက်မှာရှိ မြစ်သုံးစင်း ဆုံရာနေရာ နှင့် တဘက်ကမ်းရှိ လီရှန်မြို့ကို မျက်နှာမူလျက် တွေ့ရပါတယ်။
အသက်အငယ်ဆုံး ဥာဏ်ကြီးရှင်လေးများ

စတီဗင် ဟော့ကင်းဆိုရင် Black Hole တွေ၊ ခေတ်သစ်အာကာသရဲ့ နယ်ပယ်သစ်ကို စူးစမ်းလေ့လာတဲ့ ရှေ့ဆောင်ပညာရှင်၊ နယူတန်၊ အိုင်းစတိုင်းတို့နောက်ပိုင်းမှာ အထူးချွန်ဆုံး ရူပဗေဒ ပညာရှင်လို့ အများက သိကြပါတယ်။ အမ်မလီ ရိုဂျာဆိုတဲ့ သူငယ်မကလေးကတော့ အိုင်ကျူ IQ 159 ရှိလို့ စတီဖင် ဟော့ကင်းအောက် တစ်မှတ်ပဲ လျှော့ပါသတဲ့။ ဒါပေမယ့် အင်္ဂလန်နိုင်ငံသူ သူမရဲ့ အသက်ကတော့ ခုမှ ၄နှစ်ပဲရှိပါသေးတယ်။
၇၈ ပေမြင့်သောလှိုင်းလုံးစီးပြီး အမေရိကန်နိုင်ငံသားကမ္ဘာ့စံချိန်တင်
ပြီးခဲ့သည့်နှစ်နိုဝင်ဘာလက ပေါ်တူဂီနိုင်ငံတွင် ၇၈ ပေအမြင့်ရှိလှိုင်းလုံးစီးနိုင်ခဲ့သော အမေရိကန်နိုင်ငံသားဂါရက်မက်နာမာရာကို အမြင့်ဆုံးလှိုင်းလုံးစီးနိုင်သူအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းပြုစုရေးအဖွဲ့က
မေလ ၁၀ ရက်နေ့တွင်အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ကမ္ဘာ့အကြီးဆုံး နေရောင်ခြည် စွမ်းအင်သုံး သင်္ဘောကြီး
နေရောင်ခြည်စွမ်းအင် အသုံးပြု၍ ရေကြောင်းဖြင့် ကမ္ဘာပါတ်မည့် ခရီးစဉ်အဖြစ်
Turanor PlanetSolar ဟု အမည်ရသော ကမ္ဘာ့အကြီးဆုံး နေရောင်ခြည်
စွမ်းအင်သုံး သင်္ဘောသည် မနားမား တူးမြောင်းမှ စတင်ထွက်ခွာလာရာ
ပစိဖိတ်သမုဒ္ဒရာကို ဖြတ်လျက် သြစတေးလျနိုင်ငံ Brisbane မြို့တော် သို့ မေလ
၂၉ ရက်နေ့က ဆိုက်ရောက်လာခဲ့သည်။

မြန်မာ ကလေးငယ်-လက်ချောင်း ခြေချောင်း အများဆုံး လူသား
မြန်မာ ကလေးငယ်တစ်ဦးဖြစ်သူ အသက် ၁ နှစ် အရွယ်ရှိ မလဲ့ရတီမင်းသည်
လက်နှစ်ဘက်တွင် လက်ချောင်း ၁၂ ချောင်းနှင့် ခြေနှစ်ဘက်တွင်
ခြေချောင်းလေးများ ၁၄ ချောင်း ပါရှိသောကြောင့် ကမ္ဘာ့လက်ချောင်း ခြေချောင်း
အများဆုံး လူသားအဖြစ် ကမ္ဘာ့စံချိန်ချိုးက ဂင်းနစ်မှတ်တမ်းတွင်
ပါဝင်ပြီဖြစ်ကြောင်း သိရသည်။

တရုတ် မှ ရေခဲလူသား
ဟူနန်- ဇန်နဝါရီ (၃)-၂၀၁၁
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန် ဒေသမြို့တော် Zhangjiajie တွင် တရုတ် ရေခဲလူသား Jin Songhao သည် ရေခဲတုံများ ထည့်ထားသော ပလပ်စတစ် မှန်ပုံးထဲတွင် ရေကူးဘောင်းဘီ ဝတ်ဆင်ပြီး မိနစ် ၁၂၀ ကြာ နေထိုင်ပြကာ ကမ္ဘာ့ ရေခဲလူသားအဖြစ် ဇန်နဝါရီ (၃)ရက် တနင်္လာနေ့က စံချိန်သစ် တင်လိုက်ကြောင်း သိရသည်။
Jin Songhao နှင့် အခြားပြိုင်ဘက် တစ်ဦးဖြစ်သော Chen Kecai တို့သည် ရေခဲဒဏ် ခံနိုင်ရည်ရှိမှု စွမ်းရည် ပြိုင်ဆိုင်ကြရာ ၎င်းတို့နှစ်ဦးသည် ခန္ဓာကိုယ်တွင် ရေကူးဘောင်းဘီမှ လွဲ၍ ဘာမှမဝတ်ဆင်ဘဲ ရေခဲတုံးများနှင့် အတူ လူတစ်ရပ်ကျော် မြင့်သော ပလပ်စတစ် မှန်ပုံးထဲတွင် နေထိုင်ပြခဲ့သည်။
Jin Songhao က ရေခဲတုံးများကြားတွင် မိနစ် (၁၂၀) ကြာ နေထိုင်ကာ ယခင်စံချိန်ဟောင်းဖြစ်သော ရေခဲလူသား Win Hof ၏ စံချိန်ကိုချိုးကာ စံချိန်သစ်တင်ခဲ့သည်။ ပြိုင်ဘက်ဖြစ်သူ Chen Kecai မှာ Jin Songhao ထက် ၂ မိနစ် လျော့နည်းပြီး (၁၁၈) မိနစ် နေနိုင်ခဲ့သည်။ ယခင် ကမ္ဘာ့စံချိန်ဟောင်းမှာ ဒါတ်(ချပ်) လူမျိုး ရေခဲလူသား Win Hof ၏ စံချိန်ဖြစ်ပြီး ရေခဲထဲတွင် (၁၁၅) မိနစ်ကြာ နေနိုင်ခဲ့သည်။

ကမ္ဘာ့အကြီးဆုံး မြင်ကွင်းကျယ် ပန်းချီကား
တရုတ်နိုင်ငံ အလယ်ပိုင်း Zhengzhou မြို့တွင် ပြသထားသော Splendid
Central Plains ဟူသော အမည်ရှိသည့် မြင်ကွင်းကျယ် ပန်းချီကားကြီသည် ဂင်းနစ်
ကမ္ဘာ့မှတ်တမ်း စာအုပ်မှ ချီးမြှင့်သည့် ကမ္ဘာ့အကြီးဆုံး မြင်ကွင်းကျယ်
ပန်းချီကား လက်မှတ်ကို ရရှိကြောင်း သိရသည်။
ထို ပန်းချီကားကြီးကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ဒေသတွင် ပြသထားပြီး စုစုပေါင်း ဧရိယာ စတုရန်း မီတာ ၃၅၂၀ ကျယ်ပြန့်ကြောင်း သိရသည်။

ထို ပန်းချီကားကြီးကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ဒေသတွင် ပြသထားပြီး စုစုပေါင်း ဧရိယာ စတုရန်း မီတာ ၃၅၂၀ ကျယ်ပြန့်ကြောင်း သိရသည်။

ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းဖြစ်ပေါ်လာပုံ နှင့် မှတ်တမ်းတင်ခံရသူ မြန်မာနိုင်ငံသား မင်းကွန်း တိပိဋက ဆရာတော် ဘုရားကြီး အကြောင်း
ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို
အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု ခေါ်ဆိုပါသည်။ ၎င်းကို
၁၉၅၅-ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ
ကမ္ဘာ့စံချိန်များကိုစုဆောင်း တင်ြပထားပါသည်။
ဂင်းနစ်ဟူသောအမည်မှာအိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur Guinness)
ဘီယာကုမ္ပဏီကို ရည်စူးပါသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-၁၈၀၃)
ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် ပေါင်ငွေတစ်ရာကို အမွေရ ရှိခဲ့ပါသည်။
၎င်းပေါင်ငွေတစ်ရာကို အရင်းပြု၍ အာသာဂင်းနစ်သည် ယမကာဆိုင်တစ်ခုကို
စတင်တည်ထောင်ခဲ့ပါသည်။ ၁၇၅၉သို့ ရောက်သောအခါ ဒဗွလင်မြို့သို့
ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ သူသေဆုံးပြီးနောက် သားဖြစ်သူ
အာသာ(၁၇၆၇-၁၈၅၂)၊ မြေးဖြစ်သူ ဘင်ဂျမင်ဂင်းနစ် (၁၇၉၈-၁၈၆၈) တို့က
ဘီယာလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ခဲ့ကြပါသည်။ ဘင်ဂျမင်လက်ထက်တွင်ဂင်းနစ်
ဘီယာသည် အမေရိကန်၊အင်္ဂလန် နှင့် ဥရောပ တိုင်းပြည်များသို့ပါ
တင်ပို့ရောင်းချနိုင်သည် အထိ လုပ်ငန်းအောင်မြင်ခဲ့ပါသည်။ ဂင်းနစ်မိသားစုသည်
သူတို့၏ ဂင်းနစ်ဘီယာကို ကိုယ်ပိုင်စက်ရုံတည်ဆောက်ကာ
ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။
ကမ္ဘာ့စိတ်ပျက်ဆိုးဝါးဖွယ်ကောင်းသော မျက်နှာများ
ကမ္ဘာ့စိတ်ပျက်ဆိုးဝါးဖွယ်ကောင်းသော မျက်နှာများ
မျက်နှာကို လှအောင်လုပ်တာပဲကြားဖူးပါတယ် ။ ဘယ့်နှယ့် သူတို့ကျမှပဲ မျက်နှာကို ဆိုးဝါးအောင် လုပ်ချင်ကြ တာပါလိမ့် ။ ဒီတစ်ခေါက်မှာတော့ ဆင်ဟွာ သတင်းဌာနကြီးက ရွေးချယ်ပေးထားတဲ့ ကမ္ဘာ့ စိတ်ပျက် ဖွယ် အကောင်းဆုံး ဆိုးဝါးဆုံး မျက်နှာ များကို တင်ပြပေးလိုက်ပါတယ် ။

ကမ္ဘာ့အရှည်လျားဆုံးရထားလမ်း
တရုတ်တို့ ရထားလမ်း အိပ်မက် အကောင်ထည်ဖော်နိုင်ခဲ့ပြီ
တရုတ်ပြည့်သူ့သမ္မတနိုင်ငံဟာ အခုဆိုရင် နှစ်ပေါင်း ၁၀၀ ကျော်ကတည်း က ရည်မှန်းထားတဲ့ ရထားလမ်းစီမံကိန်း အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဖစ်ပါတယ်။ လက်ရှိမှာ တရုတ်ပြည်ဟာရထားလမ်းအရှည်လျားဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံတစ်နိုင်ဖြစ်နေပါပြီ။
တရုတ်ပြည့်သူ့သမ္မတနိုင်ငံဟာ
Subscribe to:
Posts (Atom)