Tuesday, June 5, 2012

ရေခဲခေတ် အမွေးရှည် မမ်မတ်သ်ဆင်ငယ်၏ ရုပ်အလောင်း ရှာဖွေတွေ့ရှိ

ရှေးဦးရေခဲခေတ်ဂူအောင်းနေလူသားများလက်ချက်ကြောင့်အသက်ဆုံးရှုံးခဲ့သည့်အမွေးရှည်မမ်မတ်သ်ဆင်ငယ်တစ်ကောင်၏ရုပ်အလောင်းကိုသုတေသီများက အရိုးနှင့်အရေခွံများ ပကတိ အနေအထား မပျက် ဘဲ ရှာဖွေ တွေ့ရှိခဲ့သည်။
နီဝါရောင် အမွေးရှည်များရှိသော အဆိုပါ သတ္တ၀ါသည် လွန်ခဲ့သော နှစ်ပေါင်း တစ် သောင်းကျော်က သေဆုံးခဲ့ခြင်းဖြစ်သည်။
ဆင်၏အမွေးအမင်များသည်ယခုအချိန်ထိ တောက်ပနေဆဲဖြစ်ပြီးမျက်လုံး၊ခြေထောက်မှခွာများ၊အတွင်းမှကလီစာများအားလုံးသည်မပျက်မစီး ရှိနေသေးကြောင်း သိရသည်။
ထိုဆင်သည် နှင်းဖုံးသော ဒေသများတွင် လှည့်လည်သွားလာစဉ် လူသားမုဆိုးများနှင့် ရင်ဆိုင်ခဲ့ရဟန် ရှိနေကြောင်းပညာရှင်များက ယူဆခဲ့သည်။
ပညာရှင်များရှာဖွေတွေ့ရှိသည့်ဆင်ရုပ်ကြွင်းသည်အရွယ်မရောက်သေးသည့်အကောင်ငယ်လေးမျှသာဖြစ်ပြီး ရေခဲခေတ်သက်ရှိတို့၏ရှင်သန်ရပ်တည်မှုအတွက် အကောင်းဆုံး အထောက်အထားလည်း ဖြစ်လာသည်။
သုတေသီများကယခုဆင်ငယ်အလောင်းသည် ရေခဲခေတ်သမိုင်းကြောင်းကိုရှာဖွေဖော်ထုတ်ရေး မျှော်လင့်ချက်အတွက်ရတနာသိုက်တစ်ခုအဖြစ် ယူဆ ထားသည်။
ထိုဆင်ငယ်ကိုဆိုက်ဘေးရီးယားရှိ ဝေးလံသီခေါင်သော အတ်စ်ယန်စကီး ဒေသတွင် တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။ ဆင်လေးသည် သေဆုံးချိန်တွင် အသက်(၃)နှစ်၊ (၄)နှစ်မျှသာ ရှိဦးမည်ဟု ဆိုသည်။
၎င်း၏ ကျောဘက်တွင်ရှင်းလင်းသောခုတ်ထစ်ရာနှစ်ချက်ကိုတွေ့ရပြီးဆင်ငယ်၏ဦးခွံ၊ ကျောရိုး၊နံရိုးနှင့်တင်ရိုးခွေတို့မှာဆွဲထုတ်ခံထားရသည်။

ဦးခွံကိုမူ ဆင်ငယ်အလောင်း၏ မလှမ်းမကမ်းတွင် တွေ့ရှိခဲ့သည်။
ခုတ်ရာတစ်ခုသည်ဆင်လေး၏ဦးခေါင်းမှ ကျောပြင်ထိရှည်လျားသည်။ ဆင်၏ ညာဘက်ခြမ်းတွင် လွှဲနှင့် သဏ္ဍတူသော ကိရိယာတစ်ခုခုဖြင့်လှီးဖြတ်ဖွင့်လှစ်ထားကြောင်း သိရသည်။




ပညာရှင်များက အဆိုပါ လုပ်ရပ်သည် ကျွမ်းကျင်သော အမဲဖျက်သမား တစ်ဦး၏ လက်ရာဟု မှတ်ယူ ထားသည်။ ထို့အပြင် ရေခဲခေတ်က ရှင်သန်ခဲ့သည့် အစွယ်ရှည်ပါ ခြင်္သေ့များထက် ဂူအောင်း လူသားများ၏ လက်ချက်အဖြစ်လည်းသုတေသီများက မှတ်ယူထားသည်။
အရှည်(၆)ပေရှိသော ဆင်ငယ် ၏ အလောင်းကို ယူကာဟု အမည်ပေးထားကြောင်း အမေရိကန်နိုင်ငံ မစ်ချီဂန် တက္ကသိုလ်မှ ဒေါက်တာ ဒန်နီရယ်လ် ဖစ်ရှာက ဆိုသည်။
ယူကာကိုရှာတွေ့ခဲ့တာဟာ ရေခဲခေတ်ကရှင်သန်နေထိုင်မှုမှာသတ်မလား၊ သေမလားဆိုတဲ့ရုန်းကန်မှုအပေါ်အဓိကအခြေခံရပ်တည်ခဲ့ရတယ် ဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ထုတ်နိုင်ခဲ့ပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာတစ်ချက်ကလူသားတွေဟာ အစောပိုင်း ကာလတွေကတည်းက သတ်ဖြတ်မှုတွေကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင် နေနိုင်ပြီဆိုတဲ့ အထောက်အထားပါပဲ”ဟု ဒေါက်တာ ဖစ်ရှာက ဆိုသည်။
သုတေသီများ၏ အဆိုအရ ရေခဲခေတ်ကုန်ဆုံးပြီးမမ်မတ်သ်များ မျိုးသုဉ်းချိန်တွင် အာဖရိကဆင်များ စတင်ပေါ်ပေါက်လာကြောင်း သိရှိရသည်။

Source: DailyMail

@Planet Myanmar

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...