Wednesday, November 29, 2017

အမှတ်တမဲ့ အလွဲများ ( ၉၂ )

ဒီတစ်ပတ်အတွက် ပြုံးပျော်ရွှင်နိုင်မယ့် ပုံလေးတွေ ထပ်မံစုစည်းတင်းပေးလိုက်ပါတယ်။ 
ကြည့်ရှု့အားပေးကြပါအုံးခင်ဗျာ...
 
မြေကြီးထဲလဲ ဖောက်ဝင်သွားပါအုံးမယ်...

သြော်... မမ ရယ်...

သာယာလှပသည့် ပြင်သစ်နိုင်ငံမှ ရှေးခေတ်တူးမြောင်းကြီး

Atlantic သမုဒ္ဒရာ နှင့် Mediterranean ပင်လယ်တို့ကို ပေါင်းကူးဆက်သွယ်ထားပြီး ပြင်သစ်နိုင်ငံ တောင်ပိုင်းစွန်းပိုင်းတွင် တည်ရှိသည့် Canal du Midi တူးမြောင်းရှည်ကြီးကို ကမ္ဘာ့အလှပဆုံး တူးမြောင်းများတွင် တစ်ခုအပါအ၀င်အဖြစ် သတ်မှတ်ထားကြပါသည်။ ထိုတူးမြောင်းကြီးသည် ၁၇ ရာစုခေတ်၏ အကြီးမားဆုံး တည်ဆောက်မှုများတွင် တစ်ခုအပါအ၀င် ဖြစ်သလို ရှေးခေတ် မြို့ပြ အင်ဂျင်နီယာ အတတ်ပညာ၏ အံ့ချီးလောက်သည့် တည်ဆောက်မှုတစ်ခုအဖြစ်လည်း သတ်မှတ်ခဲ့ကြပါသည်။

Canal du Midi တူးမြောင်းကြီးသည် ရှေးခေတ်အခါက Atlantic သမုဒ္ဒရာ နှင့် Mediterranean ပင်လယ်တို့ကို ဆက်သွယ်ရာတွင် ကြုံတွေ့ရသော အခက်အခဲများကို ဖြေရှင်းနိုင်ခဲ့သည့် တူးမြောင်းဖြစ်ပါသည်။ Atlantic သမုဒ္ဒရာ နှင့် Mediterranean ပင်လယ်တို့ကို ဆက်သွယ်ရာတွင် တူးမြောင်း အပိုင်း နှစ်ပိုင်း ပါဝင်ပြီး Canal du Midi နှင့် Canal de Garonne ဟူ၍ ဖြစ်ပါသည်။ သာယာလှပသည့် Canal du Midi တူးမြောင်းကြီးကို ၁၆၆၇ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။

မတူညီသော သမုဒ္ဒရာ နှင့် ပင်လယ်ကို ဆက်သွယ်ရမည့် တူးမြောင်းကြီး ဖောက်လုပ်ဖို့အတွက် ခက်ခဲသော နည်းပညာများကို Pierre-Paul Riquet ဆိုသူ ပညာရှင်မှ ဖြေရှင်းတူးဖော်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ၁၆၆၇ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့သော တူးမြောင်းကြီးသည် ၁၆၈၁ ခု ၊ မေလ ၊ ၁၅ ရက်နေ့တွင် ပြီးစီးခဲ့ပါသည်။
Related Posts Plugin for WordPress, Blogger...